နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 30 ရက်

လက်တင်အမေရိက

လက်တင်အမေရိက အချက်အလက်များ အရှေ့အလယ်ပိုင်း

ဂါဇာတောင်ပိုင်း အပစ်အခတ်ရပ်စဲဖို့ ၃ နိူင်ငံ သဘောတူခဲ့တယ်လို့ အီဂျစ်ရဲ့ ပြောဆိုချက်ကို အစ္စရေးနဲ့ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့က ငြင်းဆို။

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာ အပစ်အခတ်ရပ်စဲဖို့ အီဂျစ်၊ အစ္စရေးနဲ့ အမေရိကန်တို့ သဘောတူညီခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး အီဂျစ်ရဲ့ ပြောဆိုချက်ကို အစ္စရေးနဲ့ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့က အောက်တိုဘာလ (၁၆) ရက်နေ့က ငြင်းဆိုလိုက်ပါတယ်။


ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမှာရှိတဲ့ အီဂျစ်နဲ့ နယ်နိမိတ်ဖြတ်ကျော်တဲ့ စစ်ဆေးရေးဂိတ်ကနေ နိုင်ငံခြားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေကို ထွက်ခွာခွင့်ပြုဖို့နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ယူဆောင်လာရာမှာ အစ္စရေးဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူးလို့ အီဂျစ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ရာဖာစစ်ဆေးရေးဂိတ်ကို တရားဝင်ပိတ်ထားခြင်းမရှိပေမယ့် ဂါဇာကမ်းမြောင်ဘက်ခြမ်းတွင် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်နေတာကြောင့် အဲ့ဒီဂိတ်ကို အသုံးမပြုနိုင်ဘူးလို့ ဆိုပါတယ်။


ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို သက်သာစေရန် အရေးတကြီး လိုအပ်နေကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များအား ပြောကြားခဲ့သော်လည်း အစ္စရေးနဲ့ ဆွေးနွေးတာတွေ မရှိသေးဘူးလို့ ဆိုပါတယ်။။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ ပြန်စဖို့ မျှော်လင့်ထားကြောင်း အောက်တိုဘာလ (၁၅) ရက်နေ့က ကြေညာခဲ့ပါတယ်။


အစောပိုင်းမှာ အီဂျစ်၊ အစ္စရေးနဲ့ အမေရိကန်တို့ ဂါဇာတောင်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပြီး ရာဖာစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်မှာဖြစ်ကြောင်း အီဂျစ်လုံခြုံရေးသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်ထိမှာတော့ ဘယ်သူမှ ဖြတ်သန်းသွားလာခွင့် မရသေးဘူးလို့ ဒေသသတင်းရင်းမြစ်တွေက ပြပါတယ်။


ဓာတ်ပုံ/ရာဖာစစ်ဆေးရေးဂိတ်တွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ တင်ဆောင်ထားသည့် ထရပ်ကားများကို တွေ့ရစဉ်/(Reuters)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 50 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 46 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 56 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 58 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 55 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 68 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 53 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်