နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာဖရိက

နိုင်ဂျီးရီးယားရှိ ISIS အကြမ်းဖက်သမားများကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း ထရန့် ပြောကြား

CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်

ဖလော်ရီဒါပြည်နယ်၊ West Palm Beach —

နိုင်ဂျီးရီးယားနိုင်ငံအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များကို ညှဉ်းပန်းနှိပ်စက်နေသည်ဟု ၎င်းက စွပ်စွဲထားသည့် အစ္စလာမ္မစ်နိုင်ငံတော် (IS) အကြမ်းဖက်သမားများကို ပြင်းထန်သော တိုက်ခိုက်မှုပြုလုပ်ရန် အမိန့်ပေးခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ထရမ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်ခဲ့သော ပို့စ်တစ်ခု၌ အပြစ်မဲ့ ခရစ်ယာန်များကို သတ်ဖြတ်နေသည့် “ နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းရှိ ISIS အကြမ်းဖက် အမှိုက်သရိုက်များ” အား “ ပြင်းထန်ပြီး သေကြေပျက်စီးစေမည့် တိုက်ခိုက်မှု” ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ဂျီးရီးယားအာဏာပိုင်များ၏ တောင်းဆိုချက်အရ နိုင်ဂျာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဆိုကိုတို (Sokoto) ပြည်နယ်တွင် အကြမ်းဖက်သမား အများအပြားကို သုတ်သင်နိုင်ခဲ့ကြောင်း အမေရိကန် အာဖရိကစစ်ဌာနချုပ် (US Africa Command) က ပြောကြားခဲ့သည်။

“ ဒီအကြမ်းဖက်သမားတွေအနေနဲ့ ခရစ်ယာန်တွေကို သတ်ဖြတ်နေတာကို မရပ်တန့်ဘူးဆိုရင် ငရဲနဲ့တွေ့ရလိမ့်မယ်လို့ ကျွန်တော် အရင်ကတည်းက သတိပေးခဲ့ပြီးသားပါ။ အခု ဒီညမှာတော့ သူတို့ တွေ့ပြီပေါ့” ဟု ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။

“ အမေရိကန်ပြည်ထောင်စုကသာ လုပ်ဆောင်နိုင်တဲ့ စစ်ဦးစီးဌာန (Department of War) ရဲ့ ပြည့်စုံလွန်းတဲ့ တိုက်ခိုက်မှုတွေကို ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။”

“ ကျွန်တော့်ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့နိုင်ငံဟာ အစွန်းရောက် အစ္စလာမ်ဝါဒီ အကြမ်းဖက်သမားတွေကို ကြီးထွားခွင့်ပေးမှာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ စစ်တပ်ကို ဘုရားသခင် ကောင်းချီးပေးပါစေ။ သေဆုံးသွားတဲ့ အကြမ်းဖက်သမားတွေ အပါအဝင် အားလုံးကို မယ်ရီခရစ္စမတ် (Merry Christmas) လို့ နှုတ်ခွန်းဆက်ပါတယ်။ ခရစ်ယာန်တွေကို ဆက်ပြီးသတ်ဖြတ်နေဦးမယ်ဆိုရင် ဒီထက်မကတဲ့ အကြမ်းဖက်သမားတွေ ထပ်ပြီး သေကြေ ပျက်စီးရဦးမှာပါ” ဟု ခရစ္စမတ်အားလပ်ရက်ကို Palm Beach ရှိ ၎င်း၏ နေအိမ်တွင် ကုန်ဆုံးနေသော သမ္မတက နိဂုံးချုပ်ပြောကြားခဲ့သည်။

CNN အနေဖြင့် အသေးစိတ်သိရှိနိုင်ရန် အိမ်ဖြူတော်နှင့် နိုင်ဂျီးရီးယားအစိုးရထံ ဆက်သွယ် ထားသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။ သီးခြား လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် (Pete Hegseth) က “ နိုင်ဂျီးရီးယားအစိုးရရဲ့ ပံ့ပိုး ကူညီမှု နဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိကြောင်း” ပြောကြားခဲ့သည်။

ထရမ့်သည် ပြီးခဲ့သည့် လအနည်းငယ်အတွင်း နိုင်ဂျီးရီးယားရှိ ခရစ်ယာန်များ ကြုံတွေ့နေရ သည့် အခက်အခဲများကို အာရုံစိုက်လာခဲ့ပြီး၊ နိုဝင်ဘာလတွင် ၎င်း၏ ကာကွယ်ရေးဝန်ကြီးကို “ ဖြစ်နိုင်ခြေရှိသော စစ်ရေးလှုပ်ရှားမှုများအတွက် ပြင်ဆင်ရန်” ညွှန်ကြားခဲ့ကာ အာဖရိက၏ လူဦးရေအများဆုံးဖြစ်သော နိုင်ဂျီးရီးယားရှိ ခရစ်ယာန်များကို အကာအကွယ်ပေးရန် အမေရိကန်က “ သေနတ်များဖြင့် အပြင်းအထန် ဝင်ရောက်လာမည်” ဖြစ်ကြောင်း သတိပေး ခဲ့ဖူးသည်။

ခရစ္စမတ်အကြိုနေ့တွင် နိုင်ဂျီးရီးယားသမ္မတဘိုလာတင်နုဘူ( Bola Tinubu) က “ ခရစ္စမတ် ဆုတောင်းမေတ္တာလွှာ” ကို မျှဝေခဲ့ပြီး နိုင်ငံတစ်ဝန်းနှင့် ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန် ဘာသာဝင်များ အတွက် မယ်ရီခရစ္စမတ်ဖြစ်ပါစေကြောင်းနှင့် မတူကွဲပြားသော ဘာသာဝင်များအကြား ငြိမ်းချမ်းကြပါစေကြောင်း ဆုတောင်းခဲ့သည်။

“ နိုင်ဂျီးရီးယားမှာ ကိုးကွယ်ယုံကြည်မှု လွတ်လပ်ခွင့်ကို ခိုင်မာစေဖို့နဲ့ ခရစ်ယာန်တွေ၊ မူဆလင်တွေ အပြင် နိုင်ဂျီးရီးယားနိုင်ငံသား အားလုံးကို အကြမ်းဖက်မှုတွေကနေ ကာကွယ် ပေးဖို့ ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်အတွင်းကနေ အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာပါ” ဟု တင်နုဘူ(Tinubu) က X လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။

အနောက်အာဖရိကနိုင်ငံဖြစ်သော နိုင်ဂျီးရီးယားသည် ဘာသာရေးအခြေခံ တိုက်ခိုက်မှုများ အပါအဝင် အကြောင်းရင်းပေါင်းစုံကြောင့် ဖြစ်ပေါ်လာသည့် နက်ရှိုင်းသော လုံခြုံရေး ပြဿနာများကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရခြင်းဖြစ်သည်။ အခြားသော အကြမ်းဖက် ပဋိပက္ခများ သည် မတူညီသည့်လူမျိုးစုနှင့် လူမျိုးစုများအကြား တင်းမာမှုများအပြင် သဘာဝသယံဇာတ ကန့်သတ်ချက်များကြောင့် လယ်သမားများနှင့် နွားကျောင်းသူများ အကြား အငြင်းပွားမှုများမှ မြစ်ဖျားခံလာခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

ယခုနှစ် ဆောင်းဦးရာသီတွင် ထရန့်က နိုင်ဂျီးရီးယားသည် ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများရှိနေကြောင်း စွပ်စွဲခဲ့ပြီး “ နိုင်ဂျီးရီးယားတွင် ခရစ်ယာန်ဘာသာသည် ရှင်သန် ရပ်တည်ရေးအတွက် ခြိမ်းခြောက်ခံနေရသည်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေအရ နိုင်ဂျီးရီးယားကို “ အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံ” အဖြစ် သတ်မှတ်ခဲ့သည်။ ဤတံဆိပ်ကပ်ခြင်းသည် နိုင်ဂျီးရီးယားအစိုးရသည် စနစ်တကျ၊ ဆက်တိုက်နှင့် ဆိုးရွားသော ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများကို ကျူးလွန်ခြင်း သို့မဟုတ် ခွင့်ပြုထားခြင်းကို ၎င်း၏အမေရိကန်အစိုးရက တွေ့ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

လူဦးရေ သန်း ၂၃၀ ကျော်ရှိသော နိုင်ဂျီးရီးယားရှိ အဓိက ဘာသာရေးအုပ်စုကြီးနှစ်ခုဖြစ်သည့် ခရစ်ယာန်နှင့် မူဆလင် နှစ်ဖက်စလုံးသည် အစွန်းရောက် အစ္စလာမ်ဝါဒီများ၏ တိုက်ခိုက်မှု ဒဏ်ကို ခံနေရကြောင်း ကျွမ်းကျင်သူများနှင့် လေ့လာဆန်းစစ်သူများက ပြောကြားထားသည်။

နိုင်ဂျီးရီးယား ခရစ်ယာန်များ၏ အခြေအနေသည် အမေရိကန် ကွန်ဆာဗေးတစ်များ (Conservative) အတွက် နှစ်ပေါင်းများစွာ စိတ်အားထက်သန်စွာ ဆွေးနွေးရသည့် အကြောင်း အရာတစ်ခု ဖြစ်ခဲ့သည်။ လတ်တလောလများအတွင်း အထက်လွှတ်တော်အမတ် တက်ခရု့စ် (Ted Cruz) အပါအဝင် ထရမ့်၏ ထိပ်တန်းမဟာမိတ်အချို့က နိုင်ဂျီးရီးယား အစိုးရ သည် ခရစ်ယာန်များအပေါ် တိုက်ခိုက်မှုများကို ကာကွယ်ရန် လုံလောက်စွာ မလုပ်ဆောင်ဟု ဆိုကာ အမေရိကန်က ဝင်ရောက်စွက်ဖက်ရန် တောင်းဆိုခဲ့ကြသည်။

ထရန့်သည် မိမိကိုယ်ကို ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ပုံဖော်လေ့ရှိပြီး ပြည်ပနိုင်ငံ များတွင် အမေရိကန်စစ်တပ် ဝင်ရောက်စွက်ဖက်မှုကို ကန့်သတ်မည်ဟု ကတိပြုကာ အာဏာရလာသူဖြစ်သည်။ သို့သော်လည်း အာဏာပြန်ရလာပြီးနောက်တွင် ၎င်းသည် အီရန်၏ နျူကလီးယားအစီအစဉ်ကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့သလို၊ ဗင်နီဇွဲလားနိုင်ငံ ပတ်ပတ်လည်တွင်လည်း ကြည်းကြောင်းမှ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ကာ စစ်အင်အား အမြောက်အမြား ဖြန့်ကျက်ထားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု