နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ ဥရောပ

ယူကရိန်းအပေါ်ကျူးကျော်မှုကြောင့် ရုရှားသည် ပိုမိုအထီးကျန်ဖြစ်လာချိန်တွင် ပူတင်သည် ဗီယက်နမ်နှင့် ဆက်ဆံရေးကို မြှင့်တင်လိုက်သည်။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် ရုရှားက အမေရိကန် ဦးဆောင်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ခံခဲ့ရပါသည်။

ဇွန်လ (၂၁) ရက်။

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ မြောက်ကိုရီးယား ခရီးစဉ်ကို အနီးကပ်စောင့်ကြည့်ခဲ့ကြပြီးနောက် သူသည် ဗီယက်နမ်သမ္မတ တိုလမ် (To Lam) နှင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် တွေ့ဆုံခဲ့ပြီး ၎င်း၏ ကာလရှည်မဟာမိတ် ဗီယက်နမ်နှင့် ကရင်မလင်၏ ဆက်ဆံရေးကို ပြန်လည်အတည်ပြုခဲ့သည်။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုအပေါ် ကမ္ဘာ့ဇာတ်ခုံတွင် အထီးကျန်လာမှုကို ရင်ဆိုင်နေရသည့် ပူတင်သည် ပြုံယမ်းသို့ အလည်အပတ်ရောက်ရှိပြီးနောက် ကြာသပတေးနေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံကို ရန်စခံရချိန်တွင် အပြန်အလှန် ကာကွယ်ရေး ကတိပြုမှုများ ပါဝင်သည့် အငြင်းပွားဖွယ် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေး နက်ရှိုင်းလာခြင်းသည် အလွန်စိုးရိမ်စရာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်၏ ဗီယက်နမ်ခရီးစဉ်သည် ဒေသတွင်း၌ သူ့တွင် မိတ်ဆွေများ ရှိနေသေးကြောင်း အချက်ပြရန် ရည်ရွယ်ခြင်းဖြစ်သည်ကို မြင်တွေ့ရသည်။

လမ်သည် ပူတင်၏ မကြာသေးမီက ပြန်လည်အရွေးခံရမှုအတွက် ဗီယက်နမ်၏ “ရဲဘော်(ပူတင်)” အား ချီးကျူးဂုဏ်ပြုခဲ့ပြီး ရုရှား၏ ဦးစားပေးအရာများထဲမှ တစ်ခုမှာ အရှေ့တောင်အာရှနိုင်ငံနှင့် ဆက်ဆံရေး ခိုင်မာစေရန်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ပူတင်နှင့် လမ်တို့သည် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သဘောတူညီချက်များစွာကို ရေးထိုးခဲ့ကြပြီး ဆယ်စုနှစ်များအတွင်း ဆိုဗီယက်ယူနီယံက နိုင်ငံတွင်း ကွန်မြူနစ်ဝါဒကို ကျောထောက်နောက်ခံပြုကာ ၁၉၅၀ ခုနှစ်များအတွင်း ဆက်ဆံရေးကို အားပေးထောက်ခံခဲ့သည်။ သမားရိုးကျမဟုတ်သော လုံခြုံရေးစိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက် နှစ်နိုင်ငံစလုံးသည် ကာကွယ်ရေးနှင့် လုံခြုံရေးတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် စိတ်ဝင်စားကြောင်း လမ်က ပြောကြားခဲ့သည်။

၎င်းတို့သည် အပြုသဘောဆောင်သော ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး အဓိက ကမ္ဘာလုံးဆိုင်ရာ ပြဿနာများတွင် “ တူညီသော သို့မဟုတ် အလွန်နီးစပ်သော” သဘောထားများကို မျှဝေခဲ့ကြောင်း” ပူတင်က ပြောကြားခဲ့သည်။

ရုရှားသမ္မတသည် ဗီယက်နမ်အာဏာရ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ငုယင်ဖူထရပ်နှင့်လည်း တွေ့ဆုံခဲ့ပြီး ကွန်မြူနစ်ခေါင်းဆောင်ဟောင်း ဟိုချီမင်းကို လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့သည်။ ကုန်ထုတ်စွမ်းအားစုအဖြစ် အားကောင်းလာသည့် ဗီယက်နမ်နှင့် ယခင်ရန်သူဖြစ်ခဲ့သည့်အမေရိကန်တို့အကြား တိုးတက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမွှမ်းတင်ထားသည့် ခရီးစဉ်တွင် သမ္မတဂျိုးဘိုင်ဒင်ကို ပြီးခဲ့သည့် စက်တင်ဘာလက ဖိတ်ခေါ်ခဲ့သေးသည်။

ရုရှားသည် ဗီယက်နမ်ကို အများဆုံး လက်နက်တင်သွင်းနေသူ ဖြစ်သည်။ ပူတင်၏ ဗီယက်နမ်ခရီးစဉ် မတိုင်မီတွင် ဟနွိုင်းရှိ အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပူတင်အား ၎င်း၏ရန်လိုစစ်ပွဲကို အားပေးမြှင့်တင်ရန်နှင့် ၎င်း၏ရက်စက်ကြမ်းကြုတ်မှုများကို ပုံမှန်ဖြစ်အောင် လုပ်ဆောင်ရန် မည်သည့်နိုင်ငံကိုမျှ ခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းအား လုံးလုံးလျားလျား ကျူးကျော်ဝင်ရောက်ပြီးနောက် အမေရိကန်ဦးဆောင်သည့် ပိတ်ဆို့အရေးယူမှုများကို ခံခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