မတ်လ (၄) ရက်။
နွေဦးရာသီ ဖလော်ရီဒါ မီယာမီကမ်းခြေတွင် ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များလာရောက်စုရုံးကြပြီး ဖြစ်ပွားတတ်သည့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများနှင့် လူအများအကြား သေနတ်နှင့် ပစ်ခတ်မှုများ၊ ကြောက်လန့်တကြား ပြေးလွှားရင်း လူအုပ်ကြီးမှ တက်နင်းမိပြီး သေဆုံးဒဏ်ရာရမှုများနှင့် ခိုက်ရန်ဖြစ်ပွားနေစဉ်အတွင်း သေနတ်ပစ်မှုများမှ ကာကွယ်ရန် မီယာမီကမ်းခြေရှိ ပုလိပ်အဖွဲ့မှ ကြိုတင်ကာကွယ်ရေးများကို ပုလိပ်အကြီးအကဲနှင့်မြို့တော်ဝန်တို့မှ ပူးတွဲကြိုးစားဆောင်ရွက်နေကြသည်။
ထိုကဲ့သို့ဖြစ်မှုများ သူတို့အုပ်ချုပ်မှုအောက်တွင် မဖြစ်ရန် အပူတိုင်းတာမှုပါရှိသည့်ဒရုန်းများကို အသုံးပြုသွားမည့်အစီအစဉ်ကို လုပ်ဆောင်နေကြသည်။ မနှစ်က လူများထွက်ပြေးကြရင်း တဦးနှင့် တဦးနင်းမိသည့်ဖြစ်စဉ် (၁၆) ခု ဖြစ်ခဲ့သည်ဟု မီယာမီစားသောက်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။
မနှစ်က လူပေါင်း (၅၇၃) ဦး အဖမ်းဆီးခံခဲ့ရပြီး သေနတ် အလက် (၅၀၀) ထက်မနည်း သိမ်းဆည်းရမိခဲ့သည်။ ပုလိပ်များက မီယာမီကမ်းခြေသို့ လာရောက်သောကားများကို လမ်းဆုံးလမ်းခွများရှိ နေရာ (၃) နေရာတွင်ရပ်တန့်စစ်ဆေးပြီး သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။