နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အရှေ့ဂျေရုဆလင်ရှိ ကုလသမဂ္ဂ အေဂျင်စီဌာနချုပ်ကို ပိတ်ပင်ပြီးနောက် အစ္စရေးက စတင်ဖျက်ဆီး

CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပိတ်ပင်သည့် ဥပဒေတစ်ရပ် ပြဌာန်းပြီးနောက်၊ အစ္စရေးသည် အရှေ့ဂျေရုဆလင်ရှိ အဆိုပါအေဂျင်စီ၏ ဌာနချုပ်ကို အင်္ဂါနေ့တွင် စတင်ဖျက်ဆီးခဲ့သည်။

CNN မှ ရရှိထားသော ရုပ်သံမှတ်တမ်းများအရ ရဲတပ်ဖွဲ့ဝင်များသည် အစ္စရေးမြေယာ အာဏာပိုင်အဖွဲ့မှ အရာရှိများနှင့်အတူ ဘူဒိုဇာများ၊ အင်ဂျင်နီယာသုံး စက်ကိရိယာများဖြင့် အဆောက်အအုံဝင်းအတွင်းသို့ ရောက်ရှိလာပြီး ဖျက်ဆီးမှုများ စတင်ခဲ့ကြောင်း သိရသည်။ အစ္စရေးမြေယာအာဏာပိုင်အဖွဲ့က ထုတ်ပြန်ချက်တစ်ခုတွင် ဥပဒေစိုးမိုးရေးအဖွဲ့များသည် “ပိုင်ဆိုင်မှုအားလုံးကို အပြည့်အဝ သိမ်းဆည်းရယူပြီးနောက် အဆောက်အအုံဝင်းအတွင်း ရှင်းလင်းရေးလုပ်ငန်းများ စတင်ခဲ့သည်” ဟု ဖော်ပြထားသည်။

UNRWA က ဤလုပ်ရပ်ကို “ကုလသမဂ္ဂ အေဂျင်စီတစ်ခုနှင့် ၎င်း၏ အဆောက်အအုံများ အပေါ် မကြုံစဖူး တိုက်ခိုက်မှု” အဖြစ် ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ကုလသမဂ္ဂ၏ အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များ အပါအဝင် နိုင်ငံတကာဥပဒေများကို အစ္စရေးနိုင်ငံက “ပွင့်လင်းစွာနှင့် တမင်တကာ ဆန့်ကျင်ဖီဆန်သည့် အဆင့်သစ်တစ်ခု” ကို ကိုယ်စားပြု နေကြောင်းလည်း ၎င်းအေဂျင်စီက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အစ္စရေးနိုင်ငံက ၁၉၄၉ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် ကုလသမဂ္ဂ အခွင့်အရေးနှင့် ကင်းလွတ်ခွင့်များဆိုင်ရာ ကွန်ဗင်းရှင်းတွင် ကုလသမဂ္ဂ အဆောက်အအုံဝင်းများနှင့် နေရာ ဌာနများသည် “ထိပါး၍မရသော နေရာများ” ဖြစ်ရမည်ဖြစ်ပြီး “ရှာဖွေခြင်း၊ တောင်းခံခြင်း၊ သိမ်းဆည်းခြင်း၊ အဓမ္မသိမ်းယူခြင်းနှင့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေး သို့မဟုတ် ဥပဒေပြုရေးဆိုင်ရာ မည်သည့်နှောင့်ယှက်စွက်ဖက်မှုမျိုးမဆိုမှ ကင်းလွတ်ခွင့် ရှိစေရမည်” ဟု အတိအလင်း ပြဌာန်းထားသည်။

အစ္စရေးသည် ၁၉၆၇ ခုနှစ် စစ်ပွဲတွင် အရှေ့ဂျေရုဆလင်ကို ဂျော်ဒန်ထံမှ သိမ်းပိုက်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် မိမိနိုင်ငံပိုင်နက်အဖြစ် သတ်မှတ်ခဲ့သည်။ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာ အသိုက်အဝန်းအများစုက ထိုနယ်မြေကို သိမ်းပိုက်ခံနယ်မြေအဖြစ် သတ်မှတ် ထားပြီး ပါလက်စတိုင်းသားများက ၎င်းကို အနာဂတ်လွတ်လပ်သော နိုင်ငံ၏ မြို့တော်အဖြစ် လိုလားနေကြသည်။ အစ္စရေးကမူ မြို့တစ်မြို့လုံးကို ၎င်းတို့၏ “ထာဝရမြို့တော်” အဖြစ် မှတ်ယူထားသည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် “ဂျေရုဆလင်ရှိ အဆိုပါ အဆောက်အအုံဝင်းမှာ အစ္စရေးနိုင်ငံက ပိုင်ဆိုင်ခြင်းဖြစ်သည်” ဟု ဆိုကာ UNRWA သည် ထိုနေရာတွင် လုပ်ငန်းများကို ရပ်ဆိုင်းထားပြီးဖြစ်သဖြင့် ကုလသမဂ္ဂ ဝန်ထမ်းများ သို့မဟုတ် လှုပ်ရှားမှုများ မရှိတော့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

“ဒီဝင်းဟာ ဘယ်လိုကင်းလွတ်ခွင့်မျိုးမှ ခံစားခွင့်မရှိပါဘူး၊ သိမ်းဆည်းမှုဟာ အစ္စရေးဥပဒေနဲ့ နိုင်ငံတကာဥပဒေ နှစ်ရပ်လုံးနဲ့အညီ ဆောင်ရွက်ခဲ့တာပါ” ဟု ဝန်ကြီးဌာနက ဆိုပြီး UNRWA ကို “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းအဖြစ်မှ ရပ်စဲသွားသည်မှာ ကြာပြီ ဖြစ်သော အကြမ်းဖက်မှု ပျိုးထောင်ရာနေရာ” ဟု ခေါ်ဆိုခဲ့သည်။

အစ္စရေးသည် UNRWA နှင့် ကာလရှည်ကြာ ပြဿနာများရှိနေခဲ့ပြီး၊ ၎င်းအဖွဲ့ကို ဟားမတ်စ် အား ကူညီနေသည်ဟု စွပ်စွဲကာ အပြီးတိုင်ဖျက်သိမ်းရန် တောင်းဆိုမှုများ ရှိခဲ့သည်။ UNRWA ဘက်ကမူ ယင်းစွပ်စွဲချက်များကို အကြိမ်ကြိမ် ငြင်းဆိုထားသည်။ အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်ဦးဆောင်သော တိုက်ခိုက်မှုအပြီးတွင် အစ္စရေးအစိုးရသည် ကုလသမဂ္ဂအေဂျင်စီအပေါ် ၎င်း၏ ကမ်ပိန်းကို ပိုမိုပြင်းထန်စေခဲ့ပြီး၊ အချို့သော ဝန်ထမ်းများ ပါဝင်ပတ်သက်နေခြင်းနှင့် ဂါဇာရှိ အဆောက်အအုံများကို အစ္စရေးအား တိုက်ခိုက်ရန်နှင့် ဓားစာခံများကို ဝှက်ထားရန် အသုံးပြုခဲ့သည်ဟု အကြောင်းပြခဲ့သည်။

၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် အစ္စရေးလွှတ်တော်က အစ္စရေးအတွင်း UNRWA ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပိတ်ပင်သည့်ဥပဒေနှင့် အေဂျင်စီနှင့် တရားဝင်ဆက်သွယ်မှုကို တားမြစ်သည့် ဥပဒေများကို အတည်ပြုခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံ ပြဌာန်း လိုက်သော ဥပဒေအရ UNRWA ပိုင်ဆိုင်မှုများသို့ ရေနှင့် လျှပ်စစ်မီးပေးဝေမှုကို တားမြစ် ခဲ့ပြီး အရှေ့ဂျေရုဆလင်ရှိ အေဂျင်စီ၏ အဆောက်အအုံဝင်းများမှ မြေယာများကို နိုင်ငံတော်က ပြန်လည်သိမ်းယူခွင့် ပြုခဲ့သည်။ အရှေ့ဂျေရုဆလင် Kfar ‘Aqab ဧရိယာရှိ အခြား UNRWA ပိုင်ဆိုင်မှုတစ်ခုလည်း မကြာမီကာလအတွင်း အလားတူ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခံရဖွယ်ရှိသည်။

ရဲတပ်ဖွဲ့၏ ဖယ်ရှားရေးနှင့် ဖျက်ဆီးရေးလုပ်ငန်းစဉ်များကို လာရောက်ကြည့်ရှုခဲ့သည့် လက်ယာစွန်းစွန်း အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမင် ဘင်ဂူဗာ (Itamar Ben Gvir) က “ဒီနေ့ဟာ သမိုင်းဝင်နေ့တစ်နေ့၊ အောင်ပွဲခံရမယ့်နေ့နဲ့ ဂျေရုဆလင်မှာ အုပ်ချုပ်ရေး ယန္တရား ကို ပြန်လည်ဖော်ဆောင်နိုင်တဲ့ အရေးကြီးတဲ့နေ့ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ဒီအကြမ်း ဖက်အားပေးသူတွေ ဒီမှာ လှုပ်ရှားခဲ့ကြတယ်၊ ဒီနေ့မှာတော့ သူတို့ တည်ဆောက်ခဲ့သမျှ အရာအားလုံးနဲ့အတူ သူတို့ကို ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုဖျက်ဆီးမှုကို ရှုတ်ချခဲ့သည်။

“အရှေ့ဂျေရုဆလင် Sheikh Jarrah ရှိ UNRWA အဆောက်အအုံဝင်းကို ဖျက်ဆီးနေတာ တွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အဲဒီဝင်းအပါအဝင် တခြား UNRWA အဆောက်အအုံတွေကို ကုလသမဂ္ဂထံ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ပြန်လည်အပ်နှံဖို့ အထွေထွေအတွင်းရေးမှူးချုပ် က အစ္စရေးအစိုးရကို တိုက်တွန်းပါတယ်” ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ရာမလာ (Ramallah) အခြေစိုက် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကလည်း ဤဖျက်ဆီးမှုကို “နိုင်ငံတကာဥပဒေ စည်းမျဉ်းစည်းကမ်းများအားလုံးကို ပြင်းထန်စွာ ချိုးဖောက်ခြင်း” အဖြစ် ခေါ်ဆိုခဲ့ပြီး ဖျက်ဆီးမှုများကို ရပ်တန့်ရန် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများက အရေးယူ ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့သည်။

အစ္စရေး ဘူဒိုဇာများသည် အရှေ့ဂျေရုဆလင်ရှိ UNRWA ခြံဝင်းကို ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်တွင် ဖြိုချခဲ့သည်။ Mahmoud Illean/AP (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု