နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အဖွင့်ဆုတောင်းပွဲအတွင်း ဆရာတော် မာရီယန် ဘတ်ဒီက လူတွေကို သနားကြင်နာဖို့ ထရန့်ကို တိုက်ရိုက်အသနားခံခဲ့

ဇန်နဝါရီလ (၂၃) ရက်။

ဘတ်ဒီသည် ဝါရှင်တန်အမျိုးသားဘုရားကျောင်းတော်ကြီး (Washington National Cathedral) တွင် “ အခုအခါ ကြောက်လန့်နေကြတဲ့ ကျွန်မတို့ရဲ့ နိုင်ငံရှိ လူတွေကို သနားကြင်နာပါ” လို့ သူမရဲ့ တရားဟောပြောချက်မှာ သမ္မတကို တိုက်ရိုက်အသနားခံခဲ့ပါတယ်။

ဝါရှင်တန်ရဲ့ ခရစ်ယာန်ဂိုဏ်းအုပ်ဘုန်းတော်ကြီး မာရီယန်ဘတ်ဒီက ရွှေ့ပြောင်းအခြေချသူတွေနဲ့ အခြားသူတွေကိုယ်စား သမ္မတဒေါ်နယ်ထရန့်အား ဗုဒ္ဓဟူးနေ့တွင် သနားကြင်နာမှုပေးရန် ကာကွယ်ပြောကြားပြီး အသနားခံကာ တရားဟောကြားခဲ့ပါတယ်။

“ ကျွန်မတို့ ရွှေ့ပြောင်းနေထိုင်သူတွေအကြောင်း စကားစမြည်ပြောတဲ့အခါ အထူးသဖြင့် ကြမ်းတမ်းခက်ခဲတဲ့အခိုက်အတန့်ကို ရောက်နေပါပြီ၊ ဒါကြောင့် ကျွန်မ အခုပြောခဲ့တဲ့လေသံနဲ့ ပြောဆိုခဲ့ရတာဖြစ်ပါတယ်” လို့ ဘတ်ဒီက MSNBC အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့က ဝါရှင်တန်ရှိ အမျိုးသားဘုရားရှိခိုးကျောင်းမှာ အဖွင့်ဆုတောင်းပွဲကို ထရန့် တက်ရောက်ခဲ့ပြီး ဘတ်ဒီက လိင်တူချစ်သူများ၊ အမျိုးသမီးလိင်တူချစ်သူ (လက်စဘီယံ) တွေ၊ လိင်တူစုံတွဲတွေနဲ့ ကလေးတွေကို အထူးရည်ညွှန်းပြောဆိုခဲ့ပါတယ်။ သူက “တချို့ဆိုရင် သူတို့ရဲ့ ဘဝအတွက် ကြောက်လန့်နေကြတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

ဘတ်ဒီက “ ခြုံငုံပြောဆိုတဲ့ အသုံးအနှုန်းတွေ” ကို အသုံးပြုမယ့်အစား သူမဟာ မဲဆန္ဒရှင်သန်းပေါင်းများစွာက အာဏာအပ်နှင်းခံထားရတဲ့ထရန့် ကို တိုက်ရိုက်အယူခံဝင်ဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်” လို့ ဘတ်ဒီ က သတင်းထုတ်လွှင့်သူ ရေချယ် မက်ဒေါ် (Rachel Maddow) ကို ပြောကြားခဲ့ပါတယ်။

“မင်းကြားတဲ့အတိုင်း အသနားခံပြီး ပြောကြားခဲ့တာက အခု ထိတ်လန့်နေတဲ့ လူတွေရဲ့ စရိုက်လက္ခဏာတွေကို ထရန့်က ချဲ့ထွင်ပြီး‌ ပြောကြားတာကြောင့် သူတို့ဟာ အရာအားလုံး ဆုံးရှုံးနိုင်ခြေ ရှိနေခဲ့တယ် ကျွန်မအနေနဲ့ အဲဒီလို လေးစားသမှုနဲ့ မေတ္တာရပ်ခံတာက ပိုကောင်းမယ်လို့ ထင်ခဲ့ပါတယ် ” လို့ ဘတ်ဒီ က ပြောပါတယ်။

အင်္ဂါနေ့ တရားဒေသနာအတွင်း ဘတ်ဒီက ရွှေ့ပြောင်းအခြေချသူတွေအကြောင်းကိုလည်း ပြောဆိုခဲ့ပြီး အချို့မှာနိုင်ငံသား မဟုတ်နိုင်ပေမယ့် သင့်လျော်တဲ့ စာရွက်စာတမ်း ရှိပြီး “ရွှေ့ပြောင်းနေထိုင်သူအများစုဟာ ရာဇ၀တ်သားတွေ မဟုတ်ဘူး” လို့လည်း သူမက ပြောဆိုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က အင်တာဗျူးမှာ ဘတ်ဒီက သူမရဲ့ တရားဒေသနာ ဟောပြောမှုဟာ “သမ္မတသာမက၊ နားထောင်နေသူတွေအားလုံးကို အသနားခံဖို့ ကျွန်မတို့ရဲ့ ရွှေ့ပြောင်းနေထိုင်သူအိမ်နီးချင်းတွေအကြောင်းကို အမှန်အတိုင်း သိရန်နဲ့ ကျွန်မတို့ အနေနဲ့ သူတို့ရှိနေခြင်းအတွက် ကောင်းမြတ်ခြင်းအဖြစ် မှတ်ယူရန်နဲ့ သူတို့အနေနဲ့ အမေရိကားဆိုတာ ဘာကို ဆိုလိုသလဲ ဆိုတာနားလည် သဘောပေါက်စေရန် ပြောကြား အသနားခံခဲ့ခြင်း ဖြစ်ပါတယ်” လို့ သူမက ရှင်းပြခဲ့ပါတယ်။

ဘတ်ဒီရဲ့ တရားဒေသနာမတိုင်မီတစ်ရက်မှာ ထရန့်က ဖက်ဒရယ်အစိုးရဟာ လိင်နှစ်မျိုး၊ အမျိုးသားနဲ့ အမျိုးသမီးကိုသာ အသိအမှတ်ပြုပြီး သူရဲ့ပထမသက်တမ်းအတွင်း ပြုလုပ်ခဲ့တဲ့ “ မက္ကဆီကိုတွင်သာထားရန်” ပေါ်လစီကို ပြန်လည်ထူထောင်မယ်လို့ ပြောတဲ့ သမတအမိန့်ကို ပထမဆုံးနေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ မက္ကဆီကိုကတဆင့် အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်လိုသူတွေအတွက် ကာကွယ်ရေးဌာနကို စစ်တပ်နဲ့ အမျိုးသားအစောင့်တပ်တွေကို နယ်စပ်မှာ တပ်ဖြန့်ခွင့် ပြုနိုင်မယ့် အလားအလာရှိတဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေကို ထရမ့်က ကြေညာလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ထရန့်ဟာ သူကိုယ်ပိုင် Truth Social ပို့စ်တစ်ခုမှာ တရားဒေသနာဟောပြောမှုကို ဝေဖန်ခဲ့ပြီး ဘတ်ဒီအား “ ဆရာတော်လို့ဆိုတဲ့သူ” ဆိုတဲ့အသုံးအနှုန်းနဲ့ “ လက်ဝဲအစွန်းရောက် ထရန့် မုန်းတီးသူ” လို့ ခေါ်ဆိုခဲ့ပါတယ်။

အိမ်ဖြူတော်သတင်းထောက် ကာရိုလင်း လီဗစ် (Karoline Leavitt) က ဗုဒ္ဓဟူးနေ့မှာ ဘတ်ဒီကို ရည်ရွယ်ပြီး Fox News ကို အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရာမှာ ဘုန်းတော်ကြီးရဲ့ ပြောကြားချက်ဟာ “ တရားဟောပုလ္လင်ကို လက်နက်အဖြစ် အသုံးပြုခဲ့ပြီး မကောင်းတဲ့ဖက်မှာ ထူးကဲနေတယ်” လို့ ဆိုခဲ့ပါတယ်။ အဲ့ဒီလို လိမ်လည်ပြောဆိုမှုတွေအတွက် သမ္မတထရန့် ကို တောင်းပန်သင့်တယ်” လို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း ဘုန်းတော်ကြီးကို တောင်းပန်ဖို့ ဖိအားပေးထားပါတယ်။

တရားပွဲအပြီးတွင် သူမရရှိခဲ့တဲ့ ငရဲမီးလိုမျိုး ဝေဖန်မှုကို ဘယ်လို တုံ့ပြန်လိုသလဲလို့ ဗုဒ္ဓဟူးနေ့က မေးမြန်းရာမှာ ဘတ်ဒီက “ ကွဲပြားတဲ့ စကားပြောဆိုမှုမျိုးကို အားပေးဖို့ ကြိုးစားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“ ရှင်က ကျွန်မနဲ့ သေချာပေါက် သဘောတူနိုင်ချင်မှ တူနိုင်မယ်။ ကျွန်မ ပြောခဲ့တာတွေ၊ လုပ်ခဲ့တာတွေကို ရှင်အနေနဲ့ သဘောမတူဘဲ နေနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ အမေရိကန်တွေနဲ့ ဘုရားသခင်ရဲ့ နောက်လိုက် သားသမီးတွေအနေနဲ့ အချင်းချင်း တယောက်ကို တယောက် လေးလေးစားစား မပြောဆိုနိုင်ဘူးလား။ ရှင့်ကို ကျွန်မက ဒီလိုပဲ ကမ်းလှမ်းမှာပါ” လို့ သူမက ပြောကြားခဲ့ပါတယ်။

သတင်းရင်းမြစ်။ NBC

See insights and ads

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 44 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 35 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 42 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 43 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 49 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 55 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်