နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရမ့်နှင့် စတားမာတို့သည် ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်နှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုသည် နှစ်ဦးမတွေ့ဆုံခင်ကတည်းက ရှိနေခဲ့သည်။

ဖေဖော်ဝါရီ (၂၈) ရက်။

ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်သမ္မတတစ်ဦးနှင့်တွေ့ဆုံရန် အလွန်အလှည့်အပြောင်း အများဆုံးခရီးစဉ်များထဲမှတစ်ခုဖြစ်သည့် ဗြိတိန်ဝန်ကြီးချုပ်ဝင်စတန်ချာချီ အမေရိကန်သို့ လာရောက်မှုကဲ့သို့ ကြာသပတေးနေ့တွင် ဗြိတိန် ဝန်ကြီးချုပ်ကီရာစတာမာ လာရောက် ခဲ့သည်။

စတာမာသည် ဘဲဥပုံရုံးခန်းတွင် အရေးကြီးသော တာဝန်တစ်ခု ရှိသည်။

ဒေါ်နယ်ထရန့်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ‌ဖယ်ထုတ်ပစ်ရန်နှင့် နောက်ဆုံး ငြိမ်းချမ်းရေး သဘောတူညီချက်အပြီး ယူကရိန်းအတွက် လုံခြုံရေး အာမခံချက် ရယူရန်နှင့် အတ္တလန်တိတ် မဟာမိတ်အဖွဲ့ကို ကယ်တင်ရန်တို့ ဖြစ်သည်။

ပြင်သစ်သမ္မတ အီမယ်နျူရယ် မက်ခရွန် သည် တနင်္လာနေ့တွင် အလားတူရှာဖွေမှုတစ်ခုအတွက် ဝါရှင်တန်သို့ သွားရောက်ခဲ့ပြီး ထရန့် နှင့် ၎င်း၏ညီအကိုရင်းနှီးမှုဖြင့် ပြန်လည်စတင်ဆွေးနွေးခဲ့သော်လည်း ခိုင်မာသော အာမခံချက်မရရှိခဲ့ပေ။

ဗုဒ္ဓဟူးနေ့က အတ္တလန္တိတ်သမုဒ္ဒရာကို ပျံသန်းစဉ် စတာမာအတွက် ဆွေးနွေးပွဲ မတိုင်မီ ပိုမိုတင်းကျပ်သော အခြေအနေတွေ ပို၍ရှုပ်ထွေးလာခဲ့သည်။ စတာမာက ငြိမ်းချမ်းရေး သဘောတူညီချက်သည် ယူကရိန်းအတွက် အမေရိကန်၏လုံခြုံရေး အာမခံချက်ရှိမှ ခိုင်မာနိုင်မည်ဆိုသည့်အယူအဆကို ထရန့် ၏အစိုးရ သက်တမ်းသစ်၏ ပထမဆုံး ဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် ထရန့်က ပယ်ချထားခဲ့သည်။

“လုံခြုံရေး အာမခံချက်တွေကို သိပ်ပြီးတော့လုပ်မှာ မဟုတ်ဘူး။ အဲဒါကို ဥရောပက လုပ်ရတော့မှာ… ဥရောပက သူတို့ရဲ့ အိမ်နီးနားချင်းပါပဲ” ဟု ထရန့် က ပြောကြားခဲ့သည်။

သို့သော် ၎င်း၏လေယာဉ်ပေါ်တွင် စတာမာက အမေရိကန်၏ ကတိကဝတ်မရှိဘဲ ငြိမ်းချမ်းရေးသဘောတူညီချက်သည် အကောင်အထည်ဖော်နိုင်မည်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ “အပစ်အခတ်ရပ်စဲရေးတင်မဟုတ်ဘဲ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို လိုအပ်တယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်၊ အဲဒါဖြစ်ဖို့အတွက် လုံခြုံရေး အာမခံချက်တွေ လိုအပ်ပါတယ်” ဟု စတာမာက သတင်းထောက်များအား ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးသဘောတူညီမှု အာမခံချက် ရရှိပါက ငြိမ်းချမ်းရေးတည်တံ့ရန် အထောက်အပံ့ အင်အားစုအဖြစ် ဗြိတိန်နှင့် ပြင်သစ်တို့က ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် သူတို့၏ တပ်ဖွဲ့ဝင်များကို အာမခံချက်အဖြစ် ပို့လွှတ်ပေးရန် အဆင်သင့်ဖြစ်ကြောင်း စတာမာက ပြောကြားခဲ့သည်။

ဥရောပ၏စစ်တပ်များသည် အမေရိကန်မပါဘဲ တပ်ဖွဲ့ကို လုံခြုံစေရန်အတွက် လိုအပ်သော ထောက်ပံ့ပို့ဆောင်ရေး၊ ထောက်လှမ်းရေးနှင့် လေယာဉ်ပစ်ဒုံးကျည် ပိုင်ဆိုင်မှုများ မရှိပေ။ “ကျွန်တော့်ရဲ့စိုးရိမ်မှုကတော့ အပစ်အခတ်ရပ်စဲရေး ဖြစ်ခဲ့ရင် သူ့ (ပူတင်)ကို စောင့်ဆိုင်း ချိန်ပေးပြီးနောက် ပြန်လာဖို့ အခွင့်အလမ်းကို ပေးလိမ့်မယ် ဘာကြောင့်လဲဆိုတော့ သူ့ယူကရိန်းအတွက် ရည်မှန်းချက်ကို ကျွန်တော်တို့အားလုံးက ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်လို့ ထင်ပါ တယ်” ဟု စတားမာက ပြောကြားခဲ့သည်။

ဥရောပသားများအား ၎င်းတို့၏ကိုယ်ပိုင်လုံခြုံရေးအတွက် အဓိကတာဝန်ယူရမည်ဟု‌ ပြောကြားပြီး ယူကရိန်းစစ်ပွဲတွင် ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းမှ စတင်ခဲ့သည်ဟု ထရန့်က လွဲမှားစွာ ပြောဆိုပြီး ပူတင်ဖက်မှ ရပ်တည်လိုက်မှုကြောင့် အနောက်နိုင်ငံများကို တုန်လှုပ်ချောက်ချားစေသည့်လှိုင်းများဂယက်ထစေခဲ့ပြီးနောက် စတားမာနှင့် မက်ခရွန်တို့သည် ဝါရှင်တန်သို့ အပြေးအလွှားသွားကာ ထရန့်နှင့်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ယခုအခါ ဗြိတိန်သည် “အရာရာပြောင်းလဲသွားပြီဖြစ်သော ကမ္ဘာကို ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း” စတားမာက အင်္ဂါနေ့တွင် ဗြိတိန်လွှတ်တော်သို့ ပြောကြားခဲ့သည်။

စတာမာအနေနဲ့ ဒီလိုပြောတာမမှားပါဘူး၊ ဒါပေမယ့် အနောက်နိုင်ငံတွေက အန္တရာယ်ရှိတဲ့ ခေတ်သစ်ကို ရောက်သွားနိုင်ပေမယ့် ဘယ်လိုပုံစံနဲ့ ဖြစ်လာမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မရှိသလောက်ပါပဲ၊ အထူးသဖြင့် ရုရှားနဲ့ ဆော်ဒီအာရေးဗီးယားမှာ အမေရိကန် ဆွေးနွေးပြီးနောက် စစ်ပွဲကို ထရန့်က အဆုံးသတ်စေမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိပ်မရှိသေးပါဘူး။

အမေရိကန်သမတသည် ဗျူဟာနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြခြင်းမပြုသော်လည်း ယူကရိန်းအနေနှင့် နေတိုးတွင် ပါဝင်ခြင်းကို ဆန့်ကျင်ထားသလို ပူတင်အနေနှင့် ၃နှစ်စစ်ပွဲအတွင်း သူသိမ်းပိုက်ထားသည့်နယ်မြေများကို ရယူနိုင်သည်ဟူသော‌ ရေလာ‌မြောင်းပေး အရိပ်အငွေ့စကားကို‌ ပြောကြားခဲ့သည်။

စေ့စပ်ညှိနှိုင်းမှုမစတင်မီတွင်ပင် ထရန့်သည် ရုရှားကို၎င်း၏အခြေခံပန်းတိုင်များကို ရရှိရန် ထရန့်က ပေးခဲ့သည်ဟု ဝေဖန်သူများက ဆိုသည်။ ထရန့်သည် ရိုးသားသော ကြားဝင်ဖြန်ဖြေသူတစ်ဦးဖြစ်နိုင်ပါ့မလားဆိုသည့် သံသယများသည် စစ်ပွဲသုံးနှစ်မြောက် နှစ်ပတ်လည်နေ့တွင် မော်စကို၏ရန်လိုမှုကို ရှုတ်ချသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အမေရိကန်က ရုရှားနှင့်‌ မြောက်ကိုရီးယားတို့နှင့်အတူ ယခုသီတင်းပတ်အတွင်း ကုလသမဂ္ဂတွင် ကန့်ကွက်မဲပေးခဲ့သည်။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော