နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့ တွေ့ဆုံဆွေးနွေး

ဩဂုတ်လ (၂၈) ရက်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့ မနေ့က ဩဂုတ်လ ၂၇ ရက်နေ့က ပေကျင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ဆန်ဖရန်စစ္စကိုမြို့မှာ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ရရှိခဲ့တဲ့ ဘုံသဘောတူညီမှုတွေကို အကောင်အထည်တာဟာ တရုတ်-အမေရိကန် မဟာဗျူဟာမြောက် ဆက်ဆံရေး ဆွေးနွေးပွဲအသစ်ရဲ့ အဓိက လုပ်ငန်းစဉ်ဖြစ်တယ်လို့ ဝမ်ယီက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဝမ်ယီက ဆူလီဗန်ရဲ့ ခရီးစဉ်ကို ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံမှုတွေဟာ နှစ်နိုင်ငံစလုံးအတွက် အလွန်အရေးပါသလို တစ်ကမ္ဘာလုံးအပေါ် မှာလည်း သက်ရောက်မှုတွေ ရှိနေတယ်လို့လည်း အလေးအနက် ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တရုတ်နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးဟာ အကွေ့အကောက်တွေနဲ့ ပြည့်နှက်နေခဲ့ကြောင်း၊ သမ္မတရှီကျင့်ဖိန်နဲ့ သမ္မတဂျိုးဘိုင်ဒန်တို့ရဲ့ မဟာဗျူဟာမြောက် လမ်းညွှန်ချက်တွေအရ နှစ်နိုင်ငံအနေနဲ့ ဘာလီ ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူညီထားတဲ့အတိုင်း ပြန်လည်ဦးတည်နိုင်ခဲ့ပြီး ဆန်ဖရန်စစ္စကို ခရီးစဉ် စတင်နိုင်ခဲ့တယ်လို့ ဝမ်ယီက ပြောပါတယ်။

နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့ အဟန့်အတားတွေကို ကျော်လွှားကာ အတားအဆီးတွေကို ဖယ်ရှားရမှာ ဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆူလီဗန်ကလည်း အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါကြောင်း၊ လေးလေးနက်နက် ကြိုတင်ပြင်ဆင်ထားမှုတွေအတွက်လည်း တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်-တရုတ် ဆက်ဆံရေးကို တာဝန်သိသိ စီမံဆောင်ရွက်ရန်နှင့် ယှဉ်ပြိုင်မှုမှ ပဋိပက္ခအဖြစ်ကို မရောက်ရှိစေရေးနဲ့ ဘုံအကျိုးစီးပွားချင်း တူညီသော ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေကို နှစ်ဖက်စလုံးက ရှာဖွေရေးအတွက် အသေအချာ လုပ်ဆောင်ရန် သမ္မတဂျိုးဘိုင်ဒန်က စိတ်ပိုင်းဖြတ်ထားတယ်လို့ ဆူလီဗန်က ပြောကြားခဲ့ပါတယ်။

အဲ့ဒီ မဟာဗျူဟာမြောက် ဆက်ဆံရေးကတဆင့် ကျယ်ပြန့်တဲ့ကိစ္စရပ်များစွာတို့အတွက် တရုတ်နိုင်ငံနဲ့ အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရန်နဲ့ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ရရှိထားတဲ့ ဘုံသဘောတူညီမှုတွေကို လက်တွေ့အကောင်အထည်ဖော်ရန် မျှော်လင့်လျက်ရှိကြောင်းလည်း ဆူလီဗန်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၇) ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့ တွေ့ဆုံစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို