နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရောဘတ်အက်ဖ်ကနေဒီဂျူနီယာကို ကျန်းမာရေးဝန်ကြီးအဖြစ် ထရမ့် ရွေးချယ်အဆိုပြု

နိုဝင်ဘာလ (၁၅) ရက်။

ရွေးကောက်ခံသမ္မတ ထရမ့်သည် ရောဘတ်အက်ဖ်ကနေဒီဂျူနီယာကို ကျန်းမာရေးဝန်ကြီးအဖြစ် ရွေးချယ်ရန် အဆိုပြုလိုက်ပြီဖြစ်သည်။ လာမည့်ထရမ့်အစိုးရတွင် ဝေဖန်ဆန့်ကျင်ခံရမည့် ရွေးချယ်မှုဖြစ်ပြီး ထရမ့်သည် မေးခွန်းထုတ်စရာပုဂ္ဂိုလ်ကို ထပ်မံရွေးချယ်လိုက်ပြန်ပြီ ဖြစ်သည်။ပတ်သက်၍ တုံ့ပြန်မှုကို လှုံ့ဆော်နိုင်သည့် နောက်ထပ် ဝန်ထမ်းအပြောင်းအလဲ ဖြစ်သည်။ အထက်လွှတ်တော် ရီပတ်ဘလစ်ကန်များ၏ ထရမ့်အပေါ်သစ္စာစောင့်သိမှုကို လာမည့်အတည်ပြုချက်လုပ်ငန်းစဉ်တွင် စမ်းသပ်ခံရတော့မည်ဖြစ်သည်။

ထရမ့်သည် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကနေဒီအား ရွေးချယ်ခဲ့ကြောင်း ကြေညာခဲ့သည်။ “ အမေရိကန်နိုင်ငံသားအားလုံး၏ ဘေးကင်းရေးနှင့် ကျန်းမာရေးကို အကာအကွယ်ပေးခြင်းသည် မည်သည့်အုပ်ချုပ်ရေးအတွက်မဆို အရေးကြီးဆုံး အခန်းကဏ္ဍဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် လူသားတို့၏ဘေးကင်းရေးအတွက် ကူညီပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လိမ့်မည်။ နောက်နောင်တွင် လူတိုင်းကို အန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများ၊ ညစ်ညမ်းစေသောအရာများ၊ ပိုးသတ်ဆေး၊ ဆေးဝါးများနှင့် အစားအသောက်များတွင် ပါဝင်သော ဓာတုပစ္စည်းများမှ ကာကွယ်နိုင်မည်ဖြစ်သည်။” ဟု X (ယခင် Twitter) တွင် ထရမ့်က ရေးသားခဲ့သည်။

ထို့အပြင် ကနေဒီသည် ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ အစဉ်အလာဖြစ်သည့် သိပ္ပံနည်းကျ သုတေသနပြုမှုနှင့် ပွင့်လင်းမြင်သာမှု ပကတိစံနှုန်းများကို ပြန်လည်ရယူနိုင်ကြောင်း ထောက်ပြခဲ့သည်။ “ ကျွန်တော်တို့သည် နာတာရှည်ရောဂါ ကပ်ဆိုးကြီးကို အဆုံးသတ်စေပြီး အမေရိကကို ကြီးကျယ်ခမ်းနားသော နိုင်ငံကြီးဖြစ်အောင် ကျန်းမာသန်စွမ်းသောနိုင်ငံဖြစ်အောင် ပြန်လည်ပြုလုပ်မည်” ဟု အခိုင်အမာ ပြောဆိုထားသည်။

ကနေဒီသည် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထရမ့်၏ခန့်အပ်မှုကို လက်ခံခဲ့သည်။ သူသည် အမေရိကန် ပြည်ထောင်စုတွင် အထင်ရှားဆုံးသော ကာကွယ်ဆေးဆန့်ကျင်ရေး ပူးပေါင်းကြံစည်မှုသီအိုရီများကို ဦးဆောင်ထောက်ခံသူတစ်ဦးဖြစ်ပြီး ကာကွယ်ဆေးများ၏ ဘေးကင်းမှုနှင့် ထိရောက်မှုနှင့်ပတ်သက်ပြီး မှားယွင်းနေကြောင်း မကြာခဏ ပြောဆိုလေ့ရှိသည်။

လွှတ်တော်၏ အတည်ပြုချက်ရရှိပါက ကနေဒီသည် အိုဘားမားကဲ (Obamacare)၊ မက်ဒီကဲ (Medicare) နှင့် မက်ဒီကိတ် (Medicaid) များကို စီမံခန့်ခွဲကြီးကြပ်သွားမည်ဖြစ်သည်။ ထရမ့်သည် အိုဘားမားကဲကို လုံးလုံးလျားလျား ဖျက်သိမ်းရန် ကြိုးပမ်းမည် မဟုတ်သော်လည်း ၎င်း၏ မဲဆွယ်ကာလတွင် ကတိပြုထားသည့်အတိုင်း ကျန်းမာရေဆိုင်ရာ ဥပဒေများကို ပြုပြင်ပြောင်းလဲမည့် အစီအစဉ်များကို ကြေညာမည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 26 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 23 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 46 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 43 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 44 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 51 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 39 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့