နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်ကို လုပ်ကြံဖို့ ကြိုးစားတဲ့သူ ဘယ်သူလဲ (ရုပ်သံသတင်း)

ဒေါ်နယ်ထရန့်ကို လုပ်ကြံဖို့ ကြိုးစားတဲ့သူ ဘယ်သူလဲ (ရုပ်သံသတင်း)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ပန်ဆီဗေးနီးယားပြည်နယ် ဘာ့သ်မြို့မှာ လူထုစည်းရုံးရေးပွဲကျင်းပနေချိန်အတွင်း လုပ်ကြံပစ်ခတ်ခြင်းခံခဲ့ရပါတယ်။ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် အဲဒီပွဲကို တက်ရောက်လာတဲ့ လူထုဟာ ထိတ်လန့်တကြားနဲ့ ရုန်းရင်းဆန်ဖြစ်ခဲ့ရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေါ်နယ်ထရန့်ဟာ ညာဘက်နားထင်နဲ့ နားမှာ သွေးတွေထွက်လာခဲ့ပြီး လုံခြုံရေးအဖွဲ့တွေက ကားဆီ ခေါ်မသွားခင်မှာ လက်သီးလက်မောင်းတန်းကာ ကြုံးဝါးအော်ဟစ်မှုပြုလုပ်ခဲ့ပါတယ်။ လျှို့ဝှက်လုံခြုံရေးအဖွဲ့ရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒေါ်နယ်ထရန့်ကို သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်သူဟာ သေဆုံးသွားခဲ့ပြီး ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပစ်ခတ်ခံရမှုဖြစ်စဉ်အပြီးမှာ ဒေါ်နယ်ထရန့်ကို ဘေးကင်းရာသို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီလို့ လျှို့ဝှက်လုံခြုံရေးအဖွဲ့နဲ့ သမ္မတဟောင်းရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ပူးတွဲသတင်းထုတ်ပြန်ပါတယ်။ ဒေါ်နယ်ထရန့် ပစ်ခတ်ခံရမှုဖြစ်စဉ်မှာ ကျည်ဆန်ထိမှန်ခဲ့တဲ့ အခြားသူတစ်ဦးကတော့ စိုးရိမ်ရတဲ့အနေအထားမှာရှိနေတယ်လို့ ဘာ့သ်ခရိုင်ရှေ့နေကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းထောက်က ပြောပါတယ်။

ဒေါ်နယ်ထရန့်ဟာ ဒီမိုကရက်တစ်သမ္မတဂျိုးဘိုင်ဒန်နဲ့ ယှဉ်ပြိုင်ရမယ့် နိုဝင်ဘာလ 5 ရက်နေ့ ရွေးကောက်ပွဲမတိုင်မီ 4 လအလိုမှာ တိုက်ခိုက်ခံခဲ့ရတာပါ။ ပစ်ခတ်တိုက်ခိုက်ခဲ့သူဟာ အသက် 20 အရွယ်သာရှိသေးတဲ့ သောမတ်မက်သရူး ခရွတ်ဆိုသူဖြစ်ပြီး ဒေါ်နယ်ထရန့်မဲဆွယ်စည်းရုံးရေးကျင်းပတဲ့ နေရာနဲ့ မိုင် 40 အကွာမှာနေထိုင်သူဖြစ်ပါတယ်။

လူမှုကွန်ယက်စာမျက်နာတွေပေါ်က သူရဲ့ ဗီဒီယိုတွေအရတော့ ရီပက်ဘလီကန်ပါတီနဲ့ ဒေါ်နယ်ထရန့်ကို မုန်းတီးသူဖြစ်တယ်လို့သိရပါတယ်။

ဒေါ်နယ်ထရန့်ကို ကိုက် 130 အကွာက ထုတ်လုပ်ရေးစက်ရုံခေါင်မိုးပေါ်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး သူပစ်လိုက်တဲ့ သေနတ် ကျည်ဆန် 7 ချက်မှာ တစ်ချက်က ဒေါ်နယ်ထရန့်ရဲ့ နားရွက်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ FBI က မက်သရူးခရွတ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ခေတ်မျက်လုံးရဲ့ YouTube Channel က အောက်ကလင့်ကနေ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 18 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို
နိုင်ငံတကာသတင်း ပြင်သစ် လက်ဘနွမ် အရှေ့အလယ်ပိုင်း

လက်ဘနွန်တွင် ပြင်သစ်စစ်သည်တစ်ဦး သေဆုံးကြောင်း မက်ခရွန် ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် လက်ဘနွန်နိုင်ငံတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်၌ ပါဝင်ဆောင်ရွက်နေသော ပြင်သစ်စစ်သည်တစ်ဦးသည် ယနေ့နံနက်ပိုင်းက နိုင်ငံတောင်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သမ္မတ မက်ခရွန်က X တွင် ပို့စ်တင်ခဲ့သည်။ လက်ဘနွန်ရှိ ကုလသမဂ္ဂ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နာမည်ကြီး ရုရှားလူမှုရေးအလှအပဘလော့ဂါများ ပူတင်၏မူဝါဒများအပေါ် ဒေါသတကြီးဖြင့် ရှားရှားပါးပါး လူသိရှင်ကြား ဝေဖန်တိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် “ဗလာဒီမာ ဗလာဒီမာရိုဗစ်ချ်၊ လူတွေက ရှင့်ကို ကြောက်နေကြတယ်” — ဤစကားများသည် မိတ်ကပ်လိမ်းခြယ်နည်းနှင့် လူမှုဘဝပုံစံ (lifestyle) အကြောင်းအရာများကြောင့် လူသိများသည့် ရုရှားအလှမယ်ဘလော့ဂါ
တောင်ကိုးရီးယား တောင်ကိုရီးယား နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

လူသားတို့၏ ဆင်းရဲဒုက္ခနှင့်ပတ်သက်ပြီး သဘောထားဖော်ပြရာတွင် ဗီဒီယိုအဟောင်းအား အသုံးပြုခဲ့ခြင်းကြောင့် တောင်ကိုရီးယားသမ္မတ အစ္စရေး၏ ဒေါသထွက်မှုကို ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 22 Views
CNN- တောင်ကိုရီးယား – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ဆိုးလ်မြို့ — သိမ်းပိုက်ခံထားရသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ အဆောက်အအုံတစ်ခုပေါ်မှ လူသေအလောင်းတစ်ခုအား အစ္စရေးစစ်သားများ တွန်းချနေသည့် ၂၀၂၄
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ ပိတ်ဆို့မှုကြားမှ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားသော ရေနံတင်သင်္ဘောလေးစင်းအားတွေ့ရှိရ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် ဒေသစံတော်ချိန် စနေနေ့ နံနက်ပိုင်းတွင် ရေနံတင်သင်္ဘောလေးစင်းသည် ဟော်မုဇ် ရေလက်ကြားကို ဖြတ်ကျော်ကာ အိုမန်ပင်လယ်ကွေ့ဘက်ရှိ အရှေ့ဘက်သို့ ဦးတည် မောင်းနှင်ခဲ့ကြောင်း MarineTraffic မှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က အမေရိကန်၏ ‘ယုံကြည်မှုကိုချိုးဖောက်ခြင်း’ များကြောင့် ဟော်မုဇ်ရေလက်ကြား ကန့်သတ်ချက်များ ပြန်လည်သတ်မှတ်လိုက်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် အီရန်ဆိပ်ကမ်းများကို အမေရိကန်က ရေတပ်ဖြင့် ပိတ်ဆို့ထားမှုအား ငြိမ်းချမ်းရေး သဘောတူညီချက် မရမချင်း ဆက်လက်ထားရှိမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အခိုင်အမာပြောကြားနေချိန်တွင်၊ အီရန်၏ ကြေညာချက်ကြောင့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီသမ္မတနှင့် တွေ့ဆုံဆွေးနွေးရာတွင် အာဏာကို အမြန်ဆုံးလွှဲပြောင်းပေးရန်မာဂျာ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၇ရက် ဗစ်တာ အော်ဘန် (Viktor Orbán) ၏ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်လိုက်သည့် ပီတာ မာဂျာ(Péter Magyar)နှင့် ၎င်း၏ပါတီသည် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိပြီး