နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

Hamas-Israel Conflict

Hamas-Israel Conflict

ဂါဇာကမ်းမြောင်နှင့် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ရန် အစ္စရေးက ပါလက်စတိုင်းအလုပ်သမားများကို ဂါဇာကမ်းမြောင်သို့ ပြန်ပို့

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ ဂါဇာ။

အစ္စရေးက သူတို့ဝိုင်းရံထားတဲ့ ဂါဇာက သူတို့နိုင်ငံအတွင်းကို အလုပ်လာလုပ်နေတဲ့ပါလက်စတိုင်းတွေကို ပြန်လည်လွှဲပြောင်းပေးမှာဖြစ်ကြောင်း အစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့က ကြာသပတေးနေ့တွင် ကြေညာခဲ့ပြီး ဂါဇာနဲ့အဆက်အသွယ်ဖြတ်ရန်လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဟားမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ ရက် အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပြန်ပေးဆွဲမှု မတိုင်မီ ဂါဇာမှာ ပါလက်စတိုင်းလူမျိုး ၁၈,၀၀၀ ခန့်ဟာ အစ္စရေးနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ပြီး အလုပ်လုပ်ရန် ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ အစ္စရေးဘက်မှာရရှိတဲ့ဝင်ငွေက ဂါဇာဒေသမှာ ရရှိတဲ့ဝင်ငွေထက် သိသိသာသာ များတယ်လို့ သိရပါတယ်။

“အစ္စရေးဟာ ဂါဇာနဲ့ အဆက်အသွယ်အားလုံးကို ဖြတ်တောက်လိုက်ပါတယ်။ နောက်ဆိုအစ္စရေးကို ဂါဇာက ပါလက်စတိုင်း အလုပ်သမားတွေလာ အလုပ်လုပ်တာ ရှိတော့မှာ မဟုတ်ပါဘူး။ စစ်ပွဲဖြစ်ပွားတဲ့နေ့မှာ အစ္စရေးမှာရှိနေတဲ့ ဂါဇာက အလုပ်သမားတွေကို ဂါဇာကို ပြန်ပို့မှာပါ” လို့ အစိုးရသတင်းစာရှင်းလင်းပွဲမှာ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာ ပါလက်စတိုင်း အလုပ်သမားတွေကို တစ်နေ့ အကြိမ်ရာနဲ့ချီ ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့ စစ်မက်ဇုန်တစ်ခုကို ဘယ်လို ဒါမှမဟုတ် ဘယ်အချိန်မှာ ပြန်ပို့မှာကို အသေးစိတ် မဖော်ပြထားပေ။

ဓာတ်ပုံ။

ဟားမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ ရှိနေတဲ့ ပါလက်စတိုင်းအလုပ်သမားတွေကို အစ္စရေးအာဏာပိုင်တွေက ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ ဂါဇာကို ပြန်ပို့ခံရပြီးနောက် ရာဖာနယ်စပ်ကို ပြန်ရောက်လာစဉ်။

Ibraheem Abu Mustafa/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရက်ပေါင်း ၁၀၀ စစ်ပွဲအထိမ်းအမှတ်နေ့တွင် ဟားမတ်စ်များကို ခြေမှုန်းရန် ကျွန်ုပ်တို့ကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ဟု နေတန်ယာဟု ပြော

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 64 Views
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်။ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့ကြား စစ်ပွဲ ရက် ၁၀၀ ပြည့်လာချိန်တွင် ဟားမတ်စ်များကို
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အကြီးတန်းခေါင်းဆောင်တစ်ဦးသေဆုံးသွားခဲ့ပြီလို့ ဟားမက်စ်အတည်ပြု

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 92 Views
လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်တောင်ပိုင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အကြီးတန်းခေါင်းဆောင်အချို့ သေဆုံးခဲ့တယ်လို့ ဂါဇာအခြေစိုက် ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဒေသတွင်း ပဋိပက္ခတွေ
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာထဲက တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ယူပြီး စစ်ရေးအရှိန်ကို အစ္စရေးလျှော့ချ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 81 Views
အစ္စရေးအနေနဲ့ ဂါဇာထဲက တင့်ကားတွေကို ပြန်ခေါ်ပြီး နည်းဗျူဟာတွေကို ပြောင်းလဲကာ တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချသွားမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာထားပေမယ့် ပါလက်စတိုင်းနယ်မြေအတွင်းက အခြားဒေသတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှ လူပေါင်း 2
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

စိတ်မနှံ့တဲ့ ပါလက်စတိုင်းလူငယ်ကို ပစ်ခတ်မှုအပေါ် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

  • 2023 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 103 Views
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်။ အနောက်ဘက်ကမ်းက ဟီဘရွန်မြို့အနီး ပါလက်စတိုင်းစိတ်ဝေဒနာရှင်လူငယ်တစ်ဦးကို အစ္စရေးစစ်သားတွေ ပစ်ခတ်ခဲ့တဲ့ဗီဒီယိုထွက်ပေါ်လာပြီးတဲ့နောက် အဲဒီဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ အစ္စရေးကာကွယ်ရေးယူနစ် (IDF) က ပြောပါတယ်။ တာရတ်အဘူအေဘက်လို့ ခေါ်တဲ့ ပါလက်စတိုင်းလူငယ်ကို အစ္စရေးစစ်သား
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များဝင်ရောက်စီးနင်းမှုကြောင့် အယ်လ်ရှီဖာဆေးရုံ အထူးကြပ်မတ်ကုသဆောင် (ICU) မှ လူနာအများစု သေဆုံး

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 64 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်၊ ဂါဇာ။ ဂါဇာကမ်းမြှောင်ရှိ အကြီးဆုံးဆေးရုံဖြစ်သော အယ်လ်ရှီဖာဆေးရုံကို အစ္စရေးတပ်ဖွဲ့များဝင်ရောက်စီးနင်းမှုကြောင့် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် အထူးကြပ်မတ်ကုသဆောင် (ICU) မှ လူနာအများစု သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ကာတာရှိ
Hamas-Israel Conflict ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ တည်ရှိမှုကို အစ္စရေးက လက်မခံနိုင်ကြောင်း အစ္စရေးဘဏ္ဍာရေးဝန်ကြီးပြော၊ ပါလက်စတိုင်းများအနေနှင့် ဆန္ဒအလျောက် ရွှေ့ပြောင်းနေထိုင်ရန် တောင်းဆို

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 61 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်၊ ခေတ်မျက်လုံး။ ထင်ရှားသော လွှတ်တော်အမတ်များသည် ဂါဇန်လူဦးရေကို အခြားနိုင်ငံများသို့ ပြောင်းရွှေ့ရန် အကြံပြုပြီးနောက် အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘီဇယ်လယ် ဆမိုတစ် (Bezalel Smotrich) က ဂါဇာတွင် သီးခြားလွတ်လပ်သော
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ချီကာဂိုရှိ ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့တွင် ရာနှင့်ချီသော ဆန္ဒပြသူများဖြင့် ပြည့်လျှံနေခဲ့ပြီး အပစ်အခတ်ရပ်စဲရန် တောင်းဆို

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 95 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်၊ ချီကာဂို။ အနောက်အလယ်ပိုင်းမှ ရာနှင့်ချီသော ဂျူးအမေရိကန်များနှင့် မဟာမိတ်များသည် ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့ တည်ရှိရာ ချီကာဂိုမြို့လယ်တွင် ယနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက်က အဆောက်အအုံတစ်ခုတွင်
Hamas-Israel Conflict စစ်ရေးသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာရှိ အင်ဒိုနီးရှားဆေးရုံကို အစ္စရေးစစ်တပ်က တိုက်ခိုက်ပြီး ဆေးရုံလေးရုံကို ဝိုင်းရံပိတ်ဆို့ထား

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 94 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ လွန်ခဲ့သည့် နာရီပိုင်းအတွင်းတွင် အစ္စရေးစစ်တပ်သည် ဂါဇာမြို့တော်ရှိ ဆေးရုံသုံးရုံနှင့် မြောက်ပိုင်းရှိ အင်ဒိုနီးရှားဆေးရုံတို့ကို ဝိုင်းရံထားသည်။ ပူးတွဲပါ ဗီဒီယိုသည် နိုဝင်ဘာလ (၉) ရက်နေ့ညပိုင်းတွင် အစ္စရေးစစ်တပ်က