နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

လက်ဘနွန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်သားများ ဘေးကင်းစေရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးက အစ္စရေးကို တိုက်တွန်း

အောက်တိုဘာလ (၁၂) ရက်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်(Lloyd Austin) သည် လက်ဘနွန်တွင် အစ္စရေး၏ စစ်ရေးစစ်ဆင်ရေးများကို ဆွေးနွေးရန် ကြာသပတေးနေ့တွင် အစ္စရေး ကာကွယ်ရေးဝန်ကြီး ယူအော့ဗ် ဂဲလန့် (Yoav Gallant) နှင့် စကားပြောခဲ့ပြီး “စစ်ပွဲဒေသအတွင်း UNIFIL တပ်ဖွဲ့များ၏ လုံခြုံရေးကို သေချာစေရေး အရေးကြီးကြောင်း” ပင်တဂွန်က ပြောကြားခဲ့သည်။

လက်ဘနွန်ရှိ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ UNIFIL က အစ္စရေးတပ်ဖွဲ့ဝင်များသည် ၎င်း၏နေရာများကို ပစ်ခတ်ခဲ့ပြီး တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးတပ်ဖွဲ့များနှင့် ဟစ်ဇ်ဘိုလာတို့ကြား ရန်စမှုများသည် “တိုးများလာသောကြောင့် စိုးရိမ်ဖွယ်ရာအ‌ခြေအနေများ” နှင့် “ငြိမ်းချမ်းရေးစောင့်ကြပ်သူများကို အန္တရာယ်ဖြစ်စေမှု တိုးပွားလာနေသည်” ဟု ကုလသမဂ္ဂ ငြိမ်းချမ်းရေး ဆောင်ရွက်မှုလုပ်ငန်းများအတွက် လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သူ ရှောင်ပီယာ လက်ခရိုဇစ် (Jean-Pierre Lacroix ) က အော်စတင်၏ တောင်းဆိုမှုအပြီးတွင် ပြောကြားထွက်ပေါ်လာခြင်းဖြစ်သည်။

ဂဲလန့်နှင့်ဖုန်းခေါ်ပြောဆိုမှုတွင် အော်စတင်သည် “ လက်ဘနွန်နှင့် အစ္စရေး အရပ်သားများအား နယ်စပ်ရှိ နှစ်ဖက်စလုံးမှ သူများကို ၎င်းတို့၏နေရပ်များသို့ ဘေးကင်းစွာ ပြန်လည် ပို့ဆောင်ပေးသည့် သံတမန်ရေးရာ အစီအစဥ်ဆိုင်ရာ အမေရိကန်၏ ကတိကဝတ်ကို အလေးပေး ပြောကြားခဲ့ပြီး နယ်စပ်နှစ်ဖက်စလုံးရှိ စစ်ဘက်ဆိုင်ရာလုပ်ငန်းများတွင် သံတမန်လမ်းကြောင်းသို့ ဦးတည်ရန်” အစ္စရေးအား တိုက်တွန်းခဲ့သည်။ တတ်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်မှာပါ” ဟု ပင်တဂွန် စစ်ဌာနချုပ်မှ ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လနှောင်းပိုင်းမှစ၍ လက်ဘနွန်တွင် အစ္စရေး၏ စစ်ဆင်ရေးများကြောင့် လူ ၁၄၀၀ ကျော် သေဆုံးခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

ဓာတ်ပုံ။

ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ အချို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက် ရရှိလုနီးပါး အခြေအနေသို့ ရောက်ရှိနေပုံရသည်။ သို့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ လက်ထောက်များက
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ ပြင်းထန်ဆုံးသော စကားလုံးများ” ဖြင့် ရှုတ်ချလိုက်သည်။ အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား
ဂျပန် နိုင်ငံတကာသတင်း

ဂျာပန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းလွန်တွင် ပမာဏ ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဒုတိယအကြိမ် ဆူနာမီ ထပ်မံလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 21 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ ရက် အိဝတေး (Iwate) နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုများတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားပြီး ကျည်ဆန်ရထား (Bullet trains) ပြေးဆွဲမှု အချို့ကိုလည်း ရပ်ဆိုင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က ပိတ်ဆို့မှုကို ဖောက်ဖျက်သည့် အီရန်အလံတင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီးနောက် တဟီရန်က လက်စားချေမည်ဟု ကတိပြု

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 31 Views
CNN- ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက် ပါကစ္စတန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ အမေရိကန်ညှိနှိုင်းရေးမှူးများ ရောက်ရှိ လာရန် မျှော်လင့်ရသော်လည်း အီရန်ဘက်ကမူ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟု လူသိရှင်ကြား အတည်မပြုသေးပေ။ အီရန်အလံတင် ကုန်တင်သင်္ဘောတစ်စီးသည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 32 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်