နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

မတော်တဆမှုများနှင့် တိုင်ကြားမှုများ တိုးလာနေသည့်အတွက် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ လျှပ်စစ်စကူတာများကို လုံးဝပိတ်ပင်

သြဂုတ်လ (၁၆) ရက်၊ CNN။

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်း ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့က လျှပ်စစ်စကူတာများကို လုံးဝပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့သည်။ လျှပ်စစ်စကူတာများသည် ထိရောက်ပြီး ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခုအနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အဓိကမြို့ကြီးများတွင် ရေပန်းစားလာသော်လည်း မတော်တဆမှုများနှင့် တိုင်ကြားမှုများကြောင့် တင်းကျပ်သောစည်းမျဉ်းများအတွက် တောင်းဆိုမှုများ ကြီးထွားလာစေသည်။

သြဂုတ်လ (၁၃) ရက်နေ့တွင် မဲလ်ဘုန်းမြို့တော်ကောင်စီသည် လျှပ်စစ်စကူတာကုမ္ပဏီနှစ်ခုဖြစ်သော Lime နှင့် Neuron တို့နှင့် စာချုပ်များကို ရပ်စဲရန် မဲခွဲဆုံးဖြတ်ခဲ့ပြီး ရက် ၃၀ အတွင်း စကူတာများကို ဖယ်ရှားရန် အသိပေးခဲ့သည်။

“ဒါဟာ မဲလ်ဘုန်းရဲ့ လမ်းတွေမှာ မငြိမ်မသက်ဖြစ်မှုတွေကို အဆုံးသတ်ပြီး ကျွန်တော်တို့ရဲ့မြို့ကို ပြန်လည်လုံခြုံစေဖို့အတွက် အခွင့်အရေးတစ်ခုပါပဲ” ဟု မဲလ်ဘုန်းမြို့တော်ဝန် Nicholas Rees က တနင်္လာနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဗစ်တိုးရီးယားပြည်နယ်သည် ၂၀၂၂ ခုနှစ်တွင် လျှပ်စစ်စကူတာများကို နှစ်နှစ်အစမ်းစမ်းသပ်မှု စတင်မည်ဖြစ်ပြီး ၎င်းတို့အား “ သွားလာရလွယ်ကူသော၊ ပတ်ဝန်းကျင်နှင့် လိုက်ဖက်ညီပြီး ကုန်ကျစရိတ်သက်သာသော သယ်ယူပို့ဆောင်ရေးနည်းလမ်း” အဖြစ်သတ်မှတ်မည်ခဲ့ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ခဲ့ကြောင်း ပြည်နယ်အစိုးရက ကြေညာထားသည်။

တစ်ဖက်တွင်လည်း ယာဉ်မတော်တဆမှုနှင့် ထိခိုက်ဒဏ်ရာရမှု အရေအတွက် တိုးလာခဲ့သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် Royal Melbourne ဆေးရုံမှ လျှပ်စစ်စကူတာများကြောင့် လူပေါင်း ၂၅၆ ဦး ဒဏ်ရာရရှိခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လျှပ်စစ်စကူတာများသည် ပြည်နယ်နှင့်မြို့များကြား တိုက်ပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

ဗစ်တိုးရီးယားဝန်ကြီးချုပ် Jacinta Allan က မြို့တော်၏ ဆုံးဖြတ်ချက်တွင် ပြည်နယ်က ဝင်ရောက်စွက်ဖက်နိုင်သည်ဟု သြဂုတ်လ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။

ကမ္ဘာပေါ်တွင် မဲလ်ဘုန်းမြို့သည် လျှပ်စစ်စကူတာများကို တားမြစ်ခြင်း သို့မဟုတ် စည်းကမ်းတင်းကျပ်ထားသည့် တစ်ခုတည်းသောမြို့မဟုတ်ပါ။

၂၀၂၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ လျှပ်စစ်စကူတာများ ငှားရမ်းခြင်းအား တားမြစ်ရန် ဆုံးဖြတ်ခဲ့သည်။

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့သည် ၂၀၂၀ ပြည့်ခနှစ်တွင် ပိတ်ပင်ထားသော်လည်း နောက်နှစ်တွင် ဖျက်သိမ်းခဲ့ပြီး စည်းမျဉ်းများကို တင်းကျပ်ထားသည်။ စပိန်နိုင်ငံ၊ ဘာစီလိုနာသည် သမိုင်းဝင်နေရာများတွင် လျှပ်စစ်စကူတာများ မောင်းနှင်းမှုကို ၂၀၁၆ ခုနှစ်ကတည်းက တားမြစ်ထားသည်။ လန်ဒန်တွင် အများပြည်သူသုံး လမ်းများပေါ်တွင် ကိုယ်ပိုင်လျှပ်စစ်စကူတာများ မောင်းနှင်ခြင်းကို တားမြစ်ထားသည်။

ဓာတ်ပုံ။

ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၏ စီးပွားရေးအချက်အချာကျသောရပ်ကွက်တွင် လျှပ်စစ်စကူတာ စီးနင်းနေကြသူများ/William West/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါကစ္စတန် အာဖဂန်နစ္စတန်

ပါကစ္စတန်က ကဘူးလ်မြို့ကို ဗုံးကြဲတိုက်ခိုက်၊ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနှင့် ‘ထိပ်တိုက်စစ်ပွဲ’ ဆင်နွှဲနေပြီဟု ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 1 Views
AFP– ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက် အာဖဂန်နစ္စတန်ရှိ ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စလာမ္မာဘတ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ခြေရှိ နေပြီး တီဟီရန်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တည်ဆောက်မှု သိသိသာသာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးက ဗျူဟာမြောက် ထိန်းကျောင်းပြီး အီရန်နှင့် ဖြစ်ပွားနိုင်သော စစ်ပွဲအတွက် ပြင်ဆင်ရင်း ထရမ့်နှင့် ပဋိပက္ခမဖြစ်အောင် ကြိုးပမ်းနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Gen. Dan Caine) သည် အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် စစ်ရေးရွေးချယ်စရာများကို မူကြမ်းရေးဆွဲနေစဉ်အတွင်း ကြည်း၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်မည့် ရွေးချယ်စရာများကို သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 49 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ပထမဆုံးသော နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညက အမေရိကန် ကပ္ပီတိုလ်လွှတ်တော်တွင် ပြောကြားခဲ့သည်။ ၎င်း၏ အထူးအမှတ်အသားဖြစ်သော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

တီဟီရန်တွင် ဆန္ဒပြပွဲသစ်များ ပြန်လည်ဖြစ်ပွား၊ အီရန်က အဘယ်ကြောင့် ‘အရှုံးမပေး’ သေးသည်ကို ထရမ့် သိလိုစိတ်ပြင်းပြနေဟု ဝစ်ကော့ဖ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အီရန်မြို့တော် တီဟီရန်ရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေစဉ်၊ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် အဘယ်ကြောင့် ယခုထက်ထိ “
နိုင်ငံတကာသတင်း မက္ကဆီကို လက်တင်အမေရိက

မက္ကဆီကိုကမူးယစ်ရာဇာ “အယ်မန်ချို”ကို သူ့ချစ်သူ၏ယုံကြည်ရသူနှင့် အမေရိကန် ထောက်လှန်ရေးအကူအညီပူးပေါင်းပြီးဘယ်လိုထောက်လှမ်းသုတ်သင်နိုင်ခဲ့သလဲ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ အလိုရှိဆုံး ဂိုဏ်းခေါင်းဆောင် နေမီစီယို အယ်မန်ချို အိုစီဂွေရာ ဆာဗားန်တေးစ်ကို တနင်္ဂနွေနေ့က အန္တရာယ်ကြီးမားသော စစ်ဆင်ရေးတစ်ခုအတွင်း အသေဖမ်းဆီးနိုင်ခဲ့ရာ၊