နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 3 ရက်

Hamas-Israel Conflict

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

စိတ်မနှံ့တဲ့ ပါလက်စတိုင်းလူငယ်ကို ပစ်ခတ်မှုအပေါ် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်။

အနောက်ဘက်ကမ်းက ဟီဘရွန်မြို့အနီး ပါလက်စတိုင်းစိတ်ဝေဒနာရှင်လူငယ်တစ်ဦးကို အစ္စရေးစစ်သားတွေ ပစ်ခတ်ခဲ့တဲ့ဗီဒီယိုထွက်ပေါ်လာပြီးတဲ့နောက် အဲဒီဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ အစ္စရေးကာကွယ်ရေးယူနစ် (IDF) က ပြောပါတယ်။

တာရတ်အဘူအေဘက်လို့ ခေါ်တဲ့ ပါလက်စတိုင်းလူငယ်ကို အစ္စရေးစစ်သား ၃ ယောက်က လမ်းမပေါ်မှာ တားဆီးပြီး သက်သေခံကတ်ပြသခိုင်းခဲ့တာလို့ အဘူအေဘက်ရဲ့ အစ်ကိုဖြစ်သူ ဒီယာက CNN သတင်းဌာနကိုပြောပါတယ်။ “တာရတ်က စိတ်မနှံ့တဲ့သူဆိုတာ မြင်တဲ့သူတိုင်း ချက်ချင်းသိပါတယ်။ သူ့ဦးနှောက်က ကလေးတစ်ယောက်လိုပါပဲ”လို့ ဒီယာက ပြောပြခဲ့တာပါ။

ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်အရတော့ တာရက်ဟာ အစ္စရေးစစ်သားတွေနဲ့ တွေ့ဆုံချိန်မှာ သက်သေခံကတ်ပြား မပြသနိုင်ခဲ့တာကြောင့် စစ်သား ၃ ဦးနဲ့ အခြေအတင်ဖြစ်ပြီး ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီဗီဒီယိုမှာ ပါဝင်နေတဲ့ စစ်သားတွေဟာ မိမိတို့တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုတာကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကလည်း အတည်ပြုခဲ့ပြီး ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ပြောပါတယ်။

“ ကနဦးရရှိတဲ့ သတင်းအချက်အလက်တွေအရတော့ ဖြစ်စဥ်က ဟီဘရွန်မြို့နားမှာ ဖြစ်သွားခဲ့တာပါ။ ပါလက်စတိုင်းလူငယ်ကတော့ ခြေထောက်ကို ပစ်ခံခဲ့ရပြီး အခုတော့ ဆေးကုသမှုခံယူနေပါတယ်”လို့ IDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အသက် (၃၄) နှစ်အရွယ် တာရက်ဟာ သေနတ်ဒဏ်ရာကြောင့် ခြေထောက်မှာ သွေးထွက်လွန်နေပြီး ကယ်ကက်စ်ဆေးရုံမှာ ခွဲစိတ်ကုသမှု ပြုလုပ်ထားရတယ်လို့ သူ့ရဲ့ အစ်ကိုဖြစ်သူ ဒီယာက ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းရဲ့ ဒရုန်းစစ်ဆင်ရေး ဘယ်လိုဆင်နွှဲခဲ့သလဲ။ (ရုပ်သံသတင်း)

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 5 Views
ဇွန်လ (၁) ရက်နေ့မှာရုရှားလေတပ်စခန်းတွေကိုယူကရိန်းကဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ရုရှားရဲ့စစ်လေယဥ် ၄၀ကျော်ပျက်စီးထိုခိုက်ခဲ့ရပါတယ်။ ရုရှားကိုတိုက်ခိုက်ဖို့အတွက် ယူကရိန်းလုံခြုံ‌ရေးအကြီးအကဲက အိုင်ဒီယာထုတ် အကြံပြုခဲ့တာပါ။ ပင့်ကူအိမ် (Spider
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်ကြောင့် အမေရိကန်တွင် ဦးနှောက်ယိုစီးမှု ဖြစ်စေခဲ့သော်လည်း ကမ္ဘာကြီးက ၎င်းကို ရယူရန် အရှိန်မြှင့် လုပ်ဆောင်နေ

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 5 Views
ဇွန်လ (၂) ရက်။ ဘရာဇီးနိုင်ငံမှ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် ဒန်နီရယ်လ် ဘက်(ခ)မန် (Daniel Beckman) သည် အလုပ်အတွက်
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်-အမေရိကန် ပြဿနာကြား တရုတ်က ဂျပန်နိုင်ငံကို ချဉ်းကပ်လာ

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 5 Views
+++++++++++++++++++++++++++++++ ၃၁ ရက်နေ့က အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဆက်က စင်္ကာပူမှာ ကျင်းပတဲ့ အာရှလုံခြုံရေး ထိပ်သီးအစည်းအဝေးမှာ တရုတ်က ထိုင်ဝမ်ကို လက်နက်နဲ့ အကြမ်းဖက် ပေါင်းစည်းရေးလုပ်မယ်ဆိုရင် “အကုန်ပျက်စီးသွားမယ့်ရလဒ် ရလာနိုင်တယ်” လို့ သတိပေးခဲ့ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းသည် ရုရှားနိုင်ငံအတွင်း မိုင်ထောင်ချီဝေးသော လေတပ်အခြေစိုက်စခန်းများကို ရဲတင်းစွာ စစ်ဆင်တိုက်ခိုက်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 8 Views
ဇွန်လ (၂) ရက်။ ယူကရိန်းတပ်ဖွဲ့များသည် စစ်ပွဲအစကတည်းက အရဲတင်းဆုံးနှင့် ခေတ်မီဆန်းပြားသော တန်ပြန်ချေမှုန်းမှုတစ်ခုကို ရှေ့တန်းမှ မိုင်ထောင်ပေါင်းများစွာဝေးသော လေယာဉ်ကွင်းများတွင် ရပ်ထားသည့် ရုရှားတိုက်လေယာဉ် ဒါဇင်ပေါင်းများစွာကို ဖျက်ဆီးခဲ့ကြောင်း နိုင်ငံ၏ လုံခြုံရေးဝန်ဆောင်မှု သတင်းရင်းမြစ်တစ်ခုပြောကြားချက်အရ သိရသည်။ ပင့်ကူအိမ်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သို့ တင်သွင်းမည့် သံမဏိများအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းသို့ တိုးမြင့်ကောက်မည်ဟု ထရန့်ကြေညာ

  • 2025 ခုနှစ်၊ မေလ 31 ရက်
  • 16 Views
မေလ (၃၁) ရက်။ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသည့် သံမဏိများအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းသို့ နှစ်ဆ တိုးမြင့်ကောက်ယူမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က သောကြာနေ့တွင် ကြေညာခဲ့သည်။ ပင်ဆယ်ဗေးနီးယား အနောက်မစ်ဖလင်းမြို့ ရှိ US သံမဏိစက်ရုံတွင်
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ် အစိုးရဌာနနှင့် လမ်းခွဲပြီးနောက် မျက်လုံးတစ်ဝိုက်မှာ ညိုမဲပြီး ထရန့်နဲ့ သူငယ်ချင်းအဖြစ် ဆက်ရှိနေလိုတယ်ဟုဆို

  • 2025 ခုနှစ်၊ မေလ 31 ရက်
  • 12 Views
မေလ (၃၁) ရက်။ ဒေါ်နယ်ထရန့်အစိုးရဌာန DOGE မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သော အသက် ၅၃ နှစ်ရှိ စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်သည် ၃၀ ရက်နေ့၌ အိမ်ဖြူတော်၏ဘဲဥပုံရုံးခန်း Oval Office တွင် သတင်းစာရှင်းလင်းပွဲ
North Korea နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

တပ်ဖွဲ့ဝင် ၁၄,၀၀၀၊ ပဲ့ထိန်းဒုံးကျည် ၁၀၀ နှင့် ခဲယမ်းမီးကျောက် သန်းပေါင်းများစွာကို- မြောက်ကိုရီးယားက ရုရှားထံ ပေးပို့ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

  • 2025 ခုနှစ်၊ မေလ 31 ရက်
  • 9 Views
မေလ (၃၀) ရက်။ မြောက်ကိုရီးယားသည် ဒုံးကျည်များနှင့် ဒုံးပျံများ အပါအဝင် စစ်သားများနှင့် ခဲယမ်းမီးကျောက် သန်းပေါင်းများစွာကို ရုရှားသို့ ပေးပို့ခဲ့ကြောင်း နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခု၏ အစီရင်ခံစာသစ်အရ သိရသည်။ လွန်ခဲ့သည့်နှစ်အတွင်း ပြုံယမ်းက မော်စကို၏ သုံးနှစ်ကြာစစ်ပွဲအတွင်း
နိုင်ငံတကာသတင်း အမေရိကန်

Wall Street က ထရန့်အား “ ကြောက်ပြီးနောက်ပြန်ဆုတ်တဲ့သူ TACO” လို့ ခေါ်ဆို

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 18 Views
++++++++++++++++++++ “ TACO” အကြောင်း မေးမြန်းတဲ့ သတင်းထောက်ကို ထရန့်က “ စက်ဆုတ်ဖွယ်ကောင်းတဲ့မေးခွန်း” ဟု ပြောလိုက်သည်။ သမ္မတ ထရန့်၏အခွန်စည်းကြပ်မှု အကြိမ်ကြိမ် ခြိမ်းခြောက်မှုကြောင့် မကြာသေးမီလများအတွင်း Wall Street သည် သမိုင်းဝင်