နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဆီသို့ ဦးတည်နေကြောင်း ပူတင်ပြော

နိုဝင်ဘာလ (၂၃) ရက်။

အမေရိကန်နှင့် ဗြိတိန်တို့က ယူကရိန်းအား ရုရှားကို လက်နက်ကြီးဖြင့် တိုက်ခိုက်ရန် ခွင့်ပြုပြီးနောက် ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဆီသို့ ဦးတည်နေကြောင်း သမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံကို အသံထက်မြန်သော တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်ကိုအသုံးပြု ပစ်ခတ်ခြင်းဖြင့် အမေရိကန်နှင့် ဗြိတိန်တို့၏ ဒုံးကျည်များ အသုံးပြု၍ ယူကရိန်းက ရုရှားသို့ပစ်ခတ်ခဲ့မှုကို တုံ့ပြန်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။ နောက်ဆက်တွဲ ပစ်ခတ်ခြင်းများ ဖြစ်လာနိုင်သည်ဟု ပူတင်က သတိပေးလိုက်သည်။ “အခုလို လက်နက်နဲ့ နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်ခင်မှာ အရပ်သားတွေကို သတိပေးမယ်” ဟု သူက ပြောပါသည်။

သမ္မတဂျိုးဘိုင်ဒင်အစိုးရက ခွင့်ပြုချက်ပေးပြီးနောက်၊ ယူကရိန်းသည် နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန်လုပ် ATACMS ခြောက်စင်း၊ ဗြိတိန်နိုင်ငံထုတ် Storm Shadow ဒုံးကျည်များနှင့် အမေရိကန်လုပ် HIMARS တို့ဖြင့် နိုဝင်ဘာ ၂၁ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။

“အဲဒီအချိန်ကစပြီး၊ အနောက်နိုင်ငံတွေက လှုံ့ဆော်ခဲ့တဲ့ ယူကရိန်းဒေသတွင်း ပဋိပက္ခဟာ ကမ္ဘာလုံးဆိုင်ရာအနေအထားအဖြစ်ကို‌ပြောင်းလဲ ရောက်ရှိလာခဲ့တယ်” ဟု မော်စကို စံတော်ချိန် ည ၈ နာရီနောက်ပိုင်းတွင် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ပြောကြားသည့် မိန့်ခွန်းတွင် ပူတင်က ပြောဆိုခဲ့သည်။

အမေရိကန်သည် ကမ္ဘာကို ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဆီသို့ တွန်းပို့နေသည်ဟု ပူတင်က စွတ်စွဲလိုက်သည်။

“ရန်လိုပြီး ပြင်းထန်တဲ့ လုပ်ရပ်တွေ အရှိန်မြှင့်လာတဲ့အခါ ကျွန်တော်တို့အနေနဲ့ ပြတ်ပြတ်သားသားနဲ့ တူညီတဲ့ပုံစံနဲ့ တုံ့ပြန်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ယူကရိန်း ၏ ATACMS ဒုံးကျည်ဖြင့် တိုက်ခိုက်မှုသည် ဆိုးရွားသော ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။ သို့သော် နိုဝင်ဘာ ၂၁ ရက်က Kursk ဒေသကို Storm Shadow ဒုံးကျဥ်ဖြင့်တိုက်ခိုက်မှုသည် လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။

“ဒီလက်နက်တွေကို ရန်သူက အသုံးပြုတာဟာ အထူးစစ်ရေးဇုန်အတွင်း စစ်ရေးလှုပ်ရှားမှု လမ်းကြောင်းကို မပြောင်းလဲနိုင်ပါဘူး” ဟု ပူတင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဒီလက်နက်တွေကို အသုံးပြုဖို့ ခွင့်ပြုထားတဲ့ အဲဒီနိုင်ငံတွေရဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေအပေါ် ကို ပြန်လည်တိုက်ခိုက်ဖို့ ကျွန်တော်တို့မှာ ရပိုင်ခွင့်ရှိတယ်လို့ ယူဆပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။ “ဒါကို လုပ်နိုင်မယ်လို့ သံသယရှိသူတွေ ရှိခဲ့ရင် သူတို့မှားတယ်‌ပြောချင်ပါတယ် အရာရာတိုင်းမှာ တုံ့ပြန်မှုဆိုတာ အမြဲရှိနေမှာပါ။”

ရုရှားသည် ၂၀၁၄ ခုနှစ်တွင် ယူကရိန်းမှ သိမ်းယူခဲ့သော ခရိုင်းမီးယားဒေသအားလုံးအပါအဝင် ယူကရိန်း၏နယ်မြေ ၁၈%ကိုထိန်းချုပ်ထားပြီး၊ ဒွန်းဘတ်(Donbas) နှင့် လူဟန့်ခ် (Luhansk) ဒေသများ၏နယ်မြေ ၈၀% နှင့် ဇာပိုးရီးဇား (Zaporizhzhia) နှင့် ခါဆန်(Kherson) ဒေသများ၏ ၇၀% ကျော်နှင့် ခါကိ့ဗ်(Kharkiv) ဒေသ နှင့် မိုင်ကိုလိုက်ဗ် (Mykolaiv) ဒေသ၏ အစိတ်အပိုင်း ၃% အောက်ကိုသိမ်းပိုက်ထားသည်။

ယူကရိန်းနှင့် အနောက်အုပ်စုတို့က ၂၀၂၂ခုနှစ် ကျူးကျော်မှုသည် အချုပ်အခြာအာဏာပိုင် ယူကရိန်းပိုင်နက်ကို သိမ်းပိုက်ရန် နယ်ချဲ့ပုံစံ ကြိုးပမ်းမှုဖြစ်ပြီး အကယ်၍ ရုရှားသမ္မတ ပူတင်က ယူကရိန်းတွင် အနိုင်ရပါက တစ်နေ့တွင် နေတိုးအဖွဲ့ဝင်နိုင်ငံကို တိုက်ခိုက်ရန် ကြိုးစားလာမည်ကို စိုးရိမ်ကြောင်း ယူကရိန်းနှင့် အနောက်နိုင်ငံများက ပြောဆိုကြသည်။

မော်စကိုသည် အော်ရှနစ် (Oreshnik) (ဟေဇယ်) ဟုခေါ်သော တာလတ်ပစ်ဟိုက်ပါဆောနစ် နျူကလီးယား မဟုတ်သည့် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ခဲ့ပြီး ၎င်း ပဲ့ထိန်းဒုံးကို ယူကရိန်းနိုင်ငံ နိပရို (Dnipro) မြို့ရှိ ဒုံးပျံနှင့် ကာကွယ်ရေး လုပ်ငန်းတစ်ခုသို့ ပစ်လွှတ်ခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံတွင်းရှိ ထိုနိပရိုမြို့တွင်အခြေစိုက်သော အာကာသဒုံးပျံ ကုမ္ပဏီ ပီဒန်မက်ရှ် (Pivdenmash) ရှိပြီး ရုရှားလို ယူဇ်မက်ရှ် (Yuzhmash) ဟု အမည်တွင် ပါသည်။

“အဲ့ဒီစီးပွားရေးလုပ်ငန်းကို တိုက်ခိုက်ခဲ့တာ အောင်မြင်တယ်” ဟု ပူတင်က ပြောပါသည်။

ရုရှားသည် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များကို တီထွင်ထုတ်လုပ်ရန် စီစဉ်နေခြင်းသည် အမေရိကန်ပြည်ထောင်စုမှ ဥရောပနှင့် အရှေ့ဖျားဒေသတို့တွင် တာလတ်နှင့် တာတိုပစ်ဒုံး ကျည်များကို ဖြန့်ကျက်ချထားခြင်းကို တုံ့ပြန်ရန်ဖြစ်ကြောင်း သူက ထပ်လောင်းပြောခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ချုပ်ဆိုခဲ့သော တာလတ်ပစ် အကွာအဝေးနှင့် တာတိုပစ်ဒုံးကျည်များ ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို တစ်ဖက်သတ် ချိုးဖောက်ခြင်းအတွက် အမေရိကန်ပြည်ထောင်စုသည် အမှားအယွင်းတစ်ခု ကျူးလွန်ခဲ့သည်ဟု ယုံကြည်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ သူက တာလတ်ပစ်နျူကလီးယားစာချုပ် (Intermediate-Range Nuclear Forces (INF) Treaty) ကို ရည်ညွှန်းဟန်ရှိသည်။

မော်စကိုသည် သဘောတူညီချက်ကို ချိုးဖောက်သည်ဟု ပြောဆိုပြီးနောက် ၂၀၁၉ ခုနှစ်တွင် ရုရှားနှင့် အထင်ကရ ၁၉၈၇ (INF) စာချုပ်မှ အမေရိကန်မှ တရားဝင်နုတ်ထွက်ခဲ့ပြီး ကရင်မလင်က ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

ပူတင်သည် INF စာချုပ်အရ ယခင်က တားမြစ်ထားသော ဒုံးကျည်များ ဖွံ့ဖြိုးတိုးတက်ရေး အပေါ် တစ်ဖက်သတ် ဆိုင်းငံ့ထားခဲ့သည်။ ရုရှား၏ အနာဂတ်လုပ်ဆောင်မှုများသည် အနောက်နိုင်ငံများ၏ လုပ်ရပ်များနှင့် ရုရှားအပေါ် ခြိမ်းခြောက်မှုများအပေါ် မူတည်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အမေရိကန်ရဲ့ ဒီလိုမျိုးလက်နက်တွေ ကမ္ဘာ့ဒေသတိုင်းမှာ မပေါ်မပေါက်မချင်း ရုရှားဟာ တာလတ်ပစ်နဲ့ တာတိုပစ် ဒုံးကျည်တွေကို ဖြန့်ကျက်မထားဖို့ ဆန္ဒအလျောက် တစ်ဖက်သတ် ကတိကဝတ်ပြုထားတယ်ဆိုတာကို သတိပေးပါရစေ”လို့ပူတင်က‌ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 52 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 59 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက