နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏အကောက်ခွန်အစီအစဉ်သည် ဓာတ်ငွေ့၊ အီလက်ထရွန်းနစ်ပစ္စည်းများနှင့် အခြားလိုအပ်ချက်ပစ္စည်းများ၏စျေးနှုန်းများကို မြှင့်တင်မည်လား။

အချိန်ကြာလာသည်နှင့်အမျှ ထရန့်၏ အခွန်စည်းကြပ်မှုသည် ရေနံစိမ်းစျေးနှုန်းများကို မြင့်တက်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန် ကုန်သွယ်ရေးမိတ်ဖက်အချို့ကို တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များကို ချမှတ်မည်ဟု ခြိမ်းခြောက်ထားသည်။ ထရန့်၏ ရန်လိုသော ရပ်တည်ချက်သည် တုံ့ပြန်မှုအချို့ကို ဖြစ်ပေါ်စေပြီး ယင်းအခွန်စည်းကြပ်မှုသည် နိုင်ငံတစ်ဝန်း နေ့စဉ် ထုတ်ကုန်စျေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်သောကြောင့် စားသုံးသူများ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ရွေးကောက်ခံသမ္မတက ၎င်းသည် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့အပေါ် စည်းကြပ်ခွန်အသစ်များ ကောက်ခံရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ ကနေဒါနှင့် မက္ကဆီကိုတို့မှ အမေရိကန်သို့ ဝင်ရောက်သည့် ကုန်ပစ္စည်းအားလုံးအပေါ် အခွန် ၂၅% ကောက်ခံရန် ရည်ရွယ်ချက်ကို တနင်္လာနေ့က ကြေညာခဲ့သည်။ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်နောက်ထပ်အပို ၁၀ ရာခိုင်နှုန်း ထပ်မံတိုးမည်ဖြစ်သည့်အတွက် တရုတ်အပေါ် စုစုပေါင်း ၃၅% မြှင့်ကောက်မည်ဖြစ်သည်။

ထရန့်က “ နိုင်ငံခြားတိုင်းပြည်တွေက အခွန်ပေးဆောင်တယ်လို့ ပြောပေမယ့် ဒီကုန်ကျစရိတ်တွေကို အမှန်တကယ် ကာမိရန် ပေးရတဲ့သူတွေက အမေရိကန်က တင်သွင်းသူတွေသာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ထိုငွေများသည် အမေရိကန်ဘဏ္ဍာရေးဌာန (US Treasury) သို့ သွားပြီး ထိုကုမ္ပဏီများသည် ပိုများသော အသုံးစရိတ်များကို ထေမိစေရန် သုံးစွဲသူများအတွက် ကုန်စျေးနှုန်းများကို မြှင့်ပေးလေ့ရှိသည်။

စည်းကြပ်ခွန်များကောက်ခံခြင်းသည် အမေရိကတွင် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန်၊ တွန်းအားပေးနိုင်မည်ဟု ထရန့်က ယုံကြည်ပြီး၊ ပြည်တွင်းတွင် ကုန်ထုတ်လုပ်မှု အလုပ်များပိုမို လာစေရန် အားပေးခြင်းနှင့် အမေရိကန်ဆန်းသစ်တီထွင်မှုကို တိုးမြှင့်ခြင်းဖြင့် စီးပွားရေးကို အထောက်အကူဖြစ်စေမည်ဟု ထရန့်က ယုံကြည်သည်။

သူ၏ရည်ရွယ်ချက်မှာ အမေရိကန်ကို ထိခိုက်စေသည်ဟု သူပြောနေသော မူဝါဒများကို အဆိုပါနိုင်ငံများက ပြုပြင်ပြောင်းလဲရန်အတွက် တွန်းအားပေးရန်ဖြစ်သည်။

“ ဒါဟာ သူရဲ့ မျှော်လင့်ချက်ပါပဲ။ သေချာပေါက် ရည်ရွယ်တာ ဖြစ်ပေမယ့် အမြဲတမ်း ဒီနည်းလမ်းနဲ့ က အဆင်မပြေပါဘူး” ဟု ABC News မှ အဲလက်စစ် ခရစ်တိုဖော်ရပ်စ် (Alexis Christoforous) က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ခရစ်တိုဖော်ရပ်စ်သည် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့အပေါ် ထရန့်အဆိုပြုထားသော အခွန်စည်းကြပ်မှုများ၏ အလားအလာရှိသော စီးပွားရေးသက်ရောက်မှုများကို ဆန်းစစ်လေ့လာခဲ့သည်။

“အမေရိကန်ကို ကနေဒါရဲ့ အကြီးမားဆုံး တင်ပို့မှုက ရေနံစိမ်းဖြစ်ပါတယ်” ဟု ခရစ်တိုဖော်ရပ်စ် က ပြောကြားခဲ့သည်။ “ ၂၀၂၂ တစ်ခုတည်းမှာ ဒေါ်လာ ဘီလီယံ ၁၆၀ လောက် ရှိတယ်။ ဒါက ကနေဒါရဲ့ စီးပွားရေးအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်။ ကနေဒါက အသစ်ရောက်လာမဲ့ အမေရိကန်အစိုးရနဲ့ ဆက်ပြီး ဆွေးနွေးချင်တယ်လို့ ပြောနေတယ်။ ဒီမျှော်လင့်ချက်ကတော့ အခွန်စည်းကြပ်မှု စည်းကမ်းတွေကို သူတို့ ပြန်ညှိနှိုင်းပြီးဒီလိုစည်းကြပ်မှုတွေကို ဘယ်တော့မှ ဖြစ်မလာစေဖို့ပါ။”

သို့သော်လည်း အမေရိကန်စားသုံးသူများ၏ ရေနံစိမ်းများကို အရင်းအမြစ်များကို ဆော်ဒီအာရေဗျ၊ မက္ကဆီကို၊ အီရတ်နှင့် ဘရာဇီးတို့အပါအဝင် နိုင်ငံအသီးသီးမှ ရရှိ နေကြသည်။ အမေရိကန်တွင် နိုင်ငံအတွက်လုံလောက်သည့် ရေနံစိမ်းပမာဏလည်း ရှိပြီး ကုန်ဆုံးရန် အချိန်အတော်ကြာ သုံးစွဲနိုင်မည်ဖြစ်သည်။

လက်ရှိ ရေနံစိမ်းသိုလှောင်မှု အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းလာသောအခါ အမေရိကန်များသည် သွင်းကုန်လုပ်ငန်းရှင်များကို ဈေးနှုန်းပိုမိုပေးဆောင်ရန် မျှော်လင့်နိုင်သည်။ ထိုသို့ တိုးလာခြင်းကြောင့် သုံးစွဲသူများသည် ဓာတ်ဆီကဲ့သို့သော နေ့စဥ်သုံးပစ္စည်းများအတွက် စရိတ်စက ပိုများလာနိုင်သည်။

“ ဒီအကောက်ခွန်တွေကို သွင်းကုန်သွင်းသူတွေအပေါ်မှာကောက်ခံခဲ့ရင် သူတို့က ပိုများတဲ့စျေးနှုန်းကိုပေးရမယ်” ဟု ခရစ်တိုဖော်ရပ်စ် က ပြောကြားခဲ့သည်။ “ သူတို့က အဲဒီ့ကုန်ကျစရိတ်ကို စားသုံးသူတွေဆီ ကနေပြန်ပြီးတိုးယူနိုင်တယ်။ ရေနံစိမ်းဟာ ဓါတ်ဆီထုတ်မှုရဲ့ ၆၀% လောက်ရှိတဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဆိုတာ ငါတို့သိတယ်။ ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ ဓာတ်ဆီဈေးတွေ ပိုမြင့်လာတာကို တွေ့ရမယ်။”

တရုတ်နိုင်ငံမှ တင်သွင်းမှုသည် လွန်ခဲ့သည့် ရှစ်နှစ်ကထက် လျော့နည်းနေသော်လည်း အမေရိကန်သည် နှစ်စဉ် တရုတ်နိုင်ငံမှ အီလက်ထရွန်းနစ်ပစ္စည်း ဘီလျံနှင့်ချီ၍ ဆက်လက်တင်သွင်းနေကြောင်း အမေရိကန် စက်မှုနှင့် လုံခြုံရေးဗျူရိုက ဆိုသည်။

အမေရိကန် ထုတ်လုပ်သူ အများအပြားသည် ၎င်းတို့၏ ထုတ်ကုန်များအတွက် တရုတ်နိုင်ငံမှ အစိတ်အပိုင်းများကို အဓိကအရင်းအမြစ်များ အသုံးပြုကြသည်။ အခွန်စည်းကြပ်မှုများကြောင့် တရုတ်သွင်းကုန်လုပ်ငန်းရှင်များသည် အမေရိကန်ဝယ်လက်များထံ ရောင်းချရမည့် စရိတ်စကကို ပိုမိုတိုးတောင်းလာစေနိုင်သည်။ ထို့ကြောင့် အမေရိကန် စားသုံးသူများအတွက် ဈေးနှုန်းများ မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။

“ ဒါကြောင့် ကျွန်တော်တို့က သွင်းကုန်အများကြီးရယူနေတဲ့ တရုတ်ကနေ တင်မက ကားအစိတ်အပိုင်းများစွာကို မက္ကဆီကိုဆီကလဲ တင်သွင်းလာနေတာကို ကြည့်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဒီပစ္စည်းတွေက အချိန်နည်းနည်းကြာမယ်၊ နှေးကွေးပေမယ့် အဲဒီပစ္စည်းတွေက ဈေးတက်လာနိုင်တယ်” ဟု ခရစ်တိုဖော်ရပ်စ်က ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 25 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 18 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို