နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်အသံ (Voice of America) ကို ထရန့်က ဖျက်သိမ်းလိုက်ခြင်းနှင့် ပတ်သက်ပြီး ‘ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းလဲ’ ဟု တရုတ်က ဂုဏ်ပြုမှာပါ။

မတ်လ (၁၈) ရက်။

တရုတ်အမျိုးသားရေးအင်ဖလူဝင်ဇာတစ်ဦးက ၎င်းကို “တကယ် ကျေနပ်စရာ” ဟု ပြောလိုက်ပြီး နောက်တစ်ယောက်ကလည်း ခေါင်းကိုငုံ့ကာ ရယ်လိုက်သည်။ ပြီးတော့ နိုင်ငံပိုင်မီဒီယာ အယ်ဒီတာ့အာဘော်တွင် “လိမ်လည်ပြောကြားနေတဲ့စက်ရုံ” ဟု ခေါ်ဆိုသည့် “ ဗီအိုအေ” နိဂုံးချုပ်မှုကို ဝမ်းသာအားရ ထောက်ခံလိုက်ပါသည်။

တရုတ်နိုင်ငံနှင့်ပတ်သက်သည့် ဗီအိုအေနှင့် အာအက်ဖ်အေတို့၏ ဝေဖန်ပြောဆိုမှုများ အထူးသဖြင့် လူ့အခွင့်အရေးနှင့် ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုများအတွက် နှစ်ပေါင်းများစွာ ပြောကြားနေမှုကို တရုတ်အစိုးရနှင့် ၎င်း၏ ဝါဒဖြန့်ချိရေးယန္တရားများသည် ပြန်လည်တိုက်ခိုက်လျက်ရှိနေခဲ့သည်။

အာဏာရှင်အစိုးရများကို ရည်ရွယ်ထုတ်လွှင့်ရန် ဖွဲ့စည်းတည်ထောင်ပေးထားသော အမေရိကန်အသံ (VOA)၊ အာရှအသံ (RFA) နှင့် အခြားအမေရိကန်အစိုးရမှ ထောက်ပံ့ထားသည့် မီဒီယာအဖွဲ့အစည်းများကို ဖျက်သိမ်းရန် သမ္မတ ‌ဒေါ်နယ်ထရန့်က သမ္မတအမိန့်ကို သောကြာနေ့က လက်မှတ်ရေးထိုးပြီးနောက် တရုတ်အမျိုးသားရေးဝါဒီများနှင့် နိုင်ငံပိုင်မီဒီယာများသည် သူတို့၏ ဝမ်းမြောက်ပီတိဖြစ်မှုကို မထိမ်းသိမ်းနိုင်လောက်အောင် ဖြစ်ခဲ့ကြသည်။

ယခုလည်း၊ ထရန့် အစိုးရသည် ဘီဂျင်းအစိုးရက အမြဲကြိုးစားတန်ပြန်နေရသည့် သတင်းဌာနကို ပိတ်ပင်လိုက်သည်။ တဖက်တွင် တရုတ်အစိုးရသည်သူ၏ နိုင်ငံပိုင်မီဒီယာကို ကမ္ဘာလုံးဆိုင်ရာ သူ၏ခြေရာကို ချဲ့ထွင်ရန် အကုန်အကျများစွာခံပြီး သုံးစွဲနေချိန်တွင် အမေရိကန်ဖက်တွင် အသံများ တိတ်ဆိတ်သွားခဲ့သည်။

ရန်လိုသော ကွန်မြူနစ်ပါတီပိုင် သတင်းစာဖြစ်သည့် Global Times ၏ တနင်္လာနေ့ အယ်ဒီတာ့အာဘော်တွင် ဗွီအိုအေကို “မုသားစက်ရုံ” အဖြစ် ရှုတ်ချခဲ့ပြီး တရုတ် နိုင်ငံနှင့် ပတ်သက်သည့် သတင်းပေးပို့မှုအပေါ် “ဆိုးဆိုးဝါးဝါးမှတ်တမ်း” ပြုခဲ့သည်ဟု ဝေဖန်ခဲ့သည်။

အနောက်အစွန်ဆုံး ဇင်ဂျင်း (Xinjiang) ဒေသရှိ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များမှ သတင်းပေးပို့ခြင်းမှ တောင်တရုတ်ပင်လယ်အငြင်းပွားမှုများ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ကိုရိုနာကူးစက်ရောဂါနှင့် တရုတ်စီးပွားရေးအကြောင်း အစီရင်ခံခြင်းအထိ “တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ အန္တရာယ်ရှိတဲ့ လိမ်လည်လှည့်ဖြားမှုတိုင်းလိုလိုမှာ VOA ရဲ့ လက်ဗွေရာတွေ ရှိတယ်” ဟု အယ်ဒီတာ့အာဘော်က ဆိုသည်။

“အမေရိကန်တွေက သူတို့ရဲ့ အချက်အလက်တွေကို ပိုးအိမ်တွေကို ဖောက်ထွက်ပြီး တကယ့်ကမ္ဘာနဲ့ ဘက်ပေါင်းစုံ တရုတ်နိုင်ငံကို မြင်လာတာနဲ့အမျှ VOA က ဖြန့်တဲ့ နတ်ဆိုးပုံပြင်တွေဟာ နောက်ဆုံးမှာ ခေတ်ရဲ့ ရယ်မောစရာ ဖြစ်လာလိမ့်မယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ဗွီအိုအေ၏ တရုတ်သတင်းပေးပို့ချက်များသည် ဆယ်စုနှစ်များစွာကြာအောင် ရှည်လျားခဲ့သည်။ ၁၉၈၉ တိန်အန်မင် (Tiananmen) ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများအတွင်း ၎င်း၏ တရုတ်ဘာသာ ရေဒီယို ထုတ်လွှင့်မှုများသည် တရုတ်ပြည်သူများအတွက် ဆင်ဆာဖြတ်ခံ မထိသော နားထောင်နိုင်သည့် သတင်းအချက်အလတ် အရင်းအမြစ်များ ဖြစ်လာခဲ့သည်။ VOA သည် ၎င်း၏ တရုတ်ရေဒီယိုထုတ်လွှင့်မှုကို ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သော်လည်း ၎င်း၏ တရုတ်ဘာသာ စကား ဝဘ်ဆိုဒ်သည် တနင်္လာနေ့အထိ အွန်လိုင်းတွင် ရှိနေခဲ့သည်။)

၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့သော RFA သည် တရုတ်အစိုးရအား ဖိနှိပ်သည်ဟု ကာလရှည်ကြာ စွပ်စွဲခံထားရသော တိုင်းရင်းသား လူနည်းစုများကို ပံ့ပိုးပေးသည့် အင်္ဂလိပ်၊ တရုတ်၊ ဝီဂါနှင့် တိဗက်ဘာသာစကား ဝန်ဆောင်မှုများကို တရုတ်နိုင်ငံသို့ ထုတ်လွှင့်ပေးခဲ့သည်။

RFA အမှုဆောင်အရာရှိချုပ် ဘေးဖန်ဂ် (Bay Fang) က အမေရိကန်၏ ထောက်ပံ့ကြေး ဖြတ်တောက်မှုသည် တရုတ်ကွန်မြူနစ်ပါတီ အပါအဝင် အာဏာရှင်များနှင့် မတရား အုပ်စိုးသူများကို ဆုလာဒ်ချီးမြှင့်လိုက်ခြင်းဖြစ်ပြီး ထိုသူများသည် “သတင်းအချက်အလက် နေရာများတွင် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို အစစ်အဆေးမရှိ ထုတ်လွှင့် နိုင်ခြင်းထက် သာလွန်ကောင်းမွန်သော အခြားအရာတို့ကို မလိုလားပါ” ဟု ပြောကြားခဲ့သည်။

တရုတ်ဆိုရှယ်မီဒီယာတွင် အမျိုးသားရေးဝါဒီများက VOA ရပ်ဆိုင်းသွားခြင်းအား အောင်ပွဲခံခဲ့ ကြပြီး VOA ဝန်ထမ်း ၁,၃၀၀ လုံးကို လစာပြည့် ခွင့်ပေးလိုက်ခြင်းနှင့် ဖယ်ဒရယ် ထောက်ပံ့ကြေးများ ရပ်စဲလိုက်ခြင်းကြောင့် မိမိတို့လုပ်ငန်းများ ရပ်ဆိုင်းနိုင်သည်ဟု RFA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ အမေရိကန်အသံက လေဖြတ်သွားပါပြီ၊ ဒီလိုပဲ Radio Free Asia (RFA) လည်းပိတ်သွားပြီ ဒီအသံလွှင့်ဌာနတွေဟာ တရုတ် မုန်းတီးရေးကိုရှေးရှုခဲ့တယ် တကယ့်ကို ကျေနပ်စရာကောင်းပါတယ် ဟု Global Times ၏ အယ်ဒီတာချုပ်ဟောင်းနှင့် ထင်ရှားသော အမျိုးသားရေးဝါဒီ ဝေဖန်သုံးသပ်သူ ဟူဇီဂျင်း (Hu Xijin) က ရေးသားခဲ့သည်။

“တရုတ်ပြည်သူအားလုံးနီးပါးက Voice of America: VOA ကို သိကြပြီး၊ ဒါဟာ တရုတ်နိုင်ငံထဲကို အမေရိကန်ရဲ့ အယူဝါဒ စိမ့်ဝင်မှုရဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်” ဟု ဟူ (Hu) က နောက်လိုက် (Follower) ၂၅ သန်းနီးပါးရှိတဲ့ မိုက်ခရို ဘလောက်ဂျင်း (microblogging) Weibo မှာ ရေးသားခဲ့ပါသည်။ “တရုတ်လူမျိုးတွေက အမေရိကန်ရဲ့ တရုတ်ဆန့်ကျင်ရေး အယူဝါဒ အမာခံနယ်မြေ အတွင်းကနေ ပြိုပျက်သွားတာကို လန့်ဖြန့်ပြီး ပျံသန်းပြေးထွက်သွားတဲ့ ငှက်အုပ်စုတွေကို မြင်ရတာထက် ပိုပျော်တယ်လို့ (ကျနော်) ယုံကြည်ပါတယ်။”

နောက်ထပ်အမျိုးသားရေးဝါဒီ ဝေဖန်သူတဦးက VOA နှင့် RFA တို့သည် အရောင်တော်လှန်မှုများအတွက် နာမည်ဆိုးဖြင့်ကျော်ကြားသော ဝါဒဖြန့်စက်များဖြစ်သည်ဟု ဆိုကာ ယခင်ဆိုဗီယက်ယူနီယံနှင့် ဘော်လကန်ဒေသရှိ အစိုးရများကို ဖြုတ်ချခဲ့သည့် ၂၀၀၀ ပြည့်လွန်နှစ်များက ဆန္ဒပြပွဲများကို ရည်ညွှန်းပြီး စွပ်စွဲခဲ့သည်။

အခြားသူများကမူ ထရန့်ကိုအားပေးကြပြီး ထရန့်ပထမသမတသက်တမ်းတွင် သူ့အား နာမည်ပြောင် “ Chuan Jianguo” သို့မဟုတ် တရုတ်နိုင်ငံတည်ဆောက်သူ” ဟု တရုတ်အင်တာနက်တွင် အမည်ပေးထားခဲ့သည်။ အမေရိကန်သမ္မတ၏ အထီးကျန်ဆန်သော နိုင်ငံခြားရေးမူဝါဒနှင့် သဘောထားကွဲလွဲနေသော ပြည်တွင်းအစီအစဉ်များက ဘီဂျင်းကို ကမ္ဘာ့ဇာတ်ခုံတွင် ဝါရှင်တန်ကို ကျော်တက်နိုင်ရန် ကူညီနေသည်ဟု အခြားသူများက လှောင်ပြောင်ကြသည်။

