နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကုလသမဂ္ဂ စာသင်ကျောင်းတွင် ခိုလှုံနေသူ ဒါဇင်နှင့်ချီ သေဆုံးခဲ့ကြောင်း ဂါဇာတာဝန်ရှိသူများ ပြောကြား

ဇွန်လ (၆) ရက်၊ ဂျေရုဆလင်။

ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ ကုလသမဂ္ဂပိုင်ကျောင်းတစ်ကျောင်းကို အစ္စရေး၏ ညတွင်းချင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူဒါဇင်နဲ့ချီ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟု ပါလက်စတိုင်းနယ်မြေက ဆေးရုံနှင့် အစိုးရအာဏာပိုင်များက ပြောပါသည်။ ပါလက်စတိုင်းဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA) မှ ကြီးမှူးသည့် ယင်းစာသင်ကျောင်း တိုက်ခိုက်ခံရချိန်တွင် နူဆီရတ်ဒုက္ခသည်စခန်း၌ အိုးမဲ့အိမ်မဲ့ဖြစ်သူများက ခိုလှုံနေကြသည်ဟု ဂါဇာအစိုးရမီဒီယာရုံးက ပြောပါသည်။

တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၄၅ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN ကို ပြောကြားခဲ့ပါတယ်။ ကြာသပတေးနေ့ နံနက်တွင် လူနာများကို ဆေးရုံသို့ ပို့ဆောင်နေဆဲဖြစ်သောကြောင့် ထိခိုက်သေဆုံးမှုများ တိုးလာနိုင်ကြောင်း အနီးရှိ အယ်ကွာဆာ အာဇာနည် (Al-Aqsa Martyrs) ဆေးရုံမှ အာဏာပိုင်များက ပြောကြားခဲ့သည်။ စာသင်ကျောင်းအတွင်းရှိနေသော ဟားမတ်စ်ခြံဝင်းကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုခဲ့သည်။ ကြေညာချက်တွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က တိုက်ခိုက်မှု မဖြစ်ပွားမီ အန္တရာယ်ကိုလျှော့ချရန် ဝေဟင်မှ စောင့်ကြည့်ခြင်းနှင့် “နောက်ထပ်တိကျသော ထောက်လှမ်းရေးများ” ကို အသုံးပြုခြင်း အပါအဝင် “အစီအမံများစွာ” ပြုလုပ်ထားကြောင်း အစ္စရေးက ဆိုသည်။

ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ နက်ရှိုင်းလာနေချိန်တွင် IDF သည် အင်္ဂါနေ့တွင် မြေပြင်နှင့် လေကြောင်းမှ တိုက်ခိုက်မှုများကို အရှိန်မြှင့်ပြီးနောက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါဒေသရှိ CNN မှ သတင်းပေးပို့သူ၏ အဆိုအရ အဆိုပါကျောင်းသည် သုံးထပ်အဆောက်အအုံကို ထိုးဖောက်ဝင်ရောက်သည့် ဒုံးကျည်သုံးစင်းထက်မနည်း ထိမှန်ခဲ့ကြောင်း သိရသည်။ အဆိုပါ အဆောက်အအုံသည် ကျောင်း၊ ၎င်း၏ခြံဝန်းနှင့် အနီးတစ်ဝိုက်တွင် ခိုလှုံနေကြသည့် ရွှေ့ပြောင်းဒုက္ခသည် ၂၀,၀၀၀ ခန့် နေအိမ်များဖြစ်သည်ဟု ယုံကြည်ရကြောင်း သတင်းပေးပို့သူက ဆိုသည်။

သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ၎င်း၏ဆေးဘက်ဆိုင်ရာစွမ်းဆောက်နိုင်မှုထက်သုံးဆပို၍ လုပ်ဆောင်နေရသည့် အယ်ကွာဆာ အာဇာနည် (Al-Aqsa Martyrs) ဆေးရုံသို့ ဆက်လက်ပို့ဆောင်ထားကြောင်း ဂါဇာအာဏာပိုင်များက ပြောကြားရာတွင် “သေဆုံးသူ အရေအတွက် ပိုမိုတိုးပွားများလာနိုင်ပြီး တကယ့်ဘေးဒုက္ခကို အချက်ပြနေပါတယ်” ဟု ဂါဇာမီဒီယာရုံးက ပြောသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီးမှတ်ချက်ပေးရန် CNN သည် UNRWA သို့ ဆက်သွယ်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ ပြန်လွှတ်ပေးရေး သဘောတူညီချက်သစ်အတွက် ဆွေးနွေးပွဲများ ပြန်လည်အသက်သွင်းရန် အမေရိကန်၊ အီဂျစ်နှင့် ကာတာမှ တာဝန်ရှိသူများ ဒိုဟာတွင် တွေ့ဆုံစဉ် ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးများသည် ဂါဇာရှိ ဓားစာခံများကို လွှတ်ပေးရန် အစ္စရေး၏အစီအစဉ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ချပြထားသည့် အဆင့်သုံးဆင့် အဆိုပြုချက်ကို လိုက်နာပြီး ဓားစာခံများအားလုံးကိုပြန်လွှတ်ပေးရေးနှင့် ဂါဇာတွင် အပြည့်အစုံ လုံးဝအပစ်ရပ်ရေး ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် အစ္စရေးကာကွယ်ရေးဝန်ကြီး ရိုအော့ဗ် ဂဲလန့် (Yoav Gallant) က ဂါဇာတွင် အစ္စရေးနိုင်ငံ၏ စစ်ရေးအရ ထိုးစစ်ဆင်မှုသည် ဟားမတ်စ်နှင့် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ခြင်းအတွက် ရပ်တန့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ရန်သူကို ပြုန်းတီးလာစေရန် စဉ်ဆက်မပြတ် ထိတွေ့တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ အကြမ်းဖက်အဖွဲ့ဟားမတ်စ်နဲ့ စေ့စပ်ညှိနှိုင်းမှုမှန်သမျှကို တိုက်ခိုက်မှုအောက်မှာသာ လုပ်ဆောင်မယ်” ဟု ဂဲလန့်က မှတ်တမ်းတင်ထားသော ဗီဒီယိုထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

CNN သတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 12 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 19 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို