နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

Hamas-Israel Conflict

Hamas-Israel Conflict

အစ္စရေးစစ်တပ်က အရပ်သား အစုလိုက်အပြုလိုက် သေဆုံးခဲ့ရသည့် ဒုက္ခသည်စခန်းကို လေကြောင်းတိုက်ခိုက်မှုတွေကို တရားဝင်ပစ်မှတ်အဖြစ် ကာကွယ်ပြောဆို

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ ဂါဇာ။

ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြှောင်ရှိ ဂျာဘာလီယာဒုက္ခသည်စခန်းကို လေကြောင်းကနေ တိုက်ခိုက်မှုဟာ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ရဲ့ တပ်မှူးတစ်ဦးကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ “ရှင်းလင်းတဲ့ စစ်ရေးတိုက်ခိုက်မှု” လို့ ဆိုပြီး အဲ့ဒီလို တိုက်ခိုက်မှုဟာ “တရားဝင်ပစ်မှတ်” ဖြစ်ပြီး “လိုအပ်တဲ့စစ်ရေးရည်ရွယ်ချက်” ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့တဲ့ ဟားမတ်စ်တပ်မှူး အီဘရာဟင် ဘာရာရီ (Ibrahim Bayari) ဟာ အရေးပါတဲ့ အကြမ်းဖက်သမားဖြစ်ပြီး ပြီးခဲ့တဲ့ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစ္စရေးကို တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ထောက်ပြခဲ့ပါတယ်။ အခွင့်သာပါက အလားတူလုပ်ရပ် (လေကြောင်းတိုက်ခိုက်မှု) ကို ထပ်ခါတလဲလဲ လုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်တပ်မှူးသေဆုံးမှုနဲ့ ပတ်သက်ပြီး အထောက်အထားတစ်စုံတစ်ရာ ပေးနိုင်မလားလို့ မေးမမြန်းတဲ့အခါ ပြောရေးဆိုခွင့်ရှိသူက တိုက်ရိုက်ဖြေကြားခဲ့ခြင်း မရှိခဲ့ပေမယ့် ထောက်လှမ်းရေးများက ဟားမတ်စ်ရဲ့တပ်မှူး သေဆုံးမှုကို အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ဟားမတ်စ် ပြောရေးဆိုခွင့်ရှိသူက ဗိုလ်ချုပ်ကြီး အီဘရာဟင်သည် အခင်းဖြစ်ပွားရာနေရာမှာ ရှိနေကြောင်း ငြင်းဆိုခဲ့ပြီး အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သားများ၊ ကလေးများနဲ့ အမျိုးသမီးများအပေါ် တိုက်ခိုက်ခဲ့တဲ့ ဆိုးရွားလှတဲ့ စစ်ရာဇ၀တ်မှုဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဂါဇာရှိ အင်ဒိုနီးရှားဆေးရုံတစ်ရုံ၏ ဒါရိုက်တာက အောက်တိုဘာ ၃၁ ရက်လေကြောင်းတိုက်ခိုက်မှုမှာ လူရာပေါင်းများစွာသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ အရင်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ရတာ ဥမင်လိုဏ်ခေါင်းပြိုကျမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အစ္စရေးတာဝန်ရှိသူတွေက ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့ကို အမေရိကန်က အဏုမြူဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ဂျပန်တွေ လက်နက်ချရတာလို့ အမေရိကန်ရဲ့လုပ်ရပ်ကို ကိုးကားပြီး ဟားမတ်စ်ကို ချေမှုန်းရာမှာ အစုလိုက် အပြုံလိုက် အရပ်သား အများအပြား သေဆုံးမှုဟာ “ လက်ခံနိုင်တဲ့စျေးနှုန်း” ဖြစ်တာကို ယုံကြည်တယ်လို့ ပြောခဲ့ကြောင်း The New York Times သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဂါဇာကမ်းမြှောင်ရှိ ဂျာဘာလီယာ ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုတစ်ခု ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပြောကြားလိုက်ပါတယ်။

Source: CNN Japan, AP

ဓာတ်ပုံအညွှန်း။

ဂျာဘာလီယာ ဒုက္ခသည်စခန်းကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုအပြီး အဆောက်အအုံရဲ့ အပျက်အစီးများအကြားမှာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေစဉ်။

Abed Khaled/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရက်ပေါင်း ၁၀၀ စစ်ပွဲအထိမ်းအမှတ်နေ့တွင် ဟားမတ်စ်များကို ခြေမှုန်းရန် ကျွန်ုပ်တို့ကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ဟု နေတန်ယာဟု ပြော

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 91 Views
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်။ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့ကြား စစ်ပွဲ ရက် ၁၀၀ ပြည့်လာချိန်တွင် ဟားမတ်စ်များကို
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အကြီးတန်းခေါင်းဆောင်တစ်ဦးသေဆုံးသွားခဲ့ပြီလို့ ဟားမက်စ်အတည်ပြု

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 116 Views
လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်တောင်ပိုင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အကြီးတန်းခေါင်းဆောင်အချို့ သေဆုံးခဲ့တယ်လို့ ဂါဇာအခြေစိုက် ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဒေသတွင်း ပဋိပက္ခတွေ
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာထဲက တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ယူပြီး စစ်ရေးအရှိန်ကို အစ္စရေးလျှော့ချ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 112 Views
အစ္စရေးအနေနဲ့ ဂါဇာထဲက တင့်ကားတွေကို ပြန်ခေါ်ပြီး နည်းဗျူဟာတွေကို ပြောင်းလဲကာ တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချသွားမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာထားပေမယ့် ပါလက်စတိုင်းနယ်မြေအတွင်းက အခြားဒေသတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှ လူပေါင်း 2
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

စိတ်မနှံ့တဲ့ ပါလက်စတိုင်းလူငယ်ကို ပစ်ခတ်မှုအပေါ် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

  • 2023 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 125 Views
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်။ အနောက်ဘက်ကမ်းက ဟီဘရွန်မြို့အနီး ပါလက်စတိုင်းစိတ်ဝေဒနာရှင်လူငယ်တစ်ဦးကို အစ္စရေးစစ်သားတွေ ပစ်ခတ်ခဲ့တဲ့ဗီဒီယိုထွက်ပေါ်လာပြီးတဲ့နောက် အဲဒီဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ အစ္စရေးကာကွယ်ရေးယူနစ် (IDF) က ပြောပါတယ်။ တာရတ်အဘူအေဘက်လို့ ခေါ်တဲ့ ပါလက်စတိုင်းလူငယ်ကို အစ္စရေးစစ်သား
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များဝင်ရောက်စီးနင်းမှုကြောင့် အယ်လ်ရှီဖာဆေးရုံ အထူးကြပ်မတ်ကုသဆောင် (ICU) မှ လူနာအများစု သေဆုံး

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 84 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်၊ ဂါဇာ။ ဂါဇာကမ်းမြှောင်ရှိ အကြီးဆုံးဆေးရုံဖြစ်သော အယ်လ်ရှီဖာဆေးရုံကို အစ္စရေးတပ်ဖွဲ့များဝင်ရောက်စီးနင်းမှုကြောင့် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် အထူးကြပ်မတ်ကုသဆောင် (ICU) မှ လူနာအများစု သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ကာတာရှိ
Hamas-Israel Conflict ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ တည်ရှိမှုကို အစ္စရေးက လက်မခံနိုင်ကြောင်း အစ္စရေးဘဏ္ဍာရေးဝန်ကြီးပြော၊ ပါလက်စတိုင်းများအနေနှင့် ဆန္ဒအလျောက် ရွှေ့ပြောင်းနေထိုင်ရန် တောင်းဆို

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 82 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်၊ ခေတ်မျက်လုံး။ ထင်ရှားသော လွှတ်တော်အမတ်များသည် ဂါဇန်လူဦးရေကို အခြားနိုင်ငံများသို့ ပြောင်းရွှေ့ရန် အကြံပြုပြီးနောက် အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘီဇယ်လယ် ဆမိုတစ် (Bezalel Smotrich) က ဂါဇာတွင် သီးခြားလွတ်လပ်သော
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ချီကာဂိုရှိ ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့တွင် ရာနှင့်ချီသော ဆန္ဒပြသူများဖြင့် ပြည့်လျှံနေခဲ့ပြီး အပစ်အခတ်ရပ်စဲရန် တောင်းဆို

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 113 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်၊ ချီကာဂို။ အနောက်အလယ်ပိုင်းမှ ရာနှင့်ချီသော ဂျူးအမေရိကန်များနှင့် မဟာမိတ်များသည် ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့ တည်ရှိရာ ချီကာဂိုမြို့လယ်တွင် ယနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက်က အဆောက်အအုံတစ်ခုတွင်
Hamas-Israel Conflict စစ်ရေးသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာရှိ အင်ဒိုနီးရှားဆေးရုံကို အစ္စရေးစစ်တပ်က တိုက်ခိုက်ပြီး ဆေးရုံလေးရုံကို ဝိုင်းရံပိတ်ဆို့ထား

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 118 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ လွန်ခဲ့သည့် နာရီပိုင်းအတွင်းတွင် အစ္စရေးစစ်တပ်သည် ဂါဇာမြို့တော်ရှိ ဆေးရုံသုံးရုံနှင့် မြောက်ပိုင်းရှိ အင်ဒိုနီးရှားဆေးရုံတို့ကို ဝိုင်းရံထားသည်။ ပူးတွဲပါ ဗီဒီယိုသည် နိုဝင်ဘာလ (၉) ရက်နေ့ညပိုင်းတွင် အစ္စရေးစစ်တပ်က