နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

အချက်အလက်များ

အချက်အလက်များ အာရှ

တရုတ်နိုင်ငံတွင် ၃ နှစ်ကျော် ထိန်းသိမ်းခံထားရသော သြစတြေးလျ သတင်းထောက် ချန်လေ (Cheng Lei ) အား တရုတ်အာဏာပိုင်များက ပြန်လွှတ်

ပြည်ပနိုင်ငံသို့ တရုတ်နိုင်ငံ၏ လျှို့ဝှက်သတင်းအချက်အလက်များ ပေးဆောင်သည်ဟု သံသယနှင့် တရုတ်နိုင်ငံတွင် ၃ နှစ်ကျော် ထိန်းသိမ်းခံထားရသော သြစတြေးလျ သတင်းထောက် ချန်အား တရုတ်အာဏာပိုင်များက ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းနှင့် အောက်တိုဘာလ (၁၁) ရက်နေ့တွင် ဩစတေးလျနိုင်ငံသို့ ပြန်ရောက်မည်ဖြစ်ကြောင်း ဩစတေးလျဝန်ကြီးချုပ် အယ်လ်ဘာနီစ်က အောက်တိုဘာ (၁၁) ရက်နေ့တွင် ပြောကြားခဲ့သည်။


ယနေ့ အောက်တိုဘာ (၁၁) ရက်နေ့တွင် ချန်သည် မဲလ်ဘုန်းမြို့သို့ ပြန်လည်ရောက်ရှိလာပြီး ကလေးနှစ်ဦးအပါအဝင် မိသားစုနှင့် ပြန်လည်ဆုံတွေ့ခဲ့သည်။

ချန်၏ရုံးချိန်းကို ၂၀၂၂ ခုနှစ်၊ မတ်လတွင် တံခါးပိတ် ပြုလုပ်ခဲ့သည်။ ဝန်ကြီးချုပ်အယ်လ်ဘာနီစ်၏ အဆိုအရ တရုတ်နိုင်ငံတွင် တရားစီရင်မှု ပြီးဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ်သည် ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်မည်ဟုလည်း ခန့်မှန်းထားသည်။

ချန်သည် အသက် ၄၈ နှစ် ရှိပြီဖြစ်သည်။ သူသည် တရုတ်နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနမှ စီးပွားရေး အစီအစဉ်တစ်ခုအတွက် သတင်းတင်ဆက်သူတစ်ဦးဖြစ်သော်လည်း နိုင်ငံခြားတိုင်းပြည်သို့ လျှို့ဝှက်သတင်းများ ပေးပို့သည်ဟု သံသယဖြင့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် ဖမ်းဆီးခံခဲ့ရသည်။

ချန်အား ဖမ်းဆီးထိန်းသိမ်းမှုနှင့်ပတ်သက်၍ သြစတြေးလျအစိုးရက စိုးရိမ်ကြောင်း အကြိမ်ကြိမ်ဖော်ပြခဲ့သည်။ အထိန်းသိမ်းခံရချိန်တွင် သြစတြေးလျ-တရုတ် ဆက်ဆံရေး ယိုယွင်းလာကာ တရုတ်သည် သြစတြေးလျမှ သွင်းကုန်များကို ကန့်သတ်မှုများ တိုးချဲ့လာခဲ့သော်လည်း နောက်ပိုင်းတွင် နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။

Photo: သြစတြေးလျသတင်းထောက်ချန်လေ (Cheng Lei )/Thomoson Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

တရုတ်သွင်းကုန်တွေကို အမေရိကန်အစိုးရက အခွန်တိုးမြှင့်ကောက်ခံဖို့ဆုံးဖြတ်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
++++++++++++++++++ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက်စက်မှုလုပ်ငန်းတွေကို အကာအကွယ်ယူဖို့အတွက်အတွက် အမေရိကန်အစိုးရဟာ EV ကားတွေအပေါ် 100 ရာခိုင်နှုန်း အခွန်ကောက်ခံခြင်းအပါအဝင် တရုတ်စက်မှုသွင်းကုန်တွေကို အခွန်တင်းကြပ်လိုက်ပါတယ်။
နိုင်ငံတကာသတင်း အာရှ

အာဖရိကကိုအတွက် ဒေါ်လာ ဘီလျံ ၅၀ ကျော် မတည်ပေးမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်ကတိပြု

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 29 Views
++++++++++++++++++++++++++++ အာဖရိကတိုက်ကို ရန်ပုံငွေသစ်အဖြစ် ဒေါ်လာ 50 ဘီလျံကျော် ထောက်ပံ့ပေးသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ကတိပြုပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ 5 ရက်နေ့က
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့ တွေ့ဆုံဆွေးနွေး

  • 2024 ခုနှစ်၊ ဩဂုတ်လ 28 ရက်
  • 37 Views
ဩဂုတ်လ (၂၈) ရက်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့ မနေ့က ဩဂုတ်လ ၂၇ ရက်နေ့က ပေကျင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဆန်ဖရန်စစ္စကိုမြို့မှာ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ရရှိခဲ့တဲ့
နိုင်ငံတကာသတင်း အာရှ

တရုတ်လေယာဉ် ပိုင်နက်ကျူးကျော်မှုသည် အချုပ်အခြာအာဏာကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်ဟု ဂျပန်ပြော

  • 2024 ခုနှစ်၊ ဩဂုတ်လ 28 ရက်
  • 22 Views
+++++++++++++++++++++++++++++++++++++++++++++++++ သြဂုတ်လ (၂၇) ရက်။ “ ဂျပန်နိုင်ငံရဲ့ ဝေဟင်ပိုင်နက်အတွင်းကို တရုတ်စစ်ထောက်လှမ်းရေးလေယာဉ် ကျူးကျော်ဝင်ရောက်မှုဟာ ဂျပန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဆိုးရွားစွာ ချိုးဖောက်တာ ဖြစ်တယ်။ ဒါတင်မကဘဲ လုံခြုံရေးကိုပါ ခြိမ်းခြောက်တာဖြစ်လို့ လုံးဝလက်မခံနိုင်ပါဘူး” လို့ ဂျပန်အစိုးရ
ဆောင်းပါးများ နိုင်ငံတကာသတင်း အာရှ

ထိုင်းနိုင်ငံက အကျင့်ပျက် ဗုဒ္ဓဘာသာဘုန်းကြီးဆိုးများ

  • 2024 ခုနှစ်၊ ဩဂုတ်လ 27 ရက်
  • 44 Views
သတင်းဆောင်းပါး ABC ဗီဒီယိုသတင်းက နိုင်ငံခြားသတင်းထောက် Foreign Correspondent- Lauren Day က တင်ပြခဲ့တဲ့ Sex, drugs, money and murder in Thailand’s Monkhood-ထိုင်းသံဃာများအကြား လိင်ဆက်ဆံမှု၊ မူးယစ်ဆေးဝါး၊
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားနိုင်ငံ Bucheon မြို့ရှိ ဟိုတယ်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၇ ဦးသေဆုံး

  • 2024 ခုနှစ်၊ ဩဂုတ်လ 23 ရက်
  • 21 Views
သြဂုတ် ၂၃ ရက်။ ဩဂုတ် ၂၂ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Bucheon မြို့မှာရှိတဲ့ (၉) ထပ်တိုက် ဟိုတယ်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၇ ဦး သေဆုံးပြီး ၁၁
မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်အကျိုးစီးပွားကို ထိခိုက်စေမယ့် ကိစ္စရပ်တွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

  • 2024 ခုနှစ်၊ ဩဂုတ်လ 22 ရက်
  • 30 Views
ဩဂုတ်လ (၂၂)ရက်။ တရုတ်နိုင်ငံ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမယ့် ကိစ္စရပ်တွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်သံအမတ်သစ် Ms. Ma Jia နဲ့တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ တရုတ်သံရုံးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြန်မာ-တရုတ် နယ်စပ်ဒေသ
နိုင်ငံတကာသတင်း အာရှ

မတော်တဆမှုများနှင့် တိုင်ကြားမှုများ တိုးလာနေသည့်အတွက် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ လျှပ်စစ်စကူတာများကို လုံးဝပိတ်ပင်

  • 2024 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 38 Views
သြဂုတ်လ (၁၆) ရက်၊ CNN။ သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်း ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့က လျှပ်စစ်စကူတာများကို လုံးဝပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့သည်။ လျှပ်စစ်စကူတာများသည် ထိရောက်ပြီး ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခုအနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အဓိကမြို့ကြီးများတွင် ရေပန်းစားလာသော်လည်း မတော်တဆမှုများနှင့် တိုင်ကြားမှုများကြောင့်