နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်

အာရှ

အာရှ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန် သမတပူတင်နှင့်တွေ့ဆုံရန် ပြုံယမ်းဘူတာမှ ထွက်ခွာ။

စက်တင်ဘာလ (၁၀) ရက်နေ့က မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအွန်သည် ၎င်း၏ သံချပ်ကာ သီးသန့်ရထားဖြင့် မြောက်ကိုရီးယားမြို့တော်မှ ထွက်ခွာသွားပြီဟု မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး ပြုံယမ်းနှင့် မော်စကိုတို့သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မကြာမီ တွေ့ဆုံမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ မြောက်ကိုရီးယား သတင်းအေဂျင်စီက ထုတ်ပြန်သည့်ဓါတ်ပုံများတွင် ကင်မ်သည် ပြုံယမ်းဘူတာရုံ၌ အရာရှိများ ဝန်းရံထားသည့် ကော်ဇောနီခင်းထားသည့်လမ်းမှ အစိမ်းရောင်ရထားပေါ်သို့ တက်နေသည်ကို မြင်တွေ့ရပါသည်။ နောက်ခံတွင် အလံများ ဝှေ့ယမ်းကာ ဝိုင်းကြည့်နေသော လူအုပ်ကြီးကို မြင်တွေ့နိုင်သည်။


ရုရှားနိုင်ငံ အရှေ့ဘက်စွန်းရှိ ဗလာဒီဗော့စတော့ (Vladivostok) မြို့တွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲတွင် ခေါင်းဆောင်နှစ်ဦးသည် လက်နက်သဘောတူညီချက်ကို ပြုလုပ်နိုင်သည်ဟု အမေရိကန်က သတိပေးမှုများ ပြုလုပ်နေစဉ် ဤသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန် လက်နက်တင်သွင်းသူအသစ်များကို ရှာဖွေရန် ရုရှား၏ ကြိုးပမ်းမှု တစိတ်တပိုင်းအနေဖြင့် ယင်းကဲ့သို့ တွေ့ဆုံမှုမျိုး ပြုလုပ်နိုင်သည်ဟု အမေရိကန်အစိုးရက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။


မည်သည့်နိုင်ငံကမှ လာရောက်လည်ပတ်မည့်အချိန် သို့မဟုတ် မည်သည့်နေရာသို့ လာရောက်မည်ကိုလည်းကောင်း၊ အလားအလာရှိသော လူချင်းတွေ့ဆုံမည့် အစီအစဉ်တွင် မည်သည့်အရာဖြစ်မည်ကို မည်သည့်နိုင်ငံကမှ ဖော်ပြထားခြင်းမရှိပေ။ ကင်မ်ဂျုံအွန်းသည် လာမည့်ရက်ပိုင်းအတွင်း ရုရှားနိုင်ငံသို့ တရားဝင်အလည်အပတ် လာရောက်မည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ကရင်မလင်နန်းတော်က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက နှစ်နိုင်ငံခေါင်းဆောင်တို့ “တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြား Russia 24 ၏တင်ပြချက်အရ ပူတင်သည် တနင်္လာနေ့တွင် ဗလာဒီဗော့စတော့မြို့သို့ ရောက်ရှိလာခဲ့ကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြား Russia 24 တွင် ဖော်ပြခဲ့သည်။ ထိုမြို့သည် ကင်မ်နှင့် ပူတင်တို့ ၂၀၁၉ ခုနှစ် ဧပြီလတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့်နေရာ ဖြစ်သည်။ ကင်မ်သည် ပါတီအကြီးတန်းအရာရှိများအပြင် အစိုးရအဖွဲ့ဝင်များနှင့် လက်နက်ကိုင်တပ်ဖွဲ့များပါ လိုက်ပါသွားကြောင်း KCNA က ဖော်ပြသည်။


ကင်မ်အတွက် ရှားရှားပါးပါး ခရီးစဉ်။

ယခုခရီးစဉ်သည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် ကင်မ်၏ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ၎င်း၏နယ်နိမိတ်များကို ပိတ်ထားခြင်းကြောင့် မြောက်ကိုရီးယားသည် ခရီးသွားလာခွင့်ကန့်သတ်ချက်များကို မကြာသေးမီကမှ စတင် ဖြေလျှော့ပေးခဲ့သည်။

၎င်းသည် ၂၀၁၁ ခုနှစ်တွင် အာဏာရလာပြီးနောက် ကင်မ်ဂျုံအွန်၏ ၁၀ ကြိမ်မြောက် ခရီးစဉ်လည်း ဖြစ်သည်။ မြောက်ကိုရီးယားခေါင်းဆောင်သည် ၎င်း၏နျူကလီးယားလက်နက်နှင့် ဒုံးကျည်အစီအစဉ်များနှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းမှုတွင် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များအတွင်း အမေရိကန်သမတ ဒေါ်နယ်ထရန့်နှင့် (၃) ကြိမ် တွေ့ဆုံခဲ့သည်။ စင်ကာပူတွင် တစ်ကြိမ်၊ ဟနွိုင်းတွင် တစ်ကြိမ်နှင့် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားကို ပိုင်းခြားထားသော စစ်မဲ့ဇုန် (DMZ) တွင် တစ်ကြိမ်တွေ့ခဲ့ခြင်းဖြစ်သည်။


ကင်ဂျုံအွန်သည် အဆိုပါနှစ်နှစ်အတွင်း တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် တရုတ်နိုင်ငံသို့ လေးကြိမ်သွားရောက်ခဲ့သည်။ ကျန်ခရီးစဉ်မှာ ၂၀၁၈ ခုနှစ်တွင် တောင်ကိုးရီးယားသမ္မတ Moon Jae-in နှင့် တွေ့ဆုံရန် DMZ သို့ သွားရောက်ခဲ့သည်။ ဗလာဒီဗော့စတော့ သည် မြောက်ကိုရီးယားနယ်စပ်မှ ၁၃၀ ကီလိုမီတာ (မိုင် ၈၀) အကွာတွင် တည်ရှိသည်။ မြောက်ကိုရီးယားခေါင်းဆောင်သည် ၎င်း၏ဖခင်ဖြစ်သူကဲ့သို့ အကြီးစားသံချပ်ကာရထားဖြင့် ခရီးသွားခြင်းကို နှစ်သက်သည်ဟု ဆိုသော်လည်း ရထားလမ်းခရီးသည် ၎င်း၏ နိုင်ငံရပ်ခြား ခရီးစဉ်များ၏ ထက်ဝက်ခန့်သာရှိကြောင်း သိရသည်။

ဤခရီးစဉ် ကိုးခုအနက် သုံးခုကို လေယာဉ်ဖြင့်သွားရောက်ခဲ့ပြီး တောင်နှင့်မြောက်နှစ်နိုင်ငံ စစ်မဲ့ဇုံ (DMZ) သို့နှစ်ကြိမ်စလုံးကို ကားဖြင့်သွားခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုးဂူ (Sergei Shoigu) သည်လည်း အမြောက်ကျည်များရောင်းချရန် စည်းရုံးသိမ်းသွင်းရန် ကြိုးပမ်းမှုဖြင့် ပြုံယမ်းသို့ ဇူလိုင်လတွင် သွားရောက်ခဲ့သည်။
ဝါရှင်တန်၏သတိပေးချက်။

ပြီးခဲ့သည့်အင်္ဂါနေ့တွင် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ဆူလီဗန် (Jake Sullivan) က မြောက်ကိုရီးယားသည် ရုရှားနှင့် လက်နက်အရောင်းအဝယ်သဘောတူညီချက်ကို ပြုလုပ်ပါက ယင်းဖြစ်နိုင်ချေရှိသော အကျိုးဆက်များကို အသေးစိတ် ဖော်ပြခြင်းမရှိသော်လည်း မြောက်ကိုရီးယားက ၎င်းလုပ်ဆောင်မှုအတွက် “ပေးဆပ်ရမည်” ဟု သတိပေးခဲ့သည်။ မြောက်ကိုရီးယားသည် ပြုံယမ်း၏ အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေသည့်လက်နက် အစီအစဉ်အတွက် ကုလသမဂ္ဂနှင့် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှု အောက်တွင် ရှိနေပြီဖြစ်သည်။ အလားအလာရှိသော ပူတင်နှင့် ကင်တို့ တွေ့ဆုံမှုသည် ပြုံယမ်း၏ လက်နက်အမျိုးအစားကို အဆင့်မှီထုတ်လုပ်ရန် အတွက်ကို ဦးတည်သွားစေနိုင်ပြီး အထူးသဖြင့် ၎င်း၏နျူကလီးယားပစ်လွှတ်နိုင်သော ပဲ့ထိန်းဒုံးကျည် အစီအစဉ်အတွက် ဆယ်စုနှစ် နှစ်ခုကြာ ပိတ်ဆို့အရေးယူမှု ပိတ်ပင်ထားသည်။


ယူကရိန်းမှာ တစ်နှစ်ခွဲကျော်ကြာ စစ်ပွဲနေရပြီးနောက် ရုရှားစစ်တပ်သည် စုတ်ပြတ်သတ်နေပြီး ရိက္ခာတွေ လက်နက်ခဲယမ်းတွေ အများအပြား လိုအပ်နေတာလည်း ဖြစ်သည်။ တနင်္လာနေ့တွင် ရုရှားနှင့်မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးမှ ကြေညာချက်ထုတ်ပြန်ပြီးနောက် အိမ်ဖြူတော်က မြောက်ကိုရီးယားအား ရုရှားအား လက်နက်များ မရောင်းချရန် တိုက်တွန်းခဲ့သည်။ “လူသိရှင်ကြား သတိပေးထားတဲ့အတိုင်း ကင်ဂျုံအွန်းရဲ့ ရုရှားနိုင်ငံ ခရီးစဉ်အတွင်း ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား လက်နက်ကိစ္စ ဆွေးနွေးမှုတွေ ဆက်ဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အင်ဒရိမ်နီ ဝက်ဆန် (Adrienne Watson) က ရုရှားနှင့် မြောက်ကိုရီးယားတို့၏ ကြေညာချက်ကို တုံ့ပြန်သည့်အနေဖြင့် ပြောကြားခဲ့သည်။


“ပြုံယမ်းက ရုရှားကို လက်နက်ရောင်းချခြင်းသို့မဟုတ် ပေးကမ်းခြင်း မပြုရန် ပြုံယမ်းက ချမှတ်ထားသည့် အများသူငှာရှေ့တွင် ပေးထားသည့် ကတိကဝတ်များကို လိုက်နာရန် နိုင်ငံအား ကြေညာချက်တွင် တိုက်တွန်းထားသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ရုရှားနိုင်ငံသို့ မြောက်ကိုရီးယား လက်နက်ရောင်းချမှု သတင်းများ ထွက်ပေါ်လာပြီးနောက်တွင် မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက “ ရုရှားသို့ ယခင်က လက်နက်များ သို့မဟုတ် ခဲယမ်းများ မတင်ပို့ခဲ့ဖူးကြောင်း၊ ၎င်းတို့ကို တင်ပို့ရန် အစီအစဉ် မရှိကြောင်း” ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင် ဒီမိုကရေစီခေါင်းဆောင် ၄၅ ဦးကို အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 14 Views
++++++++++++++++++ နိုဝင်ဘာလ (၂၀) ရက်။ အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်မှုဖြင့် ဟောင်ကောင်၏ ထင်ရှားကျော်ကြားသော ဒီမိုကရေစီလိုလားသူ ၄၅ ဦးကို ဟောင်ကောင်တရားရုံးက
နိုင်ငံတကာသတင်း အာရှ

ထောင်ပေါင်းများစွာသော တရုတ်ကောလိပ်ကျောင်းသားများသည် ညဘက်တွင် စက်ဘီးစီးလာကြသည်။ ထိုလုပ်ဆောင်မှုက တရုတ်အစိုးရကို ထိတ်လန့်စေခဲ့သည်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 27 Views
နိုဝင်ဘာလ (၁၂) ရက်။ ဟောင်ကောင် CNN။ လူငယ်များသည် သူငယ်ချင်းများနှင့် စိတ်လှုပ်ရှားစရာ စွန့်စားခန်းထွက်သည့်အနေဖြင့် ညနေခင်း အေးမြမြ အခြေအနေတွင်
မြန်မာသတင်း အာရှ

တရုတ်ခရီးစဉ်ထဲ စစ်ခေါင်းဆောင်ရဲ့ ရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်တာကို အသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ NUG ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 32 Views
နိုဝင်ဘာလ (၁၂)ရက်။ တရုတ်ခရီးစဉ်ထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တာကို အသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တရုတ်က ထိပ်သီးအစည်းအဝေးမှာ ပြည်သူ့အာဏာကို မတရားလုယူဖို့ကြိုးစားနေတဲ့
မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

မြန်မာပြည်တွင်း စားနပ်ရိက္ခာ ဖူလုံတာသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ဖို့ ကြိုး‌ပမ်းနေတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 28 Views
နိုဝင်ဘာလ (၇)ရက်။ မြန်မာပြည်တွင်း စားနပ်ရိက္ခာ ဖူလုံတာသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နံနက်ပိုင်းကပြုလုပ်တဲ့ မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ ကူမသ်းမြို့မှာပြုလုပ်တဲ့ (၈)ကြိမ်‌မြောက် မဟာမဲခေါင်ဒေသခွဲ
မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်ရောက် စစ်ခေါင်းဆောင်က လာအိုနဲ့ ကမ္ဘောဒီယား ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲလုပ်မယ့်အကြောင်း ပြောဆိုခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 30 Views
နိုဝင်ဘာလ (၇)ရက်။ မနေ့က တရုတ်နိုင်ငံ၊ ကူးမင်းမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာအိုနဲ့ ကမ္ဘောဒီးယားတို့က ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို
နိုင်ငံတကာသတင်း အာရှ

တရုတ်လေတပ်သည် အမေရိကန်လေတပ်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကိုယ်ပျောက်တိုက်လေယာဉ်သစ်ကို ထုတ်ဖော်ပြသ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 25 Views
နိုဝင်ဘာလ (၅) ရက်/ဟောင်ကောင် (CNN)။ တရုတ်စစ်တပ်သည် လေတပ်၏ J-35A ကိုယ်ပျောက်တိုက်လေယာဉ်အသစ်၏ ရုပ်သံကို ထုတ်ပြခဲ့ပြီး လာမည့်သီတင်းပတ်တွင် ကျင်းပမည့် Guangdong ခရိုင်၊ Zhuhai မြို့တွင် ပထမဆုံးအကြိမ် ပြသမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ J35A
နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံသည် ၎င်း၏ ရေတပ်စွမ်းအားကို မြှင့်တင်ရန် ကြိုးပမ်းနေစဉ် လျှို့ဝှက်ဆန်းကြယ်သော သင်္ဘောကို တည်ဆောက်နေကြောင်း ဂြိုလ်တုဓာတ်ပုံများက ဖော်ပြနေသည်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 28 Views
အောက်တိုဘာလ (၂) ရက်၊ ဟောင်ကောင် (CNN)။တရုတ်သည် လေယာဉ်တင်သင်္ဘော အမျိုးအစားသစ်ကို တည်ဆောက်နေပုံရသည်။ ကျွမ်းကျင်သူများက မကြုံစဖူး စွမ်းအားမြင့်တက်လာနိုင်ဖွယ်ရှိသည့် ဤသင်္ဘောသည် နိုင်ငံ၏ ရေတပ်တည်ဆောက်မှုကို အရှိန်အဟုန်ဖြင့် တွန်းအားပေးနိုင်သည်။အမေရိကန်ကုမ္ပဏီ Planet Labs မှ ရိုက်ကူးထားသော
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

မြောက်ကိုရီးယား ပျံသန်းချိန် အကြာဆုံး ဒုံးကျည်ပစ်လွှတ်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 33 Views
တိုကျိုနှင့် ဆိုးလ်CNN — အောက်တိုဘာလ ၃၁ ရက် ကြာသပတေးနေ့ မနက်ပိုင်းက တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောကြားခဲ့ပါသည်။ ဤစမ်းသပ်မှုသည် မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်မှုတွင် ပျံသန်းချိန် အကြာဆုံးဟု ယူဆရပါသည်။ အဆိုပါ စမ်းသပ်မှုသည်