နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဖလော်ရီဒါ ပြည်နယ်ရှေ့နေချုပ်က အဲဗားဂလိပ်စ် (Everglades) ရှိနေရာအား မိကျောင်းအယ်ကတ်ရက်ဇ် ‘ (Alligator Alcatraz’ )ရွှေ့ပြောင်းအကျဉ်းစခန်းအဖြစ်အသုံးပြုရန်အဆိုပြုခဲ့သည်။

ABC News ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၆ရက်

“ မင်းဒီပတ်ဝန်းကျင်မှာ ဒီလောက်အများကြီး ရင်းနှီးကုန်ကျခံစရာလုပ်ဖို့ မလိုအပ်ပါဘူး” ဟု ဂျိမ်းစ် အပ်မိုင်ရာ (James Uthmeier) က ပြောကြားခဲ့သည်။

ဖလော်ရီဒါပြည်နယ်ရှေ့နေချုပ် ဂျိမ်းစ်အပ်မိုင်ရာ သည် မိကျောင်းများအများအပြားရှိသည့် အဲဗားဂလိပ်စ် ကျွန်းကို ကာလီဖိုးနီးယားရှိဆန်ဖရန်စစ္စကိုမြို့ပင်လယ်ပြင်တွင်ရှိသော အယ်ကာတက်ဇ် (Alcatraz)ကျွန်းပေါ်တွင်တည်ရှိသော နာမည်ဆိုးဖြင့်ကျော်ကြားသည့် အကျဥ်းထောင်ဟောင်း အမည်ကိုခိုင်းနှိုင်းပြီး အဲဗားဂလိပ်စ် နေရာကို “မိကျောင်း အယ်ကာတက်ဇ်” ဟုအမည်ပေးပြီး ထိုနေရာ၏ အလယ်ဗဟိုတွင် တရားမဝင် ရောက်လာ သည့် ရွှေ့ပြောင်း နေထိုင်သူများကိုယာယီ ထိန်းသိမ်းရေး စခန်းတစ်ခုအဖြစ် တည်ဆောက်ရန် သူ၏အဆိုပြုချက်ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၏ ဆန့်ကျင် ဝေဖန်မှု ကိုခံနေရသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဖြစ်သည့် အဲဗားဂလိပ်စ် ၏ မိတ်ဆွေများအဖွဲ့က ဂျိမ်းစ် အပ်မိုင်ရာ နှင့် ဖလောရီဒါ အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်တစ်စ် (Ron DeSantis) တို့အား မိကျောင်း နှင့် စပါးအုံးမြွေကြီးများရှိသော ရေများဝန်းရံထားသော ကုန်းမြေ ပေါ်တွင် ထရန်အစိုးရအတွက် တရားမဝင် ဝင်ရောက်လာသူများကိုနှိမ်နင်းရာတွင် အသုံးပြုမည့် နေရာ အဖြစ်ထားရန် တည်ဆောက်မည့် အစီအစဉ်ကို ဖျက်ပစ်ရန် စာ‌ရေးသား ကန့်ကွက်ခဲ့ ကြသည်။  ပေးစာတွင် ဆောက်လုပ်မှုသည် အဲဗားဂလိပ်စ် ဂေဟစနစ်ကို သိသိသာသာ ထိခိုက် ပျက်စီး စေသည်ဟု အဖွဲ့မှ ပြောကြားခဲ့သည်။

“ဒီအဆိုပြုချက်ဟာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအတွက် လူထုရဲ့ ပံ့ပိုးကူညီမှုရဲ့ အပေါ်မှာတည် ရှိနေပါတယ်” ဟု အဲဗားဂလိပ်စ် ၏ မိတ်ဆွေများအဖွဲ့ ၏ ဆက်သွယ်ရေး ဒါရိုက်တာ အယ်လီ ဟတ်မင် (Allie Hartmann) က ABC News သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကိုထားရန် ထိန်းသိမ်းရေးစခန်းအတွက် ဂျိမ်းစ် အပ်မိုင်ရာ ရွေးချယ်ထားသောနေရာသည်  ဆိုင်ပရက်ကြီး အမျိုးသားထိန်းသိမ်း စောင့်ရှောက်ရေး ကြိုးဝိုင်း(Big Cypress National Preserve) ဖြင့် ဝန်းရံထားပြီး အဲဗားဂလိပ်စ်  အမျိုးသားဥယျာဉ်မှ ခြောက်မိုင်အကွာတွင်ရှိကြောင်း ဟတ်မင်(Hartmann) မှ ပြောကြားခဲ့သည်။

ဟတ်မင်(Hartmann)က ထိုကန့်ကွက်ချက်စာလွှာကို လူလက်မှတ် ၁၀၀၀၀ နီးပါးက လက်မှတ်ရေးထိုးပေးခဲ့ကြောင်းနှင့် ထိုစာလွှာကိုတနင်္လာနေ့တွင်စတင်ဖြန့်ဝေခဲ့ပြီး

ဂျိမ်းစ်အပ်မိုင်ရာ နှင့် ဒီဆန်တစ်စ် (DeSantis) တို့ကိုသူတို့၏ အစီအစဥ်ကို ရပ်တန့်ရန် ပြောကြားခဲ့ကြောင်း ဟတ်မင် မှ ပြောကြားခဲ့သည်။

သောကြာနေ့က ဗီဒီယိုထုတ်ပြန်ချက်တစ်ခုတွင် ဂျိမ်းစ်အပ်မိုင်ရာ သည် အဲဗားဂလိပ်စ် ရှိ ၃၉ စတုရန်းမိုင်ကျယ်ဝန်းသောအကွက်တစ်ခုပေါ်တွင် ယာယီရွှေ့ပြောင်းအကျဉ်းစခန်းတစ်ခု တည်ဆောက်ရန် အစီအစဉ်ကို ကြေညာခဲ့သည်။

“ ဖလော်ရီဒါသည် ထရန့် အုပ်ချုပ်ရေးနှင့် ICE ၏ ရာဇ၀တ်မှုဆိုင်ရာ တရားမဝင် နိုင်ငံခြားသား များကို ဖမ်းဆီးရန်နှင့် ပြည်နှင်ဒဏ်ပေးရန် ကြိုးပမ်းမှုကို ထောက်ခံသောလူဝင်မှုကြီးကြပ်ရေး လုပ်ဆောင်မှုတွင် ဦး ဆောင်နေပါတယ်” ဟု ဂျိမ်းစ်အပ်မိုင်ရာ ကဗီဒီယိုထဲတွင် ပြောကြား ခဲ့သည်။

ယာယီထိန်းသိမ်းရေးစခန်းများထားရှိရန် နေရာများကို ဖော်ထုတ်ရန် ဖလောရီဒါ အုပ်ချုပ်ရေးမှူး ဒီဆန်တစ်စ် က ပြည်နယ်ခေါင်းဆောင်များကို တာဝန်ပေးအပ်ပြီးနောက် ၎င်းနေရာကို အဆိုပြုခဲ့ကြောင်း ဂျိမ်းစ်အပ်မိုင်ရာ က ပြောကြားခဲ့သည်။

“ အဲဒါက အကောင်းဆုံးနေရာလို့ ထင်ပါတယ်။ ဒါကို ‘မိကျောင်းအယ်ကာတက်ဇ်’ လို့ ခေါ်တယ်” ဟု ၁၉၆၃ ခုနှစ်တွင် ပိတ်ခဲ့ပြီး နောက်ဆုံးတွင် ပြတိုက်အဖြစ် ပြောင်းလဲခဲ့သော ဆန်ဖရန်စစ္စကို ပင်လယ်အော်အလယ်ရှိ အကျဉ်းထောင်ဟောင်းကို ရည်ညွှန်း၍ ဂျိမ်းစ်အပ်မိုင်ရာ က ပြောကြားခဲ့သည်။

ဂျိမ်းစ်အပ်မိုင်ရာ က အဲဗားဂလိပ်စ် နှင့် ၎င်း၏ သားရဲကောင်များ ဝန်းရံထားသောကြောင့် ၎င်းသည် ထိန်းသိမ်းရေးစခန်းအတွက် သင့်လျော်သည်ဟု ဂျိမ်းစ်အပ်မိုင်ရာ မှ ပြောကြား ခဲ့သည်။

“ ဒါဟာ ဒီပတ်၀န်းကျင်မှာ အများကြီး ရင်းနှီးမြုပ်နှံစရာ မလိုတာကြောင့် ယာယီ ထိန်းသိမ်း ရေး အဆောက်အအုံ တည်ဆောက်ဖို့ ထိရောက်ပြီး ကုန်ကျစရိတ် သက်သာတဲ့ အခွင့်အလမ်း ကို တင်ပြထားတာဖြစ်ပါတယ်” ဟု ဂျိမ်းစ်အပ်မိုင်ရာ က ဗီဒီယိုထုတ်ပြန်ချက်တွင် ပြောကြား ခဲ့သည်။ “ လူတွေကစခန်း အပြင်ထွက်ဖို့ကြိုးစားရင် မိကျောင်းနဲ့ စပါးအုံးမြွေတွေ ကလွဲလို့ သူတို့ကို စောင့်စရာ သိပ်မလိုပါဘူး။”

ဂျိမ်းစ်အပ်မိုင်ရာ က “ ကျွန်တော်တို့ စတင်တည်ဆောက်ပြီး ရက်ပေါင်း ၃၀ မှ ၆၀အတွင်း၊ အဲဒါဟာ စတင်လည်ပတ်လုပ်ဆောင် နိုင်ပြီး ရာဇ၀တ်မှုကျူးလွန်ထားတဲ့ နိုင်ငံခြားသား တစ်ထောင်လောက်အထိ နေထိုင်နိုင်မယ်လို့ ဆိုပါသည်။

အုပ်ချုပ်ရေးမှူးသည် အဲဗားဂလိပ်စ် ရှိ ထိန်းသိမ်းရေးစခန်းကို တည်ဆောက်ရန်အတွက် ခရိုင်ပိုင်လေယာဉ်ကွင်းကို ကွပ်ကဲရန်အတွက် ပြည်နယ်၏ အရေးပေါ်အာဏာကို အသုံးပြု နေသည်။ ပြည်နယ်သည် ဂျက်ဆင်ဗီးလ် (Jacksonville) အနောက်တောင်ဘက်ရှိ ဖလော်ရီဒါ ပြည်နယ် အစောင့်တပ်လေ့ကျင့်ရေးနေရာဖြစ်သော ကန့်ဘလန်းဒင်း(Camp Blanding) တွင် ဒုတိယထိန်းသိမ်းရေးစခန်းတစ်ခု တည်ဆောက်ရန်လည်း စဉ်းစားနေသည်။

ဗုဒ္ဓဟူးနေ့တွင် ဥပဒေကြမ်းလက်မှတ်ရေးထိုးပွဲတစ်ခုအတွင်း၊ ဒီဆန်တစ်စ် က ဖက်ဒရယ်အစိုးရသည် ထိန်းသိမ်းရေးစခန်းဆောက်လုပ်ရန်အတွက် ရန်ပုံငွေအပြည့် အ၀ပေးထားကြောင်း၊ ၎င်းသည် “ ကျွန်ုပ်တို့၏ပိုမိုကျယ်ပြန့်သောအသိုက်အဝန်းအပေါ် သက်ရောက်မှုရှိမည်မဟုတ်သည့်နည်းလမ်းဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

“ ကျွန်ုပ်တို့ရဲ့ အကျဉ်းထောင်တွေထဲမှာ တရားမ၀င်နေထိုင်သူတိုင်း မရှိနိုင်ပါဘူး ဘာလို့လဲဆိုတော့ တရားမ၀င်လာရောက်သူတွေထဲမှာလဲ ရာဇ၀တ်မှုတွေကို ကျူးလွန်တဲ့ သူတွေ ရှိနေတယ်” လို့ ဒီဆန်တစ်စ် က ပြောပါတယ်။

သူက “ အဲဒါကိုလုပ်ဖို့ ပြည်ထောင်စုအစိုးရဆီက အကူအညီတောင်းဆိုချက်ရရှိထားတယ်။ ဒါကြောင့် ‘မိကျောင်းကန် အယ်ကာတက်ဇ်’ တည်ဆောက်ပြီးသွားတာကို မင်းမြင်ရလိမ့်မယ်။ အဲဒါက အင်အား တိုးပွားလာလိမ့်မယ်။ အဲဒါက DHS [အမိမြေလုံခြုံရေးဌာန] ကို ကူညီပေးမှာဖြစ်ပြီး၊ အရင်းအမြစ်တွေအပေါ် ဝန်ထုပ်ဝန်ပိုးတချို့ သက်သာရာရစေမယ့် ပြည်နယ်နဲ့ ဒေသန္တရ ဥပဒေစိုးမိုးရေးကိုလည်း ကူညီပေးမှာပါ” ဟုဆိုခဲ့သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ ဒီဆန်တစ်စ် က “ ဒါဟာ လုံးဝသက်ရောက်မှုမရှိဘူး” လို့ ပြောပါတယ်။

“ ဒါက လေဆိပ်က ရှိပြီးသားလေ။ ရှင်းပါတယ်၊ လုံခြုံရေး ရှု့ထောင့်ကနေကြည့်ရင် တစ်စုံတစ်ယောက် လွတ်မြောက်ရင် မင်းနဲ့ ရင်ဆိုင်တွေ့ရမယ့် မိကျောင်းတွေ အများကြီး ရှိတယ်ဆိုတာ သိပါတယ်။ အဲဒါကို လုပ်လိုက်တာနဲ့ ဘယ်မှ မသွားရဲကြတော့ဘူး။ တတ်နိုင်သမျှ လုံခြုံတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

အဲဗားဂလိပ်စ် ပရောဂျက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမြဲတမ်းအဆောက်အဦများ သို့မဟုတ် အခြေခံအဆောက်အအုံများ တည်ဆောက်မည်မဟုတ်ကြောင်း ဒီဆန်တစ်စ် မှ ပြောကြားခဲ့သည်။

“ ဒါဟာ ယာယီပါပဲ။ ကျွန်တော်တို့ တပ်ဆင်တည်ဆောက်လိုက်နိုင်သလို ပြန်လည် ဖြုတ်ချနိုင်ပါတယ်။ ဒါက ပထမဆုံး အခိုင်အမာတည်ဆောက်မှာ မဟုတ်ပါဘူး။ ဒီအရာဟာ နှစ်ပေါင်းများစွာ အကြိမ်ပေါင်းများစွာ အသုံးပြုလာခဲ့ပါတယ်” ဟု ဒီဆန်တစ်စ် က ပြောကြားခဲ့သည်။

စီမံကိန်းကိုဆန့်ကျင်သောအုပ်စုအချို့သည် “ လူဝင်မှုကြီးကြပ်ရေး ဥပဒေစိုးမိုးရေးကို ဆန့်ကျင်သော အချက်အတွက်သာအကြောင်းပြချက်အဖြစ် အဲဗားဂလိပ်စ် ကိုအသုံးပြုရန်ကြိုးစားမှုကိုဆန့်ကျင် နေသည်ဟုသူကယုံကြည်သည်” ဟု ဒီဆန်တစ်စ် မှပြောကြားခဲ့သည်။

“ရှင်းရှင်း ပြောရရင် အခု မင်းလက်ဝဲဝါဒ အစွန်ဆုံးမှာ ရှိနေတယ်။ သူတို့ကဥပဒေတွေ ပြဌာန်းတာကို လုံးဝ မလိုလားဘူး”

ဟတ်မင် က ဂျိမ်းစ်အပ်မိုင်ရာ သည် အဲဗားဂလိပ်စ် ၏ သူငယ်ချင်းများအဖွဲ့နှင့် မတိုင်ပင်ဘဲ အစီအစဉ်ကို ကြေညာခဲ့သည်ဟုဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 39 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 40 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