နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထရမ့်၏သမတဒုတိယသက်တမ်း လက်ထက်တွင် ပါကစ္စတန်က ကျွမ်းကျင်သော သံတမန်ရေး၊ အဖိုးတန် မြေရှားသတ္တုနှင့် ချီးမွမ်းဂုဏ်ပြုမှုတို့ဖြင့် ဆက်ဆံရေး အောင်မြင်စွာ တည်ဆောက်ထားသည်

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၈ရက်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ဂါဇာအပစ်အခတ် ရပ်စဲရေးအတွက် ကမ္ဘာ့ခေါင်းဆောင်များရှေ့တွင် အောင်ပွဲခံနေစဉ်၊ ပါကစ္စတန် စစ်တပ်၏ အကြီးအကဲဖြစ်သူ စစ်သေနာပတိချုပ် အာဆင် မူနီယာအား “ သူ၏ အချစ်ဆုံး စစ်သေနာပတိ” ဟု ခေါ်ဝေါ်ခဲ့ သည်။ ထို့နောက် ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘာဇ် ရှရစ်ဖ်ကလည်း ထရမ့်အား ငြိမ်းချမ်း ရေး နိုဘယ်ဆု ထပ်မံ အမည်စာရင်း တင်သွင်းရန် ရည်ရွယ်ကြောင်း ကြေညာခဲ့သည်။

လွန်ခဲ့သော တစ်နှစ်ခန့်က အမေရိကန်သည် ပါကစ္စတန်၏ မတည်ငြိမ်မှုများနှင့် တရုတ်နှင့် နီးစပ်မှုကြောင့် ဆက်ဆံရေး တင်းမာခဲ့သည်။ သမ္မတဟောင်း ဂျိုးဘိုင်ဒန်သည် ဝန်ကြီးချုပ်များကို ဖုန်းပင် မခေါ်ခဲ့ပေ။

သို့သော် ထရမ့် ၂.၀ လက်ထက်တွင် ပါကစ္စတန်သည် အောင်မြင်သော သံတမန်ရေးကို ကျင့်သုံးခဲ့သည်။
အချက်အလက်များ- ပါကစ္စတန်ခေါင်းဆောင်များသည် အိမ်ဖြူတော်သို့ မကြာခဏ သွားရောက်ခဲ့ရပြီး၊ အမေရိကန်လုပ် Raytheon ဒုံးကျည်အသစ်များ ရရှိရန် မျှော်လင့်နေသည်။ ပြိုင်ဘက် အိန္ဒိယထက် အခွန်လျှော့ချမှုများလည်း ရရှိခဲ့သည်။

အောင်မြင်မှု၏သော့ချက်များ-
မြေရှားသတ္တု (Rare Earths)- တရုတ်မှ ထိန်းချုပ်မထားသော အဖိုးတန် မြေရှားသတ္တုများ (Critical Minerals) ကို အမေရိကန်သို့ အခွင့်ထူးပေး၍ ရယူခွင့်ပြုရန် ကမ်းလှမ်းခဲ့ခြင်း။ ပါကစ္စတန်၏ သတ္တုသိုက် ကြွယ်ဝမှုမှာ ဒေါ်လာ ၈ ထရီလီယံခန့် ရှိသည်ဟု ခန့်မှန်းရသည်။

ချီးမွမ်းဂုဏ်ပြုခြင်း- ထရမ့်အား အမြဲတမ်း ချီးမွမ်းထောပနာပြုခြင်း။
စစ်သေနာပတိချုပ်၏ အခန်းကဏ္ဍ စစ်တပ်အကြီးအကဲ စစ်သေနာပတိချုပ် အာဆင် မူနီယာ (Field Marshal Asim Munir)သည် ဆက်ဆံရေး တိုးတက်ရာတွင် အဓိကကျသူဖြစ်သည်။ မေလက အိန္ဒိယနှင့် ပဋိပက္ခ ဖြစ်ပွားစဉ် ရပ်တန့်ပေးရန် ထရမ့်က ကြိုးပမ်းခဲ့ပြီးနောက်၊ ပါကစ္စတန်က ထရမ့်၏ ဆောင်ရွက်မှုကို ချက်ချင်း ထောက်ခံခဲ့ကာ ထရမ့်အား နိုဘယ်ဆု အတွက် ပထမဆုံး အမည်စာရင်း တင်သွင်းခဲ့သည်။ မူနီယာသည် ထရမ့်နှင့် နေ့လယ်စာ အတူစားရန် အိမ်ဖြူတော်သို့ အရပ်ဘက်အရာရှိများ မပါဘဲ သီးသန့် သွားရောက်ခဲ့သူ ဖြစ်သည်။ “ ထရမ့်က အောင်မြင်သူတွေကို ကြိုက်တယ်” ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

အိန္ဒိယ၏ ဒေါသ ပါကစ္စတန်၏ သံတမန်ရေးရာ အောင်ပွဲသည် ဈေးပေါသော ရုရှားရေနံကို ဆက်လက်ဝယ်ယူနေသည့် အိန္ဒိယကို ဒေါသထွက်စေပြီး၊ အိန္ဒိယသည် အမေရိကန်၏ ကြီးမားသော အခွန်နှုန်းထားများဖြင့် ရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။

ကန့်သတ်ချက် မည်သို့ပင်ဆိုစေကာမူ ဤဆက်ဆံရေးသည် ထရမ့်၏ စိတ်ဆန္ဒ ပေါ်တွင်သာ မူတည်နေသည်ဟု သံတမန်ဟောင်း ဟူစိန် ဟက်ကာနီက မှတ်ချက်ပြုသည်။ “ ထရမ့်က သူ့ကို ပါကစ္စတန်က ကြိုက်ပြီး ချီးမွမ်းနေတာတွေလုပ်နေတဲ့အတွက်ကြောင့် အခု ပါကစ္စတန်ကို ကြိုက်နေတာပဲ” ဟု ဆိုသည်။

ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က တနင်္လာနေ့က အီဂျစ်နိုင်ငံ ရှမ် အယ်ရှိတ်(Sharm el-Sheikh) တွင် ကျင်းပတဲ့ ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ကြေညာချက်ထုတ်တာကို နားထောင်နေပုံ (ဓါတ်ပုံ)

ပါကစ္စတန် စစ်သေနာပတိချုပ် အာဆင် မူနီယာကိုပြည်သူများကထောက်ခံအားပေးနေပုံ (ဓါတ်ပုံ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပါကစ္စတန် ၀န်ကြီးချုပ် Shehbaz Sharif နှင့် Field Marshal Asim Munir တို့နှင့် စက်တင်ဘာ ၂၅ ရက်က ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့စဥ် ပါကစ္စတန် နိုင်ငံထွက် တွင်းထွက်များကိုပြသပြီးလက်ဆောင်ပေးခဲ့စ်။ (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 7 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 37 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 49 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု