နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းလုံခြုံရေးဝန်ကြီး နုံးမ်၏ အငြင်းပွားဖွယ်ရာ သက်တမ်း ကုန်ဆုံးပြီးနောက် ထရမ့်က သူမကို ရာထူးမှ ဖယ်ရှား

BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်

သမ္မတ ဒေါ်နယ်ထရမ့်၏ အနီးကပ်အကြံပေးများအားလုံးသည် အချိန်တန်လျှင် ရေးသားမထားသော စည်းမျဉ်းတစ်ခုကို သိရှိလာကြရစမြဲဖြစ်သည် – ၎င်းမှာ “ မည်သူမျှ အထက်လူကြီး (သမ္မတ) ထက် ပို၍ လူပေါ်ပေါ်ထင်ထင် မဖြစ်ရ” ဟူသောအချက်ပင်။

ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) ဝန်ကြီး ခရစ္စတီနုံးမ် (Kristi Noem) သည် ကြာသပတေးနေ့တွင် ထိုအချက်ကို သတိပေးခံလိုက်ရသည့် နောက်ဆုံးပုဂ္ဂိုလ် ဖြစ်လာ ခဲ့သည်။ အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုလုပ်ငန်းစဉ်များတွင် ရှေ့တန်းမှ ဦးဆောင်နေသူအဖြစ်မှ သူမကို ဖယ်ရှားလိုက်ကြောင်း ထရမ့်က ကြေညာခဲ့သည်။

နုံးမ်၏နေရာတွင် အိုကလာဟိုးမားပြည်နယ် အထက်လွှတ်တော်အမတ် မတ်ဝိန်း မူလင် (Markwayne Mullin) နှင့် ယခုလကုန်တွင် အစားထိုးသွားမည်ဖြစ်ကြောင်း ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။ ၎င်းကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုပေး ရမည်ဖြစ်သည်။

နုံးမ်အနေဖြင့် “ Shield of the Americas” ဟုခေါ်သော အနောက်ဘက်ကမ္ဘာခြမ်းဆိုင်ရာ အမေရိကန်၏ လုံခြုံရေးစီမံကိန်းသစ်တွင် အထူးကိုယ်စားလှယ်အဖြစ် တာဝန်သစ် ပြောင်းရွှေ့ ထမ်းဆောင်ရမည်ဟု သမ္မတက ဆိုသည်။ “ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ခရစ္စတီကို ကျေးဇူးတင်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

ယင်းက နုံးမ်၏ အငြင်းပွားဖွယ်ရာ ဝန်ကြီးသက်တမ်းကို အဆုံးသတ်စေခဲ့သည်။ ၎င်းဝန်ကြီး ဌာနသည် သမ္မတ၏ ကျယ်ပြန့်သော လူဝင်မှုကြီးကြပ်ရေး အစီအစဉ်များကို အကောင် အထည် ဖော်ရန် တာဝန်ရှိသည့် ဌာနဖြစ်သည်။

ပြီးခဲ့သည့်နှစ် ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာချိန်တွင်နုံးမ်သည် အစိုးရအဖွဲ့၏ အတောက်ပဆုံး ကြယ်ပွင့်တစ်ဦး ဖြစ်ခဲ့သည်။ သူမသည် လူဝင်မှုကြီးကြပ်ရေး ဖမ်းဆီးမှုများ တွင် ကျည်ကာအင်္ကျီဝတ်ဆင်ကာ နယ်မြေဆင်း ကိုယ်တိုင်ပါဝင်လေ့ရှိသဖြင့် ချက်ချင်း ဆိုသလို အာရုံစိုက်ခြင်း ခံခဲ့ရသည်။

သူမသည် ထရမ့်၏ ပြည်နှင်ဒဏ်ပေးရေး စီမံချက်ကို အပြင်းအထန် ထောက်ခံသူဖြစ်ပြီး အမေရိကန်-မက္ကဆီကို နယ်စပ်ကို ထိရောက်စွာ ပိတ်ဆို့နိုင်သည့် မူဝါဒများကိုလည်း ကြွေးကြော်ခဲ့သူဖြစ်သည်။ သူမသည် အမေရိကန်မှ ပြည်နှင်ဒဏ်ပေးခံရသည့် ရွှေ့ပြောင်း နေထိုင်သူများရှိရာ အယ်လ်ဆာဗေဒိုရှိ လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်တစ်ခုသို့လည်း သွားရောက်ခဲ့သေးသည်။

အငြင်းပွားမှုများနှင့် ဝေဖန်သံများ

သို့သော် နုံးမ်၏ ပုံမှန်မဟုတ်သော လုပ်ဆောင်ပုံများကြောင့် အစကတည်းက အငြင်းပွားမှု များ ဖြစ်ပေါ်ခဲ့သည်။ ပုံမှန်အားဖြင့် ပြည်တွင်းလုံခြုံရေးဝန်ကြီးများသည် နယ်မြေဆင်း စစ်ဆင်ရေးများတွင် ပါဝင်လေ့မရှိပေ။ သူမ၏ ရှေ့တန်းထွက် လုပ်ဆောင်မှုများကို ဝေဖန် သူများက “ လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းရေး အကြီးအကဲ” ဟူသော သူမ၏ပုံရိပ်ကို မြှင့်တင်ရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်ကြသည်။

အယ်လ်ဆာဗေဒိုရှိ နာမည်ဆိုးဖြင့်ကျော်ကြားသော စီကော့(Cecot) အကျဉ်းထောင်သို့ သွားရောက်စဉ် ဒေါ်လာ ၅၀,၀၀၀ တန် Rolex နာရီ ဝတ်ဆင်ထားမှုကြောင့်လည်း ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ထို့ပြင် တရားမဝင် ရွှေ့ပြောင်းနေထိုင် သူများကို အမေရိကန်မှ ထွက်ခွာသွားရန် တိုက်တွန်းသည့် ကြော်ငြာကမ်ပိန်းတွင်လည်း မြင်းစီးကာ ပါဝင်ခဲ့သေးသည်။

ယင်းကြောင့် လက်ဝဲယိမ်းဝေဖန်သူများက သူမကို “ ICE Barbie” (လူဝင်မှုကြီးကြပ်ရေး ဘာဘီ) ဟု အမည်ပေးခဲ့ကြသည်။ ကွန်ဂရက်ရှိ ဒီမိုကရက်များကလည်း သူမကိုယ်တိုင် ပါဝင်သရုပ်ဆောင်သည့် ကြော်ငြာများအတွက် ဒေါ်လာ ၂၂၀ သန်းနှင့် သူမ၏ တရားဝင် ခရီးစဉ်များအတွက် ဇိမ်ခံဂျက်လေယာဉ် နှစ်စင်းအတွက် ဒေါ်လာ သန်း ၂၀၀ နီးပါး အသုံးပြုခဲ့မှု အပေါ် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

ယခုအပတ် အစောပိုင်း ကွန်ဂရက်ကြားနာပွဲတွင် နုံးမ်က ထိုအသုံးစရိတ်များကို ကာကွယ် ပြောဆိုခဲ့ပြီး ထရမ့်အနေဖြင့် ယင်းအသုံးစရိတ်များကို သိရှိကြောင်း ပြောကြားခဲ့သည်။ သို့သော် ထရမ့်က ကြာသပတေးနေ့တွင်နုံးမ်ကို ရာထူးမှ မထုတ်ပယ်မီ အဆိုပါ ကုန်ကျ စရိတ်များ အကြောင်း ၎င်းအနေဖြင့် မသိရှိကြောင်း လူသိရှင်ကြား ငြင်းဆိုခဲ့သည်။

ရာထူးမှ ဖယ်ရှားရခြင်း အကြောင်းရင်း

မင်နီယာပိုလစ်မြို့ (Minneapolis) တွင် ဇန်နဝါရီလအတွင်း လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှု ပြုလုပ်စဉ် အမေရိကန်နိုင်ငံသား နှစ်ဦးကို ဖက်ဒရယ်အေးဂျင့်များက ပစ်သတ်ခဲ့မှုကြောင့် အစိုးရအဖွဲ့သည် ကြီးမားသော ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ယင်းဖြစ်ရပ်နောက်ပိုင်း ထရမ့်သည် အိမ်ဖြူတော် နယ်စပ်ရေးရာတာဝန်ခံ တွမ် ဟိုးမန်း (Tom Homan) ကို စေလွှတ်ခဲ့ပြီး စစ်ဆင်ရေးကို လျှော့ချရန် ဆုံးဖြတ်ခဲ့သည်။ ဟိုးမန်းကို ခန့်အပ် လိုက်ခြင်းမှာ နုံးမ် အပေါ် ယုံကြည်မှု လျော့နည်းသွားခြင်းဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ယူဆခဲ့ကြသည်။

နုံးမ်အနေဖြင့် သေဆုံးသူများထဲမှ တစ်ဦးဖြစ်သူ ပရက်တီ(Pretti )သည် “ ပြည်တွင်း အကြမ်းဖက်မှု ကျူးလွန်ခဲ့သူ” ဖြစ်ကြောင်း အထောက်အထားမရှိဘဲ ပြောဆိုခဲ့ခြင်း ကြောင့်လည်း ဝေဖန်ခံခဲ့ရသည်။ လူထုကြားတွင် နုံးမ်၏ အစွန်းရောက် နှိမ်နင်းရေး နည်းလမ်းများအပေါ် မနှစ်မြို့မှုများ တိုးလာနေသည်ကို အိမ်ဖြူတော်က ရိပ်မိ လာခြင်း ကြောင့် ယခုကဲ့သို့ ရာထူးအပြောင်းအလဲ ပြုလုပ်ခြင်းဖြစ်ပုံရသည်။

နုံးမ်ကို ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် ထရမ့်၏ ဒုတိယသက်တမ်းအတွင်း ပထမဆုံးသော အစိုးရအဖွဲ့ဝင် အပြောင်းအလဲဖြစ်သည်။ သူမသည် ထရမ့်၏ ဒုတိယသက်တမ်းတွင် ပထမဆုံးသော ရာထူးမှ ထုတ်ပယ်ခံရသူ ဖြစ်သော်လည်း နောက်ဆုံးတော့ ဖြစ်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သမ္မတသည် နိုင်ငံရေးလေဟုန်ကို ကြည့်၍ ၎င်း၏ အထိအခိုက်များကို စောစီးစွာ ဖြတ်တောက်ရန် အမြဲအသင့်ရှိနေကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

နုံးမ် အယ်လ်ဆာဗေဒိုရှိ နာမည်ဆိုးဖြင့်ကျော်ကြားသော စီကော့(Cecot) အကျဉ်းထောင်သို့ သွားရောက်လေ့လာစဉ်

ထရန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 23 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 52 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 60 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 58 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 66 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း