နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးတို့က သိမ်းပိုက်လိုက်မယ်ဆိုရင် အစ္စရေးအတွက် ကြီးမားတဲ့အမှားတစ်ခုသွားမယ်လို့ အမေရိကန်သမ္မတဘိုင်ဒန်ပြော

အောက်တိုဘာလ (၁၅) ရက်။

ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးတို့က သိမ်းပိုက်လိုက်မယ်ဆိုရင် အစ္စရေးအတွက် ကြီးမားတဲ့အမှားတစ်ခုသွားမယ်လို့ အမေရိကန်သမ္မတ ဘိုင်ဒန်က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နယ်မြေကို ထိန်းချုပ်ထားသည့် ဟားမတ်စ်အဖွဲ့ကို အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်ခြင်းကိုတော့ ထောက်ခံကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။


အောက်တိုဘာလ (၁၅) ရက်နေ့က CBS News က ထုတ်လွှင့်တဲ့ 60 mins. အစီအစဉ်ရဲ့ အင်တာဗျူးတစ်ခုမှာ ဘိုင်ဒန်က အခုလို ပြောကြားခဲ့တာပါ။ အဲ့ဒီ အစီအစဉ်ကို အောက်တိုဘာလ (၁၃) ရက်နေ့မှာ ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။


အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို အလုံးစုံ ဝိုင်းရံထားမှုကို ထောက်ခံသလားလို့ မေးမြန်းရာမှာ အစ္စရေးဟာ စစ်ပွဲရဲ့စည်းမျဉ်းစည်းကမ်းတွေရဲ့ဘောင်ထဲကနေ ဆောင်ရွက်မယ်ဆိုတာကို ယုံကြည်တယ်လို့ ဖြေဆိုခဲ့ပါတယ်။ ဂါဇာဒေသမှာ နေထိုင်နေတဲ့ပြည်သူတွေရဲ့ ဆေးကုသရေး၊ စားနပ်ရိက္ခါတွေလမ်းကြောင်းတွေကိုတော့ သေချာစေဖို့ နည်းလမ်းတော့ ရှိမယ်လို့ထင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက သိမ်းပိုက်တာကို ထောက်ခံသလားလို့ မေးတဲ့အခါ သမ္မတ ဘိုင်ဒန်က “ဒါဟာ ကြီးမားတဲ့ အမှားတစ်ခုလို့ ကျွန်တော်ထင်ပါတယ်” ဟု ရှင်းလင်းစွာ ဖြေခဲ့ပါတယ်။ ဟားမတ်စ်ကို လုံးလုံးလျားလျား ချေမှုန်းပစ်ရမှာဖြစ်ကြောင်းနဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးနဲ့ အစ္စရေးနဲ့ အတူယှဉ်တွဲနေထိုင်ခွင့်ရရေးလမ်းကြောင်းကို ရှာဖွေသင့်ကြောင်း သမ္မတ ဘိုင်ဒန်က သူ့ရဲ့ရပ်တည်ချက်ကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း အပစ်အခတ် ရပ်စဲရေး လုပ်သင့်သလားလို့ မေးတဲ့ အခါမှာ သူက အစ္စရေးဟာ ဟိုလိုကော့စ် (ဂျူးတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု) နဲ့ ယှဉ်နိုင်တဲ့ ရက်စက်ယုတ်မာမှု ကျူးလွန်တဲ့ အဖွဲ့ကို တိုက်ခိုက်နေတယ်´´ လို့ ပြောပြီးအစ္စရေးအနေနဲ့ ဒီနည်းကလွဲလို့ ရွေးစရာ မရှိဘူး၊ ဟားမတ်စ်တွေကို တိုက်ခိုက်ရမယ်။” လို့ ပြောပါတယ်။


ဓာတ်ပုံ/အမေရိကန်သမ္မတ ဘိုင်ဒန်/Evan Vucci/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း ဥရောပ

ဂါဇာကမ်းမြောင်အခြေအနေအပေါ် အစ္စရေးကို ဂျာမန်အဓိပတိ ဝေဖန်

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 6 Views
“ အရပ်သားတွေရဲ့ ကံကြမ္မာနဲ့ သူတို့ရဲ့ ဆိုးရွားလှတဲ့ဒုက္ခတွေကြောင့် ကျွန်တော်တို့ ဝမ်းနည်းကြေကွဲရပါတယ်” ဟု ဂျာမန်အဓိပတိ ဖရက်ဒရစ်ချ် မာ့ဇ်က ဖင်လန်သို့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရက်သတ္တပတ်များစွာ ငတ်မွတ်နေပြီးနောက် ဂါဇာတွင် အမေရိကန်၏ အကူအညီများ ဖြန့်ဝေမှု ပထမနေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 6 Views
မေလ (၂၈) ရက်။ မေလ (၂၇) ရက် အင်္ဂါနေ့တွင် အငြင်းပွားဖွယ် အမေရိကန် ကျောထောက်နောက်ခံပြုအဖွဲမှ ဂါဇာတွင် ထောက်ပံ့မှုပေးသည့်နေရာ၌
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

အရပ်သားများအပေါ် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုသည် အောင်ပွဲအတုအယောင် ဖန်တီးရန် ကြိုးပမ်းမှုဖြစ်သည်ဟု ကျွမ်းကျင်သူများပြော

  • 2025 ခုနှစ်၊ မေလ 27 ရက်
  • 11 Views
မေလ (၂၇) ရက်။ တတိယတန်းကျောင်းသား စတိန်နိစလပ်ဗ် မာတင်ညူ့ (Stanislav Martyniuk) သည် ကျောင်းတွင် ရိုက်ထားသည့်ဓာတ်ပုံများအထဲမှ ဂုဏ်ယူသည့်မျက်နှာဖြင့် ကင်မရာကို ကြည့်နေသည်ကို တွေ့ရသည်။ စားပွဲပေါ်တွင် လက်နှစ်ဖက်ကိုချိတ်ထားပြီး မျက်မှန်အောက်က မျက်လုံးများက သူသည်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအား တာဝေးပစ်ဒုံးကျည်များ ပစ်ခတ်မှုအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းပေး

  • 2025 ခုနှစ်၊ မေလ 27 ရက်
  • 19 Views
ရုရှား၏စံချိန်တင် လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ဂျာမနီနှင့် အခြားမဟာမိတ်များက ယူကရိန်းအား တာဝေးပစ်ဒုံးကျည်များ ပစ်ခတ်မှုအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းပေးလိုက်သည်။ မေလ (၂၇) ရက်။ ဂျာမနီနှင့် အခြားယူကရိန်းမဟာမိတ်များသည် ယူကရိန်းနိုင်ငံအတွင်းသို့ ရုရှားက ကိ့ဗ်မြို့တော်နှင့် အခြားဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားတပ်ဖွဲ့များသည် ရုရှား-ယူကရိန်းနယ်စပ်တလျှောက် ‘ကြားခံဇုန်’ ဖန်တီးနေသည်ဟု ပူတင်ပြော

  • 2025 ခုနှစ်၊ မေလ 26 ရက်
  • 17 Views
+++++++++++++++++++ မေလ (၂၆) ရက်။ ရုရှားနှင့် ယူကရိန်းကြား နယ်နိမိတ်တစ်လျှောက် “လုံခြုံရေးကြားခံဇုန်” ကို ရုရှားလက်နက်ကိုင်တပ်ဖွဲ့များက ဖန်တီးနေကြောင်း သမ္မတဗလာဒီမာပူတင်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ “နယ်စပ်တလျှောက် လိုအပ်တဲ့လုံခြုံရေးကြားခံဇုန် ဖန်တီးဖို့ ဆုံးဖြတ်ချက်ချပြီးပြီလို့ ကျနော် ပြောထားပြီးသားပါ။
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

စစ်သုံ့ပန်းများ လဲလှယ်အပြီး ယူကရိန်းအပေါ် အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုကို ရုရှား ဆင်နွှဲခဲ့ပြီး ၁၂ ဦးထက်မနည်း သေဆုံး

  • 2025 ခုနှစ်၊ မေလ 26 ရက်
  • 18 Views
မေလ (၂၅) ရက်။ ရုရှားသည် ၎င်း၏ သုံးနှစ်ကြာစစ်ပွဲအတွင်း ယူကရိန်းကို အကြီးမားဆုံး လေကြောင်းမှ တိုက်ခိုက်ချေမှုန်းခဲ့ပြီး မြို့တော်နှင့် အခြားဒေသများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ဒုတိယညတွင် ဆက်တိုက် တိုက်ခိုက်ခဲ့သည်။ ယူကရိန်းတစ်ဝှမ်းတွင် ကလေးငယ်များအပါအဝင် အနည်းဆုံး
နိုင်ငံတကာသတင်း အမေရိကန်

ကာမာလာဟားရစ်စ်ကို ထောက်ခံခဲ့တဲ့ ထင်ရှားကျော်ကြားသူတွေကို လက်စားချေဖို့ ထရန့် ဦးတည်လာပြီလား

  • 2025 ခုနှစ်၊ မေလ 26 ရက်
  • 21 Views
ကမ္ဘာကျော် အမေရိကန် အဆိုတော် စပရင်းစတင်းကို “ တရားဥပဒေချိုးဖောက်” ဟု ထရန့်ဆို – ကာမာလာဟားရစ်စ်ကိုထောက်ခံခဲ့တဲ့ ထင်ရှားကျော်ကြားသူတွေကို ဖိနှိပ်ဖို့ ထရန့် ဦးတည်လာပြီလား။ အိမ်ဖြူတော်သတင်းထောက်တော်တော်များများ အိပ်မောကျနေတုန်း သမ္မတဒေါ်နယ်ထရန့်က အဆိုတော် ဘရုစ် စပရင်းစတင်း (Bruce
အမေရိကန် ဥရောပ

ဥရောပသမဂ္ဂမှ ကုန်ပစ္စည်းများအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု ထရန့် ခြိမ်းခြောက်

  • 2025 ခုနှစ်၊ မေလ 25 ရက်
  • 30 Views
+++++++++++++ လက်ရှိ ကုန်သွယ်ရေး ညှိနှိုင်းမှုတွင် တိုးတက်မှု မရှိခြင်းကြောင့် ဥရောပသမဂ္ဂမှ ကုန်ပစ္စည်းများအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု သမ္မတ ဒေါ်နယ်ထရန့်က သောကြာနေ့တွင် ခြိမ်းခြောက်ခဲ့သည်။ “ သူတို့ရဲ့ အင်အားကြီးကုန်သွယ်မှု အတားအဆီးတွေ၊