နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

ဆီရီးယား

ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

CNN- ဇန်နဝါရီလ ၁၈ရက်

ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော တိုက်ခိုက်ရေးသမားများက အဆိုပါဒေသမှ ထွက်ခွာပေးမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။

စစ်တပ်၏ ပြောကြားချက်အရ စနေနေ့တွင် မတ်စကာနာ (Maskanah) မြို့ကို ထိန်းချုပ် နိုင်ခဲ့ပြီး ဆက်လက်၍ ရှေ့တိုးလျက်ရှိကြောင်း သိရသည်။ လွန်ခဲ့သော တစ်နှစ်ကျော်က သမ္မတ အာမက် အယ်လ်-ရှာရာ (Ahmed al-Sharaa) ဦးဆောင်သော အစ္စလာမ္မစ်အစိုးရ တက်လာပြီးကတည်းက ကာ့ဒ်များ အဓိကပါဝင်သည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) နှင့် ဆီးရီးယားစစ်တပ်တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုများ အကြိမ်ကြိမ် ဖြစ်ပွား ခဲ့သည်။

၁၄ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် နိုင်ငံကို ပြန်လည်စုစည်းရန် ရှာရာက ကတိပြု ထားသော်လည်း၊ ကာ့ဒ်များကမူ ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အာမခံချက် လိုလားနေကြသည်။ SDF တပ်မှူး မာဇလောင်မ် အဘ်ဒီ (Mazloum Abdi) က ပြီးခဲ့သည့် မတ်လက သဘောတူညီခဲ့သော အခြေခံမူများအတိုင်း အလက်ပိုအရှေ့ဘက်ရှိ တပ်စခန်းများမှ စနေနေ့တွင် စတင်ဆုတ်ခွာမည်ဟု သောကြာနေ့က ကတိပြုခဲ့သည်။

“ မိတ်ဖက်နိုင်ငံတွေနဲ့ ကြားဝင်စေ့စပ်ပေးသူတွေရဲ့ တောင်းဆိုချက်အရ၊ နောက်ပြီး ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို အပြီးသတ်ဖို့နဲ့ မတ်လ ၁၀ ရက် သဘောတူညီချက်ကို လိုက်နာဖို့ ကျွန်တော်တို့ရဲ့ စေတနာကို ပြသတဲ့အနေနဲ့ ယူဖရေးတီးစ် (Euphrates) မြစ်အရှေ့ဘက်ခြမ်းကို ပြန်လည်တပ်ဖြန့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု အဘ်ဒီက ပြောကြားခဲ့သည်။ တူရကီနယ်စပ်မှ တောင်ဘက်သို့ စီးဆင်းနေသော အဆိုပါမြစ်သည် ယခုအခါ နှစ်ဖက်တပ်များအကြား လက်တွေ့ကျသော နယ်နိမိတ်မျဉ်း ဖြစ်လာသည်။

ကာ့ဒ်များ ဆုတ်ခွာပေးခြင်းသည် ဆီးရီးယားမြောက်ပိုင်းတွင် အခြေစိုက်ထားသော အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာညွန့်ပေါင်းအဖွဲ့မှ ကိုယ်စားလှယ်များ အဆိုပါဒေသသို့ လာရောက်ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အရပ်သားများ၏ အမြင်နှင့် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများ

အလက်ပိုအရှေ့ဘက် ၅၀ ကီလိုမီတာခန့်အကွာရှိ ဒိုင်ယာဟာဖာ (Deir Hafer) မြို့သို့ ဆီးရီးယားစစ်တပ် ဝင်ရောက်လာသည့် ဗီဒီယိုမှတ်တမ်းများ ထွက်ပေါ်လာသည်။ “ အထိအခိုက် အနည်းဆုံးနဲ့ ဖြစ်သွားတာကို ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒီနိုင်ငံမှာ သွေးမြေကျခဲ့တာ လုံလောက်ပါပြီ” ဟု ဒေသခံတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြား ခဲ့သည်။

သို့သော်လည်း အချို့ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ တာ့ဗ်ကာ (Tabqa) တောင်ဘက်ရှိ သာဝရာ (Thawra) ရေနံမြေဒေသတွင် အစိုးရတပ်များနှင့် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေကြောင်း SDF က ပြောကြားပြီး ယင်းဒေသသည် သဘောတူညီချက်တွင် မပါဝင်ကြောင်း ဆိုသည်။ အမေရိကန် ပြည်ထောင်စုကမူ ဆီးရီးယား တပ်များအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် တိုက်တွန်းထားသည်။

SDF အဖွဲ့က ဆီးရီးယားအစိုးရတပ်များသည် ၎င်းတို့တပ်များ ဆုတ်ခွာခြင်းမပြုမီ မြို့များ အတွင်း သို့ ဝင်ရောက်လာခြင်းကြောင့် သဘောတူညီချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲ ထားသည်။ တစ်ဖက်တွင်လည်း ဆီးရီးယားစစ်တပ်က ကာ့ဒ်တိုက်ခိုက်ရေးသမားများသည် စစ်တပ်ကင်းလှည့်ယာဉ်ကို ပစ်ခတ်သဖြင့် စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်းနှင့် ရာကွာ (Raqqa) မြို့သို့ သွားရာလမ်းရှိ တံတားတစ်စင်းတွင် မိုင်းထောင်ထားကြောင်း ပြန်လည် စွပ်စွဲ ခဲ့သည်။

ကာ့ဒ်လူမျိုးများ၏ အခွင့်အရေးနှင့် ရှေ့အလားအလာ

တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း သမ္မတ ရှာရာက ဆီးရီးယား ကာ့ဒ်နိုင်ငံသားများ၏ တရားဝင်ရပ်တည်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကို အာမခံသည့် အမိန့်ဒီကရီ တစ်ရပ်ကို သောကြာနေ့က ထုတ်ပြန်ခဲ့သည်။ ၎င်းတွင် ကာ့ဒ်လူမျိုးများအတွက် အပြည့်အဝ နိုင်ငံသားအခွင့်အရေး ပေးအပ်ရန် ကတိပြုထားပြီး၊ ကာ့ဒ်ဘာသာစကားကိုလည်း “ အမျိုးသား ဘာသာစကား” အဖြစ် အသိအမှတ်ပြုကာ ကျောင်းများတွင် သင်ကြားခွင့် ပြုမည်ဟု ပါရှိသည်။

သမ္မတ၏ အမိန့်နှင့် SDF ၏ ဆုတ်ခွာပေးမှုတို့သည် ပိုမိုကျယ်ပြန့်သော ငြိမ်းချမ်းရေး သဘောတူညီချက်သို့ ဦးတည်နိုင်မည်လော ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲ ဖြစ်သည်။ ဆီးရီးယား ပြည်တွင်းစစ်အတွင်း ကာ့ဒ်များသည် မြောက်ပိုင်းနှင့် အရှေ့ပိုင်း ဒေသအတော်များများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ထူထောင်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ဘာရှာအယ်လ်အာဆတ် (Bashar al-Assad) ပြုတ်ကျပြီးနောက် တက်လာသည့် အစိုးရသစ်နှင့် ကာ့ဒ်တပ်ဖွဲ့များအကြား ၂၀၂၅ ခုနှစ်ကုန်တွင် တပ်မတော် အတွင်း အပြည့်အဝ ပေါင်းစည်းရန် မနှစ်က သဘောတူညီမှု ရခဲ့သော်လည်း လက်ရှိအချိန် အထိ တိုးတက်မှု အနည်းငယ်သာ ရှိသေးသည်။ အမေရိကန် အထူးကိုယ်စားလှယ် တွမ်ဘာရက်ခ် (Tom Barrack) သည်လည်း နှစ်ဖက်အကြား သဘောတူညီချက်ရရှိစေရန် ကြိုးပမ်းမှုများတွင် ပါဝင်ဆောင်ရွက်နေသည်။

စနေနေ့တွင် ဒီယာဟာဖာမြို့ထဲသို့ ဝင်ရောက်လာသော ဆီးရီးယားစစ်တပ်မှ စစ်သားများ ၎င်းတို့၏ယာဉ်များ (Bakr ALkasem/AFP/Getty Images)

စနေနေ့က ဆီးရီးယားနိုင်ငံ၊ ဒီယာဟာဖာမြို့သို့ ဦးတည်သော လမ်းမပေါ်တွင် မော်တော်ဆိုင်ကယ်စီးနေသော ဆီးရီးယားအစိုးရစစ်သားများ စက်သေနတ်များကို ကိုင်ဆောင်ထားစဉ် (Ghaith Alsayed/AP) (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု