နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်

ဥရောပ

ဥရောပ

ကျူးကျော်စစ်ကိုဆင်နွဲနေတဲ့ရုရှားသမတပူတင် ရုရှားကြေးစားတပ်ဖွဲ့ပုန်ကန်မှုကြောင့် ပြာယာခပ်နေပြီ။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားနိုင်ငံသားတွေကို မိန့်ခွန်းပြောလိုက်ပါတယ်။
ယနေ့တွင်၊ ရုရှားသည် နာဇီလက်သစ်များနှင့် ၎င်းတို့၏ အပေါင်းအဖော်များကို တွန်းလှန်ရန် ၎င်း၏အနာဂတ်အတွက် ခက်ခဲသောတိုက်ပွဲကို ဆင်နွှဲနေရသည်။ အနောက်အုပ်စု၏ စစ်ရေး၊ စီးပွားရေးနှင့် သတင်းအချက်အလက် တစ်ခုလုံးသည် ကျွန်ုပ်တို့ကို ဦးတည်တိုက်ခိုက်နေသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ပြည်သူလူထု၏ အသက်နှင့်လုံခြုံရေးအတွက်၊ ကျွန်ုပ်တို့၏အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးတို့အတွက်၊ နှစ်တစ်ထောင်သမိုင်းရှိသော ရုရှားနိုင်ငံအဖြစ် ဆက်လက်တည်ရှိခွင့်ရရန် ကျွန်ုပ်တို့ တိုက်ပွဲဝင်နေပါသည်။ ဤတိုက်ပွဲသည် ကျွန်ုပ်တို့နိုင်ငံ၏ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်ရန်အတွက် အင်အားစုအားလုံး စုစည်းညီညွတ်ကြရန် လိုအပ်သည်။ စည်းလုံးညီညွတ်မှု၊ စုစည်းမှုနှင့် တာဝန်သိစိတ်တို့ လိုအပ်ပြီး၊ ကျွန်ုပ်တို့အား အားနည်းစေသော အရာအားလုံး၊ ကျွန်ုပ်တို့၏ ပြင်ပရန်သူများမှ ကျွန်ုပ်တို့ကို ဖြိုခွဲနိုင်စေမည့် ရန်ပွဲမှန်သမျှကို ဖယ်ရှားပစ်ရပါမည်။ ကျွန်ုပ်တို့ကြုံတွေ့နေရသောအရာသည် အခြေခံအားဖြင့် သစ္စာဖောက်မှုဖြစ်သည်။

မြင့်မားသောရည်မှန်းချက်များနှင့် ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများသည် သစ္စာဖောက်မှုကိုဖြစ်စေခဲ့သည်။ ကျွနု်ပ်တို့နိုင်ငံ ကျွနု်ပ်တို့လူမျိုး၊ ကျွနု်ပ်တို့ရည်မှန်းချက်များကို ဆန့်ကျင်၍ သစ္စာဖောက်မှုဖြစ်သည်။ ဝါဂနာ (Wagner) အဖွဲ့မှ စစ်သားများနှင့် တပ်မှူးများသည်ကျွနု်ပ်တို့အခြားတပ်ဖွဲ့များနှင့် ပခုံးချင်းယှဉ်တိုက်ခိုက်ရင်း သေဆုံးရပြီးနောက် ယခုအခါ ဝါဂနာအဖွဲ့သည် နိုင်ငံတော်ပုန်ကန်မှုဆီသို့ ဦးတည်သွားခဲ့သည်။ ပြည်တွင်းပုန်ကန်မှုမှန်သမျှသည် ကျွန်ုပ်တို့၏ နိုင်ငံတော်နှင့်ကျွန်ုပ်တို့၏ နိုင်ငံအတွက် ကျဆုံးစေလောက်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ ဒါဟာ ရုရှားနဲ့ ကျွန်တော်တို့ ပြည်သူတွေကို ထိုးနှက်ချက်ပဲဖြစ်ပါတယ်။

ဒီခြိမ်းခြောက်မှုမှ အမိနိုင်ငံကို ကာကွယ်ရန် ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များသည် ကြမ်းတမ်းမည်ဖြစ်သည်။ သစ္စာဖောက်လမ်းစဉ်ကို သတိရှိရှိရွေးချယ်ပြီး လက်နက်ကိုင်ပုန်ကန်မှု ကြံစည်ပြီး အကြမ်းဖက်ဝါဒလမ်းစဉ်ကို လျှောက်လှမ်းခဲ့ ကြသူများ အားလုံးသည် မလွဲမသွေ အပြစ်ပေးခံရမည်ဖြစ်ပြီး တရားဥပဒေရှေ့မှောက်တွင် ဖြေကြားကြရမည်ဖြစ်သည်။ တပ်တွင်းပုန်ကန်မှုပြုလုပ်ပြီး ၎င်းတို့၏ရဲဘော်များကို လက်နက်ကိုင်ဆောင်ခဲ့ကြသူများ – ၎င်းတို့သည် ရုရှားကို သစ္စာဖောက်များအဖြစ် စာရင်းသွင်းမည်ဖြစ်သည်။ ဤရာဇဝတ်မှုတွင် ဆွဲဆောင်ခံရသူများအား ဆိုးရွားပြီး ကြေကွဲဖွယ်အမှားတစ်ခု မပြုလုပ်ရန်၊ တစ်ခုတည်းသော မှန်ကန်သောရွေးချယ်မှုကို ပြုလုပ်ပါ- ရာဇဝတ်မှုတွင် ပါဝင်ခြင်းမှ ရပ်တန့်ရန် ကျွန်ုပ်တိုက်တွန်းပါသည်ဟု သမတပူတင်က တိုင်းပြည်သို့ မိန့်ခွန်းပြောကြားခဲ့သည်။

ဝါဂနာအကြီးအကဲ၏ပြောဆိုချက်။
ပရီဂိုဇင် က ဝါဂနာ သည် ရော့စတော့ဗ် (Rostov) ရှိ ရုရှားစစ်ဌာနချုပ်ကို “ ပစ်ခတ်ခြင်းမရှိဘဲ” မှထိန်းချုပ်နိုင်ခဲ့သည်ဟုပြောကြားခဲ့သည်။


ဝါဂနာ အကြီးအကဲ ပရီဂိုဇင် က ဝါဂနာ ကြေးစားစစ်ဘက်ကန်ထရိုက်တာများသည် တောင်ပိုင်း Rostov-on-Don မြို့သို့ ဝင်ရောက်ကာ ပစ်ခတ်မှုမရှိဘဲ တောင်ပိုင်းစစ်ဌာနချုပ်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း စနေနေ့တွင် ပြောကြားခဲ့သည်။

“ပစ်ခတ်မှုမရှိဘဲ ဌာနချုပ်အဆောက်အအုံကို သိမ်းပိုက်လိုက်တယ်။ ကျွန်ုပ်တို့သည် လူတစ်ဦးတစ်ယောက်၏ပုဂ္ဂလိကအလုပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုပါ” ဟု ပရီဂိုဇင်က Telegram ပို့စ်တွင် ပြောကြားခဲ့သည်။


“ တိုင်းပြည်က ငါတို့ကိုဘာလို့ထောက်ခံရတာလဲ။ ဘာဖြစ်လို့လဲ ဆိုတော့ တရားမျှတမှု နဲ့ ချီတက် လို့ ပါ ။ ကျနော်တို့ကို အမြောက်တပ်နဲ့ ရဟတ်ယာဉ်တွေက အစကနေ တိုက်ခိုက်ပြီး တစ်ချက်မှ မပစ်ဘဲ ကျော်သွားတယ်။ စစ်မှုထမ်းတစ်ဦးတယောက်ကိုမျှ မထိခဲ့ပါ။ လမ်းတစ်လျှောက်မှာ လူတစ်ဦးတစ်ယောက်ကိုမှ မသတ်ခဲ့ဘူး” ဟု ပရီဂိုဇင်က ဆက်လက်ပြောသည်။


သို့သော် ရုရှားနိုင်ငံပိုင်မီဒီယာက တောင်ပိုင်းစစ်ခရိုင်ဌာနချုပ်အပြင်ဘက်တွင် သေနတ်သံများနှင့် ပေါက်ကွဲသံများကြားခဲ့ရကြောင်း ဖော်ပြခဲ့သည်။


သိမ်းပိုက်ထားသော ယူကရိန်းတွင် ရုရှားမှ ခန့်အပ်ထားသော အကြီးတန်းအရာရှိ ဗလာဒီမာရော်ဂေါ့က Telegram တွင် “ပေါက်ကွဲသံများနှင့် ပစ်ခတ်သံများ အများစုမှာ မီးရှူးမီးပန်းများ သို့မဟုတ် ပေါက်ကွဲစေတတ်သော အထုပ်များ ဖြစ်နိုင်သည်၊ ၎င်းတို့ ဝါဂနာက အဲဒီမှာရှိနေတဲ့ အရပ်သားတွေကို သူတို့သိမ်းပိုက်ထားတဲ့ အကာအရံဇုန်ထဲကနေ ဘေးကင်းရာအပြင်ကို ထွက်ဖို့လုပ်တာပါပဲ”ဟုဆိုသည်။

ဝါဂနာတပ်ခွဲများသည် အရပ်သားများကို ပိတ်ဆို့ထားသော ဌာနချုပ်မှ ၂ ကီလိုမီတာ (၁.၂ မိုင်ခန့်) အကွာသို့ ပြောင်းရွှေ့ရန် တောင်းဆိုခဲ့ကြောင်း ရော်ဂေါ့ မှ ပြောကြားခဲ့သည်။


Rostov တွင် “ပုန်ကန်မှုကို နှိမ်နင်းရန် လွှဲပြောင်းပေးသည့် ချက်ချင်(Chechen) အထူးတပ်ဖွဲ့များ၏ ပထမဆုံး တပ်ခွဲများကို မြင်တွေ့ခဲ့ရသည်” ဟု Rogov မှ ပြောကြားခဲ့သည်။ ချက်ချင် ယူနစ်များသည် Rostov သို့ရောက်ရှိကြောင်း သီးခြားအတည်ပြုချက်မရှိပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 14 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 55 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 45 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးနှင့် ထရမ့်တို့ မတွေ့ဆုံမီ ရုရှားက ယူကရိန်းကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 76 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၂၇ရက်  (ရိုက်တာ) — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လေးနှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အရေးပါသော တွေ့ဆုံမှု မပြုလုပ်မီ စနေနေ့တွင် ရုရှားက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 120 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ ယနေ့တိုင် ပြင်းထန်နေဆဲဖြစ်သည်။ ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ရုရှားတပ်ဖွဲ့များသည် ယူကရိန်းအရှေ့ပိုင်းရှိ ၎င်းတို့ ထိန်းချုပ်ထားသော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 99 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 116 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းလိုက်ခြင်းကြောင့် ဘီလာရုစ်က အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးလိုက်ခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 103 Views
BBC-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရန် သဘောတူပြီးနောက် ဘီလာရုစ်က ထင်ရှားသော အတိုက်အခံလှုပ်ရှားသူ မာရီယာ ကိုလ်စနီကိုဗာ(Maria Kolesnikova) အပါအဝင် အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးခဲ့သည်။ နိုဘယ်လ်