နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရ တက္ကသိုလ်များအပေါ် စစ်ခင်းနေ

++++++++++++++++++++++++

ဖရစ်ဇာကရီးယား၏သုံးသပ်ချက်

အမေရိကန် လုံးဝလွှမ်းမိုးထားနိုင်တဲ့ဧရိယာကတော့ အဆင့်မြင့်ပညာရေး ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၄% ရာခိုင်နှုန်းနဲ့ ပြည်တွင်းထုတ်ကုန် ၂၅%ရာခိုင်နှုန်းရှိတဲ့ အမေရိကားဟာ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်၂၅ ခုမှာ ၇၂% ရှိကြောင်း အဆင့်သတ်မှတ်ထားခံရပြီး အခြားနေရာတခုရဲ့ အဆင့်သတ်မှတ်မှုမှာတော့ ၆၄% ရှိပါတယ်။

ဒီလိုအရေးကြီးတဲ့ အမေရိကန်ပြိုင်ဆိုင်နိုင်မှုရဲ့ အားသာချက်ဟာ ထရန့်အစိုးရရဲ့ ကောလိပ်တွေအပေါ် စစ်ပွဲကြောင့် ကျဆင်းလာရပါတယ်။

ဒီပြဿနာကို New York Times မှ Michelle Goldberg က တင်ပြခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အမျိုးသားကွန်ဆာဗေးတစ်သမားများညီလာခံ(National Conservatism Conference) မှာ ဒုသမတဂျေဒီဗန့် က ပြောခဲ့တာက “ဒီနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ပါမောက္ခတွေက ငါတို့ရဲ့ရန်သူတွေ” လို့ ဆိုခဲ့တယ်။ အခု အစိုးရပိုင်းကလည်း ဒီစကားလုံးတွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ လုပ်နေပါပြီ။

အထင်ရှားဆုံး တိုက်ခိုက်မှုမှာ ဖက်ဒရယ်အစိုးရဆီက သုတေသနထောက်ပံ့ကြေးနဲ့ ချေးငွေတွေကို ကြီးမားစွာ လျှော့ချတာ ဒါမှမဟုတ် ငွေကြေးတွေကို ထိန်းထားတာတွေ ပြုလုပ်ခြင်းပင်ဖြစ်ပါတယ်။ ဒီကြိုးပမ်းအားထုတ်မှုအချို့ကို ပြန်လည်သုံးသပ်နေပေမဲ့ တိုးပွားလာတဲ့ အကျိုးသက်ရောက်မှုကတော့ အခြေခံသုတေသနအတွက် ဒေါ်လာဘီလီယံ ပေါင်းများစွာ ဖြတ်တောက်ခံရနိုင်ပြီး အများစုမှာ လက်ရှိလုပ်ဆောင်နေတဲ့ ပရောဂျက်တွေနဲ့ သုတေသန အစီအစဉ်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အရည်အသွေးမြင့် သုတေသနပြုချက်တွေဟာ ထူးခြားတဲ့ ဂေဟစနစ်တစ်ခုမှာ လည်ပတ်နေပါတယ်။ ဖက်ဒရယ်အစိုးရဟာ အမျိုးသားကျန်းမာရေး အင်စတီကျုနဲ့ အမျိုးသားသိပ္ပံဖောင်ဒေးရှင်းလို အရည်အသွေးမြင့် အဖွဲ့အစည်းတွေကတစ်ဆင့် ရန်ပုံငွေအများအပြားကို ပံ့ပိုးပေးပြီး ကျန်အများစုကို ပုဂ္ဂလိက ဖောင်ဒေးရှင်းတွေနဲ့ ကုမ္ပဏီတွေက ပံ့ပိုးပေးပါတယ်။

အစိုးရနဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေက ပါမောက္ခတွေက သုတေသနပြုလုပ်ဖို့ ဒီရန်ပုံငွေတွေကို အသုံးပြုကြပါတယ်။ အခြားဘယ်နိုင်ငံမှာမှ ဒီလို ကောင်းကောင်း အလုပ်လုပ်နိုင်တဲ့ စနစ်မျိုး မရှိပါဘူး။

သိပ္ပံပညာအယ်ဒီတာ Holden Thorp က ဖက်ဒရယ်အစိုးရနှင့် အင်စတီကျူးရှင်းတွေက အမေရိကရှိ သိပ္ပံသုတေသနလုပ်ငန်းကို လုပ်ဆောင်ဖို့ လူမှုပဋိညာဉ်ပြုပြီး အတူတကွ ထောက်ပံ့ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအခါ အန္တရာယ်ရှိတဲ့ အနေအထားကို ကျရောက်နေပြီလို့ ဆိုပါတယ်။

ပြီးခဲ့သည့်နှစ် ၈၀ အတွင်း အဆင့် ၁၁ ရှိတဲ့ ဒူ့ (Duke) တက္ကသိုလ်ဟာ NIH က သူ့ရဲ့ သုတေသနဘတ်ဂျက်အတွက် $ ၁.၃၃ ဘီလီယံတန်ဖိုးရှိ ထောက်ပံ့မှုကို မနှစ်က ရရှိခဲ့ပါတယ်။ ဒေါ်လာ ၈၆၃ သန်းဟာ ဝါရှင်တန်က လာတယ်လို့ AP သတင်းက ဆိုပါတယ်။ ကင်ဆာနဲ့ အခြားရောဂါတွေအတွက် အရေးပါတဲ့ သုတေသန ပရောဂျက်တွေအတွက် ရန်ပုံငွေတွေ အပါအဝင် ဆေးကျောင်းက PhD ကျောင်းသား ၆၃၀ ကျော်အတွက် ပံ့ပိုးမှုတွေ ပါဝင်ပါတယ်။

ဒီပရောဂျက်တွေနဲ့ ကျောင်းသားတွေအတွက် ဖြတ်တောက်မှု ဖြစ်သွားပါက သိသိသာသာ နောက်ပြန်ဆုတ်သွားမှာ ဖြစ်ပါတယ်။

အထွေထွေကုန်ကျစရိတ်ဟာ ထောက်ပံ့ကြေးရဲ့ ၄၀ ရာနှုန်း ဒါမှမဟုတ် ၄၀ ရာနှုန်း အထိ ရှိပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့လက NIH က ၁၅% ကန့်သတ်ထားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒီအချက်က ကျိုးကြောင်းဆီလျှော်မှုထက် ပိုပါတယ်။ တက္ကသိုလ်တွေက သူတို့ရဲ့ စရိတ်စကတွေကို သိပ္ပံထောက်ပံ့ကြေးကို သုတေသနစရိတ်အဖြစ် ခွဲဝေပေးလေ့ရှိပါတယ်။

ပါမောက္ခတွေနဲ့ ဘွဲ့ရကျောင်းသားတွေရဲ့လစာတွေနဲ့ အဆောက်အအုံ၊ ဓာတ်ခွဲခန်း၊ စွမ်းအင်နဲ့ ရေမီးကုန်ကျစရိတ်၊ စီမံခန့်ခွဲရေးဝန်ထမ်းတွေရဲ့ ကုန်ကျစရိတ်တွေ ရှိပြီး စမ်းသပ်မှုတွေ ပြုလုပ်ဖို့ ရှုပ်ထွေးတဲ့ ဓာတ်ခွဲခန်းတစ်ခုကို တည်ဆောက်နေချိန်မှာ တည်ဆောက်ပုံနဲ့ စက်ကိရိယာတွေဟာ သုတေသီတွေရဲ့ လစာနဲ့ စတိုင်ပင်တွေထက် ကုန်ကျစရိတ် ပိုများတတ်ပါတယ်။

မစ်ရှီဂန်ပြည်နယ် တက္ကသိုလ်က ဒီဖြတ်တောက်မှုတွေက သူတို့အလုပ်တွေကို ရပ်တန့်စေနိုင်တယ်လို့ ကြေညာထားပါတယ်။ ကင်ဆာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ အာရုံကြောဆိုင်ရာလေ့လာမှုတွေအတွက် ကန်ဒေါ်လာ သန်း ၃၃၀ အကုန်အကျခံ တည်ဆောက်ထားတဲ့ အဆောက်အအုံအတွက် အစိုးရရန်ပုံငွေဟာ အ‌ရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။

ကုမ္ပဏီတွေအတွက် စိတ်ဝင်စားမှု နည်းပါးတဲ့ အခြေခံသုတေသန ပြုမှုကို အစိုးရရန်ပုံငွေနဲ့ မကြာခဏ ထောက်ပံ့ပေးတတ်ပြီး အဲ့ဒီသုတေသနပြုခြင်းကနေ ရရှိတဲ့ရလာဒ်ကို ကုမ္ပဏီတခုက အပိုင်စီးခွင့်မရရှိဘဲ သိပ္ပံနဲ့ နည်းပညာ အသိုင်းအဝိုင်းတခုလုံးကို အခမဲ့ပံ့ပိုးပေးတာကြောင့် အဲ့တွေ့ရှိမှုကို လူတိုင်းက စမ်းသပ်အသုံးပြုနိုင်ပြီး ဆန်းသစ်တီထွင်မှုကို လုပ်ဆောင်နိုင်ပါတယ်။

ဥပအားဖြင့် လူသားဂျီနိုမ် (genome) ရဲ့ မြေပုံထုတ်ခြင်းအတွက် ကုန်ကျစရိတ်က ဒေါ်လာ ၃ ဘီလီယံအောက်သာရှိပြီး အစိုးရက ထောက်ပံ့ထားပြီး ၁၃ နှစ် ကြာပါတယ်။ အဓိကလုပ်ဆောင်ရမယ့် လိုအပ်ချက်တစ်ခုကတော့ သုတေသနပြုမှုအောင်မြင်ပြီးနောက် ၂၄ နာရီအတွင်း အားလုံးအတွက် ရရှိနိုင်ဖို့ လူသိရှင်ကြား ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။

တက္ကသိုလ်တွေကို တိုက်ခိုက်တဲ့ အခြားတိုက်ခိုက်မှုကတော့ လွတ်လပ်စွာပြောဆိုခွင့်အပေါ် ထူးဆန်းတဲ့တိုက်ခိုက်မှုအသစ် ဖြစ်ပါတယ်။ ဗျူရိုကရေစီများ၊ တက္ကသိုလ်များနဲ့ အထက်တန်းစားတွေ အားလုံးဟာ လိင်အမျိုးအစားပေါင်းစုံကို လက်ခံ (woke) သူတွေ ဖြစ်လာပြီဖြစ်ကြောင်း အခြေခံကျကျ ဝေဖန်ချက်က စတင်ခဲ့ပါတယ်။ ဒီအချက်က မှန်ကန်ပေမဲ့ ဒီပြဿနာအတွက် အစိုးရရ တုံ့ပြန်မှုကတော့ အရာအားလုံးကို ထိန်းချုပ်လာမှု (Orwellian) ဖြစ်ပါတယ်။

ဒီအင်စတီကျူးရှင်းတွေအတွင်း မတူကွဲပြားမှု (diversity )၊ မည်သူမည်ဝါဖြစ်ကြောင်း (identity) သို့မဟုတ် ရောစပ်ပါဝင်နိုင်မှု (inclusion ) စာလုံးတွေကို အသုံးပြု မပြု ရှာဖွေခြင်းနဲ့ အဲ့ဒီပရိုဂရမ်တွေကို ပြန်လည် သုံးသပ်တာ မလုပ်ဘဲ ပိတ်ပစ်ခဲ့ပြီး ဒီထက်ဆိုးတာက တက္ကသိုလ်တွေမှာရှိတဲ့သူတွေမှာ အစ္စရေးဆန့်ကျင်ပြီး ပါလက်စတိုင်းတွေအပေါ် ထထောက်ခံသူတွေ ရှိပါက အဲ့ဒီတက္ကသိုလ်တွေကို အပစ်ပေးအရေးယူတာနဲ့ ဆန္ဒပြသူတွေကိုလည်း အပစ်ပေးတာလုပ်ပါတယ်။

အခုက တက္ကသိုလ်တွေမှာ ပြဿနာအကြီးကြီးရှိတယ်လို့ ပြောနေတာ ကြာပါပြီ။ သူတို့မှာ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အယူဝါဒဆိုင်ရာ ကွဲပြားမှု ကွာခြားလွန်းပြီး ကျောင်းဝင်းတစ်ခုမှာ အရေးကြီးဆုံး ကွဲပြားမှုမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ပြင်ဆင်တဲ့နည်းလမ်းက အစွန်းရောက် လက်ဝဲစကားတွေကို ကန့်သတ်ဖို့ မဟုတ်ဘဲ အခြားသူတွေရဲ့ အတွေးအမြင် ဆိုင်ရာ နယ်ပယ်အစိတ်အပိုင်းတွေက အသံတွေနဲ့ အမြင်တွေကို ပေါင်းထည့်ဖို့ ဖြစ်ပါတယ်။

လက်ယာက လက်ဝဲကို ဆင်ဆာဖြတ်ဖို့ လုပ်တာက အဖြေမဟုတ်ဘူး။ ထရန့်အစိုးရရဲ့ တက္ကသိုလ်တွေအပေါ် ကျရောက်နေတဲ့ အမျက်ဒေါသက တရုတ်ပြည်မော်စီတုံးခေတ်နဲ့ ဆင်တူနေပါတယ်။ အကြောက်လွန်ရောဂါကြောင့် မော်စီတုံးဟာ တရုတ်ပြည်မှာ တည်ထောင်ထားတဲ့တက္ကသိုလ်တွေကို ဖျက်စီးခဲ့တာကြောင့် မျိုးဆက်ပေါင်းများစွာ အဲ့ဒီဒဏ်ကို ကုစားခဲ့ရဖူးပါတယ်။

တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့ရက်သတ္တပတ်က ပေကျင်းမှာ တရုတ်အစိုးရဟာ ၂၁ ရာစုမှာ သိပ္ပံပညာလောကကို ဦးဆောင်နိုင်စေဖို့ သုတေသနနဲ့ နည်းပညာအတွက် ရန်ပုံငွေ အမြောက်အမြား တိုးမြှင့်ပေးဖို့ ရည်ရွယ်ချက်ကို ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ဟာ တရုတ်နိုင်ငံရဲ့ မကြာသေးမီက သမိုင်းမှာ အဆိုးရွားဆုံးလုပ်ရပ်ကို ပုံတူကူးယူနေပုံရပြီး၊ တရုတ်ကလည်း အမေရိကန်ရဲ့ထိပ်တန်းကို တိုးထွက်ဖို့ ကြိုးပမ်းမှုရဲ့ အကောင်းဆုံး ရှုထောင့်တွေကို ကူးယူနေပါတယ်။ အမေရိကက မိမိတက္ကသိုလ်တွေကို ရံပုံငွေဖြတ်တောက်ပြီး သူ့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုတော်လှန်ရေးကို ဖြတ်သန်းနေစဉ်မှာ တရုတ်က သူရဲ့တက္ကသိုလ်တွေကို အားဖြည့်ပံ့ပိုးလျက်ရှိပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 37 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ တည်းသာ ထွက်ပေါ်လာခဲ့သည်- ၎င်းမှာ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖြန့်ဝေခဲ့သော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်နေသည့်
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်