နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 4 ရက်

Russia

Russia နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ကမ္ဘာ့ထိပ်တန်းကြေးစားစစ်တပ်များ။

၁။ အမည်။ လက်ရှိအမည်မှာ အကယ်ဒီမီ (Academi) ဖြစ်ပြီး ၁၉၉၇ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး လူအင်အား ၂၁,၀၀၀ ရှိသည်။ ယခင်က ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလအထိ ရေနက် (Black Water) အဖွဲ့ ဟု ခေါ်သည်။ ၂၀၁၀ ဇန်နနဝါရီလအထိ Xe Services LLC ဟုခေါ်သည်။ ဌာနချုပ်မှာ အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားတွင် ရှိသည်။ အမေရိကန် နိုင်ငံတွင် လူသိများသည့် အဖွဲ့ဖြစ်သည်။

၂။ အမည်။ RSB-Group ၂၀၀၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဗဟိုဌာနချုပ်မှာ မော်စကိုဖြစ်သည်။ လူအင်အား ၂၅၀ ခန့်ရှိသည်။

၃။ ဝက်ဂနာအုပ်စု (Wegner Group) သည် လူအင်အာ ၅၀,၀၀၀ ခန့်ရှိသည်။ ရုရှားအခြေစိုက် ကြေးစားတပ်ဖြစ်သည်။ ၂၀၁၃ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။အစကနဦးတွင် ၂၀၁၆ခုနှစ်က အဖွဲ့တွင်လူအင်အား ၁၀၀၀ခန့်ရှိခဲ့သည်။၂၀၁၇ခုနှစ်သြဂုတ်လတွင် ၅၀၀၀အထိတက်လာခဲ့ပြီး ၂၀၁၇ခုနှစ် ဒီဇင်ဘာလတွင် ၆၀၀၀ရှိလာသည်။ ကမ္ဘာ့နေရာ အသီးသီးတွင်ရှိသည့် စစ်ရေးကိစ္စများတွင် ပါဝင်ပတ်သက်နေသည့် တပ်ဖွဲ့ဖြစ်သည်။ အထူးသဖြင့်ယူကရိန်းနှင့် ဆီးရီးယားတွင် ဝင်ရောက်တိုက်ခိုက်နေသည်။

၄။ G4S သည်လူအင်အား ၅၇၀, ၀၀၀ ရှိသည်။ ၁၉၀၁ခုနှစ်တွင် လန်ဒန်မြို့၌ တည်ထောင်ခဲ့သည်။ ယခင်က Group 4 Securicor ဟု ခေါ်သည်။ ၂၀၀၄ခုနှစ်တွင် ခေတ်မီပုံစံကို ပြောင်းလဲခဲ့သည်။ ဗြိတိသျှနိုင်ငံတကာပေါင်းစုံလုံခြုံရေးနှင့် ဝန်ဆောင်မှုပေးသည့် ကမ္ဘာ့အကြီးဆုံး ကန်ထရိုက်တာကုမ္ပဏီဖြစ်သည်။

၅။ အမည်။ CACI International ဟု ခေါ်သည်။ ၁၉၆၂ ခုနှစ်တွင် တည်ထောင်သည်။ ဗဟိုဌာနချုပ်မှာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ စင်တာမော်နီကာမြို့ ဖြစ်သည်။ လူအင်အား ၂၀,၀၀၀ ရှိသည်။

၆။ အမည်။ DYNCORP ဟု ခေါ်သည်။ ၁၉၄၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ဗဟိုဌာနချုပ်မှာ အမေရိကန်နိုင်ငံ မက်လီန်းဗာဂျီနီးယားတွင် ရှိသည်။ လူအင်အား ၁၄,၀၀၀ ရှိသည်။

၇။ အမည်။ အဲလိုင်းဘာတန် (Alliedbarton) ဟု ခေါ်သည်။ ၁၉၅၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် (Universal Protection) အမည်ပြောင်းလဲခဲ့သည်။ လူအင်အား ၂၂၀,၀၀၀ရှိသည်။ ဗဟိုဌာနချုပ်မှာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Conshohocken, Pennsylvania, Santa Ana တွင် ရှိသည်။ လုံခြုံရေးနှင့် အထောက်အပံ့ ပစ္စည်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် အမေရိကန် အဖွဲ့အစည်း ဖြစ်သည်။ ကမ္ဘာ့အကြီးမားဆုံး ကန်ထရိုက်တာကြီးတခု ဖြစ်သည်။

၈။ အမည်။ အန္တရာယ်ထိန်းချုပ်ခြင်းအဖွဲ့(Control risks) ဟု ခေါ်သည်။ ၁၉၇၅ ခုနှစ်တွ င်စတင်ဖွဲ့စည်းခဲ့သည်။ ဗဟိုဌာနချုပ်မှာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ ဖြစ်သည်။ လူအင်အား ၃၀၀၀ ရှိသည်။

၉။ အမည်။ ကေဘီအာ (KBR) ဟုခေါ်သည်။ ၁၉၀၁ ခုနှစ်တွင် M.W. Kellogg။ ၁၉၄၀ခု ခုနှစ်တွင် Brown and Root, ၁၉၆၂ ခုနှစ်တွင် Halliburton, ၂၀၀၆ ခုနှစ်တွင် KBR ဟု အဆင့်ဆင့် အမည်ပြောင်းခဲ့သည်။ ယင်းအဖွဲ့တွင် လူအင်အား ၃၇,၅၀၀ ခန့်ရှိသည်။ ထိုအဖွဲ့သည် အမေရိကန်အင်ဂျင်နီယာ တပ်ဖွဲ့ဖြစ်ပြီး လက်နက်ပစ္စည်းရောင်းဝယ်ရေးနှင့် ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး စစ်ရေးဝန်ဆောင်မှုကိုလည်း ပေးသည်။

+2

See insights and ads

Boost post

All reactions:

3535

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 12 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 19 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို