နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကာမလာဟဲရစ် ရှုံးနိမ့်ပြီးနောက် ဒီမိုကရက်တစ်ပါတီကို ဘာနီဆန်းဒါး (Bernie Sanders) က ပြင်းပြင်းထန်ထန် ရှုတ်ချ

နိုဝင်ဘာလ (၇) ရက်။

ဒုတိယသမ္မတ ကာမလာဟဲရစ်သည် သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ရှုံးနိမ့်ပြီးနောက် ဒီမိုကရက်တစ်ပါတီ၏ မဲဆွယ်စည်းရုံးမှုအား ဗားမောင့်အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါး က ပြင်းပြင်းထန်ထန် ဝေဖန်ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒီမိုကရက်တစ်ပါတီနှင့် ပူးပေါင်းသည့် တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်ခဲ့သူ ဘာနီဆန်းဒါးက “အလုပ်သမားလူတန်းစားကို စွန့်ပစ်ထားတဲ့ ဒီမိုကရက်တစ်ပါတီဟာ အလုပ်သမား လူတန်းစားက ပြန်လည် စွန့်လွှတ်လိုက်တာကို တွေ့ရှိရတာ ကြီးကြီးမားမား အံ့သြစရာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။

“ ပထမဆုံး လူဖြူအလုပ်သမားလူတန်းစားတွေက ဒီမိုကရက်ပါတီကို စွန့်ပစ်လိုက်တယ်။ အခုနောက်မှာ လက်တင်နိုနဲ့ လူမည်းအလုပ်သမားတွေကပါ ကျောခိုင်းတဲ့အထဲမှာ ပါဝင်လာတာပဲ” ဟု ဆန်းဒါး က ဆက်လက်ပြောကြားသည်။ “ ဒီမိုကရက်တစ်ခေါင်းဆောင်ပိုင်းက လက်ရှိအနေအထားကို ခုခံကာကွယ်နေချိန်မှာ အမေရိကန်ပြည်သူတွေဟာ ဒေါသထွက်ပြီး အပြောင်းအလဲကို လိုလားနေကြတာ ဖြစ်တယ်။ သူတို့လုပ်တာ မှန်ပါတယ်” ဟု သူကဆိုသည်။

၂၀၁၆ နှင့် ၂၀၂၀ တွင် သမ္မတအတွက် ရွေးချယ်ခံရန်ကြိုးစားခဲ့သည့် ထရန့်သည် အမေရိကန်လူမျိုးများ၏ စီးပွားရေး မတည်ငြိမ်မှု ဝင်ငွေနှင့် ဓနဥစ္စာ မညီမျှမှု အာမခံချက်ရှိသော မိသားစုနှင့် ဆေးခွင့်မရှိခြင်းအထိ စီးပွားရေးမတည်ငြိမ်မှုများ ဆက်လက်ကြုံတွေ့နေရပုံကို ထင်ဟပ်‌ပြောကြားနိုင်ခဲ့သည်။

ဆန်းဒါးက အစ္စရေးသို့ စစ်ရေးအကူအညီများ ဆက်လက်ပေးကမ်း သုံးစွဲနေမှုကိုလည်း ဝေဖန်ခဲ့သည်။

“ဒီနေ့မှာ အမေရိကန်အများစုရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုတွေ ရှိနေပေမဲ့၊ ပါလက်စတိုင်းပြည်သူတွေအပေါ် အစွန်းရောက် နေတန်ယာဟုအစိုးရရဲ့ အလုံးစုံစစ်ပွဲအတွက် ရန်ပုံငွေ ဘီလီယံနဲ့ချီပြီး သုံးစွဲနေဆဲဖြစ်ပြီး ပါလက်စတိုင်းပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးဥပဒ်ဖြစ်စေတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အာဟာရချို့တဲ့မှုနဲ့ ကလေးထောင်ပေါင်းများစွာကို ငတ်မွတ်ခေါင်းပါးမှုစေခဲ့တယ်” ဟု သူက ထောက်ပြခဲ့သည်။

အမေရိကန် အထက်လွှတ်တော်တွင် စတုတ္ထ ခြောက်နှစ်သက်တမ်းအတွက် အင်္ဂါနေ့တွင် ပြန်လည် ရွေးကောက်ခံရသော ဆန်းဒါးသည် ဒီမိုကရက်ပါတီအနေနှင့် သင်ခန်းစာ သင်ယူနိုင်မှုအပေါ် သံသယ ရှိခဲ့သည်။

“ဒီမိုကရက်တစ်ပါတီကို ထိန်းချုပ်တဲ့ ကြီးမားတဲ့ အကျိုးစီးပွားတွေနဲ့ လစာကောင်းတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တွေဟာ ဒီကပ်ဆိုးမဲဆွယ်မှုကနေ တကယ့်သင်ခန်းစာတွေ သင်ယူနိုင်ပါ့မလား။ သန်းပေါင်းများစွာသော အမေရိကန်တွေ တွေ့ကြုံနေရတဲ့ နာကျင်မှုနဲ့ နိုင်ငံရေးကနေ ပစ်ပယ်ခံနေရမှုကို သူတို့ နားလည်မှာလား။ စီးပွားရေးနဲ့ နိုင်ငံရေးပါဝါ အများကြီးရှိတဲ့ ပိုအားကောင်းတဲ့ လူနည်းစုအစိုးရ (Oligarchy)ကို ဘယ်လိုကိုင်တွယ် ရမယ်ဆိုတာကို သူတို့မှာ အကြံဥာဏ် ရှိပါရဲ့လား။ ရှိမှာ မဟုတ်ပါဘူး” ဟု ဆန်းဒါးက ပြောသည်။

ရှေ့ဆက်ရမည့်လမ်းအတွက် “ အလွန်လေးနက်သော နိုင်ငံရေးဆွေးနွေးမှုများ” သည် ယခုအခါ အခြေခံလူတန်းစားများအတွက် ဒီမိုကရေစီနှင့် စီးပွားရေး တရားမျှတမှုကို အလေးထားသော ကျွန်တော်တို့အတွက် ရှေ့ဆက်ရမည့်လမ်းအတွက် ဂုဏ်ယူကြောင်းနှင့် ဆန်ဒါးစ်က ၎င်း၏ ကြေညာချက်တွင် “ စောင့်မျှော်ပါ” ဟူ၍ စာဖြင့်အဆုံးသတ်လိုက်ပါသည်။

ဝါရှင်တန်ဒီစီရှိ Howard တက္ကသိုလ်တွင် ဗုဒ္ဓဟူးနေ့က မိန့်ခွန်းတွင် ဟဲရစ်သည် ရွေးကောက်ပွဲ တွင် ရှုံးနိမ့်မှုကို လက်ခံခဲ့သည်။

“ဒီရွေးကောက်ပွဲရှုံးနိမ့်မှုကို ကျွန်မလက်ခံနေချိန်မှာပဲ ဒီမဲဆွယ်မှုမှာ လှုံ့ဆော်စည်းရုံး လုပ်ဆောင်နေတဲ့ တိုက်ပွဲကိုတော့ ကျွန်မ အရှုံးမပေးပါဘူး” ဟု သူမက ဆိုသည်။ “ လွတ်လပ်မှုအတွက်၊ အခွင့်အလမ်းတွေအတွက်၊ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲတွေကို ဆက်လက်ဆင်နွဲသွားမှာဖြစ်ပြီး ကျွန်မတို့နိုင်ငံရဲ့ နှလုံးသား စံနှုန်းတွေအတွက်တိုက်ပွဲ၊ အမေရိကန်ကို အကောင်းဆုံး ထင်ဟပ်စေတဲ့ စိတ်ကူးတွေ” ကို ဆက်လက်အကောင်အထည်ဖော်တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့သည်။

ဂျော်ဂျီယာ၊ မစ်ရှီဂန်၊ မြောက်ကာရိုလိုင်းနား၊ ပင်ဆယ်ဗေးနီးယားနှင့် ဝစ်ကွန်ဆင်ပြည်နယ်များကိုပါ ထရန့်က အနိုင်ရသည်ဟု ခန့်မှန်းပြီးနောက် ဟဲရစ်၏ လိုက်လျောညီထွေပြောဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 22 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 17 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို