နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်ကို လုပ်ကြံဖို့ ကြိုးစားတဲ့သူ ဘယ်သူလဲ (ရုပ်သံသတင်း)

ဒေါ်နယ်ထရန့်ကို လုပ်ကြံဖို့ ကြိုးစားတဲ့သူ ဘယ်သူလဲ (ရုပ်သံသတင်း)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ပန်ဆီဗေးနီးယားပြည်နယ် ဘာ့သ်မြို့မှာ လူထုစည်းရုံးရေးပွဲကျင်းပနေချိန်အတွင်း လုပ်ကြံပစ်ခတ်ခြင်းခံခဲ့ရပါတယ်။ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် အဲဒီပွဲကို တက်ရောက်လာတဲ့ လူထုဟာ ထိတ်လန့်တကြားနဲ့ ရုန်းရင်းဆန်ဖြစ်ခဲ့ရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေါ်နယ်ထရန့်ဟာ ညာဘက်နားထင်နဲ့ နားမှာ သွေးတွေထွက်လာခဲ့ပြီး လုံခြုံရေးအဖွဲ့တွေက ကားဆီ ခေါ်မသွားခင်မှာ လက်သီးလက်မောင်းတန်းကာ ကြုံးဝါးအော်ဟစ်မှုပြုလုပ်ခဲ့ပါတယ်။ လျှို့ဝှက်လုံခြုံရေးအဖွဲ့ရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒေါ်နယ်ထရန့်ကို သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်သူဟာ သေဆုံးသွားခဲ့ပြီး ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပစ်ခတ်ခံရမှုဖြစ်စဉ်အပြီးမှာ ဒေါ်နယ်ထရန့်ကို ဘေးကင်းရာသို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီလို့ လျှို့ဝှက်လုံခြုံရေးအဖွဲ့နဲ့ သမ္မတဟောင်းရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ပူးတွဲသတင်းထုတ်ပြန်ပါတယ်။ ဒေါ်နယ်ထရန့် ပစ်ခတ်ခံရမှုဖြစ်စဉ်မှာ ကျည်ဆန်ထိမှန်ခဲ့တဲ့ အခြားသူတစ်ဦးကတော့ စိုးရိမ်ရတဲ့အနေအထားမှာရှိနေတယ်လို့ ဘာ့သ်ခရိုင်ရှေ့နေကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းထောက်က ပြောပါတယ်။

ဒေါ်နယ်ထရန့်ဟာ ဒီမိုကရက်တစ်သမ္မတဂျိုးဘိုင်ဒန်နဲ့ ယှဉ်ပြိုင်ရမယ့် နိုဝင်ဘာလ 5 ရက်နေ့ ရွေးကောက်ပွဲမတိုင်မီ 4 လအလိုမှာ တိုက်ခိုက်ခံခဲ့ရတာပါ။ ပစ်ခတ်တိုက်ခိုက်ခဲ့သူဟာ အသက် 20 အရွယ်သာရှိသေးတဲ့ သောမတ်မက်သရူး ခရွတ်ဆိုသူဖြစ်ပြီး ဒေါ်နယ်ထရန့်မဲဆွယ်စည်းရုံးရေးကျင်းပတဲ့ နေရာနဲ့ မိုင် 40 အကွာမှာနေထိုင်သူဖြစ်ပါတယ်။

လူမှုကွန်ယက်စာမျက်နာတွေပေါ်က သူရဲ့ ဗီဒီယိုတွေအရတော့ ရီပက်ဘလီကန်ပါတီနဲ့ ဒေါ်နယ်ထရန့်ကို မုန်းတီးသူဖြစ်တယ်လို့သိရပါတယ်။

ဒေါ်နယ်ထရန့်ကို ကိုက် 130 အကွာက ထုတ်လုပ်ရေးစက်ရုံခေါင်မိုးပေါ်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး သူပစ်လိုက်တဲ့ သေနတ် ကျည်ဆန် 7 ချက်မှာ တစ်ချက်က ဒေါ်နယ်ထရန့်ရဲ့ နားရွက်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ FBI က မက်သရူးခရွတ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ခေတ်မျက်လုံးရဲ့ YouTube Channel က အောက်ကလင့်ကနေ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 39 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၈ရက် သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် ဗုဒ္ဓဟူးနေ့တွင် ဝင်ဆာရဲတိုက်ကြီးသို့
ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

စစ်သားတယောက်တိုင်းအတွက်ဒရုန်းတစင်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 99 Views
CNN သတင်း။ ဂျာမနီနိုင်ငံ၊ Wiesbaden မြို့ရှိ ကွန်ဖရင့်စင်တာတစ်ခုတွင် ဇူလိုင်လက ယူကရိန်းစစ်တပ်အကြီးအကဲများသည် ဒရုန်းများတွင် ရင်းနှီးမြှုပ်နှံရန် NATO အဖွဲ့၏ လိုအပ်ချက်ကို NATO စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် ကာကွယ်ရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ပြည့်နေသည့် အခန်းထဲတွင်
နိုင်ငံတကာသတင်း ရုရှား အမေရိကန် ဥရောပ

မော်စကို၏ ကျူးကျော်မှုများကြောင့် နေတိုးမဟာမိတ်များ ဖိအားခံစားနေရချိန်တွင် အမေရိကန်က ဘီလာရုစ်-ရုရှား စစ်ရေးလေ့ကျင့်မှုကို လေ့လာစောင့်ကြည့်နေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 100 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၇ရက် ဘိုရီဆော့ဗ်စကီး စစ်ရေးလေ့ကျင့်ရေးကွင်း၊ ဘီလာရုစ် —ရုရှားဒရုန်းများ ပိုလန်လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာမှုကြောင့် တင်းမာနေပြီး ဖြစ်သော အခြေအနေတွင် အမေရိကန်၏ ဥရောပရှိ နေတိုးမဟာမိတ်များသည် မော်စကို၏ ဖိအားပေးမှုကို ခံစားနေရကာ စိုးရိမ်ပူပန်မှုများ
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

နေတိုးမဟာမိတ်များကို သမ္မတ ဒေါ်နယ်ထရန့် စာပို့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 168 Views
CNN သတင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်။ ယခု စနေနေ့တွင် သမ္မတ ဒေါ်နယ်ထရန့်သည် နေတိုးမဟာမိတ်များကို ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး အကယ်၍ ၎င်းတို့အားလုံးက သဘောတူပြီး ရုရှားမှ ရေနံဝယ်ယူခြင်းကို ရပ်ဆိုင်းလိုက်မှသာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဓားစာခံများအတွက် မြေပြင်စစ်ဆင်ရေးအန္တရာယ်ကို ဆွေးနွေးရန် အစိုးရအဖွဲ့ အစည်းအဝေး မကျင်းပမီ ဂါဇာစီးတီးရှိ အထပ်မြင့်အဆောက်အအုံများကို အစ္စရေးက တိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 171 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၄ရက် အစ္စရေးစစ်တပ်သည် ဂါဇာစီးတီးရှိ ရပ်ကွက်များစွာကို လူများထွက်ခွာရန် သတိပေးပြီးနောက် ယခုတနင်္ဂနွေနေ့တွင် အထပ်မြင့်အဆောက်အအုံများစွာကို တိုက်ခိုက်ခဲ့သည်။ ၎င်းသည် အစ္စရေးက မြို့ကို လုံးဝပြောင်းရွှေ့ရန် အမိန့်ပေးပြီးနောက် နောက်ဆုံးအကြိမ် ဖျက်ဆီးမှုဖြစ်သည်။ဂါဇာစီးတီးအပေါ် အစ္စရေး၏ တိုက်ခိုက်မှုသည်
နိုင်ငံတကာသတင်း နီပေါ အာရှ

လွှတ်တော်တစ်ခု မီးဟုန်းဟုန်းတောက်၊ ခေါင်းဆောင်တစ်ဦး ပြုတ်ကျ။ နီပေါနိုင်ငံ၏ ဂျင်ဇီ မျိုးဆက် ဆန္ဒပြသူများက မေးသည်။ ဘာတွေဆက်ဖြစ်လာမလဲ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 266 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် “နာမည်ကျော်မိဘများ၏သားသမီးများ” နီပိုကလေးများ (Nepo Kids) ၏ ကြွယ်ဝ ချမ်းသာသောလူနေမှုပုံစံများကို ဆန့်ကျင်သည့် ဂျင်ဇီ မျိုးဆက် (Gen Z) ဦးဆောင်သော လူမှုကွန်ရက်လှုပ်ရှားမှုတစ်ခုအဖြစ်
နိုင်ငံတကာသတင်း အမေရိကန်

ချာလီကာ့ခ် (Charlie Kirk) ကို လုပ်ကြံသူကို ဖမ်းလိုက်ပြီ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 286 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက် ချာလီကာ့ခ် (Charlie Kirk)ကို လုပ်ကြံသူသည် သူတဦးတည်း သဘောနှင့်လုပ်ဆောင် ခဲ့ခြင်းသာဖြစ်သည်ဟု ယူတာအုပ်ချုပ်ရေးမှူး စပန်ဆာကော့စ်(Spencer Cox) ကသောကြာနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ သတင်းထောက်က အာဏာပိုင်များက “တေလာရော်ဘင်ဆင် (Tyler