နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသ၏ အနာဂတ်အတွက် ဟားမတ်စ်အလွန် အစီအစဉ်ကို နေတန်ယာဟု ထုတ်ပြန်

ဖေဖော်ဝါရီလ (၂၃) ရက်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသ၏ အုပ်ချုပ်ရေးပိုင်းနှင့် ပညာရေးစနစ်များ ပြုပြင်မွမ်းမံရေး အပါအဝင် ဂါဇာကမ်းမြောင်ဒေသ၏ အနာဂတ်အတွက် ဟားမတ်စ်အလွန် အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့သည်။ နေတန်ယာဟုသည် ကြာသပတေးနေ့ညက အစ္စရေးလုံခြုံရေး ဝန်ကြီးအဖွဲ့ဝင်များထံ တင်ပြခဲ့သည့် အစီအစဉ်၏ မိတ္တူကို CNN မှ ရရှိခဲ့သည်။ ဆွေးနွေးမှုများအတွက် အခြေခံအဖြစ် ဖြန့်ဝေခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက CNN သို့ ပြောကြားခဲ့ပြီး၊ စစ်ပြီးခေတ် ဂါဇာကမ်းမြောင်ဒေသအတွက် ခိုင်မာသော အစီအစဉ် မရှိသည့်အတွက် ရက်သတ္တပတ်များစွာကြာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် နေတန်ယာဟုထံမှ ဤအစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

အစ္စရေးထောက်လှမ်းရေး မို့ဆက် (Mossad) ဒါရိုက်တာ ဒေးဗစ် ဘာနီရာ (David Barnea) ဦးဆောင်သော စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို အစ္စရေးက သောကြာနေ့တွင် ပါရီမြို့သို့ စေလွှတ်ပြီး လေးလကြာစစ်ပွဲကို အဆုံးသတ်စေမည့် အလားအလာရှိသော အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေး သဘောတူညီချက်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ စစ်ပွဲစတင်ကတည်းက ဂါဇာတွင် လူပေါင်း ၂၉၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဟားမတ်စ်၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း အစ္စရေးတွင် လူပေါင်း ၁၂၀၀ သေဆုံးခဲ့ကြောင်း အစ္စရေးအာဏာပိုင်များက ပြောကြားခဲ့သည်။ လုံခြုံရေးနှင့် အရပ်ဘက်အဆင့် အပြောင်းအလဲများမှ နယ်မြေကို အုပ်ချုပ်မည့်သူများနှင့် ပတ်သက်သော နောက်ထပ် ရေရှည်အစီအစဉ်များအထိ အခြေခံမူများစွာကို စာတမ်းတွင် အကျဉ်းချုပ် ဖော်ပြထားသည်။

ယင်းအစီအစဉ်တွင် ဂါဇာကမ်းမြောင်တောင်ပိုင်းနှင့် အီဂျစ်နယ်စပ်ကို ပိတ်ကာ အစ္စရေးတို့ နယ်မြေတွင်းမှ ဝင်ခွင့်နှင့် ထွက်ပေါက်ကို အပြည့်အဝ ထိန်းချုပ်နိုင်စေခြင်း ပါဝင်သည်။ လက်ရှိတွင် အီဂျစ်သည် ရာဖာ (Rafah) ဖြတ်ကျော်မှုမှတစ်ဆင့် ဂါဇာ၏တောင်ဘက်နယ်စပ်သို့ ဝင်ထွက်သွားလာမှုကို ထိန်းချုပ်ထားသည်။ နေတန်ယာဟု၏ အစီအစဉ်တွင် အစ္စရေးသည် အမေရိကန်နှင့် ညှိနှိုင်းပြီး အီဂျစ်နှင့် “တတ်နိုင်သမျှ” ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။ အစ္စရေးသည် အဆိုပါ အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုတွင် အီဂျစ်က လက်မှတ်ရေးထိုးမှုထားခြင်း ရှိမရှိ မသိရပေ၊ သို့မဟုတ် ၎င်း၏ အစိတ်အပိုင်း တစ်ခုခုကို သဘောတူညီထားမှု ရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရပေ။ သို့သော် အဆိုပါအစီအစဉ်သည် အမေရိကန်နှင့် လိုက်လျောညီထွေဖြစ်ကြောင်း အစ္စရေးအရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

အဆိုပြုချက်အပေါ် အမေရိကန်က တရားဝင် တုံ့ပြန်မှု မရှိသေးပေ။ အနောက်ဘက်ကမ်းနှင့် အစ္စရေးတို့အပြင် ဂါဇာကမ်းမြောင်ဒေသအားလုံးပါဝင်သည့် “ဂျော်ဒန်အနောက်ဘက် ဧရိယာတစ်ခုလုံးကို အစ္စရေးက လုံခြုံရေးအရ ထိန်းချုပ်နိုင်လိမ့်မည်” ဟု ယခင် နေတန်ယာဟုပြောခဲ့သည့်အတိုင်း အဆိုပါ အစီအစဉ်တွင် အခိုင်အမာ ပြောကြားခဲ့သည်။ ပါလက်စတိုင်းတို့သည် အစ္စရေးက သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း၊ အရှေ့ဂျေရုဆလင်နှင့် ဂါဇာဒေသတို့တွင် လွတ်လပ်သောနိုင်ငံအဖြစ် ကာလရှည်ကြာ ကြိုးပမ်းခဲ့ကြသည်။

အစ္စရေးသည် ဂါဇာကမ်းမြှောင်ကို စစ်မဲ့ဒေသအဖြစ် “ ကြီးကြပ်စောင့်ကြည့်ခြင်း” အတွက် တာဝန်ရှိလိမ့်မည် ဖြစ်သော်လည်း လူထုက လိုက်နာစေမည့်အစီအစဉ်ပါဝင်မှု မရှိပါ။ အရပ်ဘက်အဆင့်တွင် နေတန်ယာဟုသည် ကာတာမှ ဂါဇာသို့ ရန်ပုံငွေဖြတ်တောက်မှု အပါအဝင် ဂါဇာ၏ အရပ်ဘက်အုပ်ချုပ်ရေးနှင့် ပညာရေးစနစ်များကို အလုံးစုံ ပြုပြင်မွမ်းမံမှု ကို အသေးစိတ်ဖော်ပြထားသည်။ ထိုအစီအစဉ်သည် ယခင်က နေတန်ယာဟုအစိုးရမှ အတည်ပြုပြီး ပံ့ပိုးပေးခဲ့သည့်အရာ ဖြစ်သည်။

အရပ်ဘက်ဝန်ဆောင်မှုကို လုပ်ဆောင်နေသည့် ပြည်တွင်းအဖွဲ့အစည်းများသည် “အကြမ်းဖက်ဝါဒကို ပံ့ပိုးပေးသည့် နိုင်ငံများ သို့မဟုတ် အဖွဲ့အစည်းများက မဟုတ်စေရဘဲ ၎င်းတို့ထံမှ ငွေပေးချေမှုကိုလည်း လက်ခံရယူခြင်းကို မပြုရဟုဖော်ပြထားသည်။ ၎င်းသည် ကာတာအား ကိုးကားဖွယ်ရှိသော်လည်း ၎င်းသည် ပါလက်စတိုင်းအာဏာပိုင်များနှင့်လည်း သက်ဆိုင်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ၊ အနာဂတ်တွင် ဂါဇာကို အုပ်ချုပ်သင့်သည်ဟု အမေရိကန်က ပြန်လည်ဆန်းသစ်ထားသောဗားရှင်းတစ်ခု ဖြစ်သည်။ နေတန်ယာဟု၏ အစီအစဉ်သည် အစ္စရေးနှင့် ၎င်း၏ မဟာမိတ်များက ဂျူးဘာသာဝင်များနှင့် အစ္စရေးကို မုန်းတီးမှုကို မြှင့်တင်နေသည်ဟု ကာလရှည်ကြာ စွပ်စွဲထားသည့် ပညာရေးစနစ်တွင် အစွန်းရောက်မှုကို လျှော့ချရန်လည်း တောင်းဆိုထားသည်။

ပါလက်စတိုင်း ဒုက္ခသည်များကို ထောက်ပံ့သည့် အဓိက ကုလသမဂ္ဂအေဂျင်စီ UNRWA ကို ပိတ်ပစ်ရန် အစ္စရေးက လုပ်ဆောင်မည်ဖြစ်ပြီး ၎င်းကို “တာဝန်ရှိ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ” ဖြင့် အစားထိုးရန် အဆိုပါ အစီအစဉ်ကို ထပ်မံလုပ်ဆောင်မည်ဖြစ်သည်။ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေသည်ဟုဆိုပြီး UNRWA ဝန်ထမ်းတစ်ဒါဇင်ခန့်ကို အစ္စရေးက စွပ်စွဲထားပါသည်။ အေဂျင်စီသည် ဂါဇာတွင် လူပေါင်း ၁၃၀၀၀ ခန့်ကို အလုပ်ခန့်ထားသည်။ နောက်ဆုံးတွင် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် နိုင်ငံတကာအသိုင်းအဝိုင်းက အတင်းအကျပ် ဖိအားပေးခြင်းကို လက်ခံမည်မဟုတ်ကြောင်း အစ္စရေး၏ အခိုင်အမာ ပြောကြားထားပြီး၊ ဗြိတိန်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က ထိုသို့ပြောဆိုဖိအာပေးလာခြင်းကို တုံ့ပြန်ခြင်း ဖြစ်နိုင်ခြေတစ်ရပ်လည်း ဖြစ်သည်။ “ပါလက်စတိုင်းတို့ အမြဲတမ်း အခြေချနေထိုင်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာမှ ဆုံးဖြတ်ချက်များကို အစ္စရေးက ပြတ်ပြတ်သားသား ပယ်ချပါသည်” ဟု နေတန်ယာဟုက ယခု ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုခြင်းသည် “မကြုံစဖူးသော အကြမ်းဖက်ဝါဒထွန်းကားလာမှုအတွက် ကြီးမားသော ဆုလာဘ်တစ်ခု ဖြစ်လိမ့်မည်” ဟု အခိုင်အမာဆိုသည်။

ဤအစီအစဉ်က လက်တွေ့ဆန်ရဲ့လား?

အဆိုပြုချက် အများအပြားကို အဓိကအုပ်စုများက ကန့်ကွက်ကြသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် ကြားခံဇုန်တစ်ခု၏ အယူအဆကို ပယ်ချခဲ့ပြီး ဖြစ်သည်။ ဂါဇာကမ်းမြောင်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နယ်စပ်ကို အစ္စရေးက ထိန်းချုပ်မည်ဆိုသည့် အကြံပြုချက်ကို အီဂျစ်က ပယ်ချခဲ့ပါသည်။ အာရပ်စော်ဘွားများပြည်ထောင်စုက လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံသို့ ဦးတည်သည့် ရှင်းလင်းပြတ်သားသော လမ်းပြမြေပုံ မရှိဘဲ ဂါဇာကမ်းမြောင် ပြန်လည်တည်ဆောက်ရေး ဥပဒေကြမ်းကို အထောက်အကူ ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး နေတန်ယာဟုက ပါလက်စတိုင်းနိုင်ငံ တည်ထောင်မှုကို ပယ်ချခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသကို နိုင်ငံတကာမှ အကူအညီ အများဆုံးပေးနေသည့် UNRWA ကို ချေမှုန်းရန် နေတန်ယာဟု၏ ကတိကဝတ်ပြုမှုသည် အောက်တိုဘာ ၇ ရက်မတိုင်ခင်ကတည်းက အောင်မြင်ဖို့ ခက်ခဲပါလိမ့်မည်။ UN က ဂါဇာရှိ ပြည်သူများသည် ယခုအခါ ကြီးမားသော အငတ်ဘေးနှင့် ရင်ဆိုင်နေရပြီး ထို့အတွက် လုပ်ဆောင်ရမည့်တာဝန်က ကြီးမားလိမ့်မည်ဟု ဆိုသည်။

အစ္စရေးက သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း၏ အစိတ်အပိုင်းများကို စီမံခန့်ခွဲသည့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို ဤအစီအစဉ်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပါ။ နေတန်ယာဟုသည် ဂါဇာကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က ထိန်းချုပ်နိုင်သည်ဟူသော အကြံပြုချက်ကို ယခင်က ပယ်ချခဲ့သည်။ ယခု ပြန်လည်ဖွဲ့စည်းထားသောမူကွဲကို လက်ခံမည်လားဆိုသည်မှာ ရှင်းရှင်းလင်းလင်းမသိရသေးဘဲ၊ ၂၀၀၆ ရွေးကောက်ပွဲတွင် ဟားမစ်ကို မဲပေးခဲ့သော ပါလက်စတိုင်းလူမျိုးများက ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ အား လက်ခံမည်မလားဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ယခုလောလောဆယ်တွင် နေတန်ယာဟု၏ ဦးစားပေးမှာ ဟားမတ်စ်များကို ဖျက်ဆီးတိုက်ဖျက်နေခြင်းဖြစ်ပြီး ဂါဇာတွင် ကျန်ရှိနေသည့် အောက်တိုဘာ ၇ ရက်က ပြန်ပေးဆွဲသွားသော ဓားစာခံ ၁၀၀ ကျော်ကို ပြန်လည်ရယူရန် ဖြစ်သည်။ ဓားစာခံအတွက် ဆွေးနွေးပွဲများ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးသည် ပါရီသို့ သောကြာနေ့က နေတန်ယာဟု စေလွှတ်ခဲ့သော ထိပ်တန်းကိုယ်စားလှယ်အဖွဲ့၏ အဓိကပန်းတိုင်ဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသတွင် သေဆုံးသူဦးရေ ၃၀,၀၀၀ ကျော်အထိ မြင့်တက်လာနိုင်သည့် ရာဖာ၌ မြေပြင်စစ်ဆင်ရေးကို တားဆီးနိုင်မည်ဟု အမေရိကန်နှင့် အခြားနိုင်ငံများက မျှော်လင့်နေကြသည်။

စစ်ပွဲပြီးသည်နှင့် အစ္စရေးတွင် ရွေးကောက်ပွဲများ ပြုလုပ်ရမည်မှာ ရှောင်လွှဲ၍မရဟု လေ့လာသူအများစုက ယုံကြည်ကြပြီး နေတန်နေဟုနှင့် ၎င်း၏မဟာမိတ်များ ရှုံးနိမ့်မည်ဟု ခန့်မှန်းကြသည်။ သို့သော် မတူညီသောခေါင်းဆောင်တစ်ဦးဖြစ်သည့် စစ်ရေးကက်ဘီနက်အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး အတိုက်အခံခေါင်းဆောင်ဟောင်း ဘန်နီဂန့်ဇ် (Benny Gantz) သည် လူကြိုက်အများဆုံးဖြစ်နေပြီး ဂါဇာကမ်းမြောင်အတွက် ကွဲပြားသောအမြင်များ ရှိမရှိကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

Source/Photo: CNN

ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းဒုက္ခသည်များအတွက် ပါလက်စတိုင်းဒုက္ခသည်များအတွက် ဂျာဘာလီယာစခန်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများကို အောက်တိုဘာ ၁၁ ရက်က ဝေဟင်မှ မြင်ရစဉ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 46 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက