နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပညာရေးဝန်ကြီးဌာနကို ပိတ်ပစ်ဖို့ သမ္မတထရမ့်က လက်မှတ်ရေးထိုးမည်ဟု အိမ်ဖြူတော်ပြော

မတ်လ (၂၀) ရက်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ပညာရေးဝန်ကြီးဌာနကို ပိတ်ပစ်ရန် ရေးသားထားသည့်သမ္မတအမိန့်ကို ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောဆိုထားသည်။

လက်မှတ်မရေးထိုးမီ ဒီမိုကရက်တစ်ထောက်ခံသည့် ပြည်နယ်ရှေ့နေချုပ်အုပ်စုက စိန်ခေါ်ခဲ့ပြီး အဆိုပါအမိန့်ကို ထရမ့်က ဖျက်သိမ်းရန်နှင့် ဝန်ကြီးဌာန၏ ဝန်ထမ်းထက်ဝက်နီးပါးကို အလုပ်ဖြုတ်ပစ်ခြင်းမှတားဆီးရန် ပြီးခဲ့သည့်သီတင်းပတ်က တရားစွဲဆိုထားသည်။

ထိပ်တန်းအရပ်ဘက်အခွင့်အရေးအဖွဲ့ NAACP ကလည်း ယင်းအမိန့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟု ဝေဖန်ခဲ့သည်။

“ထရမ့်ကို မဲပေးခဲ့တဲ့ မိဘတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ရပ်ရွာက မိဘတွေ အပါအဝင် အရည်အသွေးရှိတဲ့ ပညာရေးအတွက် ဖက်ဒရယ်ရန်ပုံငွေကို မှီခိုနေရတဲ့ သန်းပေါင်းများစွာသော အမေရိကန်ကလေးငယ်တွေအတွက် ဒီနေ့ဟာ အမှောင်လွှမ်းတဲ့နေ့တစ်နေ့ပါ” ဟု NAACP ဥက္ကဋ္ဌ ဒဲရစ် ဂျွန်ဆင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထရမ့်နှင့် သူ၏ ဘီလီယံနာ အကြံပေး အီလွန်မတ်စ်တို့သည် လွှတ်တော်၏ ခွင့်ပြုချက် မရှိဘဲ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီကဲ့သို့သော အစိုးရဌာနကို ပိတ်ရန် ကြိုးပမ်းခဲ့သော်လည်း ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းခြင်းသည် အစိုးရဝန်ကြီးဌာနကို ပိတ်ပစ်ရန် ထရမ့်၏ ပထမဆုံးသော ကြိုးပမ်းမှု ဖြစ်လာမည် ဖြစ်သည်။

ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက် မရှိဘဲ ထရမ့်သည် ပညာရေးဝန်ကြီးဌာနကို ပိတ်ပစ်ရန် မဖြစ်နိုင်ပါ။ ထရန့်၏ ရီပတ်ဘလီကန်ပါတီသည် အထက်လွှတ်တော်တွင် ၅၃-၄၇ ဖြင့် အများစု ရရှိထားသော်လည်း အစိုးရဝန်ကြီးဌာနတစ်ခုကို ဖယ်ရှားရန် ဥပဒေကြမ်းကဲ့သို့ ဥပဒေကို အတည်ပြုရန် လိုအပ်ပြီး မဲအရေအတွက် ၆၀ လိုအပ်မည်ဖြစ်ကာ ဒီမိုကရက်ပါတီခုနစ်ဦး၏ ထောက်ခံမှုရရှိမှသာ အောင်မြင်နိုင်မည် ဖြစ်သည်။

ဒီမိုကရက်အထက်လွှတ်တော်အမတ်များက ပညာရေးဌာနကို ဖျက်သိမ်းရန် ထောက်ခံမည့်လက္ခဏာ မရှိဘူးဟု ယုံကြည်ရသည်။

“ထရမ့်နဲ့ မတ်စ်တို့က ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေပြီး ဝန်ထမ်းတစ်ဝက်ကို အလုပ်ထုတ်လိုက်ပါတယ်” ဟု ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Patty Murray က “ထရမ့်နဲ့ မတ်စ်တို့ရဲ့ လုပ်ဆောင်မှုတွေကို တိုက်ဖျက်သွားမယ်” ဟု ကတိပြုပြောဆိုခဲ့သည်။

အဆိုပါအမိန့်သည် ပညာရေးဝန်ကြီး လင်ဒါမက်က်မန် (Linda McMahon) အား တိုက်ရိုက်အမိန့်ပေးထားပြီး “အမေရိကန်များ မှီခိုအားထားရသော ဝန်ဆောင်မှုများ၊ စီမံချက်များနှင့် အကျိုးခံစားခွင့်များကို ထိရောက်ပြီး အနှောင့်အယှက် မဖြစ်စေရန် ဆက်လက်လုပ်ဆောင်နေချိန်တွင် ပညာရေးဝန်ကြီးဌာနအား ပိတ်ပစ်ရန်နှင့် ပညာရေးဆိုင်ရာ အခွင့်အာဏာများကို ပြည်နယ်များသို့ ပြန်လည်ပေးအပ်ရန် လိုအပ်သောလုပ်ငန်းအားလုံးကို လုပ်ဆောင်ရန် ညွှန်ကြားထားသည်။” ဟု ဆိုသည်။

အိမ်ဖြူတော်၏ အနှစ်ချုပ်အရ ကျန်ရှိနေသော ပညာရေးဝန်ကြီးဌာနမှရန်ပုံငွေများ လက်ခံရရှိနေသည့် စီမံချက်များနှင့် လုပ်ငန်းများအားလုံးသည် DEI အစီအစဉ်နှင့် လိင်ခွဲခြားထားသည့်အစီအစဉ်များအတွက် မဖြစ်စေရဟု အမိန့်စာထဲတွင် ညွန်ကြားထားသည်။

ထရမ့်သည် ပညာရေးဝန်ကြီးဌာနကို ဖယ်ရှားရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ၎င်းသည် “ ကြီးမားသော အလုပ်တစ်ခု ဖြစ်သည်” ဟု ပြောဆိုခဲ့သည်။ ၎င်း၏ သမ္မတ ပထမသက်တမ်းတွင် ပိတ်သိမ်းရန် အဆိုပြုခဲ့သော်လည်း ကွန်ဂရက်လွှတ်တော်က ဆောင်ရွက်ပေးခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့်လက ထရမ့်က ပညာရေးဝန်ကြီးဌာနကို ချက်ချင်းပိတ်လိုသော်လည်း ကွန်ဂရက်နှင့် ဆရာများသမဂ္ဂများမှ သဘောတူ ထောက်ခံမှုများ လိုအပ်ကြောင်း ဝန်ခံခဲ့သည်။

“ဖက်ဒရယ်အစိုးရ၏ ပညာရေးထိန်းချုပ်မှုကြောင့် ကျောင်းသားများ၊ မိဘများနှင့် ဆရာများကို ပျက်စီးစေခဲ့သည်” ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် စတင်တည်ထောင်ချိန်မှစ၍ ပညာရေးဌာနသည် ကျောင်းသားများ အောင်မြင်တိုးတက်မှုမရှိသည့် စံပြုစာမေးပွဲရမှတ်များဖြင့် တိုင်းတာသည့်စနစ်အတွက် ဒေါ်လာ ၃ ထရီလီယံကျော်သုံးစွဲခဲ့သည်ဟု ဆိုသည်။

ပညာရေးဝန်ကြီးဌာနမတည်ထောင်မီက ပညာရေးသည် ၁၉၅၃ မှ ၁၉၇၉ ခုနှစ်အထိ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံးရေးဝန်ကြီးဌာန၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်။

လင်ဒါမက်က်မန်က အင်္ဂါနေ့က SiriusXM ၏ “The David Webb Show” တွင် အစိုးရအဖွဲ့၏ ရည်မှန်းချက်မှာ ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်နှင့် ပြည်နယ်အဆင့် ပညာရေးတွင် အကောင်းဆုံးအလေ့အကျင့်များကို အားပေးရန်ဖြစ်သည်။

“ပညာရေးဝန်ကြီးဌာနက ဘယ်သူ့ကိုမှ ပညာသင်မပေးဘူး။ ဆရာတွေ မငှားဘူး။ သင်ရိုးညွှန်းတမ်း မသတ်မှတ်ဘူး။ ကျောင်းဘုတ်အဖွဲ့နဲ့ ကြီးကြပ်ရေးမှူးတွေကို မငှားပါဘူး” ဟု ၎င်းက ဆိုသည်။

ပြည်သူ့ပညာရေးစံနှုန်းကို မြင့်မားအောင် ထိန်းထားရန် အရေးကြီးကြောင်းနှင့် အကျိုးအမြတ်အတွက် ပညာရေးကို တွန်းအားပေးရန် ရီပတ်ဘလီကန်များက ကြိုးပမ်းနေသည်ဟု ဝန်ကြီးဌာနကို ခုခံကာကွယ်သူများက ပြောသည်။ ဝန်ကြီးဌာနကို ချက်ခြင်း ပိတ်လိုက်ပါက K-12 ကျောင်းများနှင့် ကောလိပ်ကျောင်းသားများ၏ ကျောင်းလခ အထောက်အပံ့အတွက် ဒေါ်လာဘီလီယံပေါင်းများစွာကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။

တနင်္လာနေ့တွင် အထက်လွှတ်တော်မှ အတည်ပြုခဲ့သော WWE ပရော်ဖက်ရှင်နယ်နပန်းပွဲ ပူးတွဲတည်ထောင်သူနှင့် CEO ဖြစ်သူ လင်ဒါမက်က်မန်က အေဂျင်စီအား ဖျက်သိမ်းရန် ထရမ့်၏ အစီအစဉ်များကို ခုခံကာကွယ်ခဲ့ပြီး ဝင်ငွေနည်းကျောင်းများနှင့် ကျောင်းသားများအား ကွန်ဂရက်လွှတ်တော်မှ သင့်လျော်သော ဖက်ဒရယ်ကျောင်းရန်ပုံငွေအတွက် ကတိပြုခဲ့သည်။

မသန်မစွမ်းကလေးများအတွက် ကျောင်းသားချေးငွေနှင့် ဝန်ဆောင်မှုများကို ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါအမိန့်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် အမေရိကန်ပြည်ထောင်စုရှိ အစိုးရကျောင်းပေါင်း ၁၀၀,၀၀၀ (တစ်သိန်း) နှင့် ပုဂ္ဂလိကကျောင်းပေါင်း ၃၄,၀၀၀ (သုံးသောင်းလေးထောင်) ခန့်ကို စီမံခန့်ခွဲနေသော်လည်း အစိုးရကျောင်းရန်ပုံငွေ၏ ၈၅% ကျော်သည် ပြည်နယ်နှင့် ဒေသဆိုင်ရာ အစိုးရများဆီမှ လာခြင်းဖြစ်သည်။ ၎င်းသည် အထူးလိုအပ်နေသော ကလေးများ၏ ဆရာများကို ပေးဆောင်ရန် ငွေအပါအဝင်၊ ဆင်းရဲနွမ်းပါးသောကျောင်းများနှင့် ဝန်ဆောင်မှုများအတွက် ဖက်ဒရယ်ထောက်ပံ့ငွေများ ပံ့ပိုးပေးသည်၊

၎င်းဌာနသည် တက္ကသိုလ်တွင် ကျောင်းလခ လုံးလုံးလျားလျား ပေးချေရန် မတတ်နိုင်သော အမေရိကန်နိုင်ငံသားများအတွက် ကျောင်းသားချေးငွေ ဒေါ်လာ ၁.၆ ထရီလီယံကိုလည်း ကြီးကြပ်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 68 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 81 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 74 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက