နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 24 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

အစ္စရေးတင့်ကားများ ဂါဇာကမ်းမြောင်မြောက်ပိုင်းကို ဝင်ရောက်စီးနင်းပြီး ပြန်လည်ဆုတ်ခွာခဲ့

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊ ဂါဇာ။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ ပစ်မှတ်ထားသော နေရာများကို တင့်ကားများဖြင့် စီးနင်းတိုက်ခိုက်မှုကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပြီးနောက် နယ်မြေမှ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု အစ္စရေးစစ်တပ်က ကြေညာလိုက်သည်။

IDF မှ ထုတ်ပြန်သော ဗီဒီယိုတွင် တင့်ကားများနှင့် သံချပ်ကာယာဉ်များ ခြံစည်းရိုးအနီး လမ်းမတစ်လျှောက်တွင် ဘူဒိုဇာတစ်စင်းအပါအဝင် တင့်ကားများနှင့် သံချပ်ကာယာဉ်များကို ပြသထားသည်။ တင့်ကားများ ပစ်ခတ်နေပြီး အနီးနားတွင် ပျက်စီးသည့် လက္ခဏာများကို မြင်တွေ့နိုင်သည်။

ဓာတ်ပုံ။ ဂါဇာကမ်းမြောင်မြောက်ပိုင်းတွင် အစ္စရေး ကာကွယ်ရေးတပ်၏ သံချပ်ကာယာဉ်များ စစ်ဆင်ရေး ပြုလုပ်နေစဉ်။
Israel Defense Forces/Reuters

IDF က အဆိုပါစီးနင်းမှုသည် “ တိုက်ပွဲ၏နောက်ထပ်အဆင့်အတွက် ပြင်ဆင်မှု၏တစ်စိတ်တစ်ပိုင်း” ဟု ဖော်ပြခဲ့သည်။ စစ်ဆင်ရေးပြီးဆုံးပြီးနောက် စစ်သားများသည် ဂါဇာကမ်းမြောင်မှ ထွက်ခွာသွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

IDF ၏ ပြောရေးဆိုခွင့်ရှိသူ Lerner က စီးနင်းမှုသည် ကြီးမားသော်လည်း နယ်ပယ်တွင် အကန့်အသတ်ရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါ စစ်ဆင်ရေးသည် မြေပြင်စစ်ဆင်ရေးအတွက် ပိုမိုကောင်းမွန်သော အခြေအနေများ ဖန်တီးရန် ရည်ရွယ်သည်ဟု ဆိုသည်။

“ ကျွန်တော်တို့ ရန်သူကို အမှန်တကယ် တွေ့မြင်ထားပြီး တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းနေတဲ့ အကြမ်းဖက်သမားတစ်ဦးကို သတ်ဖြတ်ခဲ့တယ်” ဟု Lerner က CNN သို့ ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်တွေကို ချေမှုန်းပစ်မည်ဟု IDF က ကတိပြုထားပြီး အောက်တိုဘာ (၇) ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ ကတိပြုခဲ့ပါသည်။ ဟားမတ်စ်တို့၏ တိုက်ခိုက်မှုအတွင်း လူ ၁၄၀၀ သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ပြီး ဓားစာခံ ၂၀၀ ကျော်ကို ဖမ်းဆီးခြင်းခံခဲ့ရသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက “ ဂါဇာကမ်းမြောင်ဒေသကို မြေပြင်က ကျူးကျော်စစ်ထိုးဖို့ ပြင်ဆင်နေတယ်” ဟု အစ္စရေးက ၂၅ ရက်နေ့က ရုပ်သံမိန့်ခွန်းတွင် အတည်ပြုခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှု သုံးပတ်နီးပါးကြာအောင် ပြုလုပ်ခဲ့သည်။

ဟားမတ်စ် ထိန်းချုပ်ထားသော ဂါဇာကမ်းမြှောင်ရှိ ကျန်းမာရေးအာဏာပိုင်များက ယခုအချိန်အထိ အစ္စရေး၏ တိုက်ခိုက်မှုများတွင် လူပေါင်း ၆,၄၀၀ ကျော် သေဆုံးပြီး ၁၇,၀၀၀ ဒဏ်ရာရခဲ့ကြောင်း သိရသည်။ အနောက်ဘက်ကမ်း ရာမာလာရှိ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက အဆိုပါ အချက်အလက်ကို ထုတ်ပြန်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမတ်စ်တိုက်ခိုက်ရေးသမားများကြား အကန့်အသတ်ဖြင့် မြေပြင်တိုက်ပွဲများ ရှိနှင့်ပြီးဖြစ်သည်။ အောက်တိုဘာလ (၂၂) ရက်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အစ္စရေးစစ်သားတစ်ဦး သေဆုံးခဲ့သည်ဟု IDF က ၂၄ ရက်နေ့တွင် ကြေညာခဲ့သည်။ အောက်တိုဘာလ (၇) ရက်နေ့နောက်ပိုင်း ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်၏အသေအပျောက်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမှာ ကြီးမားတဲ့ မြေပြင်ကျူးကျော်ထိုးစစ် ပြုလုပ်ခဲ့ကြောင်း အစ္စရေး ကြေညာ

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 24 Views
မေလ (၁၈) ရက်။ အစ္စရေးစစ်တပ်သည် ပါလက်စတိုင်းထိန်းချုပ်ထားသော ဂါဇာမြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ကြီးမားသောမြေပြင်ကျူးကျော်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အီရန်အပေါ် ရန်လိုတဲ့ထရန့်ဟာ “ အဆင့်နိမ့်လွန်းတယ်” လို့ အီရန်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 28 Views
မေလ (၁၇) ရက်။ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန်အပေါ် ရန်လိုတဲ့ မှတ်ချက်စကားကို သူ့အနေနဲ့ တုံ့ပြန်ရန်မထိုက်တန်ဘူးလို့ ၁၇
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

နယူးယောက်တက္ကသိုလ်တွင် ဂါဇာ၌ ဖြစ်ပွားနေသော စစ်ပွဲများကို ရှုတ်ချကြောင်း မိန့်ခွန်းပြောအပြီးတွင် ဘွဲ့ရပြီးကျောင်းသားကို ဘွဲ့လက်မှတ်ဆိုင်းငံ့

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 24 Views
မေလ (၁၇) ရက်။ ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသော“လူမျိုးတုံးသတ်ဖြတ်မှု” ကို ရှုတ်ချကြောင်း မိန့်ခွန်းပြောဆိုခဲ့သည့် တက္ကသိုလ်ကျောင်းသားတစ်ဦး၏ ဒီပဘွဲ့လက်မှတ်ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း နယူးယောက်တက္ကသိုလ်မှ ကြေညာခဲ့သည်။ အဆိုပါ ကျောင်းသားသည် တက္ကသိုလ်စည်းမျဉ်းများကို လိုက်နာရန် ၎င်း၏ကနဦးကတိကို ချိုးဖောက်ခဲ့ကြောင်း တက္ကသိုလ်က
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာတွင် အစ္စရေးစစ်တပ်၏ ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် တရက်တည်း အနည်းဆုံး ၂၅၀ သေဆုံး

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 23 Views
မေလ (၁၇) ရက်။ ဂါဇာတွင် အစ္စရေးစစ်တပ်၏ ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် တရက်တည်း အနည်းဆုံး ၂၅၀ သေဆုံးခဲ့တယ်လို့ ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အပစ်အခပ်ရပ်စဲရေးအပြီး အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း တရက်တည်း အသေအပျောက် အများဆုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

ထရန့်နှင့် UAE တို့ ကြီးမားသော AI ဒေတာစင်တာ ပရောဂျက်ကို လက်မှတ်ရေးထိုး

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆) ရက်။ ဉာဏ်ရည်တုကို အာရုံစိုက်မည့် ဧရာမဒေတာစင်တာတစ်ခု တည်ဆောက်ရန် ထရမ့်သည် အာရပ်စော်ဘွားများပြည်ထောင်စုနှင့် သဘောတူညီချက်တစ်ရပ်ကို လုပ်ဆောင်ရန် သဘောတူခဲ့သည်။ ၎င်းသည် သမ္မတ၏ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း ကြေညာခဲ့သော AI သဘောတူညီချက်များစွာထဲမှ တစ်ခုဖြစ်သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

တူရကီတွင် အလားအလာရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ပူတင်က ကျွန်တော်ကို ယင်းနေရာတွင် ရှိနေစေလိုသည်ဟု ထရန့်က ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 27 Views
မေလ (၁၄) ရက်။ ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား ဖြစ်နိုင်ခြေရှိသော အဆင့်မြင့်တွေ့ဆုံပွဲအတွက် တူရကီသို့ သွားရောက်ရန် ဆန္ဒရှိကြောင်း သမ္မတဒေါ်နယ်ထရန့်က ဖော်ပြခဲ့ပြီး ပူတင်က “ကျွန်တော့်ကို အဲဒီမှာ ရှိစေချင်ပါတယ်” ဟု ဗုဒ္ဓဟူးနေ့က
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

နိုင်ငံ၏အရေးကြီးသည့်အချိန်ကာလတွင် ထောက်ပံ့ပေးရန် ထရမ့်က ကတိပြုထားကြောင်း ဆီးရီးယားပြော

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 35 Views
ဆီးရီးယားသမ္မတ အာမက် အယ် ရှာရာ(Ahmad al-Sharaa) နှင့် အမေရိကန် သမ္မတ‌ ဒေါ်နယ်ထရန့် တို့အကြား တွေ့ဆုံမှုအား သမိုင်းဝင်အဖြစ် ပြောဆိုခဲ့ပြီး အမေရိကန်ခေါင်းဆောင်က “ဒီအရေးကြီးတတဲ့ အချိန်ကာလမှာ ဆီးရီးယား နိုင်ငံဘက်ကနေ ရပ်တည်ဖို့ အမေရိကန်နိုင်ငံရဲ့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ထရန့်သည် သူ၏အရှေ့အလယ်ပိုင်းခရီးစဥ်တွင် အစ္စရေးကို သွားရောက်မည်မဟုတ်

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 29 Views
၎င်း၏ ဒုတိယသမတ သက်တမ်း၏ ပထမဆုံးသော နိုင်ငံတကာခရီးစဉ်တွင် သမ္မတ ‌ဒေါ်နယ်ထရန့် သည် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယခုအခါ ကာတာနိုင်ငံသို့ ထွက်ခွာကာ ယူအေအီးသို့ သွားရောက်မည်ဖြစ်သည်။ သို့ရာတွင် သူက အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်သည့် အစ္စရေးကို