နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 6 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အာရှ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း၏ အချစ်ဇာတ်လမ်းနှင့် လျှို့ဝှက်ဆန်းကြယ်သော ကျဆုံးမှု

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းကို ရာထူးမှ ထုတ်ပယ်မည်ဟု ကြေညာခဲ့သည်။ တရုတ်အစိုးရက သူ့ကို ဘာကြောင့် ထုတ်ပစ်ရသလဲဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်း မရှိပါ။


အခြားတစ်ဖက်တွင်လည်း သူကျဆုံးရသည့်အကြောင်းရင်းမှာ ဟောင်ကောင်အမျိုးသမီး သတင်းထောက်တစ်ဦးနှင့် ဆက်ဆံရေးကြောင့်ဟု ကောလာဟလများ ထွက်ပေါ်နေသော်လည်း အမှန်တရားကား အဘယ်နည်း။

“ချင်ဂန်းရဲ့ လက်တွဲဖော်လို့ ပြောရမယ့် ဖူရှောက်တီယန် (Fu Xiaotian) သည် ၁၉၈၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက် ၄၀ နှစ်ရှိပြီ ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် အင်္ဂလန်၌ သတင်းထောက် ဖြစ်လာပြီး ၂၀၁၂ ခုနှစ်တွင် ဟောင်ကောင်ရှိ Phoenix ရုပ်မြင်သံကြားဌာနကို ၀င်ရောက်ခဲ့သည်။ ၂၀၂၂ ခုနှစ်အထိ “Talk With World Leaders” အစီအစဉ်ကို တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ယင်းအစီအစဉ်တွင် သူမသည် ချင်ဂန်းကိုလည်း တွေ့ဆုံမေးမြန်းခဲ့ဖူးသည်။

ဖူရှောက်တီယန်သည် လက်မထပ်ရသေးသော်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်နိုင်ငံ၌ ကလေး မွေးဖွားခဲ့ပြီး ကလေး၏ဖခင်သည် အမေရိကန်နိုင်ငံသား မဟုတ်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ် ဧပြီလတွင် သူမသည် လေယာဉ်ပေါ်တွင် သူမ၏ ကလေးနှင့်အတူရိုက်ထားသော ဓာတ်ပုံကို Twitter တွင် တင်ခဲ့သည်။ ချင်ဂန်းနှင့် တွေ့ဆုံမေးမြန်းခန်း၏ ဓာတ်ပုံကိုလည်း တွဲတင်ခဲ့သောကြောင့် ကလေး၏ဖခင်မှာ ချင်ဂန်းဖြစ်သည်ဟူသော ကောလာဟလများ ချက်ချင်းပျံ့နှံ့ခဲ့သည်။ ယင်းအချက်က ချင်ဂန်းကျဆုံးရခြင်း၏ အကြောင်းအရင်းများထဲက တစ်ခုဖြစ်သည်ဟု ပြောနိုင်ပါသည်။

တရုတ်အစိုးရသည် ဖူရှောက်တီယန်ကို သူလျှိုတစ်ဦးဖြစ်သည်ဟု ယုံကြည်ကြောင်း ထိုင်ဝမ်မီဒီယာအချို့က ဖော်ပြသည်။
အခြားသော ခွဲခြမ်းစိတ်ဖြာမှုတွင် ချင်ဂန်း၏ ကျဆုံးမှုသည် ယခုတစ်ကြိမ် နိုင်ငံခြားရေးဝန်ကြီးရာထူး ပြန်လည်ရရှိခဲ့သည့် ဝမ်ရီနှင့် အာဏာလွန်ဆွဲမှုကြောင့်ဟုလည်း ရှုမြင်ပါသည်။ ချင်ဂန်းနှင့် ဖူရှောက်တီယန်၏ အရှုပ်တော်ပုံကိုလည်း အာဏာလွန်ဆွဲပွဲများတွင် အသုံးပြုခဲ့ပုံရသည်။

ရှီကျင့်ဖျင်၏ မျက်နှာသာပေးခံရသော ချင်ဂန်းသည် ပုံမှန်မဟုတ်သော အသက်မွေးဝမ်းကြောင်း လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခဲ့သည်ဟု ဆိုသည်။ ထိုသို့သော ချင်ဂန်းအား ဆုံးရှုံးခြင်းနှင့် ဝမ်ရီအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခြင်းသည် တရုတ်နိုင်ငံ၏ သံတမန်ရေးရာအပေါ် မည်သို့ အကျိုးသက်ရောက်မှုရှိမည်နည်း။

ဝမ်ရီ၏ အမေရိကန် ဆန့်ကျင်ရေးအုပ်စုသည် အမေရိကန်နှင့် နီးစပ်သည့် ချင်ဂန်းကို ဝန်ကြီးအဖြစ်က ဖြုတ်ချပြီး နောက်ပိုင်းတွင် အရှိန်တက်လာမည်ကို စိုးရိမ်မှုများ ရှိနေပါသည်။ ဝမ်ရီက နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည့်အခါ “ဝံပုလွေစစ်သည်တော် သံခင်းတမန်ခင်း” (တရုတ်၏ ခြိမ်းခြောက်မှုပါဝင်သည့် ပြင်းထန်သော သံတမန်ပုံစံ) ကို ကျင့်သုံးလာနိုင်ပြီး အမေရိကန်နှင့် အမေရိကန်နှင့်ပူးတွဲလှုပ်ရှားတဲ့ ဂျပန်အပေါ်တွင်လည်း ပိုမိုအားကောင်းလာမည်ဟု ယူဆရသည်။

ဝမ်ရီသည် ဂျပန်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်သူဖြစ်ကာ ၂၀၀၄ ခုနှစ်တွင် ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဂျပန်နိုင်ငံသို့ တာဝန်ပေးအပ်ခြင်းခံရပြီး ဂျပန်နိုင်ငံရေးသမားများနှင့် ဆက်ဆံပြောဆိုကာ ဂျပန်လိုလားသူအုပ်စုအဖြစ် လူသိများသည်။

သို့သော်လည်း တစ်ဖက်တွင်မူ သူသည် သမ္မတရှီကျင့်ဖျင်၏ လှုပ်ရှားမှုတိုင်းကို ဂရုပြုသူဖြစ်ပြီး တစ်ဖက်ပိတ်အဖြစ် လှောင်ပြောင်ခံရသည်။ နိုင်ငံခြားရေး၀န်ကြီးအဖြစ် တာဝန်ယူပြီးကတည်းက တရုတ်၏ ဝံပုလွေစစ်သည်တော် သံခင်းတမန်ခင်းနှင့်အညီ ခိုင်မာသော ရပ်တည်ချက်ဖြင့် ဂျပန်နိုင်ငံကို အဆက်မပြတ် ဝေဖန်ခဲ့သည်။

အထူးသဖြင့် ဖူကူရှီးမား နူကလီးယား ဓာတ်အားပေးစက်ရုံမှ သန့်စင်ထားသော ရေထုတ်လွှတ်မှုပြဿနာတွင်ပင် သိပ္ပံနည်းကျအခြေခံကို လျစ်လျူရှုခဲ့ပြီး ပြင်းထန်သော ဆန့်ကျင်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ဂျပန်နိုင်ငံအနေနှင့် အနာဂတ်တွင် တရုတ်၏ ပိုမိုပြင်းထန်သည့် သဘောထားကို ဆက်လက်ခံယူရလိမ့်မည်ဟု မျှော်လင့်ရသည်။

ရာထူးမှဖြုတ်ချခံခဲ့ရသည့် ချင်ဂန်းသည် ဇွန်လ ၂၅ ရက်ကုန်ပိုင်းတွင် စင်မြင့်မှ ပျောက်ကွယ်သွားခဲ့ပြီး ၎င်းနောက် မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးပေ။ ချင်ဂန်းနှင့် တွဲနေသူဟု ယူဆရသူ ဖူ၏တွစ်တာသည်လည်း ဧပြီလ ၁၁ ရက်နေ့မှစတင်၍ အကြောင်းအရာ အသစ်များကို မတင်တော့ဘဲ ရှိနေသည်။

Flash NEWS “中国外相「美人ジャーナリストと不倫」で失脚の謎…専門家は “戦狼外交” 強化の可能性を示唆” ကို ခေတ်မျက်လုံးမှ ဘာသာပြန်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် ချင်ဂန်းရဲ့ လက်တွဲဖော်ဟု ယူဆနေကြသည့်ဖူတို့အား တွေ့ဆုံမေးမြန်းခန်းပြုလုပ်စဉ် တွေ့ရစဉ်။

ဓာတ်ပုံ။ Talk With World Leaders/EYEPRESS/Newscom/Aflo
ဖူရှောက်တီယန် (Fu Xiaotian) ၏ Twitter စာမျက်နှာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ

NUGရဲ့ ဖြုတ်ထုတ်သတ်လမ်းစဥ်နဲ့ တော်လှန်ရေးအောင်မလား?

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 123 Views
ခေတ်မျက်လုံး အထူးဆောင်းပါး တော်လှန်ရေးအောင်မြင်ဖို့မှာ စစ်အုပ်စုကို တိုက်နေတဲ့အဖွဲ့အစည်းတွေ ကြီးငယ်မ‌ရွေး ညီညွတ်ဖို့လိုသလို ငါတို့ဟာ အင်အားကြီးမားပြီး အလွန်ကောက်ကျစ်တဲ့ ဘုံရန်သူကို တိုက်နေရတယ်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 148 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 259 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 206 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 215 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 227 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 232 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်