“ကျေးဇူးတင်ပါတယ်၊ ရဲဘော် Chuan Jianguo နဲ့ အီလွန်မတ်ခ် ကျေးဇူးပြုပြီး ဂရုစိုက်ပြီး ဘေးကင်းအောင်နေပေးပါ” ဟု Weibo အသုံးပြုသူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်အစိုးရအတွက် ဖြတ်တောက်လျော့ချမှုများကို ဦးဆောင်နေသည့် ထရန့်၏ ဘီလီယံနာ အကြံပေးသူဌေးကြီး အီလွန်မတ်စ်က VOA ကို ပိတ်ပစ်ရန် သူ့ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်း X ကို အသုံးပြုခဲ့ပါသည်။

“ ဒီသတင်းက ခေတ်တစ်ခုရဲ့အဆုံးသတ်ပါပဲ” ဟု Weibo တွင် အခြားမှတ်ချက်တစ်ခုက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အိမ်ဖြူတော်သည် စနေနေ့က ထုတ်ပြန်ချက်တစ်ခုတွင် ထရန့်၏သမတအမိန့်ကို ကာကွယ်ခဲ့ပြီး “အခွန်ပေးသူများသည် အစွန်းရောက်ဝါဒဖြန့်ချီခြင်းအတွက် အကုန်အကျခံရခြင်း မရှိတော့ကြောင်း သေချာစေမည်” ဟုဆိုသည်။

သသို့ရာတွင် အမေရိကန်က ထောက်ပံ့ထားသည့် အသံလွှင့်ရုံများ ပျက်သွားခြင်းကြောင့် တရုတ်က ကမ္ဘာကို သူပေးချင်သည့်သတင်းစကားများကို ချဲ့ထွင်ဖို့ အလုပ်ရှုပ်နေခဲ့သည်။

ခေါင်းဆောင်ရှီကျင်းဖျင့်လက်ထက်တွင် တရုတ်နိုင်ငံသည် အနောက်တိုင်းမှ တရားမျှတမှုမရှိ လွှမ်းမိုးထားသော သတင်းပြောကြားသော ကမ္ဘာတွင် တန်ပြန် “ဟောပြောနိုင်စွမ်း” ရရှိရန် တွန်းအားပေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်း၏နိုင်ငံပိုင်မီဒီယာများ၏ လက်လှမ်းမီမှုနှင့် သြဇာကို သိသိသာသာ ချဲ့ထွင်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ဘေဂျင်းသည် နိုင်ငံရပ်ခြားမှ ပရိသတ်များကို ရည်ရွယ်ထားသည့် ပိုမိုကောင်းမွန်စွာ ပေါင်းစပ်နိုင်စေရန် ရည်ရွယ်သော လက်ရှိအစိုးရပိုင် ကွန်ရက်သုံးခုကို ပေါင်းစည်းခြင်းဖြင့် ဧရာမမီဒီယာလုပ်ငန်းစုကြီးတစ်ခု ထူထောင်ကြောင်း ကြေညာခဲ့သည်။ ၎င်း၏အမည်က “ VOICE OF CHINA-တရုတ်အသံ” ဖြစ်ပါသည်။

CNN သတင်း။

May be an image of television, newsroom and text that says '្្រី 4 20:27474 autpscript 20:2 7:4 20:27:471 1 2027:4 20274 202 7.:4'

See insights and ads

Boost post

All reactions:

2020

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 10 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ တိုက်ပွဲများအပြီးတွင် အီရန်နှင့် အမေရိကန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည့် သတင်းအပေါ် အရှေ့အလယ်ပိုင်းနိုင်ငံများက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 53 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 80 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 58 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။