နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်

လက်တင်အမေရိက

လက်တင်အမေရိက အချက်အလက်များ အရှေ့အလယ်ပိုင်း

ဂါဇာတောင်ပိုင်း အပစ်အခတ်ရပ်စဲဖို့ ၃ နိူင်ငံ သဘောတူခဲ့တယ်လို့ အီဂျစ်ရဲ့ ပြောဆိုချက်ကို အစ္စရေးနဲ့ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့က ငြင်းဆို။

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာ အပစ်အခတ်ရပ်စဲဖို့ အီဂျစ်၊ အစ္စရေးနဲ့ အမေရိကန်တို့ သဘောတူညီခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး အီဂျစ်ရဲ့ ပြောဆိုချက်ကို အစ္စရေးနဲ့ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့က အောက်တိုဘာလ (၁၆) ရက်နေ့က ငြင်းဆိုလိုက်ပါတယ်။


ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမှာရှိတဲ့ အီဂျစ်နဲ့ နယ်နိမိတ်ဖြတ်ကျော်တဲ့ စစ်ဆေးရေးဂိတ်ကနေ နိုင်ငံခြားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေကို ထွက်ခွာခွင့်ပြုဖို့နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ယူဆောင်လာရာမှာ အစ္စရေးဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူးလို့ အီဂျစ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ရာဖာစစ်ဆေးရေးဂိတ်ကို တရားဝင်ပိတ်ထားခြင်းမရှိပေမယ့် ဂါဇာကမ်းမြောင်ဘက်ခြမ်းတွင် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်နေတာကြောင့် အဲ့ဒီဂိတ်ကို အသုံးမပြုနိုင်ဘူးလို့ ဆိုပါတယ်။


ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို သက်သာစေရန် အရေးတကြီး လိုအပ်နေကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များအား ပြောကြားခဲ့သော်လည်း အစ္စရေးနဲ့ ဆွေးနွေးတာတွေ မရှိသေးဘူးလို့ ဆိုပါတယ်။။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ ပြန်စဖို့ မျှော်လင့်ထားကြောင်း အောက်တိုဘာလ (၁၅) ရက်နေ့က ကြေညာခဲ့ပါတယ်။


အစောပိုင်းမှာ အီဂျစ်၊ အစ္စရေးနဲ့ အမေရိကန်တို့ ဂါဇာတောင်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပြီး ရာဖာစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်မှာဖြစ်ကြောင်း အီဂျစ်လုံခြုံရေးသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်ထိမှာတော့ ဘယ်သူမှ ဖြတ်သန်းသွားလာခွင့် မရသေးဘူးလို့ ဒေသသတင်းရင်းမြစ်တွေက ပြပါတယ်။


ဓာတ်ပုံ/ရာဖာစစ်ဆေးရေးဂိတ်တွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ တင်ဆောင်ထားသည့် ထရပ်ကားများကို တွေ့ရစဉ်/(Reuters)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

၂၀၂၃ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂက်စ် မိုဟာမက်ဒီကို အီရန်တွင် ဖမ်းဆီး၊ ထောက်ခံသူများက ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 24 Views
BBC- ၂၀၂၅ခုနှစ်ဒီဇင်ဘာလ ၁၃ရက် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ နာဂက်စ် မိုဟာမက်ဒီ ကို “ အကြမ်းဖက်စွာ
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာနှင့် အနောက်ဖက်ကမ်း (Gaza-West Bank)

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 66 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊၂၈ရက် အနောက်ဖက်ကမ်း၊ ဂျန်နင်မြို့တွင် လက်နက်ချသူနှစ်ဦးကို ပစ်သတ်မှုနှင့်ပတ်သက်၍ အစ္စရေးစစ်ဘက် စုံစမ်းစစ်ဆေးမည် အစ္စရေးအာဏာပိုင်များသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်းဒေသ၌ လက်နက်ချအညံ့ခံသည့် ပုံပေါက်နေသော လူနှစ်ဦးကို စစ်သားများက ပစ်သတ်ခဲ့သည့် ဖြစ်ရပ်အား စစ်ဆေးသုံးသပ်လျက်ရှိသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာနှင့် အနောက်ဘက်ကမ်းဒေသ နောက်ဆုံးရ သတင်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 73 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက် လက်ရှိအချိန်သည် အမေရိကန်ကြားဝင်စေ့စပ်မှုဖြင့် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ချုပ်ဆိုထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ပထမအဆင့် ပြီးဆုံးလုနီးပါး အခြေအနေတွင် ရှိနေပြီး၊ လတ်တလော အဓိက ဖြစ်ပေါ်တိုးတက်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၁။
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

နေတန်ယာဟုက မြင့်တက်လာသော အစွန်းရောက် အကြမ်းဖက်မှုဖြစ်လာမှုများအတွက် အစည်းအဝေး ခေါ်ယူနေချိန်တွင် အနောက်ဖက်ကမ်းရှိ ကားဂိုဒေါင်ဟောင်းကို အစ္စရေးအခြေချနေထိုင်သူများက မီးရှို့တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 81 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် ဂျေရုဆလင် —အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အစ္စရေးအခြေချနေထိုင်သူများ၏ အကြမ်းဖက် လုပ်ဆောင်မှုများအပေါ် လုံခြုံရေးအစည်းအဝေးတစ်ခု ကျင်းပနေချိန်တွင် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) ဒေသ၌ အစ္စရေးအခြေချနေထိုင်သူများသည် ပါလက်စတိုင်းသားများ၏ ကားများကို မီးရှို့ဖျက်ဆီးခဲ့သည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက အမေရိကန်

အမေရိကန်နှင့် ဗင်နီဇွဲလား ပဋိပက္ခနှင့် ထရမ့်၏ စီမံကိန်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 65 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် လက်ရှိ အမေရိကန်ပြည်ထောင်စုနှင့် ဗင်နီဇွဲလားနိုင်ငံတို့အကြား တင်းမာမှုများ မြင့်တက် နေပြီး အဓိကအားဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှင့် ဗင်နီဇွဲလားအစိုးရ အပြောင်းအလဲ တို့နှင့် ဆက်နွှယ်နေပါသည်။ အမေရိကန်နှင့် ဗင်နီဇွဲလားအကြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးအခြေချနေထိုင်သူ ဒါဇင်များစွာက အနောက်ဘက်ကမ်းတွင် မီးရှို့တိုက်ခိုက်မှု စတင်ပြုလုပ်၊ ပါလက်စတိုင်းများအား တိုက်ခိုက်မှုများ မြင့်တက်လာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 87 Views
CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) ရှိ စိုက်ပျိုးရေးနယ်မြေတစ်ခု၌ အစ္စရေးအခြေချနေထိုင်သူ ဒါဇင်များစွာသည် အင်္ဂါနေ့ညနေပိုင်းတွင် မီးရှို့တိုက်ခိုက်မှု တစ်ခုကို စတင်ပြုလုပ်ခဲ့ကြောင်း ထိုဒေသရှိ ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူများက
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက အမေရိကန်

ဗင်နီဇွဲလားက အမေရိကန်၏ အကြီးဆုံး စစ်သင်္ဘော ရောက်ရှိလာချိန်တွင် စစ်တပ်၏ ‘လှုပ်ရှားမှုကိုကြီးမားသည့်အတိုင်းအတာဖြင့်တပ်လှန့်’ ထားကြောင်းကို ကြေညာခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 70 Views
CNN- ၂၀၂၅ခုနှစ်၊  နိုဝင်ဘာလ ၁၃ရက် ဗင်နီဇွဲလားနိုင်ငံက ကာရစ်ဘီယန်ပင်လယ်အတွင်း အမေရိကန် စစ်သင်္ဘောများနှင့် တပ်ဖွဲ့ဝင်များ တိုးချဲ့ချထားမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် စစ်ဘက်ဆိုင်ရာ အင်အား၊ လက်နက်များနှင့် စစ်ပစ္စည်းများကို “ အစုလိုက်အပြုံလိုက်ရွေ့ရှား စုရုံးလှုပ်ရှားမှုများ” ကို စတင်နေပြီဖြစ်ကြောင်း