နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပင်လယ်နီအတွင်းက သင်္ဘော(၂)စီးကို ဟူတီသူပုန်များ ဒရုန်းဖြင့်တိုက်ခိုက်

ပင်လယ်နီအတွင်းကနေ ဖြတ်သန်းသွားတဲ့ ကွန်တိန်နာတင်သင်္ဘောနှစ်စီးကို အီရန်နိုင်ငံ ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေက ယီမင်နိုင်ငံထဲကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုဟာ ကမ္ဘာ့ကုန်သွယ်မှုလမ်းကြောင်းရဲ့ အရေးပါတဲ့ ဘတ်အယ်မန်ဒက် ရေလက်ကြား အနီးအနားမှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး ဒုံးကျည်နဲ့ တစ်ကြိမ်၊ ဒရုန်းနဲ့တစ်ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဟူသီတွေဘက်ကတော့ ဒရုန်းနဲ့တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်ဆိုတာကို အတည်မပြုခဲ့ပေမယ့် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကိုတော့ ဝန်ခံခဲ့ပါတယ်။ ဟူသီသူပုန်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဂျာမန်ကုမ္ပဏီပိုင် အဲလ်ဂျာဆတ်သင်္ဘောနဲ့ လိုက်ဘေးရီးယားအလံလွှင့်ထူထားတဲ့ သင်္ဘောတစ်စင်း ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့ပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က မိမိတို့အနေနဲ့ ဟူသီသူပုန်တွေရဲ့ လုပ်ရပ်အပေါ် လက်မခံနိုင်ဘဲ လိုအပ်တဲ့တုံ့ပြန်မှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင်သူက ဟူသီတွေရဲ့ လုပ်ရပ်မှာ အီရန်နိုင်ငံက အဓိက တာဝန်ရှိပြီး ဒါဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတာဖြစ်သလို ဒေသတွင်းလုံခြုံရေးကိုလည်း ခြိမ်းခြောက်နေတယ်လို့ ပြောသွားခဲ့ပါတယ်။

အမေရိကန်ဟာ ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို ကာကွယ်ဖို့အတွက် ညွန့်ပေါင်းတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ကိုလည်း စီစဉ်နေပါတယ်။ အီရန်နဲ့ ဟူသီသူပုန်တွေဟာ ဂါဇာအပေါ် အစ္စရေးရဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေကို မကျေနပ်တာကြောင့် ပင်လယ်နီအတွင်းဖြတ်သန်းသွားမယ့် အမေရိကန်နဲ့ အစ္စရေးသင်္ဘောတွေကို တိုက်ခိုက်သွားမယ်လို့ ကြေညာထားတာပါ။

ဒါပေမယ့်လည်း အခု တိုက်ခိုက်မှုတွေမှာ အစ္စရေးနဲ့ အမေရိကန်သင်္ဘောတွေ ထိခိုက်မှုမရှိဘဲ အခြားကုန်တင်သင်္ဘောတွေ ထိခိုက်ပျက်စီးနေရတာကြောင့် ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာမှုတွေကို အချိန်အကန့်အသတ်မရှိ ရပ်တန့်လိုက်ပြီလို့ ဒိန်းမတ်သင်္ဘောကုမ္ပဏီ မယ်ရက်စ်(Maersk) က ထုတ်ပြန်ကြေညာခဲ့သလို ဂျာမန်သင်္ဘောကုမ္ပဏီ ဟာပက်လွိုင်းကလည်း အလားတူ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာပဋိပက္ခကို အခြေခံကာ ပင်လယ်နီအတွင်းမှာ တင်းမာမှုတွေရှိနေပြီး အမေရိကန်၊ အစ္စရေး၊ ပြင်သစ်၊ ဗြိတိန်စစ်သင်္ဘောတွေဟာ ပင်လယ်နီအတွင်း ညွန့်ပေါင်းလုံခြုံရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်မယ်ဆိုရင် စစ်မီးဟာ အရှေ့အလယ်ပိုင်းဒေသမှာ ပိုမိုမြင့်တက်လာဖွယ်ရှိနေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ အဓိပတိခေါင်းဆောင် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံး

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက် အမေရိကန်နှင့် အစ္စရေးတို့၏ အကြီးအကျယ် တိုက်ခိုက်မှုအပြီးတွင် အမေရိကန်သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကအီရန်ကိုစတိုက်ပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် လတ်တလောသတင်းများ – အီရန်နိုင်ငံအတွင်းသို့ အမေရိကန်က ‘အရှိန်အဟုန်ပြင်းပြီး ဆက်တိုက်’ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထရန့်ပြောကြားခဲ့။
နိုင်ငံတကာသတင်း ပါကစ္စတန် အာဖဂန်နစ္စတန်

ပါကစ္စတန်က ကဘူးလ်မြို့ကို ဗုံးကြဲတိုက်ခိုက်၊ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနှင့် ‘ထိပ်တိုက်စစ်ပွဲ’ ဆင်နွှဲနေပြီဟု ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 22 Views
AFP– ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက် အာဖဂန်နစ္စတန်ရှိ ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စလာမ္မာဘတ် (ပါကစ္စတန်အစိုးရ) က အာဖဂန်နစ္စတန် တာလီဘန် အစိုးရအပေါ် “ထိပ်တိုက်စစ်ပွဲ” (Open War)
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ခြေရှိ နေပြီး တီဟီရန်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တည်ဆောက်မှု သိသိသာသာ မြင့်တက်လာသည်နှင့်အမျှ၊ အီရန်နိုင်ငံသည်လည်း ၎င်း၏ နျူကလီးယား စခန်း များကို ခိုင်ခံ့အောင်ပြုလုပ်ခြင်းနှင့် ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံများကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးက ဗျူဟာမြောက် ထိန်းကျောင်းပြီး အီရန်နှင့် ဖြစ်ပွားနိုင်သော စစ်ပွဲအတွက် ပြင်ဆင်ရင်း ထရမ့်နှင့် ပဋိပက္ခမဖြစ်အောင် ကြိုးပမ်းနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Gen. Dan Caine) သည် အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် စစ်ရေးရွေးချယ်စရာများကို မူကြမ်းရေးဆွဲနေစဉ်အတွင်း ကြည်း၊
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 45 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်မည့် ရွေးချယ်စရာများကို သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 64 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ပထမဆုံးသော နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညက အမေရိကန် ကပ္ပီတိုလ်လွှတ်တော်တွင် ပြောကြားခဲ့သည်။ ၎င်း၏ အထူးအမှတ်အသားဖြစ်သော