နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

Hamas-Israel Conflict

Hamas-Israel Conflict

ဂါဇာကမ်းမြှောင်ရှိ ဂါဇာမြို့ကို အစ္စရေးစစ်တပ်မှ ဝိုင်းရံထားပြီး ဖြစ်ကြောင်း အစ္စရေးကြည်းတပ်ဦးစီးချုပ်ပြော။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ ဂါဇာ။

အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြှောင်ရှိ ဂါဇာမြို့ကို အစ္စရေးစစ်တပ်မှ ဝိုင်းရံထားကြောင်း နိုဝင်ဘာလ (၂) ရက်နေ့ ရုပ်သံအင်တာဗျူးတစ်ခုမှာ အစ္စရေးကြည်းတပ်ဦးစီးချုပ် Halevi က ပြောကြားခဲ့ပါတယ်။

မကြာသေးမီရက်များအတွင်း အစ္စရေးစစ်သားတွေက ဂါဇာမြို့ကို လမ်းကြောင်းများစွာမှ ဝိုင်းရံထားပြီး မြေပြင်စစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း Halevi မှ ပြောကြားခဲ့ပါတယ်။`

`ကျွန်တော်တို့ရဲ့တပ်တွေကို ဂါဇာမြို့ရဲ့ အရေးကြီးတဲ့ နေရာတွေမှာ တပ်စွဲထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ မြေပြင်စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့ပါတယ်။ တင့်ကားများ၊ ဘူဒိုဇာများ၊ ခြေလျင်တပ်များနဲ့ အင်ဂျင်နီယာတပ်များဟာ ဂါဇာကမ်းမြှောင်ကို ဝင်ရောက်ခဲ့ပါတယ်။

ဒေသ၏ လူဦးရေအများဆုံး ဗဟိုတဝိုက် မြေပြင်စစ်ဆင်ရေးများ နှေးကွေးနေပေမယ့် အဲ့ဒီဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းရှိ လူအများအပြား ခိုလှုံနေထိုင်ရာ ဂျာဘာလီယာဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့ပြီး အဲ့ဒီ နေရာကို နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုလို့ ခေါ်တဲ့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ဝေဖန်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာနဲ့ ဒုက္ခသည် ကယ်ဆယ်ရေး လုပ်သားတွေက CNN ကို ပြောကြားရာတွင် တိုက်ခိုက်မှုတွေက နိုဝင်ဘာလ (၁) ရက်နေ့နှောင်းပိုင်းမှာ စတင်ခဲ့ပြီး နောက်နေ့ မနက်အထိ ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။

ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့ (UNRWA) ညွှန်ကြားရေးမှူးချုပ် Lazzarini က ဂျာဘာလီယာနှင့် အယ်လ်ရှာတီ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ UNRWA က လည်ပတ်နေတဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်မှုအတွင်း လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ကြောင်း CNN ကို ပြောကြားခဲ့ပါတယ်။

အနောက်ဘက်ကမ်း ရာမာလာမြို့ အခြေစိုက် ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက်မှစပြီး ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၉,၀၂၅ ဦး သေဆုံးပြီး ၂၀,၀၀၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ဗုံးပေါက်ကွဲမှုများနဲ့ လောင်စာဆီပြတ်တောက်မှုတွေကြောင့် ဂါဇာရှိဆေးရုံတွေရဲ့ ထက်ဝက်နီးပါးဟာ လုပ်ငန်းလည်ပတ်မှုတွေကို ဆိုင်းငံ့ထားခဲ့ရပါတယ်။

အစ္စရေးတောင်ပိုင်း၊ ဂါဇာနယ်စပ်အနီးတွင် စစ်သားများ၊ တင့်ကားများနှင့် သံချပ်ကာယာဉ်များကို အစ္စရေးက ဆက်လက်ချထားသည်ကို နိုဝင်ဘာလ (၂) ရက်နေ့တွင် တွေ့ရစဉ်။

Mostafa Alkharouf/Anadolu/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရက်ပေါင်း ၁၀၀ စစ်ပွဲအထိမ်းအမှတ်နေ့တွင် ဟားမတ်စ်များကို ခြေမှုန်းရန် ကျွန်ုပ်တို့ကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ဟု နေတန်ယာဟု ပြော

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 64 Views
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်။ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့ကြား စစ်ပွဲ ရက် ၁၀၀ ပြည့်လာချိန်တွင် ဟားမတ်စ်များကို
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အကြီးတန်းခေါင်းဆောင်တစ်ဦးသေဆုံးသွားခဲ့ပြီလို့ ဟားမက်စ်အတည်ပြု

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 92 Views
လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်တောင်ပိုင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အကြီးတန်းခေါင်းဆောင်အချို့ သေဆုံးခဲ့တယ်လို့ ဂါဇာအခြေစိုက် ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဒေသတွင်း ပဋိပက္ခတွေ
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာထဲက တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ယူပြီး စစ်ရေးအရှိန်ကို အစ္စရေးလျှော့ချ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 81 Views
အစ္စရေးအနေနဲ့ ဂါဇာထဲက တင့်ကားတွေကို ပြန်ခေါ်ပြီး နည်းဗျူဟာတွေကို ပြောင်းလဲကာ တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချသွားမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာထားပေမယ့် ပါလက်စတိုင်းနယ်မြေအတွင်းက အခြားဒေသတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှ လူပေါင်း 2
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

စိတ်မနှံ့တဲ့ ပါလက်စတိုင်းလူငယ်ကို ပစ်ခတ်မှုအပေါ် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

  • 2023 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 103 Views
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်။ အနောက်ဘက်ကမ်းက ဟီဘရွန်မြို့အနီး ပါလက်စတိုင်းစိတ်ဝေဒနာရှင်လူငယ်တစ်ဦးကို အစ္စရေးစစ်သားတွေ ပစ်ခတ်ခဲ့တဲ့ဗီဒီယိုထွက်ပေါ်လာပြီးတဲ့နောက် အဲဒီဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ အစ္စရေးကာကွယ်ရေးယူနစ် (IDF) က ပြောပါတယ်။ တာရတ်အဘူအေဘက်လို့ ခေါ်တဲ့ ပါလက်စတိုင်းလူငယ်ကို အစ္စရေးစစ်သား
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များဝင်ရောက်စီးနင်းမှုကြောင့် အယ်လ်ရှီဖာဆေးရုံ အထူးကြပ်မတ်ကုသဆောင် (ICU) မှ လူနာအများစု သေဆုံး

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 64 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်၊ ဂါဇာ။ ဂါဇာကမ်းမြှောင်ရှိ အကြီးဆုံးဆေးရုံဖြစ်သော အယ်လ်ရှီဖာဆေးရုံကို အစ္စရေးတပ်ဖွဲ့များဝင်ရောက်စီးနင်းမှုကြောင့် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် အထူးကြပ်မတ်ကုသဆောင် (ICU) မှ လူနာအများစု သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ကာတာရှိ
Hamas-Israel Conflict ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ တည်ရှိမှုကို အစ္စရေးက လက်မခံနိုင်ကြောင်း အစ္စရေးဘဏ္ဍာရေးဝန်ကြီးပြော၊ ပါလက်စတိုင်းများအနေနှင့် ဆန္ဒအလျောက် ရွှေ့ပြောင်းနေထိုင်ရန် တောင်းဆို

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 61 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်၊ ခေတ်မျက်လုံး။ ထင်ရှားသော လွှတ်တော်အမတ်များသည် ဂါဇန်လူဦးရေကို အခြားနိုင်ငံများသို့ ပြောင်းရွှေ့ရန် အကြံပြုပြီးနောက် အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘီဇယ်လယ် ဆမိုတစ် (Bezalel Smotrich) က ဂါဇာတွင် သီးခြားလွတ်လပ်သော
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ချီကာဂိုရှိ ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့တွင် ရာနှင့်ချီသော ဆန္ဒပြသူများဖြင့် ပြည့်လျှံနေခဲ့ပြီး အပစ်အခတ်ရပ်စဲရန် တောင်းဆို

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 95 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်၊ ချီကာဂို။ အနောက်အလယ်ပိုင်းမှ ရာနှင့်ချီသော ဂျူးအမေရိကန်များနှင့် မဟာမိတ်များသည် ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့ တည်ရှိရာ ချီကာဂိုမြို့လယ်တွင် ယနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက်က အဆောက်အအုံတစ်ခုတွင်
Hamas-Israel Conflict စစ်ရေးသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာရှိ အင်ဒိုနီးရှားဆေးရုံကို အစ္စရေးစစ်တပ်က တိုက်ခိုက်ပြီး ဆေးရုံလေးရုံကို ဝိုင်းရံပိတ်ဆို့ထား

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 94 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ လွန်ခဲ့သည့် နာရီပိုင်းအတွင်းတွင် အစ္စရေးစစ်တပ်သည် ဂါဇာမြို့တော်ရှိ ဆေးရုံသုံးရုံနှင့် မြောက်ပိုင်းရှိ အင်ဒိုနီးရှားဆေးရုံတို့ကို ဝိုင်းရံထားသည်။ ပူးတွဲပါ ဗီဒီယိုသည် နိုဝင်ဘာလ (၉) ရက်နေ့ညပိုင်းတွင် အစ္စရေးစစ်တပ်က