နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သန်းကြွယ်သူဌေးနှစ်ဦး အီလွန်မာ့ခ် နှင့် ဗီဗက်ရာမာဆွာမိတို့ရဲ့ထရန်ကိုကူမဲ့နည်းလမ်း

အီလွန်မာ့ခ် (Elon Musk) နှင့် ဗီဗက် ရာမာဆွာမိ (Vivek Ramaswamy) တို့သည် အစိုးရ၏ စွမ်းဆောင်ရည် (Department of Government Efficiency –(DOGE) ဌာန အစီအစဉ်များ အတွက် အောက်လွှတ်တော်ရီပတ်ဘလစ်ကန်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

မာ့ခ် သည် စားသုံးသူများအတွက်ဘဏ္ဍာရေးကာကွယ်ရေးဗျူရိုကို ဖျက်ပစ်ရန် မကြာသေးမီက အဆိုပြုခဲ့သည်။

ABC သတင်း- ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်

အီလွန်မာ့ခ် နှင့်ဗီဗက်ဆွာမိ တို့သည်လာမည့် သီတင်းပတ်တွင် အောက်လွှတ်တော် ရီပတ်ဘလီကန်များနှင့် တွေ့ဆုံဆွေး‌နွေးပြီး ဖက်ဒရယ်အစိုးရ၏ စည်းမျဥ်းများနှင့် အစိုးရ၏ အခြားအပိုင်းများကို ဖြတ်တောက်လျော့ချရန် ၎င်းတို့၏ အစီအစဉ်နှင့် ပတ်သက်၍ တင်ပြ ကြရန် လွှတ်တော် ကက်ပီတယ်ဟေး (Capitol Hill) သို့ သွားရောက်ကြမည်ဖြစ်သည်။

လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ဒီဇင်ဘာ ၅ ရက် ကြာသပတေးနေ့တွင် ၎င်းတို့အားသူက ဦးဆောင်ပြီး လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး အကန့်အသတ်ထားရှိသော အစိုးရ၏ မူဝါဒကို ပြန်လည်အသက်သွင်းရန်အတွက် ” အဓိက ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြံဉာဏ်များ” ကို ဆွေးနွေးမည်ဟုကြေညာခဲ့သည်။

မာ့ခ် နှင့်ဆွာမိတို့ကို ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် က “ အစိုးရစွမ်းဆောင်ရည်ဌာန” ဟုခေါ်တွင်သော ဌာနကို ဦး ဆောင်ရန် ရွေးချယ်ခံခဲ့ရသည်။ ၎င်းတို့ကို” အစိုးရပြင်ပ” အကြံပေးများ အဖြစ်ဖော်ပြခဲ့ပြီး  များပြားလှသော ဖက်ဒရယ်အေဂျင်စီများနှင့် ထိုအေဂျင်စီ တို့၏ လုပ်သားအင်အားကို မည်ကဲ့သို့ ထိထိရောက်ရောက် ဖြတ်တောက်လျော့ချမည်ကို အကြံပြု ကြမည်ဟု ကြေညာ ထားပါသည်။

အထူးသဖြင့် မာ့ခ် သည် ဒုတိယသမ္မတသက်တမ်းအတွက် ပြင်ဆင်နေချိန်တွင် ထရန့် ၏အတွင်းစည်းအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့သည်။ တယ်ဆာ (Tesla) ကားထုတ်လုပ်သူ ဘီလီယံနာသူဌေးကြီးသည် ဖလော်ရီဒါရှိ ထရန့်အိမ်တော် မာ-အေ-လာဂို (Mar-a-Lago) တွင် ထရန့် နှင့်အတူ ကျေးဇူးတော်နေ့ (Thanksgiving)ကို အတူနေထိုင်ကုန်ဆုံးခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် မာ့ခ် သည် စားသုံးသူဘဏ္ဍာရေးကာကွယ်ရေးဗျူရို (CFPB )ကို ဖျက်သိမ်းရန် အဆိုပြုခဲ့သည်။

“ CFPB ကိုဖျက်ပါ။ ထပ်တူဖြစ်နေတဲ့ စည်းမျဉ်း စည်းကမ်းချမှတ်ရေး အေဂျင်စီတွေ အများကြီးရှိနေပါတယ်” ဟု မာ့ခ်က လူမှုမီဒီယာ ပလပ်ဖောင်း X တွင် ရေးသားခဲ့သည်။

မဲဆွယ်စည်းရုံးရေး လမ်းကြောင်းပေါ်ရှိ ထရန့် သည် ဖက်ဒရယ်ဗျူရိုကရေစီကို ဖျက်သိမ်းမည်ဟု ကတိပြုခဲ့သော်လည်း CFPB ကို ဖယ်ရှားပစ်ရန် အထူးတလည် တောင်းဆိုခဲ့ခြင်းမရှိပေ။ အေဂျင်စီတစ်ခုလုံးကို ချေမှုန်းရန်မှာ ခက်ခဲသောအလုပ်ဖြစ်ပြီး ကွန်ဂရက်မှ ဥပဒေပြုရန် လိုအပ်မည်ဖြစ်သည်။

နိုင်ငံ၏ဘဏ်များ၊ ငွေချေးသူများနှင့် အခြားအဖွဲ့အစည်းများ၏ အလေ့အကျင့်များကို ပြန်လည်သုံးသပ်ရန် ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းအပြီးတွင် ဖွဲ့စည်းခဲ့သည့် CFPB သည် ၎င်း၏ကုန်ကျစရိတ်နှင့် ၎င်း၏စည်းမျဉ်းများနှင့်ပတ်သက်၍ ရှေးရိုးစွဲတိုက်ခိုက်မှုများ၏ ပစ်မှတ်အဖြစ် ကာလကြာရှည်စွာရှိခဲ့သည်။

ယခုနှစ်အစောပိုင်းတွင်၊ CFPB အေဂျင်စီ၏ ဖွဲ့စည်းပုံသည် တရားမ၀င်ဟု စွပ်စွဲသော ငွေချေးသူ အုပ်စုကိုယ်စား ယခင်ထရန့် အုပ်ချုပ်ရေး၏ရှေ့နေချုပ် နိုအယ် ဖရန်စစ်ကို (Noel Francisco) ဦးဆောင်သော တရားဝင်စိန်ခေါ်မှုတစ်ခုမှ CFPB သည်လွတ်မြောက် ရှင်သန် ခဲ့သည်။ ၇-၂ မဲဆုံးဖြတ်ချက်ဖြင့် အမေရိကန် တရားရုံးချုပ်သည် အေဂျင်စီ၏ ရန်ပုံငွေယန္တရား အား ဖွဲ့စည်းပုံအခြေခံ ဥပဒေအဖြစ်အကျူံးဝင်ကြောင်း ထောက်ခံထားသည်။

မာ့ခ် သည် မကြာသေးမီက ဆိုရှယ်မီဒီယာပေါ်တွင် သူသတ်မှတ်ထားသော လူများ၏ အမည်များနှင့် အလုပ်များကို ဖြတ်တောက်ရန် အကြံပြုထားသည်။ ၎င်းတို့တွင် စွမ်းအင် ဌာနနှင့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအတွက်ငွေကြေးထောက်ပံ့ရေး ကော်ပိုရေးရှင်း(US International Development Finance Corporation) မှ ဝန်ထမ်းများ ပါဝင်သည်။ “အလုပ်အတုတွေ အများကြီးပဲ” ဟု မာ့ခ် က ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။

မာ့ခ် နှင့်ဆွာမိ တို့သည် ပြီးခဲ့သောအပတ်ကထုတ်ဝေသော Wall Street Journal op-ed အာဘော်တွင် DOGE အတွက် ၎င်းတို့၏ အစီအစဉ်များကို ပိုမိုဖော်ပြခဲ့သည်။

၎င်းတို့သည် ထရန့် ၏အသွင်ကူးပြောင်းရေးအဖွဲ့အား ပင်မလုပ်ဆောင်ချက်သုံးခုအတွက် ရည်ရွယ်လုပ်ကိုင်ကြမည့် “ကျစ်လစ်သောအစိုးရ သူရဲကောင်းများအဖွဲ့” ပေါ်လာစေရန် အကူညီပေး နေကြောင်း၊ ၎င်းသုံးချက်မှာ  စည်းမျဉ်းများကို ရုပ်သိမ်းခြင်း၊ မလိုအပ်သော စီမံခန့်ခွဲရေး လုပ်သားအင်အားကို လျှော့ချခြင်းနှင့် ကုန်ကျစရိတ်ကို ချွေတာခြင်းတို့ဖြစ်သည်။

“၀ါရှင်တန်မှာ အမြစ်တွယ်နေတဲ့ အကျိုးစီးပွားတွေကနေ တိုက်ခိုက်လာမဲ့အရာတွေအတွက် ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ကျွန်တော်တို့ နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မာ့ခ် နှင့်ဆွာမိ တို့က ရေးသားခဲ့သည်။

“အခုအချိန်ဟာ ပြတ်ပြတ်သားသား အရေးယူလုပ်ဆောင်ရမယ့် အချိန်ပါပဲ။ DOGE အတွက် ကျွန်ုပ်တို့ရဲ့ ထိပ်တန်းရည်မှန်းချက်က DOGE ရဲ့ လိုအပ်ချက်အရ တည်ရှိနေမှုကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၄ရက်နေ့မှာ ဖယ်ရှားပစ်ရန်ဖြစ်ပါတယ် – ဒါဟာကျွန်ုပ်တို့ရဲ့ ပရောဂျက်အတွက် ကျွန်ုပ်တို့သတ်မှတ်ထားတဲ့ DOGE ရဲ့သက်တမ်း ကုန်ဆုံးမဲ့ ရက်စွဲ ဖြစ်ပါတယ်”ဟုဆိုသည်။

အစိုးရကို ဖြတ်တောက်ရန် မာ့ခ် နှင့်ဆွာမိ ၏ ရည်မှန်းချက်အတွက် တရားရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အတားအဆီးများ ရှိနေသေးသည်။ သို့သော် ၎င်းတို့သည် DOGE နှင့်တွဲဖက်၍ အစိုးရ၏အမှိုက်များကို ဖယ်ရှားပစ်ရန် ရည်ရွယ်သည့် ကွန်ဂရက် ဆပ်ကော်မတီအသစ်မှ လွှတ်တော် Capitol Hill တွင် အကူအညီ အချို့ကို ရရှိမည်ဖြစ်သည်။

ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ် မာဂျော်ရီတေလာဂရင်း(Marjorie Taylor Greene) သည် ကွန်ဆာဗေးတစ် တယောက်ဖြစ်ပြီး ထရန့် ၏ ခိုင်မာသော ထောက်ခံအားပေးသူဖြစ်သည့် မာဂျော်ရီတေလာဂရင်း အား ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့သည်။

လာမည့်သီတင်းပတ်အစည်းအဝေးတွင် ဂျွန်ဆင် ၏ကြေငြာချက်ကိုတုန့်ပြန်သည့်အနေဖြင့် ဆွာမိ သည် DOGE နှင့် ပတ်သက်၍ အောက်လွှတ်တော်နှင့်ဆီးနိတ်လွှတ်တော် ရီပတ်ပလီကင် GOP ခေါင်းဆောင်များနှင့် “ယခုအချိန်အထိကောင်းမွန်သော ဆွေးနွေးမှု များရှိသည်” ဟုပြောကြားခဲ့သည်။

“ ကွန်ဂရက်လွှတ်တော်သည် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အလေးအနက်ထားပုံပေါ်သည်။ လာမည့်သီတင်းပတ်တွင် ဝါရှင်တန်ဒီစီတွင် အောင်မြင်သော အစည်းအဝေးများကို ကျွန်ုပ်တို့ ကမျှော်လင့်နေပါသည်” ဟု ဆွာမိ မှ X တွင် ရေးသားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 35 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို