နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓါးစာခံ (၄)ဦးကို အစ္စရေးတပ်ဖွဲ့ဝင်တွေ ကယ်ထုတ်နိုင်ခဲ့

ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓါးစာခံ (၄)ဦးကို အစ္စရေးတပ်ဖွဲ့ဝင်တွေ ကယ်ထုတ်နိုင်ခဲ့

++++++++++++++++

အခုမြင်တွေ့နေရတာကတော့ ဂါဇာကမ်းမြောင်အလယ်ပိုင်း နူဆီရတ်ကနေ အစ္စရေးတပ်ဖွဲ့ဝင်တွေကယ်ဆယ်ခဲ့တဲ့ ဓားစာခံ ၄ ဦးထဲက ၃ ဦးကို ရဟတ်ယာဉ်နဲ့ ပြန်ခေါ်လာခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်။ အဲဒီ ဓားစာခံ ၄ ဦးဟာ ဟားမက်စ်စစ်သွေးကြွတွေက အောက်တိုဘာလ ၇ ရက်နေ့မှာ နိုဗာဂီတပွဲကနေ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရသူတွေဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်မှာ ဆိုးရွားတဲ့ စစ်ပွဲကြီးဖြစ်ပေါ်လာခဲ့ရတာပါ။ အခုလွတ်မြောက်လာခဲ့တဲ့ ဓားစာခံတွေထဲက နိုအာ အာမန်ဂါနီဟာ အစ္စရေးဘက်က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ သူမဖခင်နဲ့ ပြန်လည်ဆုံတွေ့ခဲ့ရသူဖြစ်ပါတယ်။  သူမဟာ အောက်တိုဘာလ ၇ ရက်နေ့က မော်တော်ဆိုင်ကယ်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ ငါ့ကို မသတ်ပါနဲ့လို့ အော်ဟစ် အကူအညီတောင်း နေတဲ့သူ လည်း ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဟာ ကယ်ထုတ်လာခဲ့တဲ့ အစ္စရေးဓားစာခံတွေကို တွေ့ဆုံဖို့အတွက် ဆေးရုံကို သွားရောက်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အဲဒီနောက် အစ္စရေးစစ်တပ်က ဓားစာခံတွေကို သူတို့ ကယ်ထုတ်လာခဲ့တဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂရီက လူနေရပ်ကွက်တစ်ခုရဲ့  အလယ်မှာ ပစ်ခတ်တိုက်ခိုက်ကာ ကယ်ထုတ်ခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

ဟားမက်စ်တွေဟာ ဂါဇာထဲက  အရပ်သားတွေနေထိုင်တဲ့နေရာတွေမှာ ဓါးစာခံတွေကို လက်နက်ကိုင် အစောင့်အရှောက်တွေနဲ့ ဖမ်းဆီးထားတာဖြစ်တယ်လို့လည်း ဟာဂရီက ထောက်ပြခဲ့ပါတယ်။ လူနေရပ်ကွက်အတွင်း ထိတွေ့မှုဖြစ်စဉ်မှာ လေကြောင်းကလည်း ကူညီပစ်ခတ်ပေးခဲ့ရတယ်လို့လည်း ရှင်းပြခဲ့ပါတယ်။

အဲဒီစစ်ဆင်ရေးအတွင်း အစ္စရေးစစ်တပ်ဘက်က တစ်ဦးသေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အစ္စရေးရဲ့ စစ်ဆင်ရေးအပြီး ဂါဇာထဲမှာတော့ ထူးခြားတဲ့ ရုပ်ပုံတချို့ ထွက်ပေါ် လာခဲ့ပါတယ်။ အစ္စရေးတို့ ဓါးစာခံတွေကို ကယ်တင်ခဲ့တဲ့ ဧရိယာအတွင်း အမျိုးသမီးတွေနဲ့ ကလေးငယ် အများအပြားသေဆုံးခဲ့ရတယ်လို့ ပါလက်စ်တိုင်းကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့တာပါ။ ဒဏ်ရာရသူအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မဖော်ပြထားပါဘူး။

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ဒီယာအဲလ်ဘာလာမြို့က ဆေးရုံကို အရေးပေါ်ပို့ဆောင်ဖို့ ကြိုးပမ်းခဲ့ ကြပေမယ့် လမ်းမတွေပေါ်မှာ ရုပ်အလောင်းအများအပြားရှိနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။ နူဆီရတ်ဆိုတာဟာ ပါလက်စ်တိုင်းတွေရဲ့ သမိုင်းဝင် ဒုက္ခသည်စခန်းတစ်ခုဖြစ်ပြီး အစ္စရေးတို့က အဲဒီအပေါ်ကို အခုစစ်ပွဲအတွင်း ဗုံးကြဲချခဲ့ဖူးပါတယ်။

အစ္စရေး ဓါးစာခံ ၄ ဦးပြန်လည်လွတ်မြောက်လာတဲ့အပေါ် ပဲရစ်မြို့မှာ ရောက်ရှိနေကြတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန်းတို့က ကြိုဆိုခဲ့ကြပါတယ်။

ပြင်သစ်သမ္မတမက်ခရွန်းက “လွတ်မြောက်လာတဲ့သူ ၄ ဦးကို ကြိုဆိုသလို ကျန်ရှိနေသေးတဲ့ ဓါးစာခံတွေကို လွှတ်ပေးဖို့ ကျတော်တို့ တောင်းဆိုပါတယ်။ တိုက်ပွဲတွေကို ရပ်တန့်ပြီး နိုင်ငံရေးနည်းအရ အဖြေရှာဖို့ကို တိုက်တွန်းချင်ပါတယ်။ ဒါမှလည်း ရေရှည်တည်တံ့ပြီး နှစ်နိုင်ငံလုံခြုံရေးအတွက် အခြေအနေတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်” ပြောသွားခဲ့ပါတယ်။

အလားတူ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း “ သမ္မတမက်ခရွန်းရဲ့ တောင်းဆိုချက်တွေကို လိုက်နာဖို့ တိုက်တွန်းချင်ပါတယ်။ ဓါးစာခံတွေမလွတ်မချင်း၊ အပစ်အခတ်မရပ်မချင်း ကျတော်တို့ကတော့ အလုပ်တွေ ဆက်လုပ်နေကြရမှာပဲ”လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ဂျိုးဘိုင်ဒန်နဲ့ မက်ခရွန်းတို့ဟာ လက်ဘနွန်၊  အီရန်တို့နဲ့ တင်းမာမှုတွေကို လျှော့ချဖို့ကိုလည်း အလေးအနက်ပြောဆိုခဲ့ကြပါတယ်။

အစ္စရေးက ထုတ်ပြန်တဲ့စာရင်းတွေအရတော့ အောက်တိုဘာလ ၇ ရက်နေ့က ဟားမက်စ်တွေရဲ့ တိုက်ခိုက်မှုမှာ အစ္စရေးအရပ်သား 1200 ကျော်အသက်သေဆုံးခဲ့ရပြီး ဓါးစာခံအဖြစ် လူ ၂၄၀ ကျော် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရတာပါ။ အခုဆိုရင် ဟားမက်စ်တွေလက်ထဲမှာ ဓါးစာခံ 116 ဦးကျန်ရှိနေဆဲဖြစ်တယ်လို့လည်း အစ္စရေးဘက်က ထုတ်ပြန်ထားပါတယ်။ ဟားမက်စ်တွေကို လက်စားချေဖို့နဲ့ ဓါးစာခံတွေကို ပြန်ကယ် ထုတ်နိုင်ဖို့အတွက် ဂါဇာကမ်းမြောင်ကို အစ္စရေးဘက်က တိုက်ခိုက်မှုမှာတော့ ပါလက်စ်တိုင်းအရပ်သား ၃၆၈၀၀ ကျော်အသက်သေဆုံးခဲ့ရတယ်လို့ ပါလက်စ်တိုင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာ ထားပါတယ် ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးအစိုးရက ဂါဇာအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သော်လည်း တိုက်ခိုက်မှုများ ဆက်လက်ရှိနေခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 40 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၀ရက် အစီအစဉ်ကို အတည်ပြု: အရာရှိနှစ်ဦး၏ ပြောကြားချက်အရ၊ အမေရိကန်က ကြားဝင် ဖျန်ဖြေပေးသည့် အစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ

အိန္ဒိယပွဲတော်တစ်ခုတွင် ဟိန္ဒူနတ်ဘုရားမက ဘီလူးကို သုတ်သင်ရာ၌ ယခုနှစ် မကောင်းဆိုးဝါးဘီလူး မှာ ထရန့် ဖြစ်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 35 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၉ရက် ဟိန္ဒူနတ်ဘုရားမ ဒူရဂါ (Durga) သည် ၎င်း၏ခြင်္သေ့ပေါ်တွင် ထိုင်လျက် လက်ဆယ်ဖက်စီ၌ ကိုယ်စီနတ်လက်နက်များ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ထင်ရှားသော ပါလက်စတိုင်းအကျဉ်းသားတစ်ဦးကို လွှတ်ပေးရန် ဟားမတ်စ်တောင်းဆိုမှုမှာ အစ္စရေးအတွက် အနီရောင်မျဉ်း ဖြစ်နိုင်ဖွယ်ရှိ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 28 Views
CNN – ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၈)ရက် နိုင်ငံရေးသမားများထဲတွင် အစ္စရေးအကျဉ်းထောင်၌ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ၅ ခု ကျခံနေရသော အထင်ရှားဆုံး ပါလက်စတိုင်းအကျဉ်းသား မာဝမ် ဘာဂူတီ (Marwan Barghouti) ကဲ့သို့ ပါလက်စတိုင်းများအကြား
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ဂါဇာ၊ ဟားမတ်စ်၊ အစ္စရေးနှင့် အမေရိကန်တို့ ပါဝင်သော သဘောတူညီမှုနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများအရ အရေးပါသော အောင်မြင်မှုတစ်ခု ရရှိခဲ့ကြောင်း ဖော်ပြသည်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 33 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၉ရက်- ပထမအဆင့် သဘောတူညီချက် ရရှိ • အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် (Donald Trump) က ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်သည့် ငြိမ်းချမ်းရေးအစီအစဉ်၏ “ ပထမအဆင့်” ကို
နိုင်ငံတကာသတင်း အိန္ဒိယ

အိန္ဒိယက ထောင်ချထားသည့်သူကို ကနေဒါက အကျဉ်းထောင်မှ အကြမ်းဖက်မှုများ စေခိုင်းနေသည်ဟု စွပ်စွဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 44 Views
CNN- ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၇ရက် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်တစ်ခုရှိ သူ၏ အခန်းငယ်လေးထဲမှ လောရန့်စ် ဘစ်ရှ်နွိုင် (Lawrence Bishnoi) သည် ပြစ်မှုဆိုင်ရာ အင်ပါယာတစ်ခုကို စေခိုင်းအုပ်ချုပ်နေသည်ဟု စွပ်စွဲခံထားရသည်။ ၃၂
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းတွင် တိုက်ခိုက်ရန် စစ်သားစုဆောင်းရေးအတွက် ရုရှားဒေသများတွင် စစ်မှုထမ်းစာရင်းသွင်းသူများအတွက် အပိုဆုကြေးငွေများကို အစုလိုက်အပြုံလိုက် တိုးမြှင့်ပေးနေခြင်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 20 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၇ရက် ရုရှားဒေသများတွင် ယူကရိန်းသို့သွားရောက် တိုက်ခိုက်ရန် လူများကို လှုံ့ဆော်ရန်အတွက် “ အတွေးအခေါ်ဆိုင်ရာ” စစ်မှုထမ်း စည်းရုံးလှုံ့ဆော်မှုများ မလုံလောက်တော့ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားချိန်တွင် စစ်မှုထမ်းအသစ်များအား ပေးချေသည့် ငွေပမာဏကို သိသိသာသာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ် အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းများအတွက် ပေးဆပ်ရသော ‘မြင့်မားသော အဖိုးအခ’ ကို ကာကွယ်ပြောဆို၊ ၎င်းတိုက်ခိုက်မှုက ‘ရွှေအခွင့်အရေး’ ဖန်တီးပေးခဲ့ဟု ဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 34 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၆ရက် ဒိုဟာ၊ ကာတာ — ဟားမတ်စ်အဖွဲ့၏ အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးအပေါ် သေစေနိုင်လောက်သော တိုက်ခိုက်မှုများကို ကာကွယ်ပြောဆိုခဲ့ပြီး ဂါဇာတွင် လူပေါင်း ထောင်သောင်းချီ သေဆုံးခဲ့ရသော်လည်း
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်က လက်ဝဲယိမ်း တရားစီရင်ရေး ‘ပုန်ကန်မှု’ ဟု စွပ်စွဲသည်။ သို့သော် ရီပတ်ပလီကင်ပါတီ(GOP) နှင့် ထရမ့် ခန့်အပ်သူများစွာသည်လည်း သမ္မတအား ပြန်လည် ဆန့်ကျင်နေကြသည်။

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 41 Views
CNN-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၆ရက် စနေနေ့ ညနေ ၂ နာရီခန့်တွင် အိမ်ဖြူတော် ထိပ်တန်း အကြံပေး စတီဖင် မီလာ (Stephen Miller) သည် X (ယခင် Twitter) တွင် “လက်ဝဲစွန်း