နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန် နဲ့ ဟက်ဆက် တို့ဟာ အမေရိကန်စစ်တပ်ကို ဘယ်လိုပြောင်းလဲနိုင်သလဲ၊ သူတို့ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုတွေကဘာလဲ။

ဤနေရာတွင် ပိ့ဟက်ဆက် (Pete Hegseth) ၏ ပင်တဂွန်အပေါ် သက်ရောက်မှုသည် သိသာထင်ရှားမည်ဖြစ်သည်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် နှင့် ကာကွယ်ရေးဌာနကို ဦးဆောင်မည့်သူ ပိ့ဟက်ဆက် တို့သည် အမေရိကန်စစ်တပ်အတွက် ကြီးမားသောအပြောင်းအလဲများကို အဆိုပြုခဲ့ပြီး ဒုတိယ ထရန့် အစိုးရလက်ထက်တွင် အဆိုပါဌာနအပေါ် မည်ကဲ့သို့ ထိခိုက်နိုင်သည်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်လာသည်။

အောက်ပါအချက်တို့မှာ သိသာထင်ရှားသော အကျိုးသက်ရောက်မှုများကို မြင်တွေ့နိုင်သည့် နယ်ပယ်ငါးခုအပြင် ယင်းသို့လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး ကြုံတွေ့ရနိုင်သည့် အတား အဆီးများဖြစ်သည်။

တိုက်ခိုက်ရေးအခန်းကဏ္ဍတွင်ရှိ အမျိုးသမီးများ။

ကာကွယ်ရေးဝန်ကြီးဌာန (DOD) ကို ဦးဆောင်ရန် ထရန့် မှ ရွေးချယ်ခြင်းမခံရမီတွင် ဟက်ဆက် သည် မြေပြင်တိုက်ခိုက်ရေး အခန်းကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသော အမျိုးသမီးများကို ဆန့်ကျင်ပြောဆိုခဲ့သည်။

“အံ့သြလောက်အောင် ပံ့ပိုးပေးကြတဲ့ အမျိုးသမီး ဝန်ဆောင်မှုအဖွဲ့ဝင်တွေကို ကျွန်တော် ချစ်ခင်နှစ်သက်ပါတယ်” ဟု ဟက်ဆက် က ယခုလအစောပိုင်းတွင် ပေါ့တ်ကာစ် တွင် ပြောကြားခဲ့သည်။ ဒါပေမယ့် ပြောနေရင်း သုံးမိနစ်အကြာမှာတော့ သူက “ ကျွန်တော်တို့ က တိုက်ခိုက်ရေး အခန်းကဏ္ဍမှာ အမျိုးသမီးတွေ မပါဝင်သင့်ဘူးလို့ ရှင်းရှင်း လင်းလင်း ပြောတာပါ။ အဲဒါက ကျွန်တော်တို့ကို ပိုထိရောက်အောင် လုပ်မပေးနိုင်ဘူး၊ ကျွန်တော်တို့ကို ပိုပြီး သတ်ဖြတ်တိုက်ခိုက် နိုင်စွမ်းရှိလာအောင် လုပ်မပေးဘူး၊ တိုက်ပွဲကို ပိုရှုပ်ထွေးလာစေ တယ်” လို့ဆိုခဲ့သည်။

“အမျိုးသမီးတွေကို တိုက်ခိုက်ရေးယူနစ်တွေမှာ တာဝန်ထမ်းခွင့်ပေးတဲ့ အုပ်ချုပ်ရေးဌာနကို သီအိုရီအရ ဖျက်သိမ်းဖို့ ဖြစ်နိုင်ချေရှိတယ်ဆိုတာ ကျွန်တော်တို့ရဲ့ နားလည်မှုပါပဲ” ဟု လွှတ်တော်လက်ထောက်တစ်ဦးက ABC News သို့ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ကွန်ဂရက်လွှတ်တော်သည် အမျိုးသမီး တိုက်ခိုက်ရေးဝန်ဆောင်မှုကို ပြဌာန်းသည့် ဥပဒေတစ်ရပ်ကို ဖန်တီးရန် စဥ်းစားနိုင်သော်လည်း “လောလောဆယ်မှာတော့ လုပ်ဆောင်နေတာ မရှိသေး ပါဘူး” ဟု ထိုလက်ထောက်က ပြောကြားခဲ့သည်။

ယင်းဥပဒေကို အတည်ပြုရန်ဆောင်ရွက်ခြင်းသည် အထက်ဆန်တက်ရမည့် ခက်ခဲသည့် တိုက်ပွဲတစ်ခုဖြစ်နိုင်ပြီး ဥပဒေတစ်ခုနှင့်ပင် မလုံလောက်နိုင်ဟု ယင်းကိစ္စကို ကာလရှည်ကြာ အာရုံစိုက်ခဲ့သည့် အမျိုးသမီးများ လှုပ်ရှားမှုကို ဝန်ဆောင်မှုပေးသည့် ကွန်ယက် (Service Women’s Action Network) ၏ အစိုးရလုပ်ငန်းဆောင်ရွက်မှု ဒါရိုက်တာဖြစ်သူ လောရီ မန်းနင်း (Lory Manning) က ပြောကြားခဲ့သည်။

“ ဝန်ဆောင်မှုတွေက အဲဒါကို လျစ်လျူရှုလို့ရတယ်” ဟု မန်းနင်း က အလားအလာရှိသော ဥပဒေတစ်ရပ်ကို ပြောကြားခဲ့သည်။ “ ဥပဒေရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လှည့်ပြီးလုပ်နိုင်တဲ့နည်းလမ်းကတော့ ရှိပါတယ်”

တာဝန်ထမ်းဆောင်နေသော စစ်မှုထမ်းများအနက် ၁၇.၅% သည် အမျိုးသမီးများဖြစ်ကြပြီး အမျိုးသမီးများသည် ရွေးချယ်ထားသော အရန်စာရင်း၏ ၂၁.၆% ရှိကြောင်း ပင်တဂွန်၏ နောက်ဆုံးစာရင်းဇယားများအရ သိရသည်။ ယခုအခါ အမျိုးသမီးထောင်ပေါင်းများစွာသည် တိုက်ခိုက်ရေး အခန်းကဏ္ဍများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မြေပြင်တိုက်ခိုက်ရေးယူနစ်များတွင် အမျိုးသမီးများအား တာဝန်ထမ်းစေခြင်းအား ကွန်ဂရက်မှပြဋ္ဌာန်းသောဥပဒေများနှင့် မူဝါဒဆုံးဖြတ်ချက်များ အရ ၁၉၄၈ခုနှစ် ၏ အမျိုးသမီး လက်နက်ကိုင်ဝန်ဆောင်မှု ပါဝင်ပေါင်းစည်းရေး အက်ဥပဒေမှ စတင်ခဲ့ပါသည်။

အဆိုပါ လုပ်ရပ်သည် အမျိုးသမီးများအား အမေရိကန်စစ်တပ်တွင် တာဝန်ထမ်းရန် ခွင့်ပြုထားသော်လည်း တပ်ဖွဲ့ဝင်များတွင် အမျိုးသမီးများ၏ ပါဝင်မှု ရာခိုင်နှုန်းကို ကန့်သတ်ထားပြီး ၎င်းတို့အား တိုက်ခိုက်ရေးတွင် တာဝန်မထမ်းဆောင်ရန် တားမြစ် ထားသည်။ ၁၉၉၀ ခုနှစ်များ အစောပိုင်းအထိ အရာရာသည် ထိုအတိုင်းရှိနေ ခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီး လက်စ် အက်ပင် (Les Aspin) သည် “ အန္တရာယ်နည်းဥပဒေ” ကို ပယ်ဖျက်ပြီး တိုက်ခိုက်ရေးအပါအဝင် အခြေအနေအမျိုးမျိုးတွင် အမျိုးသမီးများအား တိုက်ခိုက်ရေးလေယာဉ်မှူးများအဖြစ်ပါ ထမ်းဆောင်ခွင့်ပေးခြင်းကို ခွင့်ပြုခဲ့သည်။

ထိုသုံးသပ်ချက်များသည် ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာအား “ မြေပြင်တိုက်ခိုက် ရေး မှ ဖယ်ထုတ်ခြင်း စည်းမျဉ်း” ဟုလူသိများသည့်အရာကို ရုတ်သိမ်းရန် ဦးဆောင်ခဲ့သည်။ ၎င်း၏လုပ်ဆောင်ချက်နှင့် ကာကွယ်ရေးဝန်ကြီး အက်ရှ ကာတာ(Ash Carter) တို့ ၏ ၂၀၁၆ ခုနှစ်က လုပ်ဆောင်ချက်များသည် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များ ဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းတို့ကို အနာဂတ် ကာကွယ်ရေးဝန်ကြီးများက ပြောင်းလဲ ပစ်နိုင် ခြင်း ဖြစ်သည်။

ဟက်ဆက် က သူသည် တိုက်ခိုက်ရေးလေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသော အမျိုးသမီးများ သို့မဟုတ် မြေပြင်တွင် ထိတွေ့ဆက်ဆံသော အမျိုးသမီးအဖွဲ့များတွင် တာဝန် ထမ်းဆောင်နေခြင်းကို မဆန့်ကျင်ကြောင်း ပြောကြားခဲ့သော်လည်း အကယ်၍သူ့အား ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြုပါက သူ့အရင်ကာကွယ်ရေးဝန်ကြီးက ခွင့်ပြုခဲ့သော ခြေလျင်တပ်တွင် ဖွင့်လှစ်ခဲ့သည့် အခြားတိုက်ခိုက်ရေး အလုပ်များနှင့် အထူးစစ်ဆင်ရေး တပ်ဖွဲ့များ တွင်မိန်းမများ ပါဝင်မှုကို သူက ပိတ်ပစ်ရန် အမိန့်ပေးချင်ပေးမည်ဟုဆိုခဲ့သည်။

ဗိုလ်ချုပ်တွေကို ထုတ်ပစ်မယ်

ဟက်ဆက်သည် ကာကွယ်ရေးဝန်ကြီးဖြစ်ရန် အထက်လွှတ်တော်မှ သူ့အားအတည်ပြုရန် လိုအပ်မည် ဖြစ်သည်။ သူက အမေရိကန်၏ ထိပ်တန်း စစ်ဘက်အရာရှိ၊ ပူးတွဲစစ်ဦးစီး ချုပ်များ  ဥက္ကဋ္ဌ လေတပ်ဗိုလ်ချုပ် စီကျူဘယောင်း (CQ Brown) ကိုအလုပ်ဖြုတ်ရန် အကြံပြု ခဲ့သည်။ အထူးသဖြင့် အာဖဂန်နစ္စတန်မှ ဖရိုဖရဲ ဆုတ်ခွာခြင်းရ သို့မဟုတ် “ နိုးထခြင်း” (“ woke” ) မတူကွဲပြားမှု (diversity) ၊ သာတူညီမျှမှု(equity) နှင့် ပါဝင်မှု(inclusion) (DEI) အစပျိုးမှုများတွင် ပါဝင်ပတ်သက်နေသော အခြားအကြီးတန်းအရာရှိများကို ဖယ်ရှားရန်လည်း သူက တောင်းဆိုခဲ့သည်။

ဤနေရာမှာ သမ္မတကြီးတွင် လုပ်ပိုင်ခွင့်တွေ အများကြီးရှိပြီး ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုမှုကို ငြင်းဆိုပါက စစ်ဦးစီးချုပ် သို့မဟုတ် ဗိုလ်ချုပ်များကို စစ်တပ်မှ ထုတ်ပစ်ရန် ဥပဒေဆိုင်ရာ စိန်ခေါ်မှုများ ရှိနိုင်သော်လည်း စစ်ဦးစီးချုပ်(သမတ) သည် ဗိုလ်ချုပ်များကို လက်ရှိရာထူးမှ ဖယ်ရှားပြီး ၎င်းတို့အား အခြားနေရာတို့တွင် ပြန်လည်ခန့်အပ်ရန် အခွင့်အာဏာရှိသည်။

အချို့သော အကြီးတန်းခေါင်းဆောင်မှု အခန်းကဏ္ဍရာထူးများတွင်သာ ကြယ်လေးပွင့်နှင့် သုံးပွင့် ဗိုလ်ချုပ်များ သို့မဟုတ် ရေတပ်ဗိုလ်ချုပ်ကြီးများကိုသာ ထိုကာကွယ်ရေး ဆိုင်ရာ မြင့်မားသော ရာထူးများကိုပေးအပ်ခံကြရသည်။ ထို့ကြောင့် ၎င်းတို့အား နိမ့်သော ရာထူးသို့ ပြန်လည် ခန့်အပ်ပါက ရာထူးအဆင့် လျှော့ချမှု အနည်းဆုံးဖြစ်မည်ဟု ဆိုလိုပြီး ထိုအချက်မှာ လစာ လျော့ခြင်းနှင့် အငြိမ်းစားယူခြင်းတို့ကို ဆိုလိုသည်။ ထိုကဲ့သို့ အမိန့်ပေးမှုနေရာမျိုးမှ ဖယ်ရှားလိုက်ခြင်းသည် ယေဘူယျအားဖြင့် စစ်မှုထမ်းအဖြစ်အသက်မွေး ဝမ်းကြောင်းမှုကို အဆုံးသတ်လိုက် ခြင်း ပင်ဖြစ်သည်။

သမ္မတတစ်ဦးသည် စစ်ဖြစ်နေစဉ်အတွင်း အရာရှိတစ်ဦးကို အပြည့်အဝ ထုတ်ပယ်နိုင်သည်။ ထိုသို့မဟုတ်ပါက၊ အမေရိကန်ဥပဒေအရ စစ်ခုံရုံးတင်ရန် လိုအပ်ပါသည်။

သို့သော်လည်း လုံးဝ ထုတ်ပယ်ခြင်း မပြုဘဲ အရာရှိတစ်ဦး၏ သြဇာနှင့် အလုပ်အကိုင် လမ်းကြောင်းသည် သမ္မတ၏ ဆုံးဖြတ်ချက်အရ လုံးဝ လမ်းလွဲပြီး ဘေးသို့ရောက်သွား နိုင်သည်။

လိင်ပြောင်းဝန်ဆောင်မှု

၂၀၁၆ ခုနှစ်တွင်၊ ထိုအချိန်က သမ္မတ ဘားရက်အိုဘားမား လက်ထက်က ပင်တဂွန်သည် လက်နက်ကိုင်တပ်ဖွဲ့များတွင်တာဝန်ထမ်းဆောင်နေသောလိင်တူ ချစ်သူများ အပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းခဲ့သည်။ သို့သော် ၂၀၁၇ ခုနှစ် ထရန့် အစိုးရလက်ထက် တွင် ထရန့်က Twitter တွင် လိင်ပြောင်းထားသည့် စစ်မှုထမ်း အဖွဲ့ဝင်များသည် ကုန်ကျစရိတ် ရှိပြီးနှင့် တိုက်ပွဲအတွက် အဆင်သင့်ဖြစ်မှု အပေါ်  စိုးရိမ်ပူပန်မှုများ ရှိကြောင်း ကိုးကားပြီး လက်နက်ကိုင်တပ်ဖွဲ့များတွင် ပွင့်လင်းမြင်သာစွာ တာဝန်ထမ်းဆောင် နိုင်တော့မည် မဟုတ်ကြောင်း ကြေငြာခဲ့သည်။

ဤမူဝါဒကို ၂၀၁၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး အိုဘားမားခေတ် မူဝါဒအရ ၎င်းတို့သည် အောင်မြင်စွာ လိင်မကူးပြောင်းရသေးပါက ၎င်းတို့၏ မူလဇီဝလိင်နှင့် လိုက်လျော ညီထွေဖြစ်သော ဝန်ဆောင်မှုကိုသာ ဆောင်ရွက်ရမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင်၊ ထရန့် ၏မူဝါဒသည် ဘိုင်ဒင် အုပ်ချုပ်မှုအောက်တွင် ပြောင်းပြန် ပြန်လှန် လိုက်ပြီး လိင်ပြောင်းထားသည့် တာဝန်ထမ်းဆောင်နေသည့်အဖွဲ့ဝင်များကို တစ်ဖန် ပွင့်လင်း မြင်သာစွာ ဝန်ဆောင်မှုပေးရန်နှင့် ဆက်စပ်သော ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုကို ရယူခွင့် ပြုခဲ့သည်။

“ဒီလိုစံနှုန်းတွေကို ပြောင်းလဲလိုက်တာက အသွင်ကူးပြောင်းရေး (လိင်‌ပြောင်းလဲရေး) ရည်ရွယ်ချက်နဲ့ စစ်တပ်ထဲဝင်လာတဲ့ အမျိုးသား၊ အမျိုးသမီးတွေက စစ်မှုထမ်းဖို့၊ တစ်နှစ်ကြာ အလုပ်မလုပ်နိုင်တော့ဘဲ၊ စစ်တပ်က ဆေးထောက်ပံ့မှုကို အာမခံချက်မပေးရင် သူတို့က အလုပ်မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပါ။” လို့ ဘိုင်ဒင် ရဲ့ ပြောင်းလဲလိုက်မှုနဲ့ ပတ်သက်ပြီး ဟက်ဆက် က သူ့စာအုပ်ထဲမှာရေးသားပြောဆိုထားခဲ့ပါတယ်။

သူသမတရာထူးပြန်လည်ရယူချိန်တွင် ထရန့်သည် ကုန်ကျစရိတ်ရှိမှု သို့မဟုတ် (စစ်ပွဲဝင်ရန်)အသင့်အနေအထားဖြစ်မှုဆိုင်ရာ စိုးရိမ်မှုများကို ထပ်မံကိုးကားခြင်းဖြင့် ၎င်း၏ လိင်ပြောင်းစစ်မှုထမ်း တပ်အား တားမြစ်ပိတ်ပင်မှုအား DOD သို့ ပြန်လည် ထည့်သွင်း နိုင်သည်၊ ၎င်းသည် ဥပဒေဆိုင်ရာစိန်ခေါ်မှုအသစ်များကိုဖြစ်ပေါ်စေနိုင်ဖွယ်ရှိသည်။

၂၀၁၆ ခုနှစ်တွင် အိုဘားမားအစိုးရမှ လုပ်ဆောင်ခဲ့သော ရန်းလေ့လာမှု (Rand study) တစ်ခုတွင် ကျား-မ အသွင်ကူးပြောင်းရေး စောင့်ရှောက်မှုသည် ဌာနအတွက် တစ်နှစ်လျှင် ဒေါ်လာ ၂.၄ သန်းမှ $၈.၄သန်းကြား ကုန်ကျမည်ဟု ခန့်မှန်းထားပြီး စုစုပေါင်း စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်များအတွက် ရာခိုင်နှုန်းအနည်းငယ်ကိုသာ တိုးလာစေပါသည်။

ခွဲစိတ်မှုအပြီး ပြန်လည်ထူထောင်ရေးနှင့် အခြားသော အသွင်ကူးပြောင်းရေးဆိုင်ရာ အကြောင်းရင်းများသည် တပ်ဖွဲ့ဝင်များ၏ တပ်ဖြန့်နိုင်မှုကို ကန့်သတ်ထားနိုင်သော်လည်း တပ်ဖွဲ့ဝင်အနည်းစုကသာ အသွင်ကူးပြောင်းနိုင်ဖွယ်ရှိသောကြောင့် စစ်ရေးပြင်ဆင်မှုအပေါ် အဆင်သင့်ဖြစ်နေမှုအပေါ် အလုံးစုံအကျိုးသက်ရောက်မှု အနည်းငယ်မျှသာ ရှိမည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။

ထရန့် ၏ပထမသက်တမ်းတွင်၊ ထိုတားမြစ်ချက်အပေါ် တရားစွဲဆိုမှုများရှိခဲ့ပြီး ထိုအချက် သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အကာအကွယ်ပေးမှုများကို ချိုးဖောက်ကြောင်း စွပ်စွဲခဲ့ပြီး တရားရုံးများသည် တရားရုံးများက တရားစွဲမှုများ ဆက်လက် လုပ်ဆောင် နေချိန်တွင် မူဝါဒကို ယာယီပိတ်ဆို့ထားရန် ချမှတ်ခဲ့ပြီး ဖက်ဒရယ်တရားရုံးတွင် တရားစွဲမှုများ အများအပြားဆက်လက်ရှိနေခဲ့သည်။

ထို့နောက် ၂၀၁၉ ခုနှစ်အစောပိုင်းတွင်၊ တရားရေးအယူခံမှုများကို ဆက်လက် လုပ်ဆောင် နေစဥ် အမေရိကန်တရားရုံးချုပ်သည် ခြွင်းချက်အချို့ဖြင့် တားမြစ်ချက်ကို အသက်ဝင် ခွင့်ပြုခဲ့သည်။ အောက်တရားရုံးများတွင် သဘောထားများ ကွဲပြားလာ ခဲ့ကြပြီး ဘိုင်ဒင် မှ ထိုဆုံးဖြတ်ချင်ကို ပြောင်းပြန်မလှန်မီအထိ အဆိုပါဝန်ဆောင်မှု ကန့်သတ်ချက်များ ဆက်လက်တည်ရှိနေခဲ့သည်။

အကယ်၍ ထရန့် သည် လိင်ပြောင်းဝန်ဆောင်မှုကို ကန့်သတ်ရန်ကြိုးစားပါက၊ ရလဒ်သည် တရားရုံးများပေါ်တွင်မူတည်လိမ့်မည်ဖြစ်သည်။ ကွန်ဂရက်ရှိ ရီပတ်ပလီကင်ပါတီ (GOP) သည် လိင်ပြောင်းခြင်း ဆိုင်ရာ တားမြစ်ချက်ကို ဥပဒေတွင် ပြဋ္ဌာန်းရန် ကြိုးစား နိုင်သော်လည်း ၎င်းသည် ၎င်း၏ပါတီ အတွင်းတွင်အတားအဆီးများနှင့် ရင်ဆိုင်ရဘွယ်ရှိသည်။

ပင်တဂွန်၏ ကိုယ်ဝန်ဖျက်ချရန်ခရီးသွားခြင်းအတွက်မူဝါဒ

ကိုယ်ဝန်ဖျက်ချခွင့်ကို ခွင့်ပြုသော(Roe v. Wade) အမှုဆုံးဖြတ်ချက်ကို ဗဟိုတရားရုံးမှ ပယ်ချလိုက်ပြီးနောက်၊ ဘိုင်ဒင် လက်အောက်ရှိ ပင်တဂွန်သည် ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားသော ပြည်နယ်များတွင် တပ်စွဲထားသော တပ်ဖွဲ့ဝင်များကို ကိုယ်ဝန် ဖျက်ချ နိုင်သည့် ပြည်နယ်များသို့ ခရီးသွားခွင့်ပြုရန် ရည်ရွယ်ချက်ဖြင့် မူဝါဒတစ်ရပ်ကို ဖန်တီးခဲ့သည်။

ထိုမူဝါဒသည် အမျိုးသမီးများအား ကိုယ်ဝန်ဖျက်ချခြင်းနှင့် အခြားသော မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်နယ် ပြင်ပသို့ ခရီးထွက်ရာတွင် ကုန်ကျသည့်ခရီးသွား စရိတ်များအတွက် ပြန်အမ်းငွေနှင့် ထိုကာလအတွင်းကြာြမင့်သည့်အချိန်အတွက် ကင်းလွတ်ခွင့်ကို ပေးအပ်ထားသည်။

ထရန့် သည် ထိုမူဝါဒကို ပယ်ဖျက်ရန် အာဏာရှိမည်ဖြစ်သည်။ သမ္မတသည် အနားယူခြင်း၊ ခရီးသွားခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော အုပ်ချုပ်ရေးဆိုင်ရာ စစ်ရေးမူဝါဒ များကို ညွှန်ကြားရန် ကျယ်ပြန့်သောအခွင့်အာဏာရှိသည်။ ကိုယ်ဝန်ဖျက်ချခြင်း အတွက် ခရီးသွားလာရေးမူဝါဒကို ပြဋ္ဌာန်းထားသည့် ဖက်ဒရယ်ဥပဒေမရှိသောကြောင့် တရားစွဲမှုများ ဆက်လက်ပေါ်ပေါက်နိုင်သော်လည်း အောင်မြင်ရန် အခွင့်အလမ်းနည်းပါးပါသည်။

ကွန်ဖက်ဒရိတ်ဗိုလ်ချုပ်များ၏အမည်ကို အခြေစိုက်စခန်းများတွင်ပြန်ပြောင်းမည်။

ပြီးခဲ့သည့်လကပင် ထရန့် သည် မြောက်ကာရိုလိုင်းနားရှိ တပ်စခန်းတစ်ခုဖြစ်သည့် လွတ်လပ်ရေးခံတပ်(Fort Liberty) ကို ကွန်ဖက်ဒရိတ်စစ်ဗိုလ်ချုပ် ကြီး ဘရက်စတန် ဘရက်(Confederate Gen. Braxton Bragg) ကိုအစွဲပြု၍ ဘရက်ခံတပ်(Fort Bragg) သို့ပြန်ပြောင်းမည်ဟု ကတိပြုခဲ့သည်။ ထရန့် ၏ကတိပြုမှုအတွက် ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြဿနာမှာ ၂၀၂၁ ခုနှစ် အမျိုးသားကာကွယ်ရေးဆိုင်ရာ တရားဝင်ခွင့်ပြုချက် အက်ဥပဒေသည် ကွန်ဖက်ဒရိတ်အမည်များကို စစ်ရေးတပ်ဆင်မှုများမှ ဖယ်ရှားရန် လိုအပ်သည့် ဥပဒေ တစ်ရပ်ကို ပြဌာန်းထားသည်။

သို့သော်လည်း ထိုဥပဒေသည် ဖက်ဒရယ်အမည်များကို ဖယ်ရှားရန် ပြဌာန်းထားသော်လည်း အုပ်ချုပ်ရေးမဏ္ဍိုင်(သမတ)၏ အမည်ပေးခြင်း အခွင့်အာဏာကို မဖယ်ရှားဘဲ အနာဂတ်တွင် အိမ်ဖြူတော်နှင့် ကွန်ဂရက်လွှတ်တော်တို့ကြား အာဏာပြိုင်ဆိုင်မှုဖြစ်နိုင်ချေရှိနေမှုကို ပွင့်လင်းစွာချပြထားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ကသူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ်သရုပ်ဖော်နေတယ်လို့အွန်လိုင်းမှာထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ထရမ့်ကTruth Social မှာ သူကိုယ်တိုင်တင်ထားတဲ့ သူ့ပုံကို သူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ် သရုပ်ဖော်ပြနေတယ်လို့ အွန်လိုင်းမှာ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 34 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်အား တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်သမ္မတအနေဖြင့် “ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးဖို့” လိုလားကြောင်း CNN
တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 27 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် — အမေရိကန်၏ ပြည်ပစစ်ရေးလှုပ်ရှားမှုများနှင့် ကုန်သွယ်ရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် ခေတ်ကာလတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ပိတ်ဆို့ထားနှင့်ပြီးဖြစ်သော ရေလက်ကြားကို ထရန့်က အဘယ်ကြောင့် ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက်နေသနည်း

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်နေသည်။ ၎င်းသည် အီရန်အနေဖြင့် မည်သည့်စည်းကမ်းချက်မျှမပါဘဲ ချက်ချင်းပြန်ဖွင့်ပေးရမည်ဟု သူကိုယ်တိုင် ထပ်တလဲလဲ ပြောဆိုထားသည့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။ လူထုစစ်တမ်းများအရ အတိုက်အခံ
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ ဖြစ်ပေါ်လာစေမည့် “ ကမ္ဘာပျက်ကိန်း” သတိပေးချက်ကို ရင်ဆိုင်ရန် သမ္မတ ဒေါ်နယ်ထရမ့်က သတ်မှတ်ထားသည့်