နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

လက်ဘနွန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်သားများ ဘေးကင်းစေရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးက အစ္စရေးကို တိုက်တွန်း

အောက်တိုဘာလ (၁၂) ရက်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်(Lloyd Austin) သည် လက်ဘနွန်တွင် အစ္စရေး၏ စစ်ရေးစစ်ဆင်ရေးများကို ဆွေးနွေးရန် ကြာသပတေးနေ့တွင် အစ္စရေး ကာကွယ်ရေးဝန်ကြီး ယူအော့ဗ် ဂဲလန့် (Yoav Gallant) နှင့် စကားပြောခဲ့ပြီး “စစ်ပွဲဒေသအတွင်း UNIFIL တပ်ဖွဲ့များ၏ လုံခြုံရေးကို သေချာစေရေး အရေးကြီးကြောင်း” ပင်တဂွန်က ပြောကြားခဲ့သည်။

လက်ဘနွန်ရှိ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ UNIFIL က အစ္စရေးတပ်ဖွဲ့ဝင်များသည် ၎င်း၏နေရာများကို ပစ်ခတ်ခဲ့ပြီး တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးတပ်ဖွဲ့များနှင့် ဟစ်ဇ်ဘိုလာတို့ကြား ရန်စမှုများသည် “တိုးများလာသောကြောင့် စိုးရိမ်ဖွယ်ရာအ‌ခြေအနေများ” နှင့် “ငြိမ်းချမ်းရေးစောင့်ကြပ်သူများကို အန္တရာယ်ဖြစ်စေမှု တိုးပွားလာနေသည်” ဟု ကုလသမဂ္ဂ ငြိမ်းချမ်းရေး ဆောင်ရွက်မှုလုပ်ငန်းများအတွက် လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သူ ရှောင်ပီယာ လက်ခရိုဇစ် (Jean-Pierre Lacroix ) က အော်စတင်၏ တောင်းဆိုမှုအပြီးတွင် ပြောကြားထွက်ပေါ်လာခြင်းဖြစ်သည်။

ဂဲလန့်နှင့်ဖုန်းခေါ်ပြောဆိုမှုတွင် အော်စတင်သည် “ လက်ဘနွန်နှင့် အစ္စရေး အရပ်သားများအား နယ်စပ်ရှိ နှစ်ဖက်စလုံးမှ သူများကို ၎င်းတို့၏နေရပ်များသို့ ဘေးကင်းစွာ ပြန်လည် ပို့ဆောင်ပေးသည့် သံတမန်ရေးရာ အစီအစဥ်ဆိုင်ရာ အမေရိကန်၏ ကတိကဝတ်ကို အလေးပေး ပြောကြားခဲ့ပြီး နယ်စပ်နှစ်ဖက်စလုံးရှိ စစ်ဘက်ဆိုင်ရာလုပ်ငန်းများတွင် သံတမန်လမ်းကြောင်းသို့ ဦးတည်ရန်” အစ္စရေးအား တိုက်တွန်းခဲ့သည်။ တတ်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်မှာပါ” ဟု ပင်တဂွန် စစ်ဌာနချုပ်မှ ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လနှောင်းပိုင်းမှစ၍ လက်ဘနွန်တွင် အစ္စရေး၏ စစ်ဆင်ရေးများကြောင့် လူ ၁၄၀၀ ကျော် သေဆုံးခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

ဓာတ်ပုံ။

ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ အချို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးနှင့် ထရမ့်တို့ မတွေ့ဆုံမီ ရုရှားက ယူကရိန်းကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 16 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၂၇ရက်  (ရိုက်တာ) — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လေးနှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော စစ်ပွဲကို
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သတင်းပတ်အတော်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 17 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက် သေဆုံးမှုများပြားခဲ့သည့် သီတင်းပတ်ပေါင်းများစွာကြာ နယ်စပ်တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူညီ လိုက်
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီဂျစ်

အမေရိကန်က ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရန် ကြိုးပမ်းနေစဉ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီဂျစ်နှင့် ဒေါ်လာ ၃၅ ဘီလီယံတန်ဖိုးရှိ သဘာဝဓာတ်ငွေ့ သဘောတူညီချက်ကို ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 16 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက် တဲလ်အဗစ် (Tel Aviv) — အမေရိကန်ပြည်ထောင်စုက အစ္စရေးနှင့် အီဂျစ်ခေါင်းဆောင် နှစ်ဦးကြား ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရန် တွန်းအားပေးနေစဉ်အတွင်း၊ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အီဂျစ်နိုင်ငံနှင့် ဒေါ်လာ ၃၅
နိုင်ငံတကာသတင်း အမေရိကန်

AI မှ ဗင်နီဇွဲလားအထိ- ၂၀၂၆ ခုနှစ်သည် ကမ္ဘာ့အာဏာစက်အတွက် အလှည့်အပြောင်းနှစ် ဖြစ်လာရခြင်း အကြောင်းရင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 32 Views
CNN – ၂၀၂၅၊ ဒီဇင်ဘာလ ၂၄ရက် လွန်ခဲ့သော တစ်နှစ်၊ ယခုကဲ့သို့ ရက်သတ္တပတ်တွင် ဂျိုးဘိုင်ဒင်သည် သမ္မတအဖြစ် ရှိနေဆဲ ဖြစ်သည်။ ကျွန်ုပ်သည် ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံလွတ်မြောက်ရေး
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းနှင့် အမေရိကန် ညှိနှိုင်းရေးမှူးများ ခရစ္စမတ်နေ့တွင် ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ဆွေးနွေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 32 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေး သဘောတူညီချက် အခြေအနေရပ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်နေစဉ်၊ ခရစ္စမတ်နေ့တွင် အမေရိကန်
နိုင်ငံတကာသတင်း အမေရိကန် အာဖရိက

နိုင်ဂျီးရီးယားရှိ ISIS အကြမ်းဖက်သမားများကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း ထရန့် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 28 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် ဖလော်ရီဒါပြည်နယ်၊ West Palm Beach — နိုင်ဂျီးရီးယားနိုင်ငံအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များကို ညှဉ်းပန်းနှိပ်စက်နေသည်ဟု ၎င်းက စွပ်စွဲထားသည့် အစ္စလာမ္မစ်နိုင်ငံတော် (IS) အကြမ်းဖက်သမားများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်း၏ နောက်ဆုံးငြိမ်းချမ်းရေးအစီအစဉ်တွင် ဇလန်းစကီးက စစ်မဲ့ဇုန်များဖန်တီးရန် အဆိုပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 26 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးသည် အရှေ့ပိုင်းဒေသများမှ ယူကရိန်းတပ်ဖွဲ့များ ရုပ်သိမ်းပေးနိုင်ခြေနှင့် ထိုနေရာများတွင် စစ်မဲ့ဇုန် (Demilitarised Zone) များ ဖန်တီးရန် ပါဝင်သော
ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 38 Views
မြန်မာစစ်တပ်အတွက် ရည်ရွယ်သည်ဟု ဆိုသော တရုတ်နိုင်ငံထုတ် ဒရုန်း ၁၀ စီးကို လေဆိပ်အနီးရှိ ဟိုတယ်ခန်းတစ်ခုအတွင်း သိမ်းဆည်းရမိ Bangkok Post- ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ ၂၃ရက် သုဝဏ္ဏဘူမိလေဆိပ် (Suvarnabhumi Airport) အနီးတွင် ဒရုန်းများ ပျံသန်းနေကြောင်း