နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီဂျစ်

အမေရိကန်က ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရန် ကြိုးပမ်းနေစဉ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီဂျစ်နှင့် ဒေါ်လာ ၃၅ ဘီလီယံတန်ဖိုးရှိ သဘာဝဓာတ်ငွေ့ သဘောတူညီချက်ကို ကြေညာ

CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်

တဲလ်အဗစ် (Tel Aviv) — အမေရိကန်ပြည်ထောင်စုက အစ္စရေးနှင့် အီဂျစ်ခေါင်းဆောင် နှစ်ဦးကြား ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရန် တွန်းအားပေးနေစဉ်အတွင်း၊ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အီဂျစ်နိုင်ငံနှင့် ဒေါ်လာ ၃၅ ဘီလီယံတန်ဖိုးရှိသော သဘာဝဓာတ်ငွေ့သဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ကြေညာခဲ့သည်။

ရုပ်သံမှတစ်ဆင့် ပြောကြားသည့်ထုတ်ပြန်ချက်တွင် နေတန်ယာဟုက ဤသဘောတူညီချက် ကို “ အစ္စရေးသမိုင်းတွင် အကြီးမားဆုံးသော ဓာတ်ငွေ့ဆိုင်ရာသဘောတူညီချက်” အဖြစ် ချီးကျူးပြောဆိုခဲ့သည်။ အဆိုပါသဘောတူညီချက်သည် ရှယ်ကယ်လ် ၁၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄.၆ ဘီလီယံခန့်) တန်ဖိုးရှိကြောင်း ၎င်းကဆိုသည်။

ယင်းသဘောတူညီချက်တွင် အမေရိကန်စွမ်းအင်ကုမ္ပဏီဖြစ်သော Chevron ပါဝင်ပြီး အီဂျစ်နိုင်ငံသို့ ဓာတ်ငွေ့များ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

“ ဒီသဘောတူညီချက်ဟာ အစ္စရေးကို ဒေသတွင်းစွမ်းအင်အင်အားကြီးနိုင်ငံအဖြစ် အခိုင်အမာ ဖြစ်စေသလို၊ ဒေသတွင်းတည်ငြိမ်ရေးကိုလည်း အထောက်အကူပြုပါတယ်။ ဒါ့အပြင် တခြား ကုမ္ပဏီတွေကိုလည်း အစ္စရေးရဲ့စီးပွားရေး ရေပိုင်နက်အတွင်း ဓာတ်ငွေ့ရှာဖွေရေးမှာ ရင်းနှီး မြှုပ်နှံဖို့ တွန်းအားဖြစ်စေမှာပါ” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

ကိစ္စရပ်နှင့် နီးစပ်သည့် အစ္စရေးသတင်းရင်းမြစ်တစ်ခု၏အဆိုအရ၊ အစ္စရေးသည် ဤသဘောတူညီချက်အား တရားဝင်အတည်ပြုရန် လပေါင်းများစွာ ကြန့်ကြာနေခဲ့ သော်လည်း နောက်ဆုံးတွင် ထရမ့်အစိုးရ၏ ဖိအားပေးမှုကြောင့် သဘောတူခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဒေသတွင်းငြိမ်းချမ်းရေးသဘောတူညီချက်များနှင့် Abraham Accords ကို တိုးချဲ့ရန် ရည်ရွယ်ချက်ဖြင့် နေတန်ယာဟုနှင့် အီဂျစ်သမ္မတ အဗ္ဗဒဲလ် ဖာတာ အယ်လ်စီစီ (Abdel Fattah el-Sisi) တို့အကြား ထိပ်သီးဆွေးနွေးပွဲတစ်ခု စီစဉ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အီဂျစ်နိုင်ငံဘက်ကမူ ဤဓာတ်ငွေ့သဘောတူညီချက်သည် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သီးသန့်အရောင်းအဝယ်တစ်ခုသာဖြစ်ပြီး မည်သည့်နိုင်ငံရေးလှုံ့ဆော်မှုမျှ မပါဝင်ကြောင်း ပြောဆိုထားသည်။

ဤသဘောတူညီချက်တွင် “ မည်သည့်နိုင်ငံရေးရှုထောင့် သို့မဟုတ် နားလည်မှုများ လုံးဝ မပါဝင်ပါ” ဟု အီဂျစ်နိုင်ငံတော်သတင်းပြန်ကြားရေးဌာန ဥက္ကဋ္ဌ ဒီယာ ရာရှဝမ် (Diaa Rashwan) က ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည်။

“ ဒီသဘောတူညီချက်ဟာ အီဂျစ်ရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေနဲ့ ကိုက်ညီပါတယ်။ အထူးသဖြင့် အရှေ့မြေထဲပင်လယ်ဒေသရဲ့ အဓိကဓာတ်ငွေ့ကုန်သွယ်မှုဗဟိုချက်အဖြစ် အီဂျစ်ရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ကိုက်ညီပါတယ်” ဟု ရာရှဝမ်က ဆက်လက်ပြောကြားသည်။

ထို့အပြင် ရာရှဝမ်က ပါလက်စတိုင်းအရေးနှင့်ပတ်သက်၍ အီဂျစ်၏ ခိုင်မာသော ရပ်တည်ချက်ကို ထပ်လောင်းပြောဆိုခဲ့ပြီး ပါလက်စတိုင်းပြည်သူတို့၏ တရားဝင် အခွင့်အရေးများအတွက် မယိုင်မလဲ ထောက်ခံသွားမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

အစ္စရေးနှင့် အီဂျစ်တို့သည် ၁၉၇၉ ခုနှစ်တွင် သမိုင်းဝင်ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသော်လည်း၊ နှစ်နိုင်ငံခေါင်းဆောင်များသည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း လူသိရှင်ကြား တွေ့ဆုံခြင်းမျိုး မရှိခဲ့ကြပေ။

အခြားအစ္စရေးသတင်းရင်းမြစ်တစ်ခုကမူ နေတန်ယာဟု၏ ဤကြေညာချက်သည် ၎င်းနှင့် သမ္မတစီစီတို့အကြား ဖြစ်လာနိုင်ဖွယ်ရှိသည့် တွေ့ဆုံပွဲအတွက် လမ်းခင်းပေးသည့် ကြိုးပမ်းမှု တစ်ခုဖြစ်ကြောင်း ပြောဆိုသည်။

နေတန်ယာဟုသည် ယခုလနှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ကာ မာရာလာဂို (Mar-a-Lago) တွင် သမ္မတထရမ့်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

နေတန်ယာဟုသည် ပြီးခဲ့သည့် အောက်တိုဘာလက အီဂျစ်နိုင်ငံ ရှမ်အယ်လ်ရှိတ် (Sharm el-Sheikh) တွင် ကျင်းပသည့် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲသို့ ထရမ့်နှင့်အတူ တက်ရောက် ရန် ခေတ္တစီစဉ်ခဲ့သော်လည်း ရုတ်တရက် ပြန်လည်နုတ်ထွက်ခဲ့ဖူးသည်။

အီဂျစ်နိုင်ငံသည် ဂါဇာစစ်ပွဲတစ်လျှောက် ကြားဝင်စေ့စပ်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသော်လည်း၊ နေတန်ယာဟုနှင့် စီစီတို့အကြား ဆက်ဆံရေးမှာမူ ကာလရှည်ကြာစွာ တင်းမာလျက်ရှိသည်။

Israeli Prime Minister Benjamin Netanyahu participates in a joint news conference with US President Donald Trump in the White House on September 29.

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 8 Views
CNN- ဇန်နဝါရီလ ၁၈ရက် ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 26 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလိုချင်ဆုံးဖြစ်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ဆောင်အဖြစ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

၂၀၂၅ ခုနှစ်အတွင်း ရုရှား၏ တိုက်ခိုက်မှုကြောင့် ရှေ့တန်းစစ်မျက်နှာပြင်နှင့် ဝေးကွာသော နေရာများမှ ယူကရိန်းအရပ်သား ၂,၅၀၀ ကျော် သေဆုံးခဲ့ရသည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၅ရက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း၊ ၂၀၂၅ ခုနှစ်သည် ယူကရိန်းအရပ်သားများအတွက် အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့ရပြီး လူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် ထုတ်ဖော်ပြောကြားချက်အရ စစ်သည် ၂ သိန်း တပ်ပြေးနေပြီး ၂ သန်းခန့်မှာ စစ်မှုထမ်းရန် ရှောင်တိမ်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 25 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ယူကရိန်းနိုင်ငံ၏ စစ်သည်အင်အား ၂ သိန်းခန့်မှာ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာနေရာများမှ စွန့်ခွာသွားခြင်း (AWOL) သို့မဟုတ် တပ်ပြေးဖြစ်နေသည်ဟု ခန့်မှန်းရကြောင်း ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် မိုင်ခေလို ဖယ်ဒိုရော့ဗ် (Mykhailo Fedorov)
နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။ ကမ္ဘာ့စိတ်အာရုံကို ဖမ်းစားထားနိုင်ပြီး လူကို အလွန်အမင်း မောဟိုက်နွမ်းနယ်စေသည့် အမေရိကန်သမ္မတ၏ သြဇာအာဏာမှာ ဗုဒ္ဓဟူးနေ့တွင်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာချာဒို၏ အကြံပြုချက်အပေါ် နိုဘယ်လ်အဖွဲ့အစည်းက ငြိမ်းချမ်းရေးဆုကို လွှဲပြောင်းပေး၍မရနိုင်ကြောင်း တုံ့ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 33 Views
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) က သူမရရှိထားသည့် ၂၀၂၅ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား လွှဲပြောင်းပေးကောင်း ပေးနိုင်သည်ဟု ပြောဆိုခဲ့ပြီးနောက်၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် အမေရိကန်တို့အကြား ခါးသီးလှသော အားပြိုင်မှု၏ ကံကြမ္မာအလှည့်အပြောင်း အခန်းကဏ္ဍသစ်တစ်ခုဆီသို့ ဦးတည်ပြောဆိုနေပုံရသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 39 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက် အီရန်နိုင်ငံ၏ သီအိုကရက်တစ်အစိုးရ (ဘာသာရေးအခြေခံအစိုးရ) အကျပ်အတည်းဆိုက် နေချိန်တွင် ဆန္ဒပြသူများကို ကူညီရန် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုများပြုလုပ်ရန် အကြောင်းပြချက်မှာ တစ်နာရီထက်တစ်နာရီ ပိုမိုအရေးကြီးပြီး ခိုင်လုံလာနေသည်။ အီရန်ခေါင်းဆောင်များက သူတို့ဘက်က အရင်ပစ်ခတ်လျှင်