နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 1 ရက်

US

US နိုင်ငံတကာသတင်း

ထရန့်၏ရှေ့နေ ခရစ်ကီဆီ (Chris Kise) က သူ၏ အမှုအဆုံးသတ်ခြေပမှု လျှောက်လဲချက်ပေး

ထရန့် ၏ရှေ့နေ ခရစ်ကီဆီ (Chris Kise) သည် သူ၏ အမှုအဆုံးသတ်ခြေပမှု လျှောက်လဲချက်ကို ပေးခဲ့သည်။ ကီဆီသည် မည်သူတဦးတယောက်ကမှ လိမ်လည်မှုလုပ်ကြောင်း သက်သေမထွက်ဆိုခဲ့ကြောင်း ချေးငွေဆိုင်ရာ စည်းကမ်းချက်များနှင့် ဈေးနှုန်း ကွဲပြားကြောင်း တို့တွင် သက်သေမရှိကြောင်း ၎င်း၏ခုခံချေပချက်ကို အကျဉ်းချုပ်ဖော်ပြခဲ့သည်။

“ ရှေ့နေချုပ်က စာရွက်စာတမ်းတွေကို အရာအားလုံးကို ရှာဖွေကြည့်ရှုဖို့ ကြိုးစားနေပါတယ်” ဟု ကီဆီက ပြောကြားခဲ့သည်။ ထရန့်၏တရားသူကြီး Arthur Engoron၊ New York ရှေ့နေချုပ် Letitia James နှင့် အခြားသူများကို ရိုက်ကူးရန် တရားရုံးခန်းအတွင်းသို့ စုပေါင်းရိုက်ကူးရန် ကင်မရာကို ခွင့်ပြုထားသော်လည်း ယခုအခါတွင် တရားရုံးမှ တိုက်ရိုက်ကင်မရာများကို ခွင့်မပြုတော့ပေ။

ထရန့်က တရားခွင်အပြင်တွင် ဒီအမှုကို “ အခြေခံဥပဒေနဲ့မညီတဲ့ စုန်းမကိုအမဲလိုက်ခြင်း “ အဖြစ် သမုတ်လိုက်ပါသည်။

(မှတ်ချက်။ ။ စုန်းမကို အမဲလိုက်ခြင်းသည် ခရစ်ယန်ဘုန်းကြီးများက ဆေးဝါးကုသသောမိန်းမများကို အပြစ်ရှာစုန်းမများဟုခေါ်ဆိုပြီး မီးရှို့သတ်ဖြတ်ခြင်းကို တင်စားခေါ်ဆိုခြင်းဖြစ်သည်။)

သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် တရားခွင်ပြင်ပတွင် သတင်းထောက်များအား အမှုနောက်ဆုံး လျှောက်လဲချက်မပေးမီတွင် သူနှင့် သူ့ကုမ္ပဏီအား ဒေါ်လာ သန်း ၃၇၀ တရားစွဲဆိုမှုအား “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသော စုန်းမကို အမဲလိုက်ခြင်း” ဟု ခေါ်ဆိုခဲ့သည်။

၎င်းသည် “ အမြင့်ဆုံးအဆင့်မှ ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ခြင်း” နှင့် “ နာမည်ဖျက်ခြင်း” ဟု ထရန့်မှ ပြောကြားခဲ့ပြီး နယူယောက် ရှေ့နေချုပ် လက်တီယာဂျိမ်း (Letitia James) က အမှုဖွင့်တရားစွဲခဲ့သည့်အချိန်မှစတင်၍အဆက်မပြတ် ထွက်ပေါ်နေသည့် ထုတ်ပြန်ချက်များ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သို့ တင်သွင်းမည့် သံမဏိများအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းသို့ တိုးမြင့်ကောက်မည်ဟု ထရန့်ကြေညာ

  • 2025 ခုနှစ်၊ မေလ 31 ရက်
  • 7 Views
မေလ (၃၁) ရက်။ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသည့် သံမဏိများအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းသို့ နှစ်ဆ တိုးမြင့်ကောက်ယူမည်ဖြစ်ကြောင်း သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ် အစိုးရဌာနနှင့် လမ်းခွဲပြီးနောက် မျက်လုံးတစ်ဝိုက်မှာ ညိုမဲပြီး ထရန့်နဲ့ သူငယ်ချင်းအဖြစ် ဆက်ရှိနေလိုတယ်ဟုဆို

  • 2025 ခုနှစ်၊ မေလ 31 ရက်
  • 4 Views
မေလ (၃၁) ရက်။ ဒေါ်နယ်ထရန့်အစိုးရဌာန DOGE မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သော အသက် ၅၃ နှစ်ရှိ စီးပွားရေးလုပ်ငန်းရှင်
North Korea နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

တပ်ဖွဲ့ဝင် ၁၄,၀၀၀၊ ပဲ့ထိန်းဒုံးကျည် ၁၀၀ နှင့် ခဲယမ်းမီးကျောက် သန်းပေါင်းများစွာကို- မြောက်ကိုရီးယားက ရုရှားထံ ပေးပို့ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

  • 2025 ခုနှစ်၊ မေလ 31 ရက်
  • 5 Views
မေလ (၃၀) ရက်။ မြောက်ကိုရီးယားသည် ဒုံးကျည်များနှင့် ဒုံးပျံများ အပါအဝင် စစ်သားများနှင့် ခဲယမ်းမီးကျောက် သန်းပေါင်းများစွာကို ရုရှားသို့ ပေးပို့ခဲ့ကြောင်း နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခု၏ အစီရင်ခံစာသစ်အရ သိရသည်။ လွန်ခဲ့သည့်နှစ်အတွင်း ပြုံယမ်းက မော်စကို၏ သုံးနှစ်ကြာစစ်ပွဲအတွင်း
နိုင်ငံတကာသတင်း အမေရိကန်

Wall Street က ထရန့်အား “ ကြောက်ပြီးနောက်ပြန်ဆုတ်တဲ့သူ TACO” လို့ ခေါ်ဆို

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 11 Views
++++++++++++++++++++ “ TACO” အကြောင်း မေးမြန်းတဲ့ သတင်းထောက်ကို ထရန့်က “ စက်ဆုတ်ဖွယ်ကောင်းတဲ့မေးခွန်း” ဟု ပြောလိုက်သည်။ သမ္မတ ထရန့်၏အခွန်စည်းကြပ်မှု အကြိမ်ကြိမ် ခြိမ်းခြောက်မှုကြောင့် မကြာသေးမီလများအတွင်း Wall Street သည် သမိုင်းဝင်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးသည် ဂျာမနီမှ တာဝေးပစ်လက်နက်များ အကူအညီ ရရှိမည်ဖြစ်သော်လည်း တောရပ်စ် (Taurus) ဒုံးကျည်များ မပါ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 10 Views
မေလ (၂၈) ရက်။ ယူကရိန်းသမ္မတဇလန်းစကီးသည် ၎င်း၏နိုင်ငံတွင် လက်နက်တိုက်တည်ဆောက်မှုနှင့် လက်နက်ထုတ်လုပ်နိုင်မှုတို့ကို ကြိုးပမ်းနေစဉ်အတွင်း ယူရို ၅ ဘီလီယံ (ဒေါ်လာ ၅.၇ ဘီလျံ) တန် လက်နက် အစုအပုံရရှိခဲ့ခြင်းဖြင့် ဘာလင်မှ ထွက်ခွာမည်ဖြစ်သည်။ ရုရှားနိုင်ငံတွင်းရှိဝေးကွာသော
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဟားမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန်၏အဆိုပြုချက်အသစ်ကို အစ္စရေးက လက်ခံလိုက်သည်ဟု အစ္စရေးပြော

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 14 Views
မေလ (၂၉) ရက်။ အမေရိကန်သံတမန် စတိ့ဗ် ဝတ်ကော့ဗ် (Steve Witkoff) ထံမှ ဟားမတ်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်ကို အစ္စရေးက လက်ခံလိုက်ပြီဟု အစ္စရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ အဆိုပြုချက်တွင် အသက်ရှင်ကျန်ရစ်သော
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထရန့်အစိုးရသည် ဘေဂျင်းနှင့် ကြီးမားသော တင်းမာမှုများအတွင်း တရုတ်ကျောင်းသားဗီဇာများကို ရန်လိုမှုများဖြင့် ရုပ်သိမ်းပစ်မည်ဖြစ်သည်။

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 13 Views
* ရှီကျင့်ဖျင့်၏သမီးဖြစ်သူ ဇီမင်းဇီ (Xi Mingze) လည်း အမည်တမျိုးဖြင့် ဟားဗတ်တွင် ပညာသင်ကြားလျက်ရှိသည်။ * မေလ (၂၉) ရက်။ အမေရိကန်ပြည်ထောင်စုသည် တရုတ်ကျောင်းသားများအတွက် ပြည်ဝင်ခွင့်ဗီဇာများကို ရန်လိုစွာဖြင့် ရုပ်သိမ်းမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုက
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

စစ်သင်္ဘော ရေချမှု မအောင်မြင်ခဲ့မှုကြောင့် တာဝန်ရှိသူ လေးဦးကို မြောက်ကိုရီးယား ဖမ်းဆီး

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 18 Views
မေလ (၂၆) ရက်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း၏ နောက်ဆုံးပေါ် စစ်သင်္ဘောတစ်စင်းသည် ဘေးတစောင်း လဲလျောင်းနေပြီး တစ်စိတ်တစ်ပိုင်း နစ်မြုပ်သွားခဲ့သော မတော်တဆမှုအတွက် သင်္ဘောကျင်းတစ်ခုတွင် တာဝန်ရှိသည်ဟု ဆိုကာ လူလေးဦးကို မြောက်ကိုရီးယားက ဖမ်းဆီးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။