နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ကနေဒါအဆိုတော်-တေးရေးဆရာ The Weeknd ဂါဇာကမ်းမြောင်ဒေသတွင် အစားအစာ လေးသန်းကို ထောက်ပံ့ပေး

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်။

ဂါဇာကမ်းမြောင်ဒေသက လူတွေကို ကူညီဖို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကနေ အစားအစာ လေးသန်းလောက် ကိုထောက်ပံ့ပေးခဲ့တယ်လို့ အေဘယ်တက်စ်ဖေး (Abel “ The Weeknd” Tesfaye) က ပြောပါတယ်။

ကုလသမဂ္ဂ ချစ်ကြည်ရေးသံတမန်ဖြစ်တဲ့ တက်စ်ဖေးဟာ ဂါဇာရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအတွက် သူ့ရဲ့ XO လူသားချင်းစာနာမှုရန်ပုံငွေမှ ဒေါ်လာ ၂.၅ သန်းကို ထုတ်ပေးရန် ညွှန်ကြားခဲ့တယ်လို့ WFP က သောကြာနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူ့ရဲ့လှူဒါန်းမှုဟာ ပါလက်စတိုင်းလူမျိုး ၁၇၃,၀၀၀ ကျော်ကို နှစ်ပတ်ကြာ ကျွေးမွေးနိုင်တဲ့ အစားအစာ မက်ထရစ်တန် ၈၂၀ ထောက်ပံ့ပေးမယ့် အရေးပေါ် အစားအစာ လေးသန်းနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

ဂါဇာကမ်းမြောင်ကို အကူအညီများ ဘယ်အချိန်မှာ ရောက်ရှိနိုင်မှာကိုတော့ WFP က မဖော်ပြခဲ့ပါ။

WFP ရဲ့ ဒေသဆိုင်ရာ ဒါရိုက်တာ ကော်ရိုင်း ဖလစ်ရှာ (Corrine Fleisher) က သူရဲ့ပံ့ပိုးကူညီမှုအတွက် တက်စ်ဖေးအား ကျေးဇူးတင်စကား ပြောကြားပြီး “ အခြားသူများ အေဘယ် တက်စ်ဖေးရဲ့စံနမူနာကို လိုက်နာပြီး ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုများကို ပံ့ပိုးပေးမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတစ်သန်းကျော်ဟာ ငတ်မွတ်ခေါင်းပါးလုနီးပါး ဖြစ်နေကြောင်း WFP က ပြောကြားပြီး ပဋိပက္ခတွေ အောက်တိုဘာ ၇ ရက်က စတင်ဖြစ်ပွားလာပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဆိုးကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

တက်စ်ဖေး သည် ၂၀၂၁ ခုနှစ်ကတည်းက ချစ်ကြည်ရေးသံတမန် ဖြစ်ခဲ့ပါတယ်။

WFP USA နဲ့ ၂၀၂၂ ခုနှစ်မှာ ပူးပေါင်းတည်ထောင်ခဲ့တဲ့ သူရဲ့ XO လူသားချင်းစာနာမှု ရန်ပုံငွေဟာ ဒီနေ့အထိ ဒေါ်လာ ၅ သန်း ရရှိထားတယ်လို့ သိရပါတယ်။

အီသီယိုးပီးယားရှိ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီအတွက် ပထမဆုံး ဒေါ်လာ ၂.၅ သန်းကို ထောက်ပံ့ကူညီခဲ့ပြီး ကျန်ငွေကို ဂါဇာကမ်းမြောင်ကို ခွဲဝေပေးမှာ ဖြစ်ကြောင်း သိရတယ်။

ဇူလိုင်လ (၇) ရက်နေ့က လန်ဒန်မှာ တွေ့ရတဲ့ The Weeknd

Samir Hussein/WireImage/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုသည် ပူတင်၏ နေအိမ်အား ပစ်မှတ်ထားခြင်းမဟုတ်ဟု CIA က သုံးသပ်ချက်က ကရင်မလင်၏ ပြောကြားချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် မကြာသေးမီက ရုရှားနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဒရုန်းတိုက်ခိုက်မှုသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ပူတင်၏ နေအိမ်အား ယူကရိန်းက တိုက်ခိုက်သည်ဆိုသော စွပ်စွဲချက်ကို ရုရှားက အခိုင်အမာ ထပ်လောင်းပြောဆိုသော်လည်း ခိုင်လုံသော သက်သေပြနိုင်ခြင်း မရှိသေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 31 ရက်
  • 26 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ နေအိမ်တစ်ခုကို ပစ်မှတ်ထား၍ ယူကရိန်းက တနင်္လာနေ့တွင် အကြီးအကျယ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

