နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဟာဒယစကားပြောကြားသူ ဂျင်မီကင်မဲလ်ကို ဆိုင်းငံ့လိုက်ခြင်းကို ဖြစ်စေတဲ့ မြင်ကွင်းတွေရဲ့ နောက်ကွယ်မှာ ဘာတွေ ဖြစ်ခဲ့လဲ။

ဂျင်မီကင်မဲလ် (Jimmy Kimmel) ၏ အသံလွှင့်ပြောကြားချက်ကို ပိတ်ပစ်ရန် ဆုံးဖြတ်ချက်သည် ထင်ထားသလောက် အမြန်လုပ်ဆောင်မှု မဟုတ်ပေ။ ကင်မဲလ်သည် ချာလီကာ့ခ် (Charlie Kirk) ကိုလုပ်ကြံသတ်ဖြတ်သူ လူသတ်သမားအကြောင်း ၎င်း၏ တနင်္လာနေ့ည အစီအစဥ်တွင် ဟာသနှောပြောကြားခဲ့ရာတွင် ချာလီကာ့ခ်နှင့် ထရန့်၏ ထောက်ခံသူများကို “ MAGA ဂိုဏ်း” ဟု ခေါ်ဆိုပြီးကတည်းက မိခင်ကုမ္ပဏီဖြစ်သည့် ဒစ်စနီ (Disney) နှင့် ABC ၏အမှုဆောင်အဆင့်များ အကြားတွင် အဆိုပါပြဿနာသည် တစ်ပတ်လုံးလုံး ပျံ့နှံ့ရိုက်ခတ်နေခဲ့သည်။

ကင်မဲလ်၏ တနင်္လာနေ့က မှတ်ချက်သည် လက်ယာဖက်ရှိ ဝေဖန်ရေးသမားများကို ဒေါသထွက်စေခဲ့ပြီး ဒစ်စနီ၏ စီစစ်မှုကို ဖြစ်စေခဲ့သည်။ အင်္ဂါနေ့တင်ဆင်မှုတွင် ကင်မဲလ် က “ MAGA-အသိုက်အဝန်းမှသူ အများအပြားသည် ချာလီကာ့ခ် အသတ်ခံရမှုကို သုံးချအမြတ်ထုတ်ရန် အလွန်ကြိုးစားကြသည်” ဟု ပြောကြားခဲ့သည်။

သို့သော် ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) ဥက္ကဋ္ဌ ဘရင်ဒန်ကား (Brendan Carr) သည် ရှေးရိုးဆန်သော ပေါ့တ်ကာစ်တစ်ခုသို့ သွားကာ ABC လက်အောက်ခံ အသံလွှင့်လိုင်စင်များကို ပယ်ဖျက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းအထိ အရေးယူခဲ့ခြင်း ရှိသေးပေ။ ထို့နောက် “Jimmy Kimmel Live!” ထုတ်လွှင့်ပေးသည့် စျေးကွက်အရ နှစ်ဒါဇင်ခန့် အသံလွှင့်ထုတ်ပေးသည့် အသံလွှင့်ရုံအဖွဲ့ Nexstar က ၎င်းတို့သည်ရှိုးကို ထုတ်လွှင့်တော့မည် မဟုတ်ကြောင်းကြေညာခဲ့သည်။

ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) ဥက္ကဋ္ဌ ဘရင်ဒန်ကား (Brendan Carr)

ဒစ်စနီသည် ၎င်း၏ပြည်တွင်းထုတ်လွှင့်ခွင့်လိုင်စင်များကို ဆုံးရှုံးရန် အန္တရာယ်ရှိနေကြောင်း ကားမှ လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သည်မှာ ABC အားလုံးအတွက် “ တကယ်၊ ပြင်းထန်သော ခြိမ်းခြောက်မှု” ဖြစ်ကြောင်း အခြေအနေနှင့် နီးစပ်သူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

“ ဒါက ဂျင်မီကင်မဲလ်တိုက်ရိုက် (‘Jimmy Kimmel Live)’ ထုတ်လွှင့်မှုအကြောင်းတခုပဲ မဟုတ်ပါဘူး။ ABC ရဲ့ ရှိုးပွဲတွေ အားလုံးနဲ့ ဝန်ထမ်းအားလုံးအကြောင်းပဲ ဖြစ်ပါတယ်” ဟု ကုမ္ပဏီတွင် ဆက်လက်ပြောဆိုမှုများနှင့် ပတ်သက်ပြီး အခြားအရင်းအမြစ်တစ်ခုက ပြောကြားခဲ့သည်။

ABC မှ အလုပ်မခန့်ထားသော ဝါရင့်ရုပ်မြင်သံကြားသတင်းထုတ်လုပ်သူတစ်ဦးက CNN သို့ ပြောကြားရာတွင် “ အေဂျင်စီသည် ထုတ်လွှင့်ခွင့်လိုင်စင်များကို ရုပ်သိမ်းခံရခြင်းသည် FCC ဒဏ်ရိုက်ခံရခြင်းထက် ပိုကြောက်စရာ ကောင်းသည့် အခြေအနေမျိုး သို့မဟုတ် ပို၍ဆိုးသည့် အခြေအနေမျိုးထက် စိုးရိမ်စရာ ကောင်းသည့် အခြေအနေ မရှိနိုင်ဟုဆိုခဲ့သည်။

အခြေအနေနှင့်ရင်းနှီးသူတစ်ဦး၏အဆိုအရ ကင်မဲလ်သည် ဗုဒ္ဓဟူးနေ့ညတွင် ၎င်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို တင်ဆက်ရန် ပြင်ဆင်ထားပြီး ကာ့ခ် (Kirk) သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး သီတင်းပတ်အစောပိုင်းက ပြုလုပ်ခဲ့သော ၎င်း၏ သဘောထား မှတ်ချက်အတွက် လက်ယာယိမ်းဆန့်ကျင်ရေးသမားများကို မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်။ ထိုသီးသန့်ပုဂ္ဂိုလ်က ကင်မဲလ် (Kimmel) ၏စီစဉ်ထားသော တဦးတည်း ပြောကြားသည့် တင်ဆက်မှုတွင် MAGA အခြေစိုက်အုပ်စုသို့ ဦးတည်ကာ “ အလွန်ထိရောက်သည့်ပျက်လုံး” ကို တင်ဆက်ရန် စီစဥ်ထားသည်ဟုဆိုသည်။

ထိုအချိန်တွင် ဒစ်စနီအမှုဆောင်များသည် ၎င်း၏တစ်ဦးတည်းပြောဆိုမှုကြောင့် “ ကြွတက်လာမည့် မကျေနပ်ချက်ကို လျှော့ချရန်” နှင့် ပတ်သက်၍ ကင်မဲလ်နှင့် ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ထိုသီးသန့်ပုဂ္ဂိုလ်က ဆိုသည်။ တချိန်ထဲတွင် Nexstar သည် ကင်မဲလ်၏ရှိုးကို တစ်ပြိုင်နက် ထုတ်ပယ်ပစ်ရန် ၎င်း၏ အစီအစဉ်ကို ကြေညာခဲ့သည်။

ဒစ်စနီ အမှုဆောင်အရာရှိချုပ် ဘော့အိုင်ဂါ (Bob Iger) နှင့် ဒစ်စနီ ဖျော်ဖြေရေးလုပ်ငန်း (Disney Entertainment) တွဲဖက်ဥက္ကဋ္ဌ ဒါနာဝဲလ်ဒန်(Dana Walden) တို့သည် ကင်မဲလ်၏ရှိုးကို ကြိုတင်ပိတ်ပင်ရန် ဆုံးဖြတ်ချက်ကို ချခဲ့ကြသည်။ ကင်မဲလ်နှင့် ဒစ်စနီ (Disney) အမှတ်တံဆိပ်နှစ်ခုလုံးကို အငြင်းပွားမှုအရှိန်မြှင့်ခြင်းမှ ကာကွယ်ရန် မျှော်လင့်ချက်ဖြင့် ရှိုးပွဲအား ရက်အကန့်အသတ်မရှိ ရပ်နားထားရန် ကြိုတင်ဆုံးဖြတ်ချက်ချခဲ့သည်။

ဝဲလ်ဒန် (Walden) က ကင်မဲလ်ကို ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ စကားစမြည်ပြောခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ဆိုပါသည်။ ဝဲလ်ဒန်နှင့် ကင်မဲလ် တို့သည် ကာလကြာရှည်စွာ အပြုသဘောဆောင်သော ဆက်ဆံရေးရှိကြပြီး ကင်မဲလ်သည် ABC တွင် အမြဲတစေ မယုံနိုင်လောက်အောင် ကောင်းမွန်ကြောင်း ရင်းမြစ်များစွာအရ သိရသည်။

“လူတိုင်းက သူ့ကို လေးလေးနက်နက်တန်ဖိုးထားပြီး ပြန်လာစေချင်ကြတယ်” ဟု ရင်းနှီးသော သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ “ ဒါပေမယ့် သူက ဖြစ်ပေါ်နေတဲ့ဖိအားကို လျှော့ချရမယ်။”

ကင်မဲလ်သည် ထရန့် အကြောင်း သူ့စိတ်ထဲတွင် အမြဲတမ်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိပြီး ၎င်း၏ရှိုးတွင် ဆင်ဆာမဖြတ်ဖူးကြောင်း အရင်းအမြစ်မှ မှတ်ချက်ပြုသည်။ သို့သော် ပြင်းထန်သော FCC ၏ ခြိမ်းခြောက်မှုများကြောင့် ကုမ္ပဏီသည် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ရသည်။

CNN နှင့် စကား ပြောဆိုခဲ့ကြသည့် ပုဂ္ဂိုလ်အများအပြားက “ Jimmy Kimmel Live!” တွင် တာဝန်ထမ်းဆောင်ကြသော Disney ဝန်ထမ်းများ သည် ဗုဒ္ဓဟူးနေ့တွင် ကား(Carr) ၏ မှတ်ချက်များ အပြီးတွင် ၎င်းတို့၏ အီးမေးလ်လိပ်စာများနှင့် ဖုန်းနံပါတ်များကို ဆိုရှယ် မီဒီယာများတွင် အလွဲသုံးစားလုပ်ကာ ဖော်ပြခြင်းနှင့်အတူ အသက်ကို ခြိမ်းခြောက်မှုများကို စတင်လက်ခံရရှိခဲ့ကြသည်။ Disney အတွက်၊ ထည့်သွင်းစဉ်းစားရမည့် ပြဿနာသည် ကင်မဲလ်ထက် ကြီးမားသည်။ ၎င်းသည် ဝန်ထမ်းများနှင့် ရှိုးကြော်ငြာသူများ အတွက် ဘေးကင်းရေး ပြဿနာ ဖြစ်လာခဲ့သည်။

ဘယ်လို ရှေ့ဆက်ရမလဲဆိုတာ ဆုံးဖြတ်ချက် မချရသေးပေမယ့် ကင်မဲလ်ရဲ့ တင်ဆက်မှုကို ပြန်လည်တင်ပြနိုင်ဖို့အတွက် လမ်းကြောင်းရှိမယ်” ဟု ဒစ်စနီက “မျှော်လင့်ထားတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

ကင်မဲလ်သည်နှစ်များစွာ ABC သတင်းဌာနအတွက် အော်စကာဆုပေးပွဲများကို အစီစဥ်မှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး မကြာမီက “ဘယ်သူက သန်းကြွယ်သူ‌ဌေး ဖြစ်ချင်သလဲ” ဆိုသည့် အစီအစဥ်မှူးအဖြစ် ဆောင်ရွက်မှုကြောင့် Emmyဆုကို ရရှိခဲ့သည်။

ကင်မဲလ်သည် ၎င်း၏လက်ရှိရာသီကုန်ဆုံးချိန် ၂၀၂၆ ခုနှစ် မေလတွင်စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ ကင်မဲလ် သည် ABC အတွက် အော်စကာဆုပေးပွဲကျင်းပပြီး ကွန်ရက်၏ “ မည်သူ သန်းကြွယ်သူဌေး ဖြစ်လိုသနည်း” ကို လက်ခံကျင်းပပေးသည့် အမ်မီဆု ရရှိခဲ့သည်။ ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်းတိုးမလားဆိုသည်ကို မကြာသေးခင်ကပဲ သူ၏ရှိုးပွဲတွေကို ဆက်လုပ်ဖို့ ရှိမရှိကို အပြန်အလှန်ဆွေးနွေးငြင်းခုံခဲ့ကြသည်။

“ ABC မှာ ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် အခု သူတို့က ‘တိတ်ဆိတ်စွာ နှုတ်ထွက်ခြင်း’ ဟု ခေါ်သည့် “လာမယ့်သုံးနှစ်ကို စောင့်မျှော်နေပါတယ်” ဟု ကင်မဲလ်က ၎င်း၏ မကြာသေးမီက စာချုပ် သက်တမ်းတိုးကြောင်း ကြေညာချိန်တွင် ထုတ်ပြန်ချက်တွင် အရွှန်းဖောက်ခဲ့သည်။

ကင်မဲလ်သည် ၎င်း၏ရှိုးကို ဆိုင်းငံ့ထားကြောင်း လူသိရှင်ကြား ထုတ်မပြောသေးပါ။ CNN သည် ကင်မဲလ်၏ ကိုယ်စားလှယ်များအား မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့သည်။

ABC သည် အစီအစဉ်၏ အနာဂတ်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် CNN၏ တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိပါ။

ဟာဒယစကားပြောကြားသူ ဂျင်မီကင်မဲလ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု