နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သန်းကြွယ်သူဌေးနှစ်ဦး အီလွန်မာ့ခ် နှင့် ဗီဗက်ရာမာဆွာမိတို့ရဲ့ထရန်ကိုကူမဲ့နည်းလမ်း

အီလွန်မာ့ခ် (Elon Musk) နှင့် ဗီဗက် ရာမာဆွာမိ (Vivek Ramaswamy) တို့သည် အစိုးရ၏ စွမ်းဆောင်ရည် (Department of Government Efficiency –(DOGE) ဌာန အစီအစဉ်များ အတွက် အောက်လွှတ်တော်ရီပတ်ဘလစ်ကန်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

မာ့ခ် သည် စားသုံးသူများအတွက်ဘဏ္ဍာရေးကာကွယ်ရေးဗျူရိုကို ဖျက်ပစ်ရန် မကြာသေးမီက အဆိုပြုခဲ့သည်။

ABC သတင်း- ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်

အီလွန်မာ့ခ် နှင့်ဗီဗက်ဆွာမိ တို့သည်လာမည့် သီတင်းပတ်တွင် အောက်လွှတ်တော် ရီပတ်ဘလီကန်များနှင့် တွေ့ဆုံဆွေး‌နွေးပြီး ဖက်ဒရယ်အစိုးရ၏ စည်းမျဥ်းများနှင့် အစိုးရ၏ အခြားအပိုင်းများကို ဖြတ်တောက်လျော့ချရန် ၎င်းတို့၏ အစီအစဉ်နှင့် ပတ်သက်၍ တင်ပြ ကြရန် လွှတ်တော် ကက်ပီတယ်ဟေး (Capitol Hill) သို့ သွားရောက်ကြမည်ဖြစ်သည်။

လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ဒီဇင်ဘာ ၅ ရက် ကြာသပတေးနေ့တွင် ၎င်းတို့အားသူက ဦးဆောင်ပြီး လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး အကန့်အသတ်ထားရှိသော အစိုးရ၏ မူဝါဒကို ပြန်လည်အသက်သွင်းရန်အတွက် ” အဓိက ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြံဉာဏ်များ” ကို ဆွေးနွေးမည်ဟုကြေညာခဲ့သည်။

မာ့ခ် နှင့်ဆွာမိတို့ကို ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် က “ အစိုးရစွမ်းဆောင်ရည်ဌာန” ဟုခေါ်တွင်သော ဌာနကို ဦး ဆောင်ရန် ရွေးချယ်ခံခဲ့ရသည်။ ၎င်းတို့ကို” အစိုးရပြင်ပ” အကြံပေးများ အဖြစ်ဖော်ပြခဲ့ပြီး  များပြားလှသော ဖက်ဒရယ်အေဂျင်စီများနှင့် ထိုအေဂျင်စီ တို့၏ လုပ်သားအင်အားကို မည်ကဲ့သို့ ထိထိရောက်ရောက် ဖြတ်တောက်လျော့ချမည်ကို အကြံပြု ကြမည်ဟု ကြေညာ ထားပါသည်။

အထူးသဖြင့် မာ့ခ် သည် ဒုတိယသမ္မတသက်တမ်းအတွက် ပြင်ဆင်နေချိန်တွင် ထရန့် ၏အတွင်းစည်းအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့သည်။ တယ်ဆာ (Tesla) ကားထုတ်လုပ်သူ ဘီလီယံနာသူဌေးကြီးသည် ဖလော်ရီဒါရှိ ထရန့်အိမ်တော် မာ-အေ-လာဂို (Mar-a-Lago) တွင် ထရန့် နှင့်အတူ ကျေးဇူးတော်နေ့ (Thanksgiving)ကို အတူနေထိုင်ကုန်ဆုံးခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် မာ့ခ် သည် စားသုံးသူဘဏ္ဍာရေးကာကွယ်ရေးဗျူရို (CFPB )ကို ဖျက်သိမ်းရန် အဆိုပြုခဲ့သည်။

“ CFPB ကိုဖျက်ပါ။ ထပ်တူဖြစ်နေတဲ့ စည်းမျဉ်း စည်းကမ်းချမှတ်ရေး အေဂျင်စီတွေ အများကြီးရှိနေပါတယ်” ဟု မာ့ခ်က လူမှုမီဒီယာ ပလပ်ဖောင်း X တွင် ရေးသားခဲ့သည်။

မဲဆွယ်စည်းရုံးရေး လမ်းကြောင်းပေါ်ရှိ ထရန့် သည် ဖက်ဒရယ်ဗျူရိုကရေစီကို ဖျက်သိမ်းမည်ဟု ကတိပြုခဲ့သော်လည်း CFPB ကို ဖယ်ရှားပစ်ရန် အထူးတလည် တောင်းဆိုခဲ့ခြင်းမရှိပေ။ အေဂျင်စီတစ်ခုလုံးကို ချေမှုန်းရန်မှာ ခက်ခဲသောအလုပ်ဖြစ်ပြီး ကွန်ဂရက်မှ ဥပဒေပြုရန် လိုအပ်မည်ဖြစ်သည်။

နိုင်ငံ၏ဘဏ်များ၊ ငွေချေးသူများနှင့် အခြားအဖွဲ့အစည်းများ၏ အလေ့အကျင့်များကို ပြန်လည်သုံးသပ်ရန် ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းအပြီးတွင် ဖွဲ့စည်းခဲ့သည့် CFPB သည် ၎င်း၏ကုန်ကျစရိတ်နှင့် ၎င်း၏စည်းမျဉ်းများနှင့်ပတ်သက်၍ ရှေးရိုးစွဲတိုက်ခိုက်မှုများ၏ ပစ်မှတ်အဖြစ် ကာလကြာရှည်စွာရှိခဲ့သည်။

ယခုနှစ်အစောပိုင်းတွင်၊ CFPB အေဂျင်စီ၏ ဖွဲ့စည်းပုံသည် တရားမ၀င်ဟု စွပ်စွဲသော ငွေချေးသူ အုပ်စုကိုယ်စား ယခင်ထရန့် အုပ်ချုပ်ရေး၏ရှေ့နေချုပ် နိုအယ် ဖရန်စစ်ကို (Noel Francisco) ဦးဆောင်သော တရားဝင်စိန်ခေါ်မှုတစ်ခုမှ CFPB သည်လွတ်မြောက် ရှင်သန် ခဲ့သည်။ ၇-၂ မဲဆုံးဖြတ်ချက်ဖြင့် အမေရိကန် တရားရုံးချုပ်သည် အေဂျင်စီ၏ ရန်ပုံငွေယန္တရား အား ဖွဲ့စည်းပုံအခြေခံ ဥပဒေအဖြစ်အကျူံးဝင်ကြောင်း ထောက်ခံထားသည်။

မာ့ခ် သည် မကြာသေးမီက ဆိုရှယ်မီဒီယာပေါ်တွင် သူသတ်မှတ်ထားသော လူများ၏ အမည်များနှင့် အလုပ်များကို ဖြတ်တောက်ရန် အကြံပြုထားသည်။ ၎င်းတို့တွင် စွမ်းအင် ဌာနနှင့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအတွက်ငွေကြေးထောက်ပံ့ရေး ကော်ပိုရေးရှင်း(US International Development Finance Corporation) မှ ဝန်ထမ်းများ ပါဝင်သည်။ “အလုပ်အတုတွေ အများကြီးပဲ” ဟု မာ့ခ် က ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။

မာ့ခ် နှင့်ဆွာမိ တို့သည် ပြီးခဲ့သောအပတ်ကထုတ်ဝေသော Wall Street Journal op-ed အာဘော်တွင် DOGE အတွက် ၎င်းတို့၏ အစီအစဉ်များကို ပိုမိုဖော်ပြခဲ့သည်။

၎င်းတို့သည် ထရန့် ၏အသွင်ကူးပြောင်းရေးအဖွဲ့အား ပင်မလုပ်ဆောင်ချက်သုံးခုအတွက် ရည်ရွယ်လုပ်ကိုင်ကြမည့် “ကျစ်လစ်သောအစိုးရ သူရဲကောင်းများအဖွဲ့” ပေါ်လာစေရန် အကူညီပေး နေကြောင်း၊ ၎င်းသုံးချက်မှာ  စည်းမျဉ်းများကို ရုပ်သိမ်းခြင်း၊ မလိုအပ်သော စီမံခန့်ခွဲရေး လုပ်သားအင်အားကို လျှော့ချခြင်းနှင့် ကုန်ကျစရိတ်ကို ချွေတာခြင်းတို့ဖြစ်သည်။