အမေရိကန်က ငြိမ်းချမ်းရေးအတွက် ဖိအားပေးနေချိန်တွင် ယူကရိန်း၌ ရုရှား၏ အသေအပျောက်နှုန်း ယခင်ကထက် ပိုမိုမြင့်တက်လာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 42 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် လွန်ခဲ့သည့် ၁၀ လတာကာလအတွင်း ယူကရိန်းစစ်ပွဲ၌ ရုရှားတို့၏ အကျအဆုံးနှုန်းသည် ၂၀၂၂ ခုနှစ် ကျူးကျော်စစ်စတင်ကတည်းက ကြုံတွေ့ခဲ့ရသမျှထက် ပိုမိုမြန်ဆန်လာကြောင်း BBC ၏
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

တရုတ် DJI ကုမ္ပဏီကြီးအား ထိုးနှက်ချက်အဖြစ် နိုင်ငံခြားဖြစ် ဒရုန်းမော်ဒယ်အသစ်များကို အမေရိကန် ပိတ်ပင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 23 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက် တရုတ်နိုင်ငံထုတ် ဒရုန်းများသည် အမေရိကန်ပြည်ထောင်စု၏ ကောင်းကင်ယံကို နှစ်ပေါင်း များစွာ စိုးမိုးထားခဲ့ပြီး၊ ပုဂ္ဂလိကပိုင်ရှင်များ၊ ရဲတပ်ဖွဲ့များနှင့် မီးသတ်ဌာနများက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုနေကြပါသည်။ သို့သော်လည်း
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဆာဗေးဒိုး အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသည့် ဗင်နီဇွဲလားနိုင်ငံသားများက အမေရိကန်တရားရုံးတွင် ပြည်နှင်ဒဏ်ကို ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 27 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက် ရိုက်တာသတင်း။ အမေရိကန်ပြည်ထောင်စုမှတစ်ဆင့် အယ်ဆာဗေးဒိုး (El Salvador) နိုင်ငံရှိ အဆင့်မြင့်လုံခြုံရေး အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီးနောက် ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားသည့် ဗင်နီဇွဲလားနိုင်ငံသား တစ်စုသည် ၎င်းတို့အား ပြည်နှင်ဒဏ် ပေးခဲ့မှုအပေါ်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားစစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် “ အဆောက်အအုံကြီးတစ်ခု” ကို အမေရိကန်က ခြေမှုန်းနိုင်ခဲ့ကြောင်း ထရန့် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 21 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ဗင်နီဇွဲလားနိုင်ငံအပေါ် ဖိအားပေးသည့် စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြီးခဲ့သည့် အပတ်က “ အဆောက်အအုံကြီးတစ်ခု” (big facility) ကို အမေရိကန် ပြည်ထောင်စုက
နိုင်ငံတကာသတင်း အမေရိကန်

၁၉၉၈ ခုနှစ်က အမေရိကန်လူမျိုးများ၏ ၂၀၂၅ ခုနှစ်အပေါ် ခန့်မှန်းချက်များ – မည်သည်တို့ မှန်ကန်ခဲ့သနည်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 21 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ၁၉၉၈ ခုနှစ်တုန်းက ဘီလ်ကလင်တန်သည် တရားစွဲဆိုဖယ်ရှားခံရမည့် (impeachment) လုပ်ငန်းစဉ်များနှင့် ရင်ဆိုင်နေရချိန်ဖြစ်ပြီး၊ “ Titanic” ရုပ်ရှင်သည်လည်း အော်စကာဆု များကို သိမ်းကျုံးရရှိနေသည့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ၊ ခန်းယူနစ် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 39 Views
(AP)သတင်း၊ ဒီဇင်ဘာလ ၂၉ရက် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ဆောင်းမိုးများ အပြင်းအထန် ရွာသွန်းခဲ့ရာ၊ နှစ်နှစ်ကြာစစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ ခိုလှုံရာ ဒုက္ခသည်စခန်းများတွင် ခြေမျက်စိမြုပ်သည်အထိ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ လပေါင်းများစွာ အသုံးပြုထား၍ စုတ်ပြဲနေသော တဲများအတွင်း