နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမက်စ်တွေအသုံးပြုနေတဲ့ ဂါဇာက မြေအောက်လိုဏ်ဂူကြီး

ဂါဇာမြို့ကမ်းမြောင်မှာ အကြီးဆုံးဥမင်လိုဏ်ခေါင်းကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဥမင်လိုဏ်ခေါင်းဟာ နှစ်မိုင်ခွဲလောက် ရှည်လျားပြီး ကားကြီးတစ်စီး လွတ်လွတ်လပ်လပ်မောင်းနှင်းလို့ရသလို လျှပ်စစ်မီး၊ လေဝင်လေထွက်စနစ်တွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို တပ်ဆင်ကာ အခိုင်အမာတည်ဆောက်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုဏ်ခေါင်းဟာ အစ္စရေးနယ်နိမိတ်ထဲ ဖြတ်သန်းဖောက်လုပ်ထားတာမဟုတ်ပေမယ့် အောက်တိုဘာလ 7 ရက်နေ့တုန်းက ဟားမက်စ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အီဇက်နယ်စပ်ဂိတ်ပေါက်နဲ့ မီတာ 400 အကွာထိ ဖောက်လုပ်ထားတာဖြစ်ပါတယ်။

ဟားမက်စ်တွေဟာ မဟာဗျူဟာမြောက်အစိတ်အပိုင်းအဖြစ် လိုဏ်ခေါင်းကို ဖောက်လုပ်ထားတာဖြစ်ပြီး အဲဒီလိုဏ်ခေါင်းကို မိမိတို့ မကြာခင်ဖျက်ဆီးပစ်မှာဖြစ်တယ်လို့ IDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ IDF က ထုတ်ပြန်ထားတဲ့ ဗီဒီယိုမှာ ဟားမက်စ်တွေဟာ အစ္စရေးကို တိုက်ခိုက်မှုမှာ ခြုံခိုတိုက်ခိုက်မှုအတွက် လှုပ်ရှားဖို့ ဖန်တီးထားတာဖြစ်ပြီး လိုဏ်ခေါင်းထဲမှာ ကားတစ်စီးကိုလည်း တွေ့ရပါတယ်။

ဥမင်လိုဏ်ခေါင်းစနစ်ဟာ ဟားမက်စ်ခေါင်းဆောင် ယာယာဆင်းဝါရဲ့ အစ်ကိုဖြစ်သူ ဦးဆောင်တည်ဆောက်ထားတဲ့ ပရောဂျက်တစ်ခုဖြစ်တယ်လို့လည်း IDF က ပြောပါတယ်။ ဒါပေမယ့် အဲဒီအတွက် IDF က သက်သေပြစရာတော့မရှိခဲ့ဘဲ ထောက်လှမ်းရေးသတင်းတွေအရ သိရတယ်လို့ ဆိုပါတယ်။ IDF အနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဟားမက်စ်တွေအသုံးပြုနေတဲ့ မြေအောက်လိုဏ်ခေါင်း ရာနဲ့ချီ ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီလိုဏ်ခေါင်းတွေကို ဖျက်ဆီးပစ်ဖို့ လုပ်ဆောင်နေပါတယ်။ လိုဏ်ခေါင်းတွေထဲမှာ ဟားမက်စ်တွေ လှုပ်ရှားသွားလာလို့မရအောင် ပင်လယ်ရေတွေ မောင်းထည့်ပြီး ဖျက်ဆီးပစ်မယ်လို့လည်း ကနဦး သတင်းတွေထွက်ပေါ်ခဲ့တာပါ။

ဟားမက်စ်တွေကတော့ ဂါဇာကမ်းမြောင်ရဲ့ မြေအောက်မှာ 311 မိုင်ရှည်လျားတဲ့ မြေအောက်လိုဏ်ဂူတွေကို တည်ဆောက်ထားကြောင်း အခိုင်အမာပြောဆိုဖူးပေမယ့် အဲဒီကိန်းဂဏာန်းတွေဟာ တိကျမှု ရှိမရှိကိုတော့ မသိရသေးပါဘူး။အဲဒီမြေအောက်လိုဏ်ခေါင်းတွေဟာ အီဂျစ်ကနေ လက်နက်၊ခဲ၊ယမ်းမီးကျောက်တွေ ခိုးသွင်းဖို့၊ ထိန်းသိမ်းထားဖို့နဲ့ အစ္စရေးဘက်ကို တိုက်ခိုက်ရေးလမ်းကြောင်းအဖြစ် အသုံးပြုဖို့ ၊ ကွပ်ကဲရေးစင်တာအဖြစ် အသုံးပြုဖို့ တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်ထပ်မြင့်အဆောက်အအုံများစုပြုံလောင်ကျွမ်းခံရခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 18 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၂၇ရက် ဤမီးလောင်မှုသည် ဟောင်ကောင်၊ တိုင်ပေါ (Tai Po) ခရိုင်ရှိ အများပြည်သူ လူနေအိမ်ရာ အဆောက်အအုံကြီးဖြစ်သော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာနှင့် အနောက်ဘက်ကမ်းဒေသ နောက်ဆုံးရ သတင်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 27 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက် လက်ရှိအချိန်သည် အမေရိကန်ကြားဝင်စေ့စပ်မှုဖြင့် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ချုပ်ဆိုထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ပထမအဆင့် ပြီးဆုံးလုနီးပါး
နိုင်ငံတကာသတင်း အမေရိကန်

သမတအခန်းထဲ – ထရမ့်နှင့် မမ်ဒါနီတို့၏ တွေ့ဆုံမှုအတွင်း ဘာတွေဖြစ်ပျက်ခဲ့သလဲ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 24 Views
CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် သူတို့သည် အိမ်ခြံမြေအကြောင်း ပြောဆိုခဲ့ကြသည်၊ ရှုပ်ထွေးသော ဇုန်သတ်မှတ်ရေး စည်းမျဉ်းများကို ငြင်းခုံခဲ့ကြသည်၊ ထို့ပြင် လျှပ်စစ်ဓာတ်အား ခအနူန်းများကို လျှပ်စစ် လုပ်ငန်းကြီး တစ်ခုမှ မည်သို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်သော နောက်ဆုံးရသတင်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 20 Views
ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်သော နောက်ဆုံးရသတင်းများ ၂၀၂၅ခုနှစ်၊နိုဝင်ဘာလ ၂၆ရက် အမေရိကန်ပြည်ထောင်စုမှ အဆိုပြုထားသည့် ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်၍ နောက်ဆုံးပေါ် တိုးတက်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။- အမေရိကန်မှ အဆိုပြုထားသည့် အစီအစဉ် မူရင်းအစီအစဉ်။ အစတင်တွင် ၂၈-ချက် ပါဝင်ပြီး
ဂျပန် နိုင်ငံတကာသတင်း ယူကရိန်း အာရှ

စစ်ဘေးရှောင် ယူကရိန်းဒုက္ခသည်သည် ဂျပန်၌ အဆင့်မြင့် ဆူမိုနပန်းပြိုင်ပွဲတွင် အနိုင်ရရှိ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 36 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၄ရက် ရုရှားကျူးကျော်မှုမှ ထွက်ပြေးလာခဲ့သော အသက် ၂၁ နှစ်အရွယ် ယူကရိန်း ဆူမိုနပန်း သမားတစ်ဦးသည် ဂျပန်နိုင်ငံ၌ အဆင့်မြင့် ဆူမိုပြိုင်ပွဲတစ်ရပ်တွင် အနိုင်ရရှိခဲ့ပြီး၊ ယှဉ်ပြိုင်မှုပြင်းထန်သော ဤအားကစားနည်း၌ သူ၏ လျင်မြန်သော တိုးတက်မှုကို ချီးမွမ်းခြင်းခံခဲ့ရသည်။
ဂျာမဏီ နိုင်ငံတကာသတင်း ဥရောပ

ဂျာမနီသည် ဥရောပ၏ အင်အားအကြီးဆုံး စစ်တပ်ကို တည်ဆောက်လိုပြီး စစ်မှုမထမ်း မနေရ ဥပဒေသစ်သည် ထိုပန်းတိုင်ကို ပိုမိုနီးစပ်စေသည်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 38 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက် ဤနှစ်တွင် ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ် မာ့ဇ် (Friedrich Merz) က ဥရောပ၏ အင်အား အကြီးဆုံး စစ်တပ်ကို တည်ဆောက်မည်ဟု ကတိပြုခဲ့သည် – ၎င်းသည် နှစ်ပေါင်းများစွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဒီအပတ် စနေ/တနင်္ဂနွေ နိုင်ငံတကာ သတင်း အချက်အလက် အကျဉ်းချုပ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 46 Views
၂၀၂၅ခုနှစ်၊နိုဝင်ဘာလ ၂၃ရက် အမေရိကန် (USA) အမေရိကန်-ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်။ သမ္မတ ဒေါ်နယ်လ် ထရမ့် (Donald Trump) က ယူကရိန်း-ရုရှားစစ်ပွဲ အဆုံးသတ်ရေးအတွက် အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ် တစ်ရပ်ကို တင်သွင်းခဲ့ပြီး
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

နေတန်ယာဟုက မြင့်တက်လာသော အစွန်းရောက် အကြမ်းဖက်မှုဖြစ်လာမှုများအတွက် အစည်းအဝေး ခေါ်ယူနေချိန်တွင် အနောက်ဖက်ကမ်းရှိ ကားဂိုဒေါင်ဟောင်းကို အစ္စရေးအခြေချနေထိုင်သူများက မီးရှို့တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 53 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် ဂျေရုဆလင် —အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အစ္စရေးအခြေချနေထိုင်သူများ၏ အကြမ်းဖက် လုပ်ဆောင်မှုများအပေါ် လုံခြုံရေးအစည်းအဝေးတစ်ခု ကျင်းပနေချိန်တွင် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) ဒေသ၌ အစ္စရေးအခြေချနေထိုင်သူများသည် ပါလက်စတိုင်းသားများ၏ ကားများကို မီးရှို့ဖျက်ဆီးခဲ့သည်။