နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓါးစာခံ (၄)ဦးကို အစ္စရေးတပ်ဖွဲ့ဝင်တွေ ကယ်ထုတ်နိုင်ခဲ့

ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓါးစာခံ (၄)ဦးကို အစ္စရေးတပ်ဖွဲ့ဝင်တွေ ကယ်ထုတ်နိုင်ခဲ့

++++++++++++++++

အခုမြင်တွေ့နေရတာကတော့ ဂါဇာကမ်းမြောင်အလယ်ပိုင်း နူဆီရတ်ကနေ အစ္စရေးတပ်ဖွဲ့ဝင်တွေကယ်ဆယ်ခဲ့တဲ့ ဓားစာခံ ၄ ဦးထဲက ၃ ဦးကို ရဟတ်ယာဉ်နဲ့ ပြန်ခေါ်လာခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်။ အဲဒီ ဓားစာခံ ၄ ဦးဟာ ဟားမက်စ်စစ်သွေးကြွတွေက အောက်တိုဘာလ ၇ ရက်နေ့မှာ နိုဗာဂီတပွဲကနေ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရသူတွေဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်မှာ ဆိုးရွားတဲ့ စစ်ပွဲကြီးဖြစ်ပေါ်လာခဲ့ရတာပါ။ အခုလွတ်မြောက်လာခဲ့တဲ့ ဓားစာခံတွေထဲက နိုအာ အာမန်ဂါနီဟာ အစ္စရေးဘက်က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ သူမဖခင်နဲ့ ပြန်လည်ဆုံတွေ့ခဲ့ရသူဖြစ်ပါတယ်။  သူမဟာ အောက်တိုဘာလ ၇ ရက်နေ့က မော်တော်ဆိုင်ကယ်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ ငါ့ကို မသတ်ပါနဲ့လို့ အော်ဟစ် အကူအညီတောင်း နေတဲ့သူ လည်း ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဟာ ကယ်ထုတ်လာခဲ့တဲ့ အစ္စရေးဓားစာခံတွေကို တွေ့ဆုံဖို့အတွက် ဆေးရုံကို သွားရောက်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အဲဒီနောက် အစ္စရေးစစ်တပ်က ဓားစာခံတွေကို သူတို့ ကယ်ထုတ်လာခဲ့တဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂရီက လူနေရပ်ကွက်တစ်ခုရဲ့  အလယ်မှာ ပစ်ခတ်တိုက်ခိုက်ကာ ကယ်ထုတ်ခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

ဟားမက်စ်တွေဟာ ဂါဇာထဲက  အရပ်သားတွေနေထိုင်တဲ့နေရာတွေမှာ ဓါးစာခံတွေကို လက်နက်ကိုင် အစောင့်အရှောက်တွေနဲ့ ဖမ်းဆီးထားတာဖြစ်တယ်လို့လည်း ဟာဂရီက ထောက်ပြခဲ့ပါတယ်။ လူနေရပ်ကွက်အတွင်း ထိတွေ့မှုဖြစ်စဉ်မှာ လေကြောင်းကလည်း ကူညီပစ်ခတ်ပေးခဲ့ရတယ်လို့လည်း ရှင်းပြခဲ့ပါတယ်။

အဲဒီစစ်ဆင်ရေးအတွင်း အစ္စရေးစစ်တပ်ဘက်က တစ်ဦးသေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အစ္စရေးရဲ့ စစ်ဆင်ရေးအပြီး ဂါဇာထဲမှာတော့ ထူးခြားတဲ့ ရုပ်ပုံတချို့ ထွက်ပေါ် လာခဲ့ပါတယ်။ အစ္စရေးတို့ ဓါးစာခံတွေကို ကယ်တင်ခဲ့တဲ့ ဧရိယာအတွင်း အမျိုးသမီးတွေနဲ့ ကလေးငယ် အများအပြားသေဆုံးခဲ့ရတယ်လို့ ပါလက်စ်တိုင်းကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့တာပါ။ ဒဏ်ရာရသူအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မဖော်ပြထားပါဘူး။

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ဒီယာအဲလ်ဘာလာမြို့က ဆေးရုံကို အရေးပေါ်ပို့ဆောင်ဖို့ ကြိုးပမ်းခဲ့ ကြပေမယ့် လမ်းမတွေပေါ်မှာ ရုပ်အလောင်းအများအပြားရှိနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။ နူဆီရတ်ဆိုတာဟာ ပါလက်စ်တိုင်းတွေရဲ့ သမိုင်းဝင် ဒုက္ခသည်စခန်းတစ်ခုဖြစ်ပြီး အစ္စရေးတို့က အဲဒီအပေါ်ကို အခုစစ်ပွဲအတွင်း ဗုံးကြဲချခဲ့ဖူးပါတယ်။

အစ္စရေး ဓါးစာခံ ၄ ဦးပြန်လည်လွတ်မြောက်လာတဲ့အပေါ် ပဲရစ်မြို့မှာ ရောက်ရှိနေကြတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန်းတို့က ကြိုဆိုခဲ့ကြပါတယ်။

ပြင်သစ်သမ္မတမက်ခရွန်းက “လွတ်မြောက်လာတဲ့သူ ၄ ဦးကို ကြိုဆိုသလို ကျန်ရှိနေသေးတဲ့ ဓါးစာခံတွေကို လွှတ်ပေးဖို့ ကျတော်တို့ တောင်းဆိုပါတယ်။ တိုက်ပွဲတွေကို ရပ်တန့်ပြီး နိုင်ငံရေးနည်းအရ အဖြေရှာဖို့ကို တိုက်တွန်းချင်ပါတယ်။ ဒါမှလည်း ရေရှည်တည်တံ့ပြီး နှစ်နိုင်ငံလုံခြုံရေးအတွက် အခြေအနေတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်” ပြောသွားခဲ့ပါတယ်။

အလားတူ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း “ သမ္မတမက်ခရွန်းရဲ့ တောင်းဆိုချက်တွေကို လိုက်နာဖို့ တိုက်တွန်းချင်ပါတယ်။ ဓါးစာခံတွေမလွတ်မချင်း၊ အပစ်အခတ်မရပ်မချင်း ကျတော်တို့ကတော့ အလုပ်တွေ ဆက်လုပ်နေကြရမှာပဲ”လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ဂျိုးဘိုင်ဒန်နဲ့ မက်ခရွန်းတို့ဟာ လက်ဘနွန်၊  အီရန်တို့နဲ့ တင်းမာမှုတွေကို လျှော့ချဖို့ကိုလည်း အလေးအနက်ပြောဆိုခဲ့ကြပါတယ်။

အစ္စရေးက ထုတ်ပြန်တဲ့စာရင်းတွေအရတော့ အောက်တိုဘာလ ၇ ရက်နေ့က ဟားမက်စ်တွေရဲ့ တိုက်ခိုက်မှုမှာ အစ္စရေးအရပ်သား 1200 ကျော်အသက်သေဆုံးခဲ့ရပြီး ဓါးစာခံအဖြစ် လူ ၂၄၀ ကျော် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရတာပါ။ အခုဆိုရင် ဟားမက်စ်တွေလက်ထဲမှာ ဓါးစာခံ 116 ဦးကျန်ရှိနေဆဲဖြစ်တယ်လို့လည်း အစ္စရေးဘက်က ထုတ်ပြန်ထားပါတယ်။ ဟားမက်စ်တွေကို လက်စားချေဖို့နဲ့ ဓါးစာခံတွေကို ပြန်ကယ် ထုတ်နိုင်ဖို့အတွက် ဂါဇာကမ်းမြောင်ကို အစ္စရေးဘက်က တိုက်ခိုက်မှုမှာတော့ ပါလက်စ်တိုင်းအရပ်သား ၃၆၈၀၀ ကျော်အသက်သေဆုံးခဲ့ရတယ်လို့ ပါလက်စ်တိုင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာ ထားပါတယ် ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 37 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို