နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 25 ရက်

ဘောလုံး

ဘောလုံး အားကစား ဥရောပ

၂၀၂၄ မှာ ဘရာဇီးနည်းပြဖြစ်လာမယ့် အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီအနေနဲ့ လာမယ့် ၂၀၂၄ ခုနှစ်မှာ ဘရာဇီးလက်ရွေးစင်နည်းပြဖြစ်လာလိမ့်မယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အက်နယ်ဒို ရိုဒရီဂွက်ဇ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နည်းပြအန်ဆယ်လော့တီ မကိုင်တွယ်ခင်မှာတော့ ဖလူမီးနန့်စ်အသင်းနည်းပြ ဖာနန်ဒိုဒီနစ်ဇ်က ဘရာဇီးအသင်းကို ခေတ္တတာဝန်ယူကိုင်တွယ်သွားမှာဖြစ်တယ်လို့လည်း ရိုဒရီဂွက်ဇ်က ဆိုပါတယ်။ “ အန်ဆယ်လော့တီအနေနဲ့ ဘရာဇီးလက်ရွေးစင်အသင်းကို ၂၀၂၄ မှာ ရောက်ရှိလာပါလိမ့်မယ်။ အဲဒီမတိုင်ခင်တော့ သူနဲ့ နည်းစနစ်ပိုင်းဆင်တူတဲ့ ဒီနစ်ဇ်က တာဝန်ယူသွားမှာပါ။ ဒီနစ်ဇ်က ယာယီနည်းပြတော့မဟုတ်ပါဘူး”လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရိုဒရီဂွက်ဇ်က ထုတ်ဖော်ပြောသွားခဲ့တာပါ။

ဘရာဇီးအသင်းဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး နည်းပြတီတီ ရာထူးက နုတ်ထွက်သွားခဲ့လို့ နည်းပြလက်မဲ့ဖြစ်နေခဲ့ပြီး လက်ရှိဘရာဇီးအသင်းရဲ့ ခြေစမ်းပွဲတွေကိုတော့ ယူ ၂၀ နည်းပြ ရာမွန်မင်နီဇက်စ်က တာဝန်ယူကိုင်တွယ်နေတာဖြစ်ပါတယ်။

အီတလီနည်းပြအန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လာမယ့်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်မှာဖြစ်ပြီး သူဟာ ၁၉၆၅ ခုနှစ်နောက်ပိုင်း ဘရာဇီးအသင်းကို တာဝန်ယူကိုင်တွယ်တဲ့ ပထမဆုံးနိုင်ငံခြားသာနည်းပြဖြစ်လာတော့မှာပါ။ အန်ဆယ်လော့တီအနေနဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုဖလား ၄ ကြိမ်ရယူနိုင်ခဲ့သူဖြစ်ပေမယ့် လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖူးတဲ့အတွေ့အကြုံတော့မရှိပါဘူး။

#Era’sEye/SportNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီသမ္မတနှင့် တွေ့ဆုံဆွေးနွေးရာတွင် အာဏာကို အမြန်ဆုံးလွှဲပြောင်းပေးရန်မာဂျာ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 37 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၇ရက် ဗစ်တာ အော်ဘန် (Viktor Orbán) ၏ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်လိုက်သည့် ပီတာ မာဂျာ(Péter Magyar)နှင့် ၎င်း၏ပါတီသည် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိပြီး
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 73 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကိုအလွန်အကျွံအသုံးပြုနေမှုသည် ပြည်တွင်း၌ရော ပြည်ပမှာပါ ပိုမိုစိန်ခေါ်ခံနေရပြီ ဖြစ်သည်။ ထရမ့်နှင့် သူ၏လက်အောက်ငယ်သားများသည် မိမိကိုယ်မိမိ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 53 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။ လူထုစစ်တမ်းများအရ အတိုက်အခံ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 69 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 122 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့် ဒေါ်လာ ၈၂ သန်းခန့် တန်ဖိုးရှိ ငွေသားနှင့် ရွှေများကို သယ်ဆောင်လာသည့် ယူကရိန်းနိုင်ငံသား