“၀ါရှင်တန်မှာ အမြစ်တွယ်နေတဲ့ အကျိုးစီးပွားတွေကနေ တိုက်ခိုက်လာမဲ့အရာတွေအတွက် ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ကျွန်တော်တို့ နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မာ့ခ် နှင့်ဆွာမိ တို့က ရေးသားခဲ့သည်။

“အခုအချိန်ဟာ ပြတ်ပြတ်သားသား အရေးယူလုပ်ဆောင်ရမယ့် အချိန်ပါပဲ။ DOGE အတွက် ကျွန်ုပ်တို့ရဲ့ ထိပ်တန်းရည်မှန်းချက်က DOGE ရဲ့ လိုအပ်ချက်အရ တည်ရှိနေမှုကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၄ရက်နေ့မှာ ဖယ်ရှားပစ်ရန်ဖြစ်ပါတယ် – ဒါဟာကျွန်ုပ်တို့ရဲ့ ပရောဂျက်အတွက် ကျွန်ုပ်တို့သတ်မှတ်ထားတဲ့ DOGE ရဲ့သက်တမ်း ကုန်ဆုံးမဲ့ ရက်စွဲ ဖြစ်ပါတယ်”ဟုဆိုသည်။

အစိုးရကို ဖြတ်တောက်ရန် မာ့ခ် နှင့်ဆွာမိ ၏ ရည်မှန်းချက်အတွက် တရားရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အတားအဆီးများ ရှိနေသေးသည်။ သို့သော် ၎င်းတို့သည် DOGE နှင့်တွဲဖက်၍ အစိုးရ၏အမှိုက်များကို ဖယ်ရှားပစ်ရန် ရည်ရွယ်သည့် ကွန်ဂရက် ဆပ်ကော်မတီအသစ်မှ လွှတ်တော် Capitol Hill တွင် အကူအညီ အချို့ကို ရရှိမည်ဖြစ်သည်။

ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ် မာဂျော်ရီတေလာဂရင်း(Marjorie Taylor Greene) သည် ကွန်ဆာဗေးတစ် တယောက်ဖြစ်ပြီး ထရန့် ၏ ခိုင်မာသော ထောက်ခံအားပေးသူဖြစ်သည့် မာဂျော်ရီတေလာဂရင်း အား ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့သည်။

လာမည့်သီတင်းပတ်အစည်းအဝေးတွင် ဂျွန်ဆင် ၏ကြေငြာချက်ကိုတုန့်ပြန်သည့်အနေဖြင့် ဆွာမိ သည် DOGE နှင့် ပတ်သက်၍ အောက်လွှတ်တော်နှင့်ဆီးနိတ်လွှတ်တော် ရီပတ်ပလီကင် GOP ခေါင်းဆောင်များနှင့် “ယခုအချိန်အထိကောင်းမွန်သော ဆွေးနွေးမှု များရှိသည်” ဟုပြောကြားခဲ့သည်။

“ ကွန်ဂရက်လွှတ်တော်သည် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အလေးအနက်ထားပုံပေါ်သည်။ လာမည့်သီတင်းပတ်တွင် ဝါရှင်တန်ဒီစီတွင် အောင်မြင်သော အစည်းအဝေးများကို ကျွန်ုပ်တို့ ကမျှော်လင့်နေပါသည်” ဟု ဆွာမိ မှ X တွင် ရေးသားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်၏ ထိပ်တန်းရှေ့နေဖြစ်သူ အမျိုးသမီးစစ်ဗိုလ်ချုပ် အီဖက်တိုမီယူဆလာမီ (Maj Gen Yifat Tomer-Yerushalmi) အရေးယူခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 25 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၄ရက်။ ပါလက်စတိုင်းအကျဥ်းသားများကိုလိင်မှုဆိုင်ရာအစ္စရေးစစ်တပ်မှကျူးလွန်မှုကိုဖွင့်ချလိုက်ခြင်းကြောင့် ဟုဆို။ CNN နှင့် အခြားသတင်းဌာနများမှ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည့် သတင်းအချက် အလက်များကို
နိုင်ငံတကာသတင်း

 အမေရိကန်နိုင်ငံရေး၊ အစ္စရေး-ဟားမတ်စ်စစ်ပွဲနှင့် ရုရှား-ယူကရိန်းစစ်ပွဲတို့နှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလက်များကို အကျဉ်းချုပ် တင်ပြပေး လိုက်ပါတယ်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 24 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၄ရက် အမေရိကန်နိုင်ငံရေး (US Politics) အစိုးရလုပ်ငန်း ရပ်ဆိုင်းမှုနှင့် တရားရုံးစီရင်ချက်များ: လက်ရှိတွင် အမေရိကန်အစိုးရ၏ လုပ်ငန်းများ (Government
နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ဘလစ်ကန် ခေါင်းဆောင်များက ဖီလီဘက်စတာကို အပြီးသတ်ဖျက်သိမ်းရန် ထရန့်ဖ်၏ တောင်းဆိုမှုကို ပယ်ချ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 36 Views
CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် သမ္မတ ဒေါ်နယ်လ် ထရန့်ဖ်က အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းနေသည်ကို အဆုံးသတ်ရန် အတွက် ဆီးနိတ်လွှတ်တော် ဖီလီဘက်စတာ(Filibuster) (ဥပဒေကြမ်းအပေါ် အချိန် ကြာမြင့်စွာ ငြင်းခုန်ခြင်း)
နိုင်ငံတကာသတင်း ဗြိတိန်

ဗြိတိသျှမင်းသား အင်ဒရူး (Prince Andrew)မင်းသား ဘွဲ့မှ ဖယ်ရှားခံရခြင်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 36 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၁ရက် သုံးယောက်မြောက်ချားလ်ဘုရင်(King Charles III) သည် ညီတော် မင်းသား အင်ဒရူး(Prince Andrew) ၏ မင်းသားဘွဲ့ (Prince title) အပါအဝင် တော်ဝင်ဘွဲ့များအားလုံးကို ဖယ်ရှားကာ ၎င်းနေထိုင်ရာ တော်ဝင်စံအိမ်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့တွေ့ကြပြီ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 70 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၀ရက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ဟာ ယနေ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်၊ ကြာသပတေးနေ့ မှာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန်

 အစ္စရေး၏ ဂါဇာတိုက်ခိုက်မှုများတွင် လူ ၁၀၄ ဦး သေဆုံးကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြောကြား၊ ဟားမတ်စ်အား စစ်သားသတ်မှုဖြင့် အစ္စရေးကစွပ်စွဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 69 Views
BBC- ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အလယ်ပိုင်း ဂါဇာရှိ နူစိုင်ရတ် ဒုက္ခသည်စခန်းတွင် လူ လေးဦး သေဆုံးခဲ့သည်။ အင်္ဂါနေ့ညက ဂါဇာတွင် အစ္စရေးတို့၏ လှိုင်းလုံးလိုက် လေကြောင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထရန့်တို့ တွေ့ဆုံမည့် အစီအစဉ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 49 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် တွေ့ဆုံမည့်ရက်: သမ္မတ ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် အောက်တိုဘာလ ၃၀ ရက်နေ့ (ကြာသပတေးနေ့) တွင် တောင်ကိုရီးယား၌ ပြုလုပ်သည့် APEC ထိပ်သီး အစည်းအဝေး ဘေးပန်းနေရာတခုတွင် တွေ့ဆုံရန်
တောင်ကိုးရီးယား နိုင်ငံတကာသတင်း အမေရိကန်

တောင်ကိုရီးယားသမ္မတ လီမှ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော လောင်စာအတွက် ထရန့်ဖ်အား တောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 47 Views
CNN ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနှင့် တရုတ်တို့၏ ရေငုပ်သင်္ဘောများကို ယှဉ်ပြိုင်နိုင်ရန် တည်ဆောက်လိုသည့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ အတွက် လောင်စာ ရရှိရေးအတွက် အမေရိကန်၏ ခွင့်ပြုချက်ကို ထပ်မံတောင်းဆိုခဲ့ပါသည်။ တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင်