နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်သံတမန်တွေကို မောင်းထုတ်ဖို့ ဖိလစ်ပိုင်လုံခြုံရေးအကြံပေးတောင်းဆို

တရုတ်သံတမန်တွေကို မောင်းထုတ်ဖို့ ဖိလစ်ပိုင်လုံခြုံရေးအကြံပေးတောင်းဆို

++++++++++++++

ဖိလစ်ပိုင်ရေတပ်ဗိုလ်ချုပ်ကြီးနဲ့ ဖုန်းပြောဆိုမှုတွေပေါက်ကြားခဲ့တာကြောင့် တရုတ်သံတမန်တွေကို နိုင်ငံထဲက နှင်ထုတ်ဖို့ ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေးက မေလ 10 ရက်နေ့မှာ တောင်းဆိုလိုက်ပြီး တောင်တရုတ်ပင်လယ်အရေးလည်း တင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။

မနီလာမှာရှိတဲ့တရုတ်သံရုံးဟာ မဟုတ်မမှန်သတင်းတွေဖြန့်ဝေတာ၊ သတင်းအမှားတွေကို ကြိုးကိုင်ဖန်တီးတာတွေနဲ့ သဘောထားကွဲလွဲစေနိုင်အယူအဆတွေကို ကြိုးကိုင်လုပ်ဆောင်နေတယ်လို့ ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေး အက်ဒွါဒိုအာနိုက သူ့ရဲ့ကြေညာချက်ထဲမှာ ပြောဆိုခဲ့တာပါ။

ဆက်လက်ပြီး အာနိုက တရုတ်သံတမန်တွေကို ကြီးလေးတဲ့ပြစ်ဒဏ်မချဘဲ အိမ်ပြန်ခွင့်မပေးသင့်ဘူးလို့လည်း ပြောခဲ့ပါတယ်။ အဲဒီလိုပြောဆိုမှုတွေကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူလင်ချန်းက ဒေါသတကြီးတုံ့ပြန်ခဲ့ပါတယ်။

‘’တရုတ်သံတမန်တွေ ပုံမှန်လုပ်ငန်းတာဝန်တွေထမ်းဆောင်ရာမှာ ထိရောက်တဲ့အကာအကွယ်ပေးဖို့ ဖိလစ်ပိုင်ဘက်ကို အလေးအနက်တောင်းဆိုလိုပါတယ်။ သံတမန်တွေကို ထိပါးနှောက်ယှက်တာတွေရပ်ပြီး အမှန်တရားကို လက်မခံဘဲ ဒေါသတကြီး ပြုမူတာတွေကို ရှောင်ကြဉ်ပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ လင်ချန်ခဲ့ပြောသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တောင်တရုတ်ပင်လယ်အငြင်းပွါးမှုနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးနဲ့ တရုတ်သံတမန်တစ်ဦးကြား ဖုန်းပြောဆိုမှုနဲ့ပတ်သက်ပြီး အသံဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီအသံဖိုင်မှာ အငြင်းပွါးနေတဲ့ ဒုတိယသောမက်စ်ကျွန်းနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်ဗိုလ်ချုပ်ကြီးက တရုတ်အစိုးရဆန္ဒအတိုင်း လိုက်လျောဖို့ သဘောတူညီတယ်လို့ ပြောဆိုထားတာတွေ ပါရှိပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ မဟာမိတ်တွေနဲ့ အမေရိကန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ တရုတ်နိုင်ငံရဲ့ ကမ်းခြေစောင့်တပ်တွေ ကျယ်ကျယ်ပြန့်ပြန့်ဖြန်ကျက်ထားတဲ့ ရေပိုင်နက်အတွင်း လှုပ်ရှားသွားလာမှုတွေကို အရှိန်မြှင့်ဆောင်ရွက်ခဲ့တာကြောင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံကြား တင်းမာမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။

အဲဒီလိုတင်းမာမှုတွေကြောင့် တရုတ်နိုင်ငံက ဖိလစ်ပိုင်ကို ပိုင်နက်ကျူးလွန်မှုလို့ စွပ်စွဲပြောဆိုခဲ့သလို ဖိလစ်ပိုင်အစိုးရကလည်း သူတို့ရဲ့ သီးသန့်စီးပွါးရေးဇုန်အတွင်း အန္တရယ်ကြီးတဲ့ ရန်လိုမှုလို့ တရုတ်အစိုးရကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အခုဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို ချက်ခြင်းတုံ့ပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်ခင်ဗျာ . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 31 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 23 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 24 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 41 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို