နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

အကန့်အသတ်မရှိပစ်ခတ်နိုင်တဲ့ လက်နက်တွေထောက်ပံ့ပေးဖို့ ယူကရိန်းတောင်းဆို

အကန့်အသတ်မရှိပစ်ခတ်နိုင်တဲ့ လက်နက်တွေထောက်ပံ့ပေးဖို့ ယူကရိန်းတောင်းဆို

+++++++++++++++++++

နေတိုးမဟာမိတ်တွေအနေနဲ့ တာဝေးပစ်ဒုံးကျည်တွေအသုံးပြုမှုအပေါ် ကန့်သတ်ချက်တွေ ရုတ်သိမ်းပေးဖို့ ယူကရိန်းသမ္မတဇယ်လင်စကီးကတောင်းဆိုလိုက်ပါတယ်။ အဲဒီလို ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးမယ်ဆိုရင် ရုရှားနဲ့ ဖြစ်နေတဲ့ စစ်ပွဲဟာ အလှည့်အပြောင်းဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

“ ကျတော်တို့အနေနဲ့ စစ်ပွဲကို အနိုင်ရချင်တယ်ဆိုရင်၊ ယူကရိန်းနိုင်ငံကို ကယ်တင်ချင်တယ်ဆိုရင် ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်”

ယူကရိန်းသမ္မတဇယ်လင်စကီးက နေတိုးအကြီးအကဲနဲ့ပြုလုပ်တဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ဇယ်လင်စကီးက ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ ကျူးကျော်မှု ၂ နှစ်တာကာလထဲကို ရောက်ရှိလာချိန်မှာ မဟာမိတ်နိုင်ငံတွေရဲ့ တခဲနက်အားပေးကူညီမှုကို ကျေးဇူးတင်ရှိကြောင်းနဲ့ ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ကိုလည်း တောင်းဆိုသွားခဲ့တာပါ။

ကိယက်မြို့က ကလေးဆေးရုံကို ရုရှားက ဒုံးကျည်အပါအဝင် လေကြောင်းကနေပါ တိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အမေရိကန်အစိုးရက ယူကရိန်းအတွက်လိုအပ်တဲ့ လက်နက်တွေ ပေးပို့မယ်လို့ ပြောဆိုပြီးနောက်မှာ ယူကရိန်းက ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေရဲ့ လက်နက်အကူအညီတွေဟာ ရုရှားနယ်စပ်ထိသာ ပစ်ခတ်လို့ရအောင် ကန့်သတ်ထားတာဖြစ်ပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံအချို့ကတော့ ရုရှားနိုင်ငံအတွင်းက ပစ်မှတ်တွေအထိပါ ပစ်ခတ်နိုင်တဲ့ လက်နက်တွေ ကူညီထောက်ပံ့ထားတာပါ။

ရုရှားတွေကတော့ စစ်ပွဲမှာ အကန့်အသတ်မရှိတဲ့လက်နက်တွေကို အသုံးပြုနေတာဖြစ်တယ်လို့ ဇယ်လင်စကီးရဲ့ အစိုးရအကြီးအကဲ အင်ဒရီယာမက်က နေတိုးထိပ်သီးအစည်းအဝေးနောက်ဆုံးနေ့မှာ ထောက်ပြခဲ့ပါတယ်။ မဟာမိတ်တွေ ကူညီထောက်ပံ့ပေးတဲ့လက်နက်တွေဟာ ရုရှားကို ခံတိုက်ဖို့ ဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့တာပါ။

“ ရန်သူက ကျတော်တို့ အရပ်သားပြည်သူတွေ၊ ကလေးတွေ၊ ကျောင်းတွေနဲ့ ဆေးရုံတွေကို တိုက်ရိုက်ပစ်ခတ်တိုက်ခိုက်နိုင်တယ်၊ ကျတော်တို့မှာတော့ ပြန်လည်တိုက်ခိုက်ဖို့က အကန့်အသတ်တွေရှိနေတယ်။ အဲဒီကန့်သတ်မှုတွေက တကယ့်ကို အပြောင်းအလဲဖြစ်စေတဲ့အရာပါပဲ။ မဟာမိတ်တွေအနေနဲ့ အဲဒါကို နားလည်သဘောပေါက်ပြီး တတ်နိုင်သမျှ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်စစ်ဘက်နဲ့ ထောက်လှမ်းရေးအဖွဲ့တွေဟာ နေ့စဉ်နဲ့အမျှ ယူကရိန်းအရေးကို စောင့်ကြည့်လေ့လာနေပြီး ဘယ်လောက်ထိ ထဲထဲဝင်ဝင်ဆောင်ရွက်ရမယ်ဆိုတာကို ဆုံးဖြတ်နေတဲ့အကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 60 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 49 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 50 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 66 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 59 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို