နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

ဆိုက်ဘေးရီးယား အကျဉ်းစခန်းတစ်ခုတွင် နာဗာလ်နီ သေဆုံးခဲ့ပြီး နှစ်နှစ်အကြာတွင်၊ ၎င်း၏ ရုပ်အလောင်းမှ တွေ့ရှိရသော ဓာတ်ခွဲနမူနာများကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ဗြိတိန်နှင့် ၎င်း၏ မဟာမိတ်များက ကရင်မလင် (Kremlin) ကို ပြစ်တင်ဝေဖန်လိုက်ခြင်းဖြစ်သည်။

နာဗာလ်နီ၏ ရုပ်အလောင်းမှ ရရှိသော နမူနာများတွင် ‘epibatidine’ ဟုခေါ်သော အဆိပ် အတောက်ကို တွေ့ရှိရခြင်းထက်ပိုမို ခိုင်လုံသော ရှင်းလင်းချက် မရှိနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

မြူးနစ်လုံခြုံရေးညီလာခံ (Munich Security Conference) မှနေ၍ နိုင်ငံခြားရေးဝန်ကြီး အီဗတ် ကူးပါး (Yvette Cooper) က “ ရုရှားမှာ ထောင်သွင်းအကျဉ်းချခံထားရစဉ်အတွင်း အလက်ဇီ နာဗာလ်နီကို ဒီလိုသေစေနိုင်တဲ့ အဆိပ်မျိုးနဲ့ လုပ်ကြံဖို့အတွက် နည်းလမ်း၊ အကြောင်းပြချက်နဲ့ အခွင့်အရေးဆိုတာ ရုရှားအစိုးရမှာပဲ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ကူးပါးသည် ယခုသီတင်းပတ်ကုန်တွင် ကျင်းပသည့် ညီလာခံ၌ နာဗာလ်နီ၏ ဇနီးဖြစ်သူ ယူလီယာ နာဗာနာယာ (Yulia Navalnaya) နှင့် တွေ့ဆုံခဲ့သည်။

“ ရုရှားဟာ နာဗာလ်နီကို ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ မြင်ခဲ့တယ်” ဟု ကူးပါးက အခမ်းအနား တွင် ပြောကြားခဲ့သည်။

“ အခုလို အဆိပ်မျိုးကို အသုံးပြုခြင်းအားဖြင့် ရုရှားနိုင်ငံဟာ သူတို့လက်ထဲမှာရှိတဲ့ ယုတ်ညံ့တဲ့ လက်နက်ကိရိယာတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေအပေါ် သူတို့ထားရှိတဲ့ အလွန်အမင်း ကြောက်ရွံ့မှုကို ပြသလိုက်တာပဲဖြစ်တယ်” ဟု သူမက ဆက်လက်ပြောဆိုသည်။

ရုရှားကို အဆိပ်ခတ်မှုဖြင့် စွပ်စွဲရာတွင် ဗြိတိန်နှင့်အတူ ဆွီဒင်၊ ပြင်သစ်၊ နယ်သာလန်နှင့် ဂျာမနီနိုင်ငံတို့လည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

ရုရှား၏ ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက် (Chemical Weapons Convention) ချိုးဖောက်မှုဟု ယူဆရသည့် ကိစ္စရပ်အား ဓာတုလက်နက် တားမြစ်ပိတ်ပင်ရေးအဖွဲ့ (OPCW) ထံသို့ အသိပေး အကြောင်းကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ခြစားမှုဆန့်ကျင်ရေး လှုပ်ရှားသူနှင့် ရုရှား၏ အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင်ဖြစ်သူ နာဗာလ်နီသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် အသက် ၄၇ နှစ်အရွယ်၌ အကျဉ်း ထောင် အတွင်း ရုတ်တရက် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်တွင်လည်း သူသည် နိုဗီချော့ခ် (Novichok) အာရုံကြောထိခိုက်စေသည့် အဆိပ်ဖြင့် အဆိပ်ခတ်ခံခဲ့ရဖူးသည်။ သူသည် ဂျာမနီနိုင်ငံတွင် ဆေးကုသမှုခံယူခဲ့ပြီး ရုရှားသို့အပြန် လေဆိပ်သို့ရောက်ရှိစဉ် ဖမ်းဆီးခံခဲ့ရသည်။

နာဗာလ်နီ၏ ဇနီး ယူလီယာ နာဗာနာယာသည် သူမ၏ ခင်ပွန်းကို ရုရှားက အဆိပ်ခတ်ခဲ့သည် ဟု အစဉ်တစိုက် ပြောဆိုခဲ့သည်

စနေနေ့က ကြေညာချက် မထွက်ပေါ်လာမီကပင် နာဗာလ်နီ၏ ဇနီး ယူလီယာ နာဗာနာယာသည် ၂၀၂၄ ခုနှစ်တွင် အာတိတ်စက်ဝိုင်းရှိ အကျဉ်းစခန်း၌ ပြစ်ဒဏ်ကျခံနေစဉ် သူမ၏ ခင်ပွန်းသည် အဆိပ်ခတ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အစဉ်တစိုက် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် နာဗာနာယာက နိုင်ငံနှစ်ခုရှိ ဓာတ်ခွဲခန်းများတွင် လျှို့ဝှက် သယ်ယူလာသည့် ဇီဝဗေဒဆိုင်ရာ နမူနာများကို စမ်းသပ်စစ်ဆေးချက်အရ သူမ၏ ခင်ပွန်းမှာ “ လုပ်ကြံခံရခြင်း” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသုံးပြုခဲ့သည်ဆိုသော အဆိပ်၊ နမူနာများ သို့မဟုတ် ခွဲခြမ်းစိတ်ဖြာချက်များနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို သူမက ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ဓာတ်ခွဲခန်းနှစ်ခုအား ၎င်းတို့၏ ရလဒ်များကို ထုတ်ပြန်ရန် တောင်းဆို ခေါ်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်အပေါ် နာဗာနာယာက “ ကျွန်မရဲ့ ခင်ပွန်း အဆိပ်ခတ်ခံခဲ့ရတယ်ဆိုတာကို ပထမဆုံးနေ့ကတည်းက ကျွန်မ သေချာပေါက် သိခဲ့ပါတယ်၊ အခုတော့ သက်သေရှိသွားပါပြီ” ဟု တုံ့ပြန်ခဲ့သည်။

“ နှစ်နှစ်တာကာလပတ်လုံး အမှန်တရားကို ဖော်ထုတ်ဖို့ စေ့စေ့စပ်စပ် ဆောင်ရွက်ပေးခဲ့ကြတဲ့ ဥရောပနိုင်ငံတွေကို ကျေးဇူးတင်ပါတယ်” ဟု သူမက ထပ်လောင်းပြောကြားသည်။

ကရင်မလင် နန်းတော်ကမူ ယခုစွပ်စွဲချက်များအပေါ် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။

နာဗာလ်နီ သက်ရှိထင်ရှားရှိစဉ်အတွင်း ၎င်း၏အမည်ကိုပင် ထုတ်ဖော်ပြောဆိုရန် ရှောင်လွှဲ ခဲ့သည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကမူ နာဗာလ်နီ သေဆုံးပြီး တစ်လအကြာတွင် လူတစ်ယောက် သေဆုံးခြင်းမှာ “ အမြဲတမ်း စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း” အကျဉ်းရုံး ရည်ညွှန်းပြောဆိုခဲ့ဖူးသည်။

သေဆုံးချိန်တွင် နာဗာလ်နီသည် လုပ်ကြံဖန်တီးထားသော စွဲချက်များဖြင့် ထောင်ဒဏ် ၃ နှစ် ကျခံနေရခြင်းဖြစ်ပြီး၊ အာတိတ်စက်ဝိုင်းရှိ အကျဉ်းစခန်းသို့ မကြာသေးမီကမှ ပြောင်းရွှေ့ခံခဲ့ ရခြင်းဖြစ်သည်။

ရုရှား၏ ထုတ်ပြန်ချက်များအရ အသက် ၄၇ နှစ်အရွယ် နာဗာလ်နီသည် ဆိုက်ဘေးရီးယား အကျဉ်းစခန်းတွင် လမ်းခေတ္တလျှောက်ပြီးနောက် နေမကောင်းဖြစ်ကာ လဲကျသွားပြီး သတိပြန်မရတော့ဘဲ ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် နာဗာလ်နီ၏ မိသားစုက ၎င်းသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

နာဗာလ်နီ (ပုံ)

နာဗာလ်နှီ ဇနီးယူလီယာ နာဗာနာယာ (Yulia Navalnaya) (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 23 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 53 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 60 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 58 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 66 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း