နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်

အချက်အလက်များ

အချက်အလက်များ အတွေးအမြင်ကဏ္ဍ အာရှ ဥရောပ

တောင်ကိုးရီးယားတွင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနများ တိုးပွားလာ

တောင်ကိုးရီးယားတွင် သက်ကြီးရွယ်အို လူဦးရေ တိုးလာသည်နှင့်အမျှ သူနာပြုစောင့်ရှောက်ရေးဌာနများ တိုးပွားလာနေပါသည်။


ဇနီးမောင်နှံများအား ကလေးယူရန် တောင်ကိုရီးယားအာဏာပိုင်များ၏ ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘဲ နိုင်ငံအတွင်း ကလေးထိန်းကျောင်းအရေအတွက်သည် နှစ်အနည်းငယ်အတွင်း လေးပုံတစ်ပုံခန့် ကျဆင်းသွားခဲ့သည်။

တောင်ကိုရီးယားအစိုးရ၏ နောက်ဆုံးအချက်အလက်များအရ ကလေးထိန်းကျောင်းအရေအတွက်သည် ၂၀၁၇ ခုနှစ်တွင် ၄၀,၀၀၀ ကျော်ရှိရာမှ ယမန်နှစ်ကုန်ပိုင်းတွင် ၃၀,၉၀၀ ခန့်သို့ ကျဆင်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လူဦးရေများ လျင်မြန်စွာ အသက်ကြီးလာသည်နှင့်အမျှ သက်ကြီးရွယ်အိုများအတွက် အထောက်အကူပစ္စည်းများ အရေအတွက်သည် လျင်မြန်စွာ တိုးများလာသည်။ တောင်ကိုရီးယား ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ အဆိုအရ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး အဆောက်အအုံ အရေအတွက်သည် ၂၀၁၇ ခုနှစ်တွင် ၇၆,၀၀၀ မှ ၂၀၂၂ ခုနှစ်တွင် ၈၉,၆၄၃ သို့ မြင့်တက်လာခဲ့သည်။

သက်ကြီးရွယ်အိုရေးရာအဆောက်အဦများတွင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနများနှင့် အထူးကုဆေးရုံများအပြင် သက်ကြီးရွယ်အိုများက လူမှုရေးဝန်ဆောင်မှုများနှင့် လူမှုဖူလုံးရေးစနစ်များကို သင့်လျော်စွာ အသုံးပြုနိုင်ရန် ကူညီပေးသော လူမှုဖူလုံရေးအဖွဲ့အစည်းများ ပါဝင်သည်။

အခြားတစ်ဖက်တွင် မှတ်ပုံတင်ထားသော ကလေးထိန်းကျောင်းများသည် အများသူငှာဝန်ဆောင်မှုပေးရုံသာမက ပုဂ္ဂလိကကဏ္ဍနှင့် ကုမ္ပဏီများမှ လုပ်ကိုင်ဆောင်ရွက်ပေးသည့် အဆောက်အဦများလည်း ပါဝင်သည်။

ဤပြောင်းလဲမှုသည် တောင်ကိုးရီးယားတွင် ကလေးမွေးဖွားနှုန်း ကျဆင်းမှုနှင့် သက်ကြီးရွယ်အို ပြဿနာကို ကာလရှည်ကြာစွာ မကျော်လွှားနိုင်သေးကြောင်း သက်သေပြနေသည်။ တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် သက်ကြီးရွယ်အိုဖြစ်မှု အမြန်ဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံလည်းဖြစ်သည်။ အာဏာပိုင်များသည် ကလေးများစွာရှိသော စုံတွဲများအတွက် ငွေကြေးမက်လုံးများနှင့် အိမ်ရာထောက်ပံ့မှုများ ကမ်းလှမ်းခဲ့သော်လည်း ကလေးမွေးဖွားနှုန်းသည် ၂၀၁၅ ခုနှစ်မှစ၍ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

ကျွမ်းကျင်သူများက ဤမွေးဖွားနှုန်းနိမ့်ကျမှုသည် ကြမ်းတမ်းသောအလုပ်ယဉ်ကျေးမှု၊ လုပ်ခလစာများ မတိုးမြင့်မှု၊ နေထိုင်မှုစရိတ်စကများ မြင့်တက်လာမှု၊ ကလေးများကို ပြုစုပျိုးထောင်ရာတွင် ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်မှု၊ အိမ်ထောင်ရေးနှင့် ကျားမတန်းတူညီမျှမှုဆိုင်ရာ သဘောထားများ ပြောင်းလဲလာမှုတို့ကြောင်း ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် လူငယ်များကြား စိတ်ပျက်လာမှုများ တိုးပွားလာခြင်းတို့ကြောင့်ဖြစ်သည်ဟု ပညာရှင်များက ဖော်ပြထားပါသည်။

၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းတွင် တောင်ကိုရီးယားအစိုးရသည် ကလေးမွေးဖွားခြင်းကို အားပေးရန် မူဝါဒအစီအမံများ လိုအပ်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် ၁၆ နှစ်အတွင်း လူဦးရေတိုးပွားလာစေရန်အတွက် တောင်ကိုရီးယားသမ္မတယွန်က ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် သုံးစွဲခဲ့ကြောင်း ၀န်ခံခဲ့သည်။

သို့သော် ယခုအချိန်အထိ မည်သည့်ရလဒ်မျှ မရရှိသေးဘဲ ယင်းအချက်က လူမှုဖွဲ့စည်းပုံများနှင့် နေ့စဉ်လူနေမှုဘဝများတွင် သက်ရောက်မှုများကို တဖြည်းဖြည်း ခံစားလာနေရသည်။

တောင်ကိုရီးယား ပညာရေးဝန်ကြီးဌာနကို ကိုးကား၍ တောင်ကိုရီးယား Yonhap သတင်းဌာန၏ ဖော်ပြချက်အရ နိုင်ငံတစ်ဝှမ်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းအများအပြား ကျောင်းနေအရွယ်ကလေးငယ်များ ရှားပါးမှုကြောင့် ပိတ်လိုက်ရကြောင်း သိရသည်။

ဆိုးလ်မြို့တောင်ဘက် Daejeon တွင် ပိတ်ထားသောကျောင်းသည် ဓာတ်ပုံဆရာများနှင့် မြို့ပြရှာဖွေသူများအတွက် ရေပန်းစားသောနေရာတစ်ခုဖြစ်လာသည်။ ကျောင်း၏ဓာတ်ပုံများသည် ကြောက်စရာကောင်းသော၊ လူသူကင်းမဲ့သော စင်္ကြံများနှင့် တောရိုင်းပန်းများဖြင့် ပြည့်နေသော ကျောင်းဝင်းကို ပြသထားသည်။

တစ်ချိန်တည်းတွင် သက်ကြီးရွယ်အိုဦးရေ တိုးလာသည်နှင့်အမျှ သက်ကြီးရွယ်အိုများအတွက် ဝန်ဆောင်မှုများ လိုအပ်ချက်သည် လျင်မြန်စွာ တိုးများလာကာ လိုအပ်ချက်များကို အမီလိုက်နိုင်ရန် တည်ဆောက်ထားသည့်စနစ်များက ရုန်းကန်နေရပါသည်။

တောင်ကိုးရီးယားနိုင်ငံသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (OECD) ၏ အဖွဲ့ဝင်နိုင်ငံများတွင် သက်ကြီးရွယ်အိုများ ဆင်းရဲမွဲတေမှုနှုန်း အမြင့်ဆုံးဖြစ်ပြီး အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၏ ၄၀ ရာခိုင်နှုန်းကျော်သည် OECD ၏ ဆင်းရဲနွမ်းပါးမှုသတ်မှတ်ချက်တွင် နေထိုင်လျက်ရှိသည်။

၂၀၂၁ ခုနှစ် အစီရင်ခံစာတွင် OECD က “ ကိုရီးယား၏ ပင်စင်စနစ်သည် ဖွံ့ဖြိုးတိုးတက်ဆဲဖြစ်ပြီး လက်ရှိ ပင်စင်လက်ခံသူ မျိုးဆက်များအတွက် ပင်စင်ပမာဏမှာ အလွန်နည်းပါသည်´´ ဟု ဖော်ပြထားသည်။

သက်ကြီးရွယ်အိုများအကြား ဆင်းရဲမွဲတေမှုကို ဖြစ်စေသည့် အခြားသော အကြောင်းအရင်းများမှာ ကမ္ဘာ့စီးပွားရေး လမ်းကြောင်းများ၊ မိဘများကို သားသမီးများက ပြုစုစောင့်ရှောက်သည့် လူမှုဘဝစနစ်ဟောင်းများ ပြိုလဲခြင်းနှင့် ငွေကြေးလိုအပ်နေသူများအတွက် အစိုးရ၏ ပံ့ပိုးကူညီမှုက နည်းပါနေခြင်းတို့ ပါဝင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

မကြာသေးမီနှစ်များအတွင်း ဘိုးဘွားရိပ်သာများ တိုးပွားလာခြင်းသည် အဆိုပါပြဿနာအချို့ကို သက်သာစေနိုင်သည်ဟု မျှော်လင့်ရသည်။ သို့သော် နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပင်စင်စနစ်များကို ပံ့ပိုးပေးရန်အတွက် အရေးကြီးသော အလုပ်လုပ်သည့် လူငယ်အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာခြင်းကြောင့် တောင်ကိုရီးယား စီးပွားရေး၏ အနာဂတ်အတွက် ရေရှည်စိုးရိမ်မှုများ ရှိနေသေးသည်။

Source: CNN, Japan / ဓာတ်ပုံ (၁) ခုံတန်းလျားပေါ်တွင်ထိုင်ပြီး စကားစမြည်ပြောနေသည့် သက်ကြီးရွယ်အိုနှစ်ဦး = တောင်ကိုရီးယားမြို့တော် ဆိုးလ် / အန်တိုနီဝေါလက်စ် / အေအက်ဖ်ပီ / Getty Images
ဓာတ်ပုံ (၂)/ ပိတ်ထားသောကျောင်းကွင်းထဲမှာ လမ်းလျှောက်နေသည့် ဓာတ်ပုံဆရာတဦး။ /Ed Jones/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဥရောပ

ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဆီသို့ ဦးတည်နေကြောင်း ပူတင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃) ရက်။ အမေရိကန်နှင့် ဗြိတိန်တို့က ယူကရိန်းအား ရုရှားကို လက်နက်ကြီးဖြင့် တိုက်ခိုက်ရန် ခွင့်ပြုပြီးနောက် ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ
နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင် ဒီမိုကရေစီခေါင်းဆောင် ၄၅ ဦးကို အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 13 Views
++++++++++++++++++ နိုဝင်ဘာလ (၂၀) ရက်။ အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်မှုဖြင့် ဟောင်ကောင်၏ ထင်ရှားကျော်ကြားသော ဒီမိုကရေစီလိုလားသူ ၄၅ ဦးကို ဟောင်ကောင်တရားရုံးက
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်နဲ့ ပူတင်တို့ ဖုန်းပြောဆိုမှုအပေါ် ကရင်မလင်ဘက်က ငြင်းချက်ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 27 Views
ဒေါ်နယ်ထရန့်နဲ့ ပူတင်တို့ ဖုန်းပြောဆိုမှုအပေါ် ကရင်မလင်ဘက်က ငြင်းချက်ထုတ်ပြန် +++++++++++ အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်ဟာ ရွေးကောက်ပွဲကျင်းပပြီး ရက်ပိုင်းအတွင်းမှာပဲ ရုရှားသမ္မတပူတင်နဲ့ ဖုန်းပြောဆို ဆွေးနွေးမှုတချို့လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကရင်မလင်ဘက်က ငြင်းဆိုလိုက်ပါတယ်။ ဝါရှင်တန်ပို့စ်သတင်းစာက အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေါ်နယ်ထရန့်နဲ့
နိုင်ငံတကာသတင်း အာရှ

ထောင်ပေါင်းများစွာသော တရုတ်ကောလိပ်ကျောင်းသားများသည် ညဘက်တွင် စက်ဘီးစီးလာကြသည်။ ထိုလုပ်ဆောင်မှုက တရုတ်အစိုးရကို ထိတ်လန့်စေခဲ့သည်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 26 Views
နိုဝင်ဘာလ (၁၂) ရက်။ ဟောင်ကောင် CNN။ လူငယ်များသည် သူငယ်ချင်းများနှင့် စိတ်လှုပ်ရှားစရာ စွန့်စားခန်းထွက်သည့်အနေဖြင့် ညနေခင်း အေးမြမြ အခြေအနေတွင် ငှားရမ်းစီးနိုင်သည့် စက်ဘီးများဖြင့် အများအပြား စုဝေးလာကြပြီး မိုင် ၃၀ အကွာအဝေးသို့ သူငယ်ချင်းများနှင့်
မြန်မာသတင်း အာရှ

တရုတ်ခရီးစဉ်ထဲ စစ်ခေါင်းဆောင်ရဲ့ ရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်တာကို အသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ NUG ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 31 Views
နိုဝင်ဘာလ (၁၂)ရက်။ တရုတ်ခရီးစဉ်ထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တာကို အသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တရုတ်က ထိပ်သီးအစည်းအဝေးမှာ ပြည်သူ့အာဏာကို မတရားလုယူဖို့ကြိုးစားနေတဲ့
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း ကာကွယ်ရေးကို လွှမ်းမိုးနိုင်စေရန်အတွက် ရုရှားသည် အစုလိုက်အပြုံလိုက် မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်ခြင်းကို အရှိန်မြှင့်လိုက်သည်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 21 Views
နိုဝင်ဘာလ (၁၁) ရက်။ ကိ့ဗ်၊ ယူကရိန်း CNN — ရုရှားစစ်တပ်က ယူကရိန်းမြို့များကို တာဝေးပစ်ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ်နေပြီး မော်စကိုစစ်တပ်သည်အရှေ့ဖက်တွင် ရှေ့တိုးချီတက်လာနေခဲ့သည်။ သမ္မတ ဗလာဒီမာဇလန်းစကီးက လွန်ခဲ့သောဆောင်းဦးကာလက ပစ်ခတ်ခဲ့သော အရေအတွက်ထက်
နိုင်ငံတကာသတင်း ဥရောပ

ထရန့်သမ္မတရာထူး မယူမီ ဗြိတိန်နှင့် ပြင်သစ်တို့ ပိုမိုနီးကပ်စွာ ဆက်သွယ်မှုများ ပြုလုပ်ထားရန် ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာ (Keir Starmer) သည် ပါရီအပစ်အခတ်ရပ်စဲရေး အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 24 Views
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်၊ လန်ဒန်၊ CNN။ ကီရာစတာမာသည် ပြင်သစ်တွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပစ်အခတ်ရပ်စဲရေး အထိမ်းအမှတ်ပွဲကို တနင်္လာနေ့တွင် တက်ရောက်ခဲ့သည့် ပထမဆုံး ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ဒေါ်နယ်ထရန့်၏ သမ္မတသက်တမ်းမတိုင်မီ နှစ်နိုင်ငံအကြား ပိုမိုရင်းနှီးသော
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

သမ္မတပူတင်က ထရန့်အနိုင်ရသည့်အတွက် ချီးကျူးဂုဏ်ပြုပြီး စကားပြောချင်တယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 25 Views
နိုဝင်ဘာလ (၈) ရက်။ ကြာသပတေးနေ့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်း၏အနိုင်ရရှိမှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပြီး ရွေးကောက်ခံသမ္မတနှင့် စကားပြောဆိုရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ “အမေရိကန်သမ္မတရာထူးအတွက် သူ (ဒေါ်နယ်ထရန့်) ကို ဒီနေရာကနေ ဂုဏ်ပြုစကား ပြောလိုပါတယ်။ အမေရိကန်ပြည်သူတွေ