နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

အာရှ

အာရှ

အိန္ဒိယဝန်ကြီးချုပ် တတိယသက်တမ်းအတွက် မိုဒီ ထပ်မံရွေးကောက်ခံရ

အိန္ဒိယဝန်ကြီးချုပ် တတိယသက်တမ်းအတွက် မိုဒီ ထပ်မံရွေးကောက်ခံရ

+++++++++++++++++

အိန္ဒိယရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် မိုဒီအနေနဲ့ ညွန့်ပေါင်းအစိုးရသစ်ကို တတိယသက်တမ်းအတွက် ဆက်လက်ဦးဆောင်ဖို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့က ရွေးချယ်ခဲ့ကြတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲရလဒ်တွေကြေညာပြီးတဲ့နောက်မှာ လက်ရှိအိန္ဒိယဝန်ကြီးမိုဒီက “ ကျတော်တို့ အိန္ဒိယလူမျိုး​တွေဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆီကို အတူတကွ လျှောက်လှမ်းကြရမှာဖြစ်ပြီး အခု တတိယသက်တမ်းမှာ ကျတော်တို့နိုင်ငံအနေနဲ့ သမိုင်းစာမျက်နာသစ်တွေအတွက် ကြီးမားတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီပါတီဟာ တတိယသက်တမ်းအတွက် အနိုင်ရခဲ့ပေမယ့် အတိုက်အခံပါတီ အင်ဒီယန်းတွေရဲ့ အားကောင်းလာမှုကြောင့် ပါလီမန်ထဲမှာ အဓိကနေရာတွေကို ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အရေးနိမ့်ခဲ့ရပါတယ်။

ဒါဟာမိုဒီရဲ့ ဂုဏ်ပုဒ်တချို့ အတိုင်းအတာတစ်ခုအထိ ထိပါးခံရတာ သိသာထင်ရှားပါတယ်လို့ ချာသမ်ဟောက်စ်က အာရှ-ပစိဖိတ်ပရိုဂရမ်ရဲ့ တောင်အာရှ သုတေသနပညာရှင်ဖြစ် ဒေါက်တာ ချီတစ်ဘက်ပက်က သုံးသပ်ပါတယ်။

“ ဒီမိုကရေစီစနစ်ဟာ အိန္ဒိယလူ့အဖွဲ့အစည်းမှာ အမြစ်ကောင်းကောင်းတွယ်နေသေးသလို အတိုင်းအတာတစ်ခုအထိ အပြန်အလှန်ထိန်းကျောင်းမှုရှိနေတာကို အခုရွေးကောက်ပွဲမှာ မြင်တွေ့ရပါတယ်။ ရေရှည်မှာတော့ မိုဒီရဲ့ အားနည်းလာတဲ့အနေအထားနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေရှိနေပါတယ်၊ အခုဆိုရင် မိုဒီရဲ့နေရာဘယ်သူဆက်ခံမလဲ၊ မိုဒီမရှိတော့တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါပြီ ”

အိန္ဒိယနိုင်ငံရေးကို 2014 ခုနှစ်ကတည်းက လွှမ်းမိုးထားခဲ့တဲ့ မိုဒီဟာ အခုလာမယ့် တတိယသက်တမ်းမှာတော့ အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ရှုပ်ထွေးစေမယ့် ဒေသတွင်း မဟာမိတ်တွေရဲ့ထောက်ခံမှုအပေါ် မှီခိုနေတဲ့ အစိုးရတစ်ရပ်ကို ပထမဆုံးအကြိမ်တည်ထောင်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဒါဟာ အိန္ဒိယနိုင်ငံကို ကိုလိုနီလက်အောက်က လွတ်လပ်ရေးရခဲ့တဲ့ နှစ် 100 ပြည့် 2047 မှာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်လာစေဖို့ အခြေခံအုတ်မြစ်ချလိုက်တာဖြစ်တယ်လို့ မိုဒီက ပြောပါတယ်။ မိုဒီဟာ သူ့ရဲ့ တတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲကို ယခုသီတင်းပတ်အတွင်း ကျင်းပဖွယ်ရှိနေတယ်လို့ သိရပါတယ်ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 65 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 67 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 108 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 106 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 324 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 426 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်